ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းဆရာမတစ်ဦးက ကိုအောင်ကြီးဟာ တရားခံမဖြစ်နိုင်ဘူးလို့ ဒီကနေ့ရုံးချိန်းမှာထွက်ဆိုခဲ့

နေပြည်တော်၊ ဒီဇင်ဘာ ၄-၂၀၂၉
ကိုထွန်း(VOM)

ဗစ်တိုးရီးယားအမှုက တရားခံလို့စွပ်စွဲခံထားရတဲ့ ကိုအောင်ကြီးကို တရားခံမဖြစ်နိုင်ဘူးလို့ ဒီကနေ့ရုံးချိန်းမှာ ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းဆရာမတစ်ဦးက တရားခွင်မှာ ထွက်ဆိုခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ရုံးချိန်းမှာ အရင်တစ်ပတ်က စစ်ဖို့ကျန်တဲ့ ကျောင်းအုပ်ချုပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်နဲ့ ကျောင်းဆရာမနှစ်ဦးကို စစ်ဆေးခဲ့တဲ့အချိန် ခုလိုထွက်ဆိုတာ ဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က တရားခွင်အပြီးမှာ ပြောခဲ့တာဖြစ်ပါတယ်။

နောက်တစ်ပတ်ရုံးချိန်းကို ဒီဇင်ဘာ ၁၇ရက်ကို ထက်မံချိန်းဆိုခဲ့ပြီး အဲ့ဒီရုံးချိန်းမှာ CCTVမှတ်တမ်းတွေအတွက် သက်ဆိုင်ရာပညာရှင်(၄)ဦးကို စစ်ဆေးသွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #နေပြည်တော် #ဗစ်တိုးရီးယား #ရုံးချိန်း

Zawgyi


ကိုထွန်း(VOM)





Related posts

Leave a Comment

VOM News

FREE
VIEW