အချုပ်ကားတိမ်းမှောက်ပြီး အချုပ်သားနဲ့ ရဲတပ်သား(၃)ဦးအပါအ၀င် (၁၁)ဦး ထိခိုက်ဒဏ်ရာရ

မန္တလေး၊ ဒီဇင်ဘာ ၃-၂၀၁၉
ဟိန်းကို((VOM)

မန္တလေးမြို့ ၊ အောင်မြေသာစံမြို့နယ် ၊ ၂၆လမ်း ၆၅လမ်းနဲ့ ၆၆လမ်းကြားမှာ ကျောက်ဆည်မြို့မရဲစခန်းကနေ အချုပ်သားတွေသယ်လာတဲ့ အချုပ်ကားတစ်စီး
ဒီကနေ့မနက်ပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။

ကျောက်ဆည်မြို့မရဲစခန်းက အချုပ်သားတွေတင်လာတဲ့ကားဟာ ကျောက်ဆည်မြို့မရဲစခန်းက ရဲအုပ်တစ်ဦး ဦးစီးပြီး မန္တလေးခရိုင်တရားရုံးကို အချုပ်သားတွေပို့ဖို့လာတဲ့အချိန် အခုလိုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

” ကျွန်တော်တို့က ၉:၃၀လောက်ကသတင်းရတယ်၊ 191ကယ်ဆယ်ရေးကားတစ်စီးနဲ့ ထွက်လာပါတယ်၊ ကျွန်တော်တို့ရောက်တဲ့အချိန် ရဲအချုပ်ကားပေါ်မှာ ပါလာတာက ၁၈ယောက်၊ ကျန်တဲ့ ၁ယောက်က ဧရာ၀တီဘဏ်က အမျိုးသမီး တစ်ယောက်၊ အားလုံးပေါင်း (၁၁)ယောက် ဆေးရုံကိုပို့လိုက်ပါတယ်”လို့ ကယ်ဆယ်ရေးလာလုပ်တဲ့ အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

ယာဉ်တိမ်းမှောက်မှုဖြစ်တဲ့အချိန် အချုပ်ကားအနောက်ကနေ ကပ်ပါလာတဲ့ ဆိုင်ကယ်နဲ့ အမျိုးသမီးမှာလည်း အချုပ်ကားကိုတိုက်မိပြီး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမန္တလေးပြည်သူဆေးရုံးကြီး အရေးပေါ်ကုသဆောင်မှာ ကျောက်ဆည်မြို့မရဲစခန်းက ရဲတပ်သား (၃)ဦး၊ အချုပ်သား (၇)ဦးနဲ့ မန္တလေးမြို့ပေါ်နေထိုင်တဲ့ အမျိုးသမီး(၁)ဦးကို ဆေးကုသမှု ပြုလုပ်နေတာဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ကနဦးသတင်းတွေအရသိရပါတယ်။

#voiceofmyanmar #မန္တလေး #အချုပ်ကားမှောက်

Zawgyi

အခ်ဳပ္ကားတိမ္းေမွာက္ၿပီး အခ်ဳပ္သားနဲ႔ ရဲတပ္သား(၃)ဦးအပါအ၀င္ (၁၁)ဦး ထိခိုက္ဒဏ္ရာရ

မႏၲေလး၊ ဒီဇင္ဘာ ၃-၂၀၁၉
ဟိန္းကို((VOM)

မႏၲေလးၿမိဳ႕ ၊ ေအာင္ေျမသာစံၿမိဳ႕နယ္ ၊ ၂၆လမ္း ၆၅လမ္းနဲ႔ ၆၆လမ္းၾကားမွာ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းကေန အခ်ဳပ္သားေတြသယ္လာတဲ့ အခ်ဳပ္ကားတစ္စီး
ဒီကေန႔မနက္ပိုင္းက တိမ္းေမွာက္မႈျဖစ္ပြားခဲ့ပါတယ္။

ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းက အခ်ဳပ္သားေတြတင္လာတဲ့ကားဟာ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းက ရဲအုပ္တစ္ဦး ဦးစီးၿပီး မႏၲေလးခ႐ိုင္တရား႐ုံးကို အခ်ဳပ္သားေတြပို႔ဖို႔လာတဲ့အခ်ိန္ အခုလိုျဖစ္ပြားခဲ့တာလို႔ သိရပါတယ္။

” ကြၽန္ေတာ္တို႔က ၉:၃၀ေလာက္ကသတင္းရတယ္၊ 191ကယ္ဆယ္ေရးကားတစ္စီးနဲ႔ ထြက္လာပါတယ္၊ ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္ ရဲအခ်ဳပ္ကားေပၚမွာ ပါလာတာက ၁၈ေယာက္၊ က်န္တဲ့ ၁ေယာက္က ဧရာ၀တီဘဏ္က အမ်ိဳးသမီး တစ္ေယာက္၊ အားလုံးေပါင္း (၁၁)ေယာက္ ေဆး႐ုံကိုပို႔လိုက္ပါတယ္”လို႔ ကယ္ဆယ္ေရးလာလုပ္တဲ့ ေအာင္ေျမသာစံၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕မွ တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

ယာဥ္တိမ္းေမွာက္မႈျဖစ္တဲ့အခ်ိန္ အခ်ဳပ္ကားအေနာက္ကေန ကပ္ပါလာတဲ့ ဆိုင္ကယ္နဲ႔ အမ်ိဳးသမီးမွာလည္း အခ်ဳပ္ကားကိုတိုက္မိၿပီး ထိခိုက္ဒဏ္ရာေတြ ရရွိခဲ့တာျဖစ္ပါတယ္။

လက္ရွိမႏၲေလးျပည္သူေဆး႐ုံးႀကီး အေရးေပၚကုသေဆာင္မွာ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္းက ရဲတပ္သား (၃)ဦး၊ အခ်ဳပ္သား (၇)ဦးနဲ႔ မႏၲေလးၿမိဳ႕ေပၚေနထိုင္တဲ့ အမ်ိဳးသမီး(၁)ဦးကို ေဆးကုသမႈ ျပဳလုပ္ေနတာျဖစ္ၿပီး ယာဥ္တိမ္းေမွာက္မႈျဖစ္စဥ္ကို စုံစမ္းစစ္ေဆးေနတယ္လို႔ ကနဦးသတင္းေတြအရသိရပါတယ္။

#voiceofmyanmar #မႏၲေလး #အခ်ဳပ္ကားေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW