ဆောက်လုပ်ရေးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းဖို့ အလုပ်သမားနဲ့အလုပ်ရှင်တွေ လက်မှတ်ရေးထိုး

ရန်ကုန်-ဒီဇင်ဘာ ၃-၂၀၁၉ သိဂီ ၤ(VOM) မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍမှာလုပ်ကိုင်နေတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်အတွင်းမှာ ဘေးအန္တရာယ်ကင်းရှင်းရေးအပါအဝင် ကျန်းမာရေး အလုပ်အကိုင်ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ချုပ် MCEF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM ၊ CTUM ရဲ့အဖွဲ့ချုပ်အဖွဲ့ဝင်ဖြစ်တဲ့ ဆောက်လုပ်ရေးနှင့်သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် BWFMတို့က ဒီကနေ့မှာ MOUလက်မှတ် ရေးထိုးခဲ့ပါတယ်။ MOUအရ အလုပ်ရှင်အလုပ်သမားအကြားခံယူချက်တွေ အလုပ်သမားကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ ပြဿနာဖြစ်လာရင် အလုပ်ရှင်အလုပ်သမား အတူတကွဖြေရှင်းရေး၊ အလုပ်ရှင်အလုပ်သမား Safety ပိုင်းကို သေချာသိရှိနားလည်းပြီး လိုက်နာစေရေးကို အဓိကလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” ဒီMOU ထိုးပြီးဘာဖြစ်မလဲဆိုတာ အတိအကျပြောလို့မရနိုင်ဘူး။ ဘယ်လိုအခြေအနေလဲဆိုတာ နောင်နှစ် ခုလိုအချိန်ကျမှသိနိုင်မယ်။ ဒီလက်မှတ်ထိုးတာပြီးရင် ဘာလုပ်မလဲဆိုတာကတော့ အလုပ်ရှင်အလုပ်သမား နှစ်ခုလုံးကိုသင်တန်းတွေပေးမယ်။ အစိုးရအသိအမှတ်ပြု လက်မှတ်ရတဲ့အထိလုပ်မှာဖြစ်တယ်။ safetyပိုင်းကို ပိုသိပြီးနားလည်လာအောင် လုပ်သွားမှာဖြစ်တယ်”လို့ CTUM ရဲ့ဥက္ကဋ္ဌဖြစ်သူ ဦးမောင်မောင်ကပြောပါတယ်။ လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ…

Read More

တရုတ်နိုင်ငံက အခွန်တိုးလိုက်တဲ့အတွက် မြန်မာနိုင်ငံက တရားဝင်ကုန်စည်တွေ အရောင်းအဝယ်ကျ

မူဆယ်၊ ဒီဇင်ဘာ ၃-၂၀၁၉ ပြည့်စုံ(မဟာမင်း) တရုတ်နိုင်ငံက အမျိုးသား အကျိုးစီပွားကာကွယ်တဲ့အနေနဲ့ တင်းကြပ်အခွန်တိုးမြှင့်လိုက်တဲ့အတွက် မြန်မာနိုင်ငံက တရားဝင်ကုန်စည်တွေဖြစ်တဲ့ ဆန်၊ သကြား၊ ပြောင်း တို့ရဲ့ အရောင်းအဝယ်ဟာ ကျဆင်းနေပြီး ဈေးနှိမ်ဝယ်ယူတာတွေရှိနေတယ်လို့ သိရပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံဗဟိုအစိုးရက မှောင်ခိုတိုက်ဖျက်ရေးစီမံချက်ကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေးမှာ ခုလိုမျိုးတွေကြုံတွေ့နေရတာဖြစ်ပါတယ်။ “ကျွန်တော်တို့နိုင်ငံက တရားဝင်ကုန်စည်ဖြစ်တဲ့ ဆန် သကြား ပြောင်း တို့ဟာ ရပ်ဆိုင်းမှုနီးပါးဖြစ်နေတယ်၊ ပြောင်းဆို တရုတ်က လုံးဝပေးမဝင်တော့ဘူး၊ ပြောင်းကတော့ လုံးဝရပ်သွားတဲ့သဘော ၊ သကြားကတော့ နည်းနည်းပါးပါးတော့သွားနေတယ်။ ဆန်ကတော့ ကိုတာစနစ်ရှိတာကြောင့် ယခင်လိုမရောင်းရပေမယ့် အနည်းငယ်တော့ရောင်ဝယ်မှု ဖြစ်တယ်၊ သို့သော် ရောင်းလိုအားနဲ့ဝယ်လိုအား ဈေးကွက်အခြေအနေပေါ်မှာ နှိမ်ဝယ်တာတော့ရှိတယ် ၊ ဆန်တစ်အိတ်ကို ၁၁၀ ယွမ်အထိပေးဝယ်ရင် တောင်သူတွေအတွက် အကျိုးအမြတ်ဖြစ်တဲ့ အနေအထားမှာ ၉၇ ယွမ်နှင့် ၁၀၀ ယွမ် ကြားအထိပဲပေးဝယ်တယ် ၊…

Read More

ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်ရောက်ချိန် ရိုဟင်ဂျာအရေး ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်တိုက်တွန်း

မက်ဒရစ်၊ ဒီဇင်ဘာ-၃-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်နိုင်ငံကို ရောက်ရှိချိန်မှာ ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက နယ်သာလန်ဝန်ကြီးချုပ် မာ့ရူတီနဲ့ တွေ့ဆုံချိန်မှာ တိုက်တွန်းလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟာ စပိန်နိုင်ငံမှာ ကျင်းပနေတဲ့ ၂၅ ကြိမ်မြောက် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နှစ်ပတ်လည်တက်ရောက်နေတာဖြစ်ပြီး နယ်သာလန်ဝန်ကြီးချုပ်နဲ့လည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ဘင်္ဂလီအရေး စတင်ခဲ့တာဖြစ်ပြီး အဲဒီပြသနာဖြေရှင်းဖို့ဟာလည်း မြန်မာနိုင်ငံနဲ့သာ သက်ဆိုင်တယ်လို့ သူကဆိုပါတယ်။ ရိုဟင်ဂျာတွေကို လူမျိုးုတုန်းသတ်ဖြတ်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီးကြားနာမှုကို တက်ရောက်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နယ်သာလန်နိုင်ငံကို သွားရောက်ဖို့ရှိနေပါတယ်။ နိုင်ငံတကာတရားရုံးရဲ့ ကြားနာမှုကိုတက်ရောက်ဖို့ လာမယ့် သီတင်းပတ်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နယ်သာလန်သို့လာရောက်ချိန်မှာ ဖိအားအချို့ပေးသင့်တယ်လို့ ရှိတ်ဟာစီနာက မာ့ရူတီကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ မိမိတို့နဲ့…

Read More

ဖွဲ့စည်းပုံပြင်ဆင်ရေးကို အခု လွှတ်တော်သက်တမ်းမှာ ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဒီကနေ့လွှတ်တော်မှာ ကြေငြာ

နေပြည်တော်၊ ဒီဇင်ဘာ ၃-၂၀၁၉ သီရိ (VOM) ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကို အခု လွှတ်တော်သက်တမ်းအတွင်းမှာ ပြီးစီးအောင်လို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့နေပြည်တော်ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့မှာ အသိပေးကြေငြာခဲ့တာ ဖြစ်ပါတယ်။ “ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးမှုအချို့နဲ့ ပက် သက်လို့ နာယကရဲ့ တာဝန်ရှိမှုအပိုင်းကနေ လွှတ်တော်သို့ အသိပေးပြောကြားလိုပါတယ်။ ပထမတစ်ချက်ကတော့ လက်ရှိ ဒုတိယသက်တမ်းအတွင်း ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ ဒီကိစ္စကို အရင်ဆုံးစတင်ကတည်းက ဒီသက်တမ်းအတွင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းတာဝန်တစ်ခုအနေနဲ့ စဉ်းစား လက်ခံပြီး လွှတ်တော်သိ့ု တင်ပြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမသက်တမ်းမှာ ဆောင်ရွက်ခဲ့မှုအရ မည် သည့် ဥပဒေကြမ်းတစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီးလွှဲယူသွားတဲ့ အစဉ်အလာမရှိတဲ့အတွက် အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းကိုလည်း လက်ရှိသက်တမ်းမှာပဲ ပြီးစီးအောင် ဦးစားပေးဆောင်ရွက် သွားမှာဖြစ်ပါတယ်”လို့ ပြည်ထောင်စုလွှတ်တော်နာယက…

Read More

မသန်စွမ်းသူတွေ သွားလာရေးလွယ်ကူဖို့အတွက် စီမံကိန်းဆောင်ရွက်ဖို့ရှိ

နေပြည်တော်၊ ဒီဇင်ဘာ ၃-၂၀၁၉ အေးရိပ် မသန်စွမ်းသူတွေအနေနဲ့ လွယ်ကူစွာလက်လှမ်းမီ သွားလာနိုင်စေဖို့အတွက် ရန်ကုန်မြို့၊ နေပြည်တော်တို့မှာ အစိုးရနဲ့ ကျွမ်းကျင်သူတွေပူးပေါင်းပြီး စမ်းသပ်စီမံကိန်းတွေ ဆောင်ရွက်သွားဖို့ရှိတယ်လို့ မသန်စွမ်းသူများရဲ့ အခွင့်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက ဒီကနေ့ နေပြည်တော်မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အခမ်းအနားမှာ ပြောခဲ့တာဖြစ်ပါတယ်။ ” မသန်စွမ်းသူများ အလွယ်တကူ သွားလာနိုင်ရေးနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့တွင် Future We Want စမ်းသပ်စီမံကိန်းဖြင့် အများပြည်သူသုံး မော်တော်ယာဉ်များ၊ လူသွားလမ်းများအား မသန်စွမ်းသူများ အသုံးပြုနိုင်ရေး အဆင့်မြှင့်တင်ရန် အစိုးရနဲ့ ကျွမ်းကျင်သူတွေ ပူးပေါင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ နေပြည်တော်တွင်လည်း မြို့မဈေးနဲ့ ရေပန်းဥယျာဉ် တို့တွင် အလားတူ စမ်းသပ်စီမံကိန်း ၂ ခုတို့ကို မသန်စွမ်းသူတွေအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိတယ် ” လို့ ဒုသမ္မတက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ပြဌာန်းပြီးသားဖြစ်တဲ့ မသန်စွမ်းသူများရဲ့…

Read More

အမေရိကန် စစ်သင်္ဘောနှင့်လေယာဉ်တွေ ဟောင်ကောင်ကိုလာရောက်ခွင့် တရုတ်အစိုးရရပ်ဆိုင်း

ပေကျင်း၊ ဒီဇင်ဘာ-၃-၂၀၁၉ မျိုးဆက် (VOM) အမေရိကန်ဟာ ဟောင်ကောင်ဆန္ဒပြသူတွေကို ထောက်ခံထားတဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ခွင့်ပြုလိုက်ပြီးနောက် အမေရိကန်ရေတပ်သင်္ဘောတွေ လေယာဉ်တွေ ဟောင်ကောင်သို့ လာရောက်ခွင့်ကို တရုတ်အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။ ဒါ့အပြင် တရုတ်အစိုးရဟာ အမေရိကန်လူ့အခွင့်အရေးအဖွဲ့တွေကိုလည်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။ သမ္မတဒေါ်နယ်ထရန့်သည် ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီးနောက် တရုတ်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီအက်ဥပဒေအရ အမေရိကန်နဲ့ အထူးကုန်သွယ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ဟောင်ကောင်မှာ လုံလောက်တဲ့ ကိုယ်ပိုင်အခွင့်အာဏာရှိ၊ မရှိကို နှစ်စဉ်ပြန်လည်သုံးသပ်ဖို့ကို ခွင့်ပြုထားပါတယ်။ ဒီဇင်ဘာ ၂ ရက်နေ့မှစပြီး အမေရိကန် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ဟောင်ကောင်သို့ လာရောက်တာကို ရပ်ဆိုင်းထားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး နောက်ထပ်အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။ အမေရိကန်အနေနဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်ပြုပြင်ဖို့နဲ့…

Read More

အချုပ်ကားတိမ်းမှောက်ပြီး အချုပ်သားနဲ့ ရဲတပ်သား(၃)ဦးအပါအ၀င် (၁၁)ဦး ထိခိုက်ဒဏ်ရာရ

မန္တလေး၊ ဒီဇင်ဘာ ၃-၂၀၁၉ ဟိန်းကို((VOM) မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ် ၊ ၂၆လမ်း ၆၅လမ်းနဲ့ ၆၆လမ်းကြားမှာ ကျောက်ဆည်မြို့မရဲစခန်းကနေ အချုပ်သားတွေသယ်လာတဲ့ အချုပ်ကားတစ်စီး ဒီကနေ့မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။ ကျောက်ဆည်မြို့မရဲစခန်းက အချုပ်သားတွေတင်လာတဲ့ကားဟာ ကျောက်ဆည်မြို့မရဲစခန်းက ရဲအုပ်တစ်ဦး ဦးစီးပြီး မန္တလေးခရိုင်တရားရုံးကို အချုပ်သားတွေပို့ဖို့လာတဲ့အချိန် အခုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ” ကျွန်တော်တို့က ၉:၃၀လောက်ကသတင်းရတယ်၊ 191ကယ်ဆယ်ရေးကားတစ်စီးနဲ့ ထွက်လာပါတယ်၊ ကျွန်တော်တို့ရောက်တဲ့အချိန် ရဲအချုပ်ကားပေါ်မှာ ပါလာတာက ၁၈ယောက်၊ ကျန်တဲ့ ၁ယောက်က ဧရာ၀တီဘဏ်က အမျိုးသမီး တစ်ယောက်၊ အားလုံးပေါင်း (၁၁)ယောက် ဆေးရုံကိုပို့လိုက်ပါတယ်”လို့ ကယ်ဆယ်ရေးလာလုပ်တဲ့ အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။ ယာဉ်တိမ်းမှောက်မှုဖြစ်တဲ့အချိန် အချုပ်ကားအနောက်ကနေ ကပ်ပါလာတဲ့ ဆိုင်ကယ်နဲ့ အမျိုးသမီးမှာလည်း အချုပ်ကားကိုတိုက်မိပြီး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။ လက်ရှိမန္တလေးပြည်သူဆေးရုံးကြီး အရေးပေါ်ကုသဆောင်မှာ ကျောက်ဆည်မြို့မရဲစခန်းက ရဲတပ်သား (၃)ဦး၊…

Read More
VOM News

FREE
VIEW