သွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၂၀ကျော်ခဲ့

Unicode

သွေးလွန်တုပ်ကွေးရောဂါကြောင့်သေဆုံးသူ ၁၂၀ကျော်ခဲ့

ရန်ကုန် ဒီဇင်ဘာ ၂-၂၀၁၉
သိဂီ ၤ(VOM)

တစ်နိုင်ငံလုံးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူပေါင်း ၂၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူပေါင်းက ၁၂၃ ဦးထိရှိခဲ့ တယ်လို့ အားကစားနှင့်ကျန်းမာရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁ ရက်မှာထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဒါဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁ ရက်ကနေ နိုဝင်ဘာလ တတိယပတ်အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားနှုန်းနှင့် သေဆုံးစာရင်းဖြစ်ပါတယ်။ ကချင်ပြည်နယ် ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး မန္တလေးတိုင်းနှင် စစ်ကိူင်းတိုင်းဒေသကြီးတွေမှာ အဖြစ်အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားအများဆုံး တိုင်းနှင့်ပြည်နယ် ၅ ခုထဲကမှ ကချင်ပြည်နယ်က ရောဂါဖြစ်ပွားမှုနှုန်း ၄၂၂၂ ဦး သေဆုံးသူ ၃၀ ဦးနဲ့ ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးက ဒုတိယရောဂါ ဖြစ်ပွားမှုအများဆုံး ၂၈၀၄ ခု နဲ သေဆုံး ၃၃ ဦးရှိခဲ့ပါတယ်။

” ဒီရောဂါက ကပ်ရောဂါလိုဖြစ်ပွားလေ့ရှိတာကို ပြီးခဲ့တဲ့နှစ် ဒေတာတွေအရသိရတယ်။ ဒါကြောင့် ဆေးခတ်တာတွေ ၊ ခြင်အောင်းနိုင်မယ့်နေရာတွေ ၊ ပိုးလောက်လန်းရှင်းတာတွေ စတာတွေကိုလုပ်ရမယ်။ ခုဆိုသွေးလွန်တုပ်ကွေးက မိုးရာသီတင်မဟုတ်ဘဲ ဒီဇင်ဘာလတွေမှာတောင် ဖြစ်ပွားလာတဲ့အတွက် တစ်နှစ်ပတ်လုံး ကာကွယ်ရေး လုပ်ငန်းတွေကို ပေါ့လျော့လို့မရဘူးး”လို့ (သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နှင်းရေးစီမံချက်) ဒုတိယညွှန်ကြားရေးမှူး၊ စီမံချက်မန်နေဂျာ ဒေါက်တာနေရည်ရည်လင်းကပြောပါတယ်။

သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၅ နှစ်မှ ၉ နှစ်အထိအသက်အပိုင်းအခြားမှာ အများဆုံးဖြစ်ပွားခဲ့ပြီး ဒုတိယအဖြစ်အများဆုံးအသက်အရွယ်က အသက် ၁ နှစ်မှ ၄ နှစ် ဖြစ်ပါတယ်။တတိယဖြစ်ပွားမှုက အသက် ၁၀ မှ ၁၄နှစ်အသက်အရွယ်တွေဖြစ်တယ်လို့ ဝန်ကြီးဌာန စာရင်းတွေအရသိရပါတယ်။

ပြီးခဲ့တဲ့ စာရင်းအချက်အလက်တွေအရ ၂၀၁၅ ခုနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခဲ့သူ ၄၀၀၀၀ ကျော် ၂၀၁၆ ခုနှစ်မှာက ၁၀၀၀၀ ကျော် ၊ ၂၀၁၇ ခုနှစ်မှာက ၃၀၀၀၀ ကျော် ၊ ၂၀၁၈ ခုနှစ် မှာတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၂၀၀၀၀ ရှိခဲ့တယ်လို့သိရပါတယ်။

#voiceofmyanmar #သွေးလွန်တုပ်ကွေး #လူ၁၂၀ကျော်သေ

 

Zawgyi

ေသြးလြန္တုပ္ေကြးေရာဂါေႀကာင့္ေသဆုံးသူ၁၂၀ေက်ာ္ခဲ႕

 

ရန္ကုန္ဒီဇင္ဘာ၂-၂၀၁၉

သိဂီၤ(VOM)

 

တစ္နိုင္ငံလုံးမွာေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူေပါင္း၂၃၀၀၀ေက်ာ္ရွိခဲ႕ျပီးေသဆုံးသူေပါင္းက၁၂၃ဦးထိရွိခဲ႕တယ္လို႕  အားကစားႏွင့္က်န္းမာေရးဝန္ႀကီးဌာနကဒီဇင္ဘာ၁ရက္မွာထုတ္ျပန္ေႀကျငာလိုက္ပါတယ္။

 

ဒါဟာ၂၀၁၉ခုႏွစ္ဇန္နဝါရီလ၁ရက္ကေနနိုဝင္ဘာလတတိယပတ္အထိေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားႏႈန္းႏွင့္ေသဆုံးစာရင္းျဖစ္ပါတယ္။ ကခ်င္ျပည္နယ္ရန္ကုန္တိုင္းေဒသႀကီးဧရာဝတီတိုင္းေဒသႀကီးမႏၱေလးတိုင္းႏွင္စစ္ကိူင္းတိုင္းေဒသႀကီးေတြမွာအျဖစ္အမ်ားဆုံးျဖစ္တယ္လို့သိရပါတယ္။

 

ေရာဂါျဖစ္ပြားအမ်ားဆုံးတိုင္းႏွင့္ျပည္နယ္၅ခုထဲကမွ  ကခ်င္ျပည္နယ္ကေရာဂါျဖစ္ပြားမႈႏႈန္း၄၂၂၂ဦးေသဆုံးသူ၃၀ဦးနဲ႕ေရာဂါျဖစ္ပြားမႈအမ်ားဆုံးျဖစ္ျပီးရန္ကုန္တိုင္းေဒသႀကီးကဒုတိယေရာဂါျဖစ္ပြားမႈအမ်ားဆုံး၂၈၀၄ခုနဲဲေသဆုံး၃၃ဦးရွိခဲ႕ပါတယ္။

 

” ဒီေရာဂါကကပ္ေရာဂါလိုျဖစ္ပြားေလ့ရွိတာကိုၿပီးခဲ့တဲ့ႏွစ္ေဒတာေတြအရသိရတယ္။ဒါေၾကာင့္ေဆးခတ္တာေတြ၊ျခင္ေအာင္းႏုိင္မယ့္ေနရာေတြ၊ပုိးေလာက္လန္းရွင္းတာေတြစတာေတြကုိလုပ္ရမယ္။ ခုဆိုေသြးလြန္တုပ္ေကြးကမိုးရာသီတင္မဟုတ္ဘဲဒီဇင္ဘာလေတြမွာေတာင္ျဖစ္ပြားလာတဲ့အတြက္တစ္ႏွစ္ပတ္လုံးကာကြယ္ေရးလုပ္ငန္းေတြကုိေပါ့ေလ်ာ့လုိ႔မရဘူးး”လို႕(ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ႏွိမ္ႏွင္းေရးစီမံခ်က္)ဒုတိယညႊန္ၾကားေရးမွဴး၊စီမံခ်က္မန္ေနဂ်ာေဒါက္တာေနရည္ရည္လင္းကေျပာပါတယ္။

 

ေသြးလြန္တုပ္ေကြးေရာဂါသည္အသက္၅ႏွစ္မွ၉ႏွစ္အထိအသက္အပိုင္းအျခားမွာအမ်ားဆုံးျဖစ္ပြားခဲ႕ၿပီးဒုတိယအျဖစ္အမ်ားဆုံးအသက္အရြယ္ကအသက္၁ႏွစ္မွ၄ႏွစ္ျဖစ္ပါတယ္။တတိယျဖစ္ပြားမႈကအသက္၁၀မွ၁၄ႏွစ္အသက္အရြယ္ေတြျဖစ္တယ္လို႕ဝန္ႀကီးဌာနစာရင္းေတြအရသိရပါတယ္။

 

ၿပီးခဲ့တဲ႕စာရင္းအခ်က္အလက္ေတြအရ၂၀၁၅ခုႏွစ္မွာေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားခဲ့သူ၄၀၀၀၀ေက်ာ္၂၀၁၆ခုႏွစ္မွာက၁၀၀၀၀ေက်ာ္၊၂၀၁၇ခုႏွစ္မွာက၃၀၀၀၀ေက်ာ္၊၂၀၁၈ခုႏွစ္မွာေတာ့ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသူ၂၀၀၀၀ရွိခဲ့တယ္လို့သိရပါတယ္။

 

#voiceofmyanmar #ေသြးလြန္တုုပ္ေကြး #လူ၁၂၀ေက်ာ္ေသ

 

Related posts

Leave a Comment

VOM News

FREE
VIEW