ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၂-၂၀၁၉
ချမ်းငြိမ်း(VOM)

ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာတော့မယ်လို့ ဒီကနေ့မနက်ပိုင်းကပြုလုပ်တဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြေညာခြင်း အခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ရန်ကုန်တက္ကသိုလ်ကို ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရ တက္ကသိုလ်ဖြစ်ဖို့ လိုအပ်တဲ့အချက်တွေကို ဖြည့်ဆည်းပေးလေ့ရှိပြီး၊ မကြာခင်ကာလမှာ ရန်ကုန်တက္ကသိုလ်ဟာ ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိတဲ့ တက္ကသိုလ်ဖြစ်လာမှာဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပညာရပ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမူများဖြစ်တဲ့ မဟာဌာနစနစ်နဲ့ သင်ရိုးညွှန်းတမ်းတွေကို ပြန်လည်ဆန်းစစ်ပြီးတော့ မွမ်းမံပြင်ဆင်ဖို့ လိုအပ်ချက်နဲ့အညီ ပြန်လည်ရေးဆွဲဖို့ စတဲ့လုပ်ငန်းတွေကို စီမံဆောင်ရွက်သွားမယ်လို့သိရတယ်။ နိုင်ငံရဲ့ လူမူစီးပွားဖွံ့ဖြိုးတိုးတက်စေဖို့ နိုင်ငံတကာတက္ကသိုလ်များနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာမှာ ထိထိရောက်ရောက်ဖြစ်စေဖို့ ကျောင်းသားများ ရွေးပြောင်းပညာသင်ကြားရာမှာ လွယ်ကူချောမွေ့စေရေးအတွက် အဆင်ပြေအောင် သင်ရိုးညွှန်းတမ်းတွေ မူဝါဒတွေကို ပြုပြင်ပြောင်းလဲသွားမယ်လို့လည်းသိရပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်ရာပြည့်ကာလမှာ ဦးစားပေးလုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကတော့ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး ၊ ရန်ကုန်တက္ကသိုလ်ပြန်လည်မွမ်းမံရေးအတွက် စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေဖွဲ့စည်းပြီး မဟာဗျုဟာစီမံကိန်း ရေးဆွဲပြီးခဲ့ကာ ဒီလုပ်ငန်းစဉ်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဥက္ကဌအဖြစ် ပါဝင်တဲ့အဖွဲ့ ဖွဲ့စည်းပြီး အကောင်အထည်ဖော်နေတယ်လို့ သိရပါတယ်။

“ဒီလို ရန်ကုန်တက္ကသိုလ်အဆင့်မြှင့်တင်ရေးဆောင်ရွက်ရမှာ မျိုးဆက်သစ်ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားဟောင်းတွေ၊ မိဘပြည်သူတွေ ဆန္ဒနဲ့အညီ ရန်ကုန်တက္ကသိုလ်ရဲ့ ပတ်ဝန်းကျင်ကို မထိခိုက်အောင်၊ သမိုင်းဝင်အဆောက်အဦးတွေကို မထိခိုက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အဆင့်မြင့်တင်ရေးမှာ ရန်ကုန်တက္ကသိုလ်ယဉ်ကျေးမူအစဉ်အလာနဲ့ယဉ်ကျေးမူ အမွေအနှစ်တွေကို မထိခိုက်စေဖို့ အထူးသတိပြုရမှာဖြစ်ပါတယ်။ ရုပ်ပိုင်းအဆင့်မြင့်တင်ရေးမှာ သန့်ရှင်းတဲ့ ရေပေးဝေရေးစနစ်ဖြစ်စေဖို့ ၊ ရေစီးရေလာကောင်းစေဖို့၊ ရေဆိုးစွန့်ပစ်တဲ့ စနစ်ကောင်းမွန်စေဖို့ ၊ ဆောင်ရွက်မယ့် အစီအစဉ်တွေလည်းပါရှိပါတယ်။ သင်ယူမူ၊ သင်ကြားမူနဲ့ နိုင်ငံတော်ရဲ့လူမူစီပွားလိုအပ်ချက် ၊ ပညာရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လက်ရှိအသုံးပြုနေတဲ့ သင်ရိုးညွှန်တမ်းတွေကို ပြန်လည်ဆန်းစစ်တာတွေ၊ အသစ်ပြန်လည်ရေးဆွဲတာတွေ၊ ပြုပြင်မွမ်းမံတာတွေ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းတွေဟာနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မူတွေ အထောက်အကူပြုနိုင်ပြီးတော့ ဘက်စုံ ဖွံ့ဖြိုးတိုးတက်တဲ့ လူသားကောင်းများမွေးထုတ်ပေးနိုင်ဖို့ရည်ရွယ်တာဖြစ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားခဲ့တာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ကို ခေတ်နဲ့လျော်ညီစွာ အီလက်ထရောနစ်စာကြည်တိုက်အဖြစ် ပြုစုပျိုးထောင်မဲ့ အစီအစဉ်တွေ၊ ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမူတွေနဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးနဲ့ ကိုက်ညီကာ သန့်ရှင်းနွေးထွေးတဲ့ တက္ကသိုလ်ပတ်ဝန်းကျင်ကောင်းဖြစ်ဖို့၊ တက္ကသိုလ်ဝန်းကျင်မှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေဖို့ အဓိပတိလမ်းတစ်လျှောက်မှာ စိမ်းလန်းစိုပြေဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ဟာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှာ နှစ် ၁၀၀ ပြည့်မှာဖြစ်ပြီး ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားတွေကိုလည်း အခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလအထိ တနှစ်ပတ်လုံး ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #ဒေါ်အောင်ဆန်းစုကြည် #တက္ကသိုလ်

Zawgyi

ရန္ကုန္တကၠသိုလ္ဟာ ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရွိတဲ့ တကၠသိုလ္ျဖစ္လာေတာ့မယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ေျပာ

ရန္ကုန္၊ ဒီဇင္ဘာ ၂-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ရန္ကုန္တကၠသိုလ္ဟာ ကိုယ္ပိုင္ စီမံခန႔္ခြဲခြင့္ရွိတဲ့ တကၠသိုလ္ျဖစ္လာေတာ့မယ္လို႔ ဒီကေန႔မနက္ပိုင္းကျပဳလုပ္တဲ့ ရန္ကုန္တကၠသိုလ္ ရာျပည့္အထိမ္းအမွတ္ စတင္ေၾကညာျခင္း အခမ္းအနားမွာ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
“ရန္ကုန္တကၠသိုလ္ကို ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရ တကၠသိုလ္ျဖစ္ဖို႔ လိုအပ္တဲ့အခ်က္ေတြကို ျဖည့္ဆည္းေပးေလ့ရွိၿပီး၊ မၾကာခင္ကာလမွာ ရန္ကုန္တကၠသိုလ္ဟာ ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရွိတဲ့ တကၠသိုလ္ျဖစ္လာမွာျဖစ္ပါတယ္။ ရန္ကုန္တကၠသိုလ္ရဲ႕ ပညာရပ္ဆိုင္ရာ ျပဳျပင္ေျပာင္းလဲမူမ်ားျဖစ္တဲ့ မဟာဌာနစနစ္နဲ႔ သင္႐ိုးၫႊန္းတမ္းေတြကို ျပန္လည္ဆန္းစစ္ၿပီးေတာ့ မြမ္းမံျပင္ဆင္ဖို႔ လိုအပ္ခ်က္နဲ႔အညီ ျပန္လည္ေရးဆြဲဖို႔ စတဲ့လုပ္ငန္းေတြကို စီမံေဆာင္႐ြက္သြားမယ္လို႔သိရတယ္။ ႏိုင္ငံရဲ႕ လူမူစီးပြားဖြံ႕ၿဖိဳးတိုးတက္ေစဖို႔ ႏိုင္ငံတကာတကၠသိုလ္မ်ားနဲ႔ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ရာမွာ ထိထိေရာက္ေရာက္ျဖစ္ေစဖို႔ ေက်ာင္းသားမ်ား ေ႐ြးေျပာင္းပညာသင္ၾကားရာမွာ လြယ္ကူေခ်ာေမြ႕ေစေရးအတြက္ အဆင္ေျပေအာင္ သင္႐ိုးၫႊန္းတမ္းေတြ မူဝါဒေတြကို ျပဳျပင္ေျပာင္းလဲသြားမယ္လို႔လည္းသိရပါတယ္”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားခဲ့ပါတယ္။

ရန္ကုန္တကၠသိုလ္ရာျပည့္ကာလမွာ ဦးစားေပးလုပ္ေဆာင္ေနတဲ့ လုပ္ငန္းစဥ္ေတြကေတာ့ ရန္ကုန္တကၠသိုလ္ အဆင့္ျမႇင့္တင္ေရး ၊ ရန္ကုန္တကၠသိုလ္ျပန္လည္မြမ္းမံေရးအတြက္ စနစ္တက်ေဆာင္႐ြက္ႏိုင္ဖို႔အတြက္ လုပ္ငန္းေကာ္မတီေတြ၊ လုပ္ငန္းအဖြဲ႕ေတြဖြဲ႕စည္းၿပီး မဟာဗ်ဳဟာစီမံကိန္း ေရးဆြဲၿပီးခဲ့ကာ ဒီလုပ္ငန္းစဥ္ကို ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဥကၠဌအျဖစ္ ပါဝင္တဲ့အဖြဲ႕ ဖြဲ႕စည္းၿပီး အေကာင္အထည္ေဖာ္ေနတယ္လို႔ သိရပါတယ္။

“ဒီလို ရန္ကုန္တကၠသိုလ္အဆင့္ျမႇင့္တင္ေရးေဆာင္႐ြက္ရမွာ မ်ိဳးဆက္သစ္ေက်ာင္းသားေက်ာင္းသူေတြ၊ ေက်ာင္းသားေဟာင္းေတြ၊ မိဘျပည္သူေတြ ဆႏၵနဲ႔အညီ ရန္ကုန္တကၠသိုလ္ရဲ႕ ပတ္ဝန္းက်င္ကို မထိခိုက္ေအာင္၊ သမိုင္းဝင္အေဆာက္အဦးေတြကို မထိခိုက္ေအာင္ ေဆာင္႐ြက္ရမွာျဖစ္ပါတယ္။ ႐ုပ္ပိုင္းဆိုင္ရာ အဆင့္ျမင့္တင္ေရးမွာ ရန္ကုန္တကၠသိုလ္ယဥ္ေက်းမူအစဥ္အလာနဲ႔ယဥ္ေက်းမူ အေမြအႏွစ္ေတြကို မထိခိုက္ေစဖို႔ အထူးသတိျပဳရမွာျဖစ္ပါတယ္။ ႐ုပ္ပိုင္းအဆင့္ျမင့္တင္ေရးမွာ သန႔္ရွင္းတဲ့ ေရေပးေဝေရးစနစ္ျဖစ္ေစဖို႔ ၊ ေရစီးေရလာေကာင္းေစဖို႔၊ ေရဆိုးစြန႔္ပစ္တဲ့ စနစ္ေကာင္းမြန္ေစဖို႔ ၊ ေဆာင္႐ြက္မယ့္ အစီအစဥ္ေတြလည္းပါရွိပါတယ္။ သင္ယူမူ၊ သင္ၾကားမူနဲ႔ ႏိုင္ငံေတာ္ရဲ႕လူမူစီပြားလိုအပ္ခ်က္ ၊ ပညာေရးလိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ဖို႔ လက္ရွိအသုံးျပဳေနတဲ့ သင္႐ိုးၫႊန္တမ္းေတြကို ျပန္လည္ဆန္းစစ္တာေတြ၊ အသစ္ျပန္လည္ေရးဆြဲတာေတြ၊ ျပဳျပင္မြမ္းမံတာေတြ ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ သင္႐ိုးၫႊန္းတမ္းေတြဟာႏိုင္ငံတကာ ပူးေပါင္းေဆာင္႐ြက္မူေတြ အေထာက္အကူျပဳႏိုင္ၿပီးေတာ့ ဘက္စုံ ဖြံ႕ၿဖိဳးတိုးတက္တဲ့ လူသားေကာင္းမ်ားေမြးထုတ္ေပးႏိုင္ဖို႔ရည္႐ြယ္တာျဖစ္ပါတယ္”လို႔ ေဒၚေအာင္ဆန္းစုၾကည္က ဆက္လက္ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ရန္ကုန္တကၠသိုလ္ စာၾကည့္တိုက္ကို ေခတ္နဲ႔ေလ်ာ္ညီစြာ အီလက္ထေရာနစ္စာၾကည္တိုက္အျဖစ္ ျပဳစုပ်ိဳးေထာင္မဲ့ အစီအစဥ္ေတြ၊ ႐ုပ္ပိုင္းဆိုင္ရာ ျပဳျပင္ေျပာင္းလဲမူေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်န္းမာေရးနဲ႔ ကိုက္ညီကာ သန႔္ရွင္းေႏြးေထြးတဲ့ တကၠသိုလ္ပတ္ဝန္းက်င္ေကာင္းျဖစ္ဖို႔၊ တကၠသိုလ္ဝန္းက်င္မွာ လမ္းပန္းဆက္သြယ္ေရးေကာင္းမြန္ေစဖို႔ အဓိပတိလမ္းတစ္ေလွ်ာက္မွာ စိမ္းလန္းစိုေျပဖို႔ ေဆာင္႐ြက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ရန္ကုန္တကၠသိုလ္ဟာ ၂၀၂၀ ခုႏွစ္၊ ဒီဇင္ဘာလ ၁ ရက္ေန႔မွာ ႏွစ္ ၁၀၀ ျပည့္မွာျဖစ္ၿပီး ရန္ကုန္တကၠသိုလ္ ႏွစ္ ၁၀၀ ျပည့္ အထိမ္းအမွတ္အခမ္းအနားေတြကိုလည္း အခုႏွစ္ ဒီဇင္ဘာလမွ ၂၀၂၀ခုႏွစ္၊ ဒီဇင္ဘာလအထိ တႏွစ္ပတ္လုံး က်င္းပျပဳလုပ္သြားဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #ေဒၚေအာင္ဆန္းစုၾကည္ #တကၠသိုလ္

Related posts

Leave a Comment

VOM News

FREE
VIEW