အမေရိကန် စစ်သင်္ဘောနှင့်လေယာဉ်တွေ ဟောင်ကောင်ကိုလာရောက်ခွင့် တရုတ်အစိုးရရပ်ဆိုင်း

ပေကျင်း၊ ဒီဇင်ဘာ-၃-၂၀၁၉
မျိုးဆက် (VOM)

အမေရိကန်ဟာ ဟောင်ကောင်ဆန္ဒပြသူတွေကို ထောက်ခံထားတဲ့ ဥပဒေမူကြမ်းတစ်ရပ်ကို ပြီးခဲ့တဲ့ သီတင်းပတ်က ခွင့်ပြုလိုက်ပြီးနောက် အမေရိကန်ရေတပ်သင်္ဘောတွေ လေယာဉ်တွေ ဟောင်ကောင်သို့ လာရောက်ခွင့်ကို တရုတ်အစိုးရက ရပ်ဆိုင်းလိုက်ပါတယ်။

ဒါ့အပြင် တရုတ်အစိုးရဟာ အမေရိကန်လူ့အခွင့်အရေးအဖွဲ့တွေကိုလည်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

သမ္မတဒေါ်နယ်ထရန့်သည် ဟောင်ကောင် လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအက်ဥပဒေကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးလိုက်ပြီးနောက် တရုတ်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အဲဒီအက်ဥပဒေအရ အမေရိကန်နဲ့ အထူးကုန်သွယ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ဟောင်ကောင်မှာ လုံလောက်တဲ့ ကိုယ်ပိုင်အခွင့်အာဏာရှိ၊ မရှိကို နှစ်စဉ်ပြန်လည်သုံးသပ်ဖို့ကို ခွင့်ပြုထားပါတယ်။

ဒီဇင်ဘာ ၂ ရက်နေ့မှစပြီး အမေရိကန် စစ်သင်္ဘောတွေနဲ့ လေယာဉ်တွေ ဟောင်ကောင်သို့ လာရောက်တာကို ရပ်ဆိုင်းထားမယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး နောက်ထပ်အရေးယူမှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။

အမေရိကန်အနေနဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်ပြုပြင်ဖို့နဲ့ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာတွေကို ရပ်တန့်ဖို့်တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပေကျင်းမှာသတင်းထောက်တွေကို ပြောပါတယ်။

Ref :BBC Photo : AP
#voiceofmyanmar #တရုတ် #အမေရိကန် #ဟောင်ကောင်ဝင်ခွင့်

Zawgyi

အေမရိကန္ စစ္သေဘၤာနွင္႔ေလယာဥ္ေတြ ေဟာင္ေကာင္ကိုလာေရာက္ခြင္႔ တရုတ္အစိုးရရပ္ဆုိင္း

ေပက်င္း၊ ဒီဇင္ဘာ-၃-၂၀၁၉
မ်ိဳးဆက္ (VOM)

အေမရိကန္ဟာ ေဟာင္ေကာင္ဆႏၵျပသူေတြကို ေထာက္ခံထားတဲ႔ ဥပေဒမူၾကမ္းတစ္ရပ္ကုိ ျပီးခဲ့တဲ႔ သီတင္းပတ္က ခြင့္ျပဳလုိက္ျပီးေနာက္ အေမရိကန္ေရတပ္သေဘၤာေတြ ေလယာဥ္ေတြ ေဟာင္ေကာင္သို႔ လာေရာက္ခြင္႔ကို တရုတ္အစုိးရက ရပ္ဆိုင္းလိုက္ပါတယ္။

ဒါ႔အျပင္ တရုတ္အစုိးရဟာ အေမရိကန္လူ႔အခြင့္အေရးအဖဲြ႔ေတြကိုလည္း အေရးယူပိတ္ဆုိ႔မႈေတြ ခ်မွတ္လိုက္ပါတယ္။

သမၼတေဒၚနယ္ထရန္႔သည္ ေဟာင္ေကာင္ လူ႔အခြင့္အေရးနဲ႔ ဒီမုိကေရစီအက္ဥပေဒကုိ ဥပေဒအျဖစ္ လက္မွတ္ေရးထုိးလုိက္ျပီးေနာက္ တရုတ္အစိုးရရဲ႕ အေရးယူပိတ္ဆို႔မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

အဲဒီအက္ဥပေဒအရ အေမရိကန္နဲ႔ အထူးကုန္သြယ္ေရးဆုိ္င္ရာနဲ႔ ပတ္သက္ျပီး ေဟာင္ေကာင္မွာ လံုေလာက္တဲ႔ ကုိယ္ပုိင္အခြင့္အာဏာရွိ၊ မရွိကုိ ႏွစ္စဥ္ျပန္လည္သံုးသပ္ဖို႕ကို ခြင္႔ျပဳထားပါတယ္။

ဒီဇင္ဘာ ၂ ရက္ေန႔မွစျပီး အေမရိကန္ စစ္သေဘၤာေတြနဲ႔ ေလယာဥ္ေတြ ေဟာင္ေကာင္သို႔ လာေရာက္တာကို ရပ္ဆိုင္းထားမယ္လို႔ တရုတ္နုိင္ငံျခားေရး ၀န္ၾကီးဌာနက ထုတ္ျပန္ထားျပီး ေနာက္ထပ္အေရးယူမႈေတြ ရိွလာနုိင္တယ္လို႔ သတိေပးထားပါတယ္။

အေမရိကန္အေနနဲ႔ မွားယြင္းတဲ႔ လုပ္ေဆာင္ခ်က္ေတြကို ျပန္လည္ျပဳျပင္ဖို႔နဲ႔ တရုတ္နုိင္ငံရဲ႕ ျပည္တြင္းေရးကို ၀င္ေရာက္စြက္ဖက္တာေတြကို ရပ္တန္႔ဖို႔္တိုက္တြန္းေၾကာင္း တရုတ္နိုင္ငံျခားေရး၀န္ၾကီးဌာန ေျပာေရးဆိုခြင္႔ရိွသူတစ္ဦးက ေပက်င္းမွာသတင္းေထာက္ေတြကို ေျပာပါတယ္။

Ref :BBC Photo : AP
#voiceofmyanmar #တရုတ္ #အေမရိကန္ #ေဟာင္ေကာင္ဝင္ခြင့္

Related posts

Leave a Comment

VOM News

FREE
VIEW