အရံွဳးေပၚေနတဲ့ လုပ္ငန္းေတြအေၾကာင္းေဆြးေႏြးဖို႔ ရန္ကုန္တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္ေတြက အစည္းအေဝးေခၚေပးဖို႔ေတာင္းဆို

ရန္ကုန္၊ ဒီဇင္ဘာ ၂-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ရန္ကုန္တိုင္းေဒသႀကီးအတြင္းက အရံွဳးေပၚေနတဲ့ လုပ္ငန္းေတြအေၾကာင္း နဲ႔ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာ အျမန္ဆုံး ေဆြးေႏြးခြင့္ရဖို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက လက္မွတ္ေရးထိုးၿပီး လႊတ္ေတာ္ဥကၠဌကို တင္ျပေတာင္းဆိုထားတယ္လို႔ သိရပါတယ္။

ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ကို ၂၀၂၀ ေဖေဖၚရီမွသာ ျပန္လည္ေခၚယူမွာျဖစ္တဲ့အတြက္ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကို လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြးလိုတဲ့အတြက္ ခုလိုလက္မွတ္ေရးထိုး တင္ျပတာျဖစ္တယ္လို႔ ကိုယ္လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

“ အျမန္ဆုံးလႊတ္ေတာ္က်င္းပေပးဖို႔ ကိုယ္စားလွယ္ ေလးပုံတစ္ပုံက လက္မွတ္ထိုးၿပီးေတာ့မွ ဥကၠဌဆီကို တင္တာပါ။ ၂၀၁၇-၁၈ စာရင္းစစ္ခ်ဳပ္ အစီရင္ခံစာကို ျမန္ျမန္ေဆြးေႏြးႏိုင္ဖို႔ ေဖေဖာ္ဝါရီလမွဆိုရင္ အမ်ားႀကီးနစ္နာတယ္။ ျမန္ျမန္ေဆြးေႏြးႏိုင္မွ ျမန္ျမန္ျပင္လို႔ရမယ္ ”လို႔ ဒဂုံမဲဆႏၵနယ္ အမွတ္(၂) လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအစိုးရက အေကာင္အထည္ေဖာ္ေဆာင္႐ြက္တဲ့ အမ်ားပိုင္ဘတ္စ္ကားစနစ္နဲ႔ပတ္သက္လို႔ အရႈံးေပၚေနကာ ရွယ္ယာရွင္ေတြကလည္း လက္ရွိမွာ ရွယ္ယာေတြ ျပန္လည္ထုတ္ယူေနၿပီး ျပည္သူ႔ဘတ္ဂ်က္နဲ႔ ထည့္ဝင္ထားတဲ့ ေငြက်ပ္၃၅ ဘီလီယံကလည္း ေပ်ာက္ခ်င္သလိုျဖစ္ေနတယ္လို႔သူ ဦးေက်ာ္ေဇယ်ကေျပာပါတယ္။

၂၀၁၆-၁၇ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို တိုက္႐ိုက္ေဆြးေႏြး ခြင့္ရခဲ့ေသာ္လည္း ၂၀၁၇-၁၈စာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို ကိုယ္စားလွယ္ေတြက တိုက္႐ိုက္ေဆြးေႏြးခြင့္ရမွာမဟုတ္ဘဲ ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီက ေတြ႕ရွိခ်က္အစီရင္ခံစာကိုသာ ေဆြးေႏြးခြင့္ရမွာျဖစ္ပါတယ္။

ျပည္သူ႔ေငြစာရင္းပူးေပါင္းေကာ္မတီကေတာ့ စာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို အမွန္ကန္ဆုံးနဲ႔ အေကာင္းဆုံးေရးထားတဲ့ အစီရင္ခံစာကို လႊတ္ေတာ္ကိုတင္ျပသြားမယ္လို႔ ေကာ္မတီဥကၠဌ ဦးတင့္လြင္က ေျပာထားတာျဖစ္ပါတယ္။

တိုင္းေဒသႀကီး စီမံခန္႔ခြဲခြင့္ရတဲ့ ေျမေနရာနဲ႔ အေဆာက္အဦးငွားရမ္းခေတြဟာလည္း ကာလေပါက္ေစ်းထက္ မ်ားစြာေလ်ာ့နည္းကာ ငွားရမ္းထားတာေတြကို ကိုယ္စားလွယ္ေတြက ေထာက္ျပေဆြးေႏြးေနတယ္လို႕ သိရပါတယ္။

Photo – Kyaw Zay Ya

#voiceofmyanmar #ရန္ကုန္ #အရံွဳးေပၚလုပ္ငန္း #လႊတ္ေတာ္

Unicode

အရံှုးပေါ်နေတဲ့ လုပ်ငန်းတွေအကြောင်းဆွေးနွေးဖို့ ရန်ကုန်တိုင်းလွှတ်တော်ကိုယ်စားလှယ်တွေက အစည်းအဝေးခေါ်ပေးဖို့တောင်းဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂-၂၀၁၉
ချမ်းငြိမ်း(VOM)

ရန်ကုန်တိုင်းဒေသကြီးအတွင်းက အရံှုးပေါ်နေတဲ့ လုပ်ငန်းတွေအကြောင်း နဲ့ စာရင်းစစ်ချုပ်အစီရင်ခံစာ အမြန်ဆုံး ဆွေးနွေးခွင့်ရဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက လက်မှတ်ရေးထိုးပြီး လွှတ်တော်ဥက္ကဌကို တင်ပြတောင်းဆိုထားတယ်လို့ သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ၂၀၂၀ ဖေဖေါ်ရီမှသာ ပြန်လည်ခေါ်ယူမှာဖြစ်တဲ့အတွက် စာရင်းစစ်ချုပ် အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ်တွေ ဆွေးနွေးလိုတဲ့အတွက် ခုလိုလက်မှတ်ရေးထိုး တင်ပြတာဖြစ်တယ်လို့ ကိုယ်လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

“ အမြန်ဆုံးလွှတ်တော်ကျင်းပပေးဖို့ ကိုယ်စားလှယ် လေးပုံတစ်ပုံက လက်မှတ်ထိုးပြီးတော့မှ ဥက္ကဌဆီကို တင်တာပါ။ ၂၀၁၇-၁၈ စာရင်းစစ်ချုပ် အစီရင်ခံစာကို မြန်မြန်ဆွေးနွေးနိုင်ဖို့ ဖေဖော်ဝါရီလမှဆိုရင် အများကြီးနစ်နာတယ်။ မြန်မြန်ဆွေးနွေးနိုင်မှ မြန်မြန်ပြင်လို့ရမယ် ”လို့ ဒဂုံမဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်တဲ့ အများပိုင်ဘတ်စ်ကားစနစ်နဲ့ပတ်သက်လို့ အရှုံးပေါ်နေကာ ရှယ်ယာရှင်တွေကလည်း လက်ရှိမှာ ရှယ်ယာတွေ ပြန်လည်ထုတ်ယူနေပြီး ပြည်သူ့ဘတ်ဂျက်နဲ့ ထည့်ဝင်ထားတဲ့ ငွေကျပ်၃၅ ဘီလီယံကလည်း ပျောက်ချင်သလိုဖြစ်နေတယ်လို့သူ ဦးကျော်ဇေယျကပြောပါတယ်။

၂၀၁၆-၁၇ စာရင်းစစ်ချုပ်အစီရင်ခံစာကို တိုက်ရိုက်ဆွေးနွေး ခွင့်ရခဲ့သော်လည်း ၂၀၁၇-၁၈စာရင်းစစ်ချုပ်အစီရင်ခံစာကို ကိုယ်စားလှယ်တွေက တိုက်ရိုက်ဆွေးနွေးခွင့်ရမှာမဟုတ်ဘဲ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက တွေ့ရှိချက်အစီရင်ခံစာကိုသာ ဆွေးနွေးခွင့်ရမှာဖြစ်ပါတယ်။

ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီကတော့ စာရင်းစစ်ချုပ်အစီရင်ခံစာကို အမှန်ကန်ဆုံးနဲ့ အကောင်းဆုံးရေးထားတဲ့ အစီရင်ခံစာကို လွှတ်တော်ကိုတင်ပြသွားမယ်လို့ ကော်မတီဥက္ကဌ ဦးတင့်လွင်က ပြောထားတာဖြစ်ပါတယ်။

တိုင်းဒေသကြီး စီမံခန့်ခွဲခွင့်ရတဲ့ မြေနေရာနဲ့ အဆောက်အဦးငှားရမ်းခတွေဟာလည်း ကာလပေါက်ဈေးထက် များစွာလျော့နည်းကာ ငှားရမ်းထားတာတွေကို ကိုယ်စားလှယ်တွေက ထောက်ပြဆွေးနွေးနေတယ်လို့ သိရပါတယ်။

Photo – Kyaw Zay Ya

#voiceofmyanmar #ရန်ကုန် #အရံှုးပေါ်လုပ်ငန်း #လွှတ်တော်

Related posts

Leave a Comment

VOM News

FREE
VIEW