ဗစ္တိုးရီးယားအမွဳက ေဒၚဥမၼာလွိဳင္ရဲ့ သားႏွစ္ေယာက္ ရံုးခ်ိန္းပ်က္ကြက္

ေနၿပည္ေတာ္၊ ဒီဇင္ဘာ ၂-၂၀၁၉
သီရိ (VOM)

ဒီကေန႔မနက္ပိုင္းက ေနၿပည္ေတာ္၊ ပုပၺသီရိၿမိဳ႕နယ္တရားရံုး၊ ဗစ္တိုးရီးယားအမွဳ(၅) ၾကိမ္ေၿမာက္ရံုးခ်ိန္းမွာ အမွဳမွာပါဝင္တဲ့ ေဒၚဥမၼာလွိဳင္ရဲ့ သားႏွစ္ေယာက္ကို ရံုးခ်ိန္းခ်ိန္းဆိုခဲ့ေပမယ့္ လာေရာက္တာမရိွခဲ့ဘူးလို႔ သိရပါတယ္။

“ ကေလး ႏွစ္ေယာက္က စာေမးပြဲရွိေနတဲ့ အခ်ိန္ၿဖစ္ေနတဲ့အတြက္ေၾကာင့္ ဒီေန႔မလာနုိင္ပါဘူးတဲ့။ အဲ့ဒီေတာ့ ၆ ရက္နဲ႔ ၁၂ ရက္ တစ္ရက္ရက္ေတာ့ အဆင္ေၿပပါမယ္လို႔ ေၿပာတယ္။ ဒီဖက္က ေဒၚစုဒါလီေအာင္တုိ႔ကလည္း ကိုယ္တုိင္လည္း အမႈလုိက္ေနၾကတယ္ ေနာက္ CMP အရ သြားေနၾကတာၿဖစ္ေတာ့ ဒီဟာက ၿပန္ၿပီးေတာ့ ေသခ်ာစိစစ္မွရမယ္ဆိုေတာ့ ေဒၚစုဒါလီေအာင္က ၆ ရက္၊ ၁၂ ရက္ သူမၿဖစ္နုိင္ဘူးေပါ့။ အဲ့ဒါေၾကာင့္ ၿပန္ၿပီးေတာ့ ညွိၾကတဲ့အခါက်ေတာ့ CMP အတုိင္းပဲေပါ့။ ၁၆ ရက္ေန႔မွာ ကေလးႏွစ္ေယာက္စစ္ဖုိ႔ပါ။ စစ္ဖို႔ ၿပန္ခ်ိန္းလုိက္ပါတယ္”လို႔ ဦးခင္ေမာင္ေဇာ္က ေၿပာပါတယ္။

ခ်ိန္းဆုိထားတဲ့ရက္မွာ ေဒၚဥမၼာလွိဳင္ရဲ့ သားႏွစ္ေယာက္လာမယ္၊ မလာဘူးဆုိတာ မေၿပာနုိင္ေသး ေပမယ့္၊ ေရာက္ရွိလာရင္ေတာ့ ကေလးေတြကုိ ကေလးသူငယ္အခြင့္အေရးမ်ားဆုိင္ရာ ဥပေဒ ပုဒ္မ ၉၆ နဲ႔ နည္း ဥပေဒေတြအရ တရားသူၾကီးရံုးခန္းအတြင္းမွာ သီးၿခားစစ္ေဆးမယ္လုိ႔ သိရပါတယ္။

“အဲ့ဒီေန႔ လာမယ္၊ မလာဘူးဆုိတာ မသိေသးပါဘူး။ ကေလးႏွစ္ေယာက္ကုိ ကေလးသူငယ္မ်ားဥပေဒ ပုဒ္မ ၉၆ နဲ႔ ေအာက္က နည္းဥပေဒမ်ားအရေပါ့ေလ။ In Camera လို႔ေခၚတဲ့ အခန္းတြင္းမွာစစ္ပါမယ္။ သီးၿခား စစ္ပါမယ္။ တရားသူၾကီးအခန္းထဲမွာပဲ သီးသန္႔စစ္မွာေပါ့။ အၿပင္လူမပါဘူး။ ကာယကံရွင္ေတြ၊ အမႈသည္ေတြ ပါမယ္။ ေနာက္တစ္ခါ ႏွစ္ဖက္ေရွ႕ေနေတြပါမယ္။ ေနာက္ သက္ေသေတြပါမယ္” လုိ႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္ကဒီကေန႔ရံုးခိ်န္း အၿပီးမွာေျပာခဲ့တာျဖစ္ပါတယ္။

ရံုးခ်ိန္းမလာတာနဲ႔ပက္သက္ၿပီး တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေဒၚဥမၼာလွိဳင္ရဲ့ သားႏွစ္ေယာက္ကုိ အခုလ ၁၆ ရက္ေန႔မွာ စစ္ေဆးဖုိ႔ျပန္လည္ခ်ိန္းဆိုခဲ့ကာ ဒီကေန႔ရံုးခ်ိန္းမွာ ေဒၚဥမၼာလွိဳင္ကုိယ္တိုင္လည္း လာေရာက္ဖို႔ ပ်က္ကြက္ခဲ့တာျဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ဗစ္တိုးရီးယားး #ရံုးခ်ိန္း

Unicode

ဗစ်တိုးရီးယားအမှုက ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက် ရုံးချိန်းပျက်ကွက်

နေပြည်တော်၊ ဒီဇင်ဘာ ၂-၂၀၁၉
သီရိ (VOM)

ဒီကနေ့မနက်ပိုင်းက နေပြည်တော်၊ ပုပ္ဗသီရိမြို့နယ်တရားရုံး၊ ဗစ်တိုးရီးယားအမှု(၅) ကြိမ်မြောက်ရုံးချိန်းမှာ အမှုမှာပါဝင်တဲ့ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်ကို ရုံးချိန်းချိန်းဆိုခဲ့ပေမယ့် လာရောက်တာမရှိခဲ့ဘူးလို့ သိရပါတယ်။

“ ကလေး နှစ်ယောက်က စာမေးပွဲရှိနေတဲ့ အချိန်ဖြစ်နေတဲ့အတွက်ကြောင့် ဒီနေ့မလာနိုင်ပါဘူးတဲ့။ အဲ့ဒီတော့ ၆ ရက်နဲ့ ၁၂ ရက် တစ်ရက်ရက်တော့ အဆင်ပြေပါမယ်လို့ ပြောတယ်။ ဒီဖက်က ဒေါ်စုဒါလီအောင်တို့ကလည်း ကိုယ်တိုင်လည်း အမှုလိုက်နေကြတယ် နောက် CMP အရ သွားနေကြတာဖြစ်တော့ ဒီဟာက ပြန်ပြီးတော့ သေချာစိစစ်မှရမယ်ဆိုတော့ ဒေါ်စုဒါလီအောင်က ၆ ရက်၊ ၁၂ ရက် သူမဖြစ်နိုင်ဘူးပေါ့။ အဲ့ဒါကြောင့် ပြန်ပြီးတော့ ညှိကြတဲ့အခါကျတော့ CMP အတိုင်းပဲပေါ့။ ၁၆ ရက်နေ့မှာ ကလေးနှစ်ယောက်စစ်ဖို့ပါ။ စစ်ဖို့ ပြန်ချိန်းလိုက်ပါတယ်”လို့ ဦးခင်မောင်ဇော်က ပြောပါတယ်။

ချိန်းဆိုထားတဲ့ရက်မှာ ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်လာမယ်၊ မလာဘူးဆိုတာ မပြောနိုင်သေး ပေမယ့်၊ ရောက်ရှိလာရင်တော့ ကလေးတွေကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆ နဲ့ နည်း ဥပဒေတွေအရ တရားသူကြီးရုံးခန်းအတွင်းမှာ သီးခြားစစ်ဆေးမယ်လို့ သိရပါတယ်။

“အဲ့ဒီနေ့ လာမယ်၊ မလာဘူးဆိုတာ မသိသေးပါဘူး။ ကလေးနှစ်ယောက်ကို ကလေးသူငယ်များဥပဒေ ပုဒ်မ ၉၆ နဲ့ အောက်က နည်းဥပဒေများအရပေါ့လေ။ In Camera လို့ခေါ်တဲ့ အခန်းတွင်းမှာစစ်ပါမယ်။ သီးခြား စစ်ပါမယ်။ တရားသူကြီးအခန်းထဲမှာပဲ သီးသန့်စစ်မှာပေါ့။ အပြင်လူမပါဘူး။ ကာယကံရှင်တွေ၊ အမှုသည်တွေ ပါမယ်။ နောက်တစ်ခါ နှစ်ဖက်ရှေ့နေတွေပါမယ်။ နောက် သက်သေတွေပါမယ်” လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကဒီကနေ့ရုံးချိန်း အပြီးမှာပြောခဲ့တာဖြစ်ပါတယ်။

ရုံးချိန်းမလာတာနဲ့ပက်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ယောက်ကို အခုလ ၁၆ ရက်နေ့မှာ စစ်ဆေးဖို့ပြန်လည်ချိန်းဆိုခဲ့ကာ ဒီကနေ့ရုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်ကိုယ်တိုင်လည်း လာရောက်ဖို့ ပျက်ကွက်ခဲ့တာဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယားး #ရုံးချိန်း

Related posts

Leave a Comment

VOM News

FREE
VIEW