ဖွဲ့စည်းပုံပြင်ဆင်ရေးကို အခု လွှတ်တော်သက်တမ်းမှာ ပြီးစီးအောင် ဦးစားပေးဆောင်ရွက်သွားမယ်လို့ ဒီကနေ့လွှတ်တော်မှာ ကြေငြာ

နေပြည်တော်၊ ဒီဇင်ဘာ ၃-၂၀၁၉
သီရိ (VOM)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းကို အခု လွှတ်တော်သက်တမ်းအတွင်းမှာ ပြီးစီးအောင်လို့ ဦးစားပေးဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဒီကနေ့နေပြည်တော်ပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၄) ကြိမ်မြောက်ပုံမှန်အစည်းအဝေး ဒသမနေ့မှာ အသိပေးကြေငြာခဲ့တာ ဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအပေါ် ဆွေးနွေးမှုအချို့နဲ့ ပက် သက်လို့ နာယကရဲ့ တာဝန်ရှိမှုအပိုင်းကနေ လွှတ်တော်သို့ အသိပေးပြောကြားလိုပါတယ်။ ပထမတစ်ချက်ကတော့ လက်ရှိ ဒုတိယသက်တမ်းအတွင်း ဆောင်ရွက်နိုင်ပါ့မလားဆိုတဲ့ ဆွေးနွေးချက် ဖြစ်ပါတယ်။ ဒီကိစ္စကို အရင်ဆုံးစတင်ကတည်းက ဒီသက်တမ်းအတွင်းဆောင်ရွက်နိုင်မယ့် လုပ်ငန်းတာဝန်တစ်ခုအနေနဲ့ စဉ်းစား လက်ခံပြီး လွှတ်တော်သိ့ု တင်ပြဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမသက်တမ်းမှာ ဆောင်ရွက်ခဲ့မှုအရ မည် သည့် ဥပဒေကြမ်းတစ်ခုကိုမျှ နောက်သက်တမ်းကို ဆက်ပြီးလွှဲယူသွားတဲ့ အစဉ်အလာမရှိတဲ့အတွက် အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းကိုလည်း လက်ရှိသက်တမ်းမှာပဲ ပြီးစီးအောင် ဦးစားပေးဆောင်ရွက် သွားမှာဖြစ်ပါတယ်”လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားလိုက်ခဲ့တာဖြစ်ပါတယ်။

အခု လွှတ်တော်သက်တမ်းအတွင်းမှာပဲ အပြီးသတ်ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စကို သက်ဆိုင်ရာပူးပေါင်း ကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်စဉ်ကတည်းက အသိပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

“ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးမှုတွေထဲမှာ ကော်မတီတွင်းဆောင်ရွက်မှု အခြေအနေကို ချပြဖို့တောင်းဆိုဆွေးနွေးတာတွေရှိခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပက်သက်ပြီး နာယကက သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနဲ့ အညီ ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေအထဲမှာ ကော်မတီတွင်းဆောင်ရွက်မှုတွေကို သ ဘောတူညီချက်မရဘဲ အပြင်ကို မပေါက်ကြားစေဖို့ စည်းကမ်းချက်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ဒါ့အပြင် တင်ပြမယ်ဆိုရင် လွှတ်တော်မှာ တရားဝင်တင်ပြရမယ်ဆိုတဲ့ စည်းကမ်းချက်မျိုးတွေ ထည့်သွင်းထားပါတယ်။ နာယကအနေနဲ့လည်း ဆက်လက်ပြီး ကြပ်မက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သူ့ အစီအစဉ်နဲ့သူ ဆောင်ရွက်သင့်ပါတယ်။ အစီရင်ခံစာကိစ္စရပ်တစ်ခုအပေါ် ဆွေးနွေးချိန်မှာ မေးခွန်း များ မေးမြန်းနေခြင်းဟာ လွှတ်တေ်ာဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို ရှင်းရှင်းလင်းလင်းသိရှိနားလည်ကြဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆက်လက်ဆွေးနွေးကြမယ့် အစီအစဉ်များမှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေ (၁၉) ပါ အစည်းအဝေးတွင်လိုက်နာရမယ့် စည်းကမ်းများကို အလေးထားပြီး တိုင်းရင်းသားစည်းလုံးညီညွတ် ရေး၊ အချင်းချင်း ရိုင်းပင်ကူညီရေး၊ ချစ်ကြည်လေးစားရေးတို့ကို ထိခိုက်ပျက်ပြားစေမယ့် အပြုအမှု၊ အပြောအဆို များကို ဂရုပြုကြဖို့ ပန်ကြားလိုပါတယ်”လို့ ဦးတီခွန်မြတ်က ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

ဒီကနေ့ အစည်းအဝေးမှာ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းတစ်ခုနဲ့ ပက်သက် ပြီးဆွေးနွေးခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် ၇ ဦးတို့ရဲ့ ဆွေးနွေးမှုတွေဟာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေနဲ့ မညီညွတ်လို့ဆိုပြီး လွှတ်တော်မှတ်တမ်းက ပယ်ဖျက်တယ်လို့ လွှတ်တော်နာယက ကထက်မံပြီး တရားဝင်ကြေငြာခဲ့ပါတယ်။

အဲ့ဒီ (၇) ဦးထဲက (၆) ဦးဟာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ပြီး၊ တစ်ဦးက အမျိုသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

မှတ်တမ်းပယ်ဖျက်ခံလိုက်ရတဲ့ ကိုယ်စားလှယ်တွေကတော့ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၆) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဗိုလ်မှုးရဲစိုး၊ ဗိုလ်မှုးသန့်စင်၊ ဗိုလ်မှုးအောင်သွင်စိုး၊ ဗိုလ်မှုးဒေါ်ခင်ငြိမ်းချမ်း၊ ဗိုလ်မှုးစောကျော်အောင်နဲ့ ဗိုလ်မှုးဝင်းမင်းထွန်းတို့ပဲဖြစ်ပါတယ်။

#voiceofmyanmar #နေပြည်တော် #ဖွဲ့စည်းပုံပြင်ဆင်ရေး #ပြည်ထောင်စုလွှတ်တော်

Zawgyi

ဖြဲ႔စည္းပံုၿပင္ဆင္ေရးကုိ အခု လႊတ္ေတာ္သက္တမ္းမွာ ၿပီးစီးေအာင္ ဦးစားေပးေဆာင္ရြက္သြားမယ္လို႔ ဒီကေန႔လႊတ္ေတာ္မွာ ေၾကျငာ

ေနၿပည္ေတာ္၊ ဒီဇင္ဘာ ၃-၂၀၁၉
သီရိ (VOM)

ဖြဲ႔စည္းပံုအေၿခခံဥပေဒ ၿပင္ဆင္ေရးလုပ္ငန္းကုိ အခု လႊတ္ေတာ္သက္တမ္းအတြင္းမွာ ၿပီးစီးေအာင္လို႔ ဦးစားေပးေဆာင္ရြက္သြားမယ္လုိ႔ ၿပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္က ဒီကေန႔ေနျပည္ေတာ္ျပဳလုပ္တဲ့ ဒုတိယအၾကိမ္ ၿပည္ေထာင္စုလႊတ္ေတာ္ (၁၄) ၾကိမ္ေၿမာက္ပံုမွန္အစည္းအေဝး ဒသမေန႔မွာ အသိေပးေၾကၿငာခဲ့တာ ျဖစ္ပါတယ္။

“ဖြဲ႔စည္းပံုအေၿခခံဥပေဒ ၿပင္ဆင္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈမ်ားအေပၚ ေဆြးေႏြးမႈအခ်ိဳ႕နဲ႔ ပက္ သက္လို႔ နာယကရဲ့ တာဝန္ရွိမႈအပုိင္းကေန လႊတ္ေတာ္သုိ႔ အသိေပးေၿပာၾကားလုိပါတယ္။ ပထမတစ္ခ်က္ကေတာ့ လက္ရွိ ဒုတိယသက္တမ္းအတြင္း ေဆာင္ရြက္နုိင္ပါ့မလားဆိုတဲ့ ေဆြးေႏြးခ်က္ ၿဖစ္ပါတယ္။ ဒီကိစၥကုိ အရင္ဆံုးစတင္ကတည္းက ဒီသက္တမ္းအတြင္းေဆာင္ရြက္နုိင္မယ့္ လုပ္ငန္းတာဝန္တစ္ခုအေနနဲ႔ စဥ္းစား လက္ခံၿပီး လႊတ္ေတာ္သိ႔ု တင္ၿပေဆာင္ရြက္ခဲ့တာၿဖစ္ပါတယ္။ ပထမသက္တမ္းမွာ ေဆာင္ရြက္ခဲ့မႈအရ မည္ သည့္ ဥပေဒၾကမ္းတစ္ခုကိုမွ် ေနာက္သက္တမ္းကုိ ဆက္ၿပီးလႊဲယူသြားတဲ့ အစဥ္အလာမရွိတဲ့အတြက္ အခုလို ဖြဲ႔စည္းပံုအေၿခခံဥပေဒၿပင္ဆင္ေရးလုပ္ငန္းကုိလည္း လက္ရွိသက္တမ္းမွာပဲ ၿပီးစီးေအာင္ ဦးစားေပးေဆာင္ရြက္ သြားမွာၿဖစ္ပါတယ္”လုိ႔ ၿပည္ေထာင္စုလႊတ္ေတာ္နာယက ဦးတီခြန္ၿမတ္က ေၿပာၾကားလိုက္ခဲ့တာျဖစ္ပါတယ္။

အခု လႊတ္ေတာ္သက္တမ္းအတြင္းမွာပဲ အၿပီးသတ္ေဆာင္ရြက္မယ္ဆုိတဲ့ကိစၥကုိ သက္ဆုိင္ရာပူးေပါင္း ေကာ္မတီကုိ ဖြဲ႔စည္းတာဝန္ေပးအပ္စဥ္ကတည္းက အသိေပးခဲ့ၿပီး ၿဖစ္တယ္လို႔လည္း သိရပါတယ္။

“ ဖြဲ႔စည္းပံုၿပင္ဆင္ေရးအတြက္ ကုိယ္စားလွယ္ေတြရဲ့ ေဆြးေႏြးမႈေတြထဲမွာ ေကာ္မတီတြင္းေဆာင္ရြက္မႈ အေၿခအေနကို ခ်ၿပဖို႔ေတာင္းဆုိေဆြးေႏြးတာေတြရွိခဲ့ပါတယ္။ ဒီကိစၥနဲ႔ ပက္သက္ၿပီး နာယကက သက္ဆိုင္ရာ ဥပေဒ၊ နည္းဥပေဒန႔ဲ အညီ ေဆာင္ရြက္ၾကရမွာ ၿဖစ္တယ္လို႔ ဆုိပါတယ္။ သက္ဆုိင္ရာ ဥပေဒ၊ နည္းဥပေဒအထဲမွာ ေကာ္မတီတြင္းေဆာင္ရြက္မႈေတြကို သ ေဘာတူညီခ်က္မရဘဲ အၿပင္ကုိ မေပါက္ၾကားေစဖုိ႔ စည္းကမ္းခ်က္တစ္ခုအေနနဲ႔ ပါဝင္ေနပါတယ္။ ဒါ့အၿပင္ တင္ၿပမယ္ဆုိရင္ လႊတ္ေတာ္မွာ တရားဝင္တင္ၿပရမယ္ဆုိတဲ့ စည္းကမ္းခ်က္မ်ိဳးေတြ ထည့္သြင္းထားပါတယ္။ နာယကအေနနဲ႔လည္း ဆက္လက္ၿပီး ၾကပ္မက္ေဆာင္ရြက္သြားမွာ ၿဖစ္ပါတယ္။ သူ႔ အစီအစဥ္နဲ႔သူ ေဆာင္ရြက္သင့္ပါတယ္။ အစီရင္ခံစာကိစၥရပ္တစ္ခုအေပၚ ေဆြးေႏြးခ်ိန္မွာ ေမးခြန္း မ်ား ေမးၿမန္းေနၿခင္းဟာ လႊတ္ေတ္ာဆုိင္ရာ ဥပေဒ၊ နည္းဥပေဒမ်ားကုိ ရွင္းရွင္းလင္းလင္းသိရွိနားလည္ၾကဖုိ႔ လိုအပ္ေနတာပဲ ၿဖစ္ပါတယ္။ ဒါေၾကာင့္ ဆက္လက္ေဆြးေႏြးၾကမယ့္ အစီအစဥ္မ်ားမွာ ၿပည္ေထာင္စုလႊတ္ေတာ္ဆုိင္ရာနည္းဥပေဒ (၁၉) ပါ အစည္းအေဝးတြင္လုိက္နာရမယ့္ စည္းကမ္းမ်ားကို အေလးထားၿပီး တုိင္းရင္းသားစည္းလုံးညီညြတ္ ေရး၊ အခ်င္းခ်င္း ရုိင္းပင္ကူညီေရး၊ ခ်စ္ၾကည္ေလးစားေရးတုိ႔ကုိ ထိခိုက္ပ်က္ၿပားေစမယ့္ အၿပဳအမႈ၊ အေၿပာအဆုိ မ်ားကုိ ဂရုၿပဳၾကဖုိ႔ ပန္ၾကားလိုပါတယ္”လို႔ ဦးတီခြန္ၿမတ္က ထည့္သြင္းေၿပာဆုိခဲ့ပါေသးတယ္။

ဒီကေန႔ အစည္းအေဝးမွာ ၿပီးခဲ့တဲ့လ ၂၈ ရက္ေန႔က ဖြဲ႔စည္းပံုအေၿခခံဥပေဒမူၾကမ္းတစ္ခုနဲ႔ ပက္သက္ ၿပီးေဆြးေႏြးခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၇ ဦးတုိ႔ရဲ့ ေဆြးေႏြးမႈေတြဟာ သက္ဆုိင္ရာ ဥပေဒ၊ နည္းဥပေဒ၊ စည္းမ်ဥ္း၊ စည္းကမ္းေတြနဲ႔ မညီညြတ္လို႔ဆိုၿပီး လႊတ္ေတာ္မွတ္တမ္းက ပယ္ဖ်က္တယ္လုိ႔ လႊတ္ေတာ္နာယက ကထက္မံၿပီး တရားဝင္ေၾကၿငာခဲ့ပါတယ္။

အဲ့ဒီ (၇) ဦးထဲက (၆) ဦးဟာ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ေတြၿဖစ္ၿပီး၊ တစ္ဦးက အမ်ိဳသားဒီမုိ ကေရစီအဖြဲ႔ခ်ဳပ္ပါတီက အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ၿဖစ္ပါတယ္။

မွတ္တမ္းပယ္ဖ်က္ခံလိုက္ရတဲ့ ကိုယ္စားလွယ္ေတြကေတာ့ မေကြးတုိင္းေဒသၾကီး မဲဆႏၵနယ္အမွတ္ (၆) မွ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္နဲ႔ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ေတြၿဖစ္ၾကတဲ့ ဗုိလ္မႈးရဲစုိး၊ ဗုိလ္မႈးသန္႔စင္၊ ဗုိလ္မႈးေအာင္သြင္စိုး၊ ဗုိလ္မႈးေဒၚခင္ၿငိမ္းခ်မ္း၊ ဗုိလ္မႈးေစာေက်ာ္ေအာင္နဲ႔ ဗုိလ္မႈးဝင္းမင္းထြန္းတို႔ပဲၿဖစ္ပါတယ္။

#voiceofmyanmar #ေနျပည္ေတာ္ #ဖြဲ႔စည္းပံုျပင္ဆင္ေရး #ျပည္ေထာင္စုလႊတ္ေတာ္

Related posts

Leave a Comment

VOM News

FREE
VIEW