၂၀၂၀ ျပည့္ႏွစ္ တကၠသိုလ္ဝင္စာေမးပြဲ မတ္ ၁၁ရက္ စတင္က်င္းပမွာျဖစ္၊ ေျဖဆိုဖို႔ စာရင္းေပးထားသူ အရင္ႏွစ္ကထက္ ခုႏွစ္ေသာင္းေက်ာ္ ပိုမ်ားလာ

ရန္ကုန္၊ ဒီဇင္ဘာ ၂-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

၂၀၂၀ ျပည့္ႏွစ္၊ တကၠသိုလ္ဝင္စာေမးပြဲကို မတ္လ(၁၁)ရက္မွာ စတင္က်င္းပသြားမွာျဖစ္ၿပီး ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းေပးထားတဲ့ ေက်ာင္းသားေက်ာင္းသူဦးေရဟာ ကိုးသိန္းေျခာက္ေသာင္းေက်ာ္ရွိေနကာ မႏွစ္ကထက္ ခုႏွစ္ေသာင္းေက်ာ္ပိုမ်ားလာပါတယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနကေနသိရပါတယ္။

“ဒီႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္ ၁၁ရက္မွ စတင္က်င္းပမွာျဖစ္ပါတယ္။ အရင္ႏွစ္ကေျပာင္းထားတဲ့ ေမးခြန္းပုံစံအတိုင္းပါပဲ။ ေမးခြန္းပုံစံကေတာ့ ထပ္ေျပာင္းဖို႔ မရွိေသးပါဘူး။ စာစစ္ဌာနအတိအက်ေတာ့ စာရင္းလုပ္တုန္းက မႏွစ္ကထက္ စာစစ္ဌာန ၁၀၀ ေက်ာ္ တိုးမွာပါလို႔ ”လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာန မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးမ်ိဳးၫႊန႔္က ေျပာပါတယ္။

၂၀၂၀ျပည့္ႏွစ္အတြက္ တကၠသိုလ္ဝင္စာေမးပြဲကို မတ္ ၁၁ရက္မွာ ျမန္မာစာ၊ မတ္ ၁၂ရက္မွာ အဂၤလိပ္စာ၊ မတ္ ၁၃ရက္မွာ သခ်ာၤ၊ မတ္ ၁၄ရက္မွာ စိတ္ႀကိဳက္ျမန္မာစာ၊ မတ္ ၁၆ရက္မွာ ဓာတုေဗဒ၊ မတ္ ၁၇ရက္မွာ ႐ူပေဗဒ၊ မတ္ ၁၈ရက္မွာ ဇီ၀ေဗဒ/ ေဘာဂေဗဒ၊ မတ္ ၁၉ရက္မွာ ပထဝီဝင္၊ မတ္ ၂၀ရက္မွာ သမိုင္း စတဲ့ဘာသာရပ္ေတြကို ေန႔စဥ္ နံနက္ ၉နာရီမွ ၁၂နာရီအထိ က်င္းပသြားမွာျဖစ္ပါတယ္။

၂၀၁၉ခုႏွစ္တကၠသိုလ္ဝင္စာေမးပြဲကို မတ္ ၆ရက္ နံနက္ပိုင္းက က်င္းပခဲ့ၿပီးေတာ့ ျမန္မာစာဘာသာရပ္ စတင္ေျဖဆိုခဲ့တဲ့ေန႔မွာ ဝင္ေရာက္ေျဖဆိုဖို႔ စာရင္းေပးသြင္းထားသူ ၈၉၇၉၉၄ ဦး၊ ဝင္ေရာက္ေျဖဆိုသူ ၈၅၁၅၇၀ ဦးရွိခဲ့ၿပီးေတာ့ ပ်က္ကြက္သူ ၄၆၄၂၄ဦးရွိခဲ့ပါတယ္။စာစစ္ဌာနကိုလည္း ၁၈၈၁ခုအထိ တိုးျမႇင့္ၿပီး ဖြင့္လွစ္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံစာစစ္ဦးစီးဌာနကေနသိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #တကၠသိုလ္ဝင္စာေမးပြဲ

Unicode

၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ မတ် ၁၁ရက် စတင်ကျင်းပမှာဖြစ်၊ ဖြေဆိုဖို့ စာရင်းပေးထားသူ အရင်နှစ်ကထက် ခုနှစ်သောင်းကျော် ပိုများလာ

ရန်ကုန်၊ ဒီဇင်ဘာ ၂-၂၀၁၉
ချမ်းငြိမ်း(VOM)

၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတဲ့ ကျောင်းသားကျောင်းသူဦးရေဟာ ကိုးသိန်းခြောက်သောင်းကျော်ရှိနေကာ မနှစ်ကထက် ခုနှစ်သောင်းကျော်ပိုများလာပါတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေသိရပါတယ်။

“ဒီနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ရက်မှ စတင်ကျင်းပမှာဖြစ်ပါတယ်။ အရင်နှစ်ကပြောင်းထားတဲ့ မေးခွန်းပုံစံအတိုင်းပါပဲ။ မေးခွန်းပုံစံကတော့ ထပ်ပြောင်းဖို့ မရှိသေးပါဘူး။ စာစစ်ဌာနအတိအကျတော့ စာရင်းလုပ်တုန်းက မနှစ်ကထက် စာစစ်ဌာန ၁၀၀ ကျော် တိုးမှာပါလို့ ”လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်က ပြောပါတယ်။

၂၀၂၀ပြည့်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ရက်မှာ မြန်မာစာ၊ မတ် ၁၂ရက်မှာ အင်္ဂလိပ်စာ၊ မတ် ၁၃ရက်မှာ သချာၤ၊ မတ် ၁၄ရက်မှာ စိတ်ကြိုက်မြန်မာစာ၊ မတ် ၁၆ရက်မှာ ဓာတုဗေဒ၊ မတ် ၁၇ရက်မှာ ရူပဗေဒ၊ မတ် ၁၈ရက်မှာ ဇီဝဗေဒ/ ဘောဂဗေဒ၊ မတ် ၁၉ရက်မှာ ပထဝီဝင်၊ မတ် ၂၀ရက်မှာ သမိုင်း စတဲ့ဘာသာရပ်တွေကို နေ့စဉ် နံနက် ၉နာရီမှ ၁၂နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။

၂၀၁၉ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၆ရက် နံနက်ပိုင်းက ကျင်းပခဲ့ပြီးတော့ မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့တဲ့နေ့မှာ ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးသွင်းထားသူ ၈၉၇၉၉၄ ဦး၊ ဝင်ရောက်ဖြေဆိုသူ ၈၅၁၅၇၀ ဦးရှိခဲ့ပြီးတော့ ပျက်ကွက်သူ ၄၆၄၂၄ဦးရှိခဲ့ပါတယ်။စာစစ်ဌာနကိုလည်း ၁၈၈၁ခုအထိ တိုးမြှင့်ပြီး ဖွင့်လှစ်ခဲ့တယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနကနေသိရပါတယ်။

#voiceofmyanmar #ရန်ကုန် #တက္ကသိုလ်ဝင်စာမေးပွဲ

Related posts

Leave a Comment

VOM News

FREE
VIEW