မြဝတီမြို့ကလူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှု မြှင့်တက်နေပေမယ့် ဖြန့်ဖြူးသူတွေကို ဖမ်းဆီးဖို့ အခက်အခဲရှိနေ

မြဝတီ ၊ ဒီဇင်ဘာ ၄-၂၀၁၉
သူရိန်(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့က လူငယ်တွေကြားမှာ မူးယစ်ဆေးဝါးသုံးစွဲမှု မြှင့်တက်နေပေမယ့် ဖမ်းဆီးအရေးယူတဲ့‌နေရာမှာ အခက်အခဲရှိနေတယ်လို့ ကရင်ပြည်နယ် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ကနေသိရပါတယ်။

“ မြဝတီမြို့မှာက လူငယ်ထုကြား မူးယစ်ဆေးဝါးသုံးစွဲမှုမြှင့်တက်နေပေမယ့်၊ မူးယစ်ဆေးဖြန့်ဖြူးသူတွေကို ဖမ်းဆီးအရေးယူတဲ့နေရာမှာ လက်နက်ကိုင်အဖွဲ့စုံရှိတဲ့မြို့ဖြစ်လို့ အခြားမြို့နဲ့မတူဘဲ ဖမ်းဆီးမှုအပိုင်းမှာ အခက်အခဲရှိနေတယ်။ မြဝတီမြို့နယ်အတွင်းမှာ မူးယစ်ဆေးစွဲလူငယ်တွေကို ကျွန်တော်တို့အသင်းအနေနဲ့ ပြန်လည်ထူထောင်ရေးဦးစီးဌာနနဲ့ပူးပေါင်းပြီး ဆေးဖြတ်စခန်းများ ဖွင့်လှစ်ထားပါတယ်”လို့ ကရင်ပြည်နယ် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဥက္ကဋ္ဌဦးကျော်ဆန်းဦးက ပြောပါတယ်။

ကရင်ပြည်နယ် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)က သြဂုတ်လကနေ စက်တင်ဘာလထိ ဝှေ့ရှမ်းကျေးရွာမှာ ဖွင့်လှစ်ခဲ့တဲ့ မူးယစ်ဆေးဖြတ်စခန်းက ဆေးစွဲလူငယ် ၃၀ ဦး၊ မြဝတီခရိုင် ပြန်လည်ထူထောင်ရေးရုံးမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထဆေးဖြတ်စခန်းမှာ ဆေးစွဲလူငယ် ၂၅ ဦးကို ကန့်သွင်းဆေးဖြတ်ပေးသလို ဒီနေ့ ဒီဇင်ဘာ ၄ ရက် မင်းလက်ပံကျေးရွာမှာ အစိုးရအထောက်အပံ့နဲ့ ဆေးဖြတ်စခန်းဖွင့်ဖို့ လျာထားတာတယ်လို့ သိရပါတယ်။

“ကျနော်က မူးယစ်ဆေးဝါးသုံးစွဲလာတာ ၆ နှစ်လောက်ရှိပါပြီ။ မြဝတီမြို့က ငါးဂိမ်းလောင်းကစားရုံ အတော်များများမှာ မူးယစ်ဆေးဝါးကို ကျပ် (၁၀၀၀)ထောင်၊ ၁၅၀၀ နဲ့ အလွယ်တကူဝယ်ယူပြီး မူးယစ်ဆေးသုံးစွဲစဉ်ကာလမှာ မိသားစုအရေးနဲ့ ပတ်ဝန်းကျင်အတွက် ဘာကောင်းကြိုးမှ မပြုနိုင်သလို မိမိကိုယ်တိုင်ကလဲ အလုပ်မှာ စိတ်မဝင်စားတဲ့အတွက် လောကကြီးမှာ လူပိုတစ်ယောက်လိုဖြစ်နေပါတယ်။ လူငယ်တွေကိုလဲ မူးယစ်ဆေးဟာ စမ်းသပ်စရာအဖြစ်နဲ့တောင် မသုံးစွဲကြဖို့ တိုက်တွန်းသွားမယ်လို့ ” အသက် ၁၈ နှစ်အရွယ် မောင်ပြည့်လှိုင်ဦး က ပြောပါတယ်။

မြဝတီမြိုမှာ လူငယ်ထုကြားထဲကို မူးယစ်ဆေးဝါး ၈၅ ရာခိုင်နှုန်းအထိ ပျံ့နှံ့နေတယ်လို့ မြဝတီမြို့အရပ်ဖက်အဖွဲ့အစည်းတစ်ချို့နဲ့ ကျောင်းသားလူငယ်တွေက သုံးသပ်ပြောဆိုတာတွေရှိနေပါတယ်။

မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ အကိုင်းအဖျား၊ အနည်းအကျင်းရောင်းဝယ် ဖြန့်ဖြူးသူကိုသာမဟုတ်ဘဲ အမှန်တကယ် မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချနေသူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ဖို့လိုအပ်နေတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #မြဝတီ #မူးယစ်ဆေး #လူငယ်

Zawgyi

ျမဝတီၿမိဳ႕ကလူငယ္ေတြၾကားမွာ မူးယစ္ေဆးဝါးသုံးစြဲမႈ ျမႇင့္တက္ေနေပမယ့္ ျဖန္႔ျဖဴးသူေတြကို ဖမ္းဆီးဖို႔ အခက္အခဲရွိေန

ျမဝတီ ၊ ဒီဇင္ဘာ ၄-၂၀၁၉
သူရိန္(VOM)

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕က လူငယ္ေတြၾကားမွာ မူးယစ္ေဆးဝါးသုံးစြဲမႈ ျမႇင့္တက္ေနေပမယ့္ ဖမ္းဆီးအေရးယူတဲ့‌ေနရာမွာ အခက္အခဲရွိေနတယ္လို႔ ကရင္ျပည္နယ္ မူးယစ္ေဆးစြဲသူမ်ား ျပန္လည္ထူေထာင္ေရးအသင္း(ျမန္မာ)ကေနသိရပါတယ္။

“ ျမဝတီၿမိဳ႕မွာက လူငယ္ထုၾကား မူးယစ္ေဆးဝါးသုံးစြဲမႈျမႇင့္တက္ေနေပမယ့္၊ မူးယစ္ေဆးျဖန္႔ျဖဴးသူေတြကို ဖမ္းဆီးအေရးယူတဲ့ေနရာမွာ လက္နက္ကိုင္အဖြဲ႕စုံရွိတဲ့ၿမိဳ႕ျဖစ္လို႔ အျခားၿမိဳ႕နဲ႔မတူဘဲ ဖမ္းဆီးမႈအပိုင္းမွာ အခက္အခဲရွိေနတယ္။ ျမဝတီၿမိဳ႕နယ္အတြင္းမွာ မူးယစ္ေဆးစြဲလူငယ္ေတြကို ကြၽန္ေတာ္တို႔အသင္းအေနနဲ႔ ျပန္လည္ထူေထာင္ေရးဦးစီးဌာနနဲ႔ပူးေပါင္းၿပီး ေဆးျဖတ္စခန္းမ်ား ဖြင့္လွစ္ထားပါတယ္”လို႔ ကရင္ျပည္နယ္ မူးယစ္ေဆးစြဲသူမ်ား ျပန္လည္ထူေထာင္ေရးအသင္း(ျမန္မာ)ဥကၠ႒ဦးေက်ာ္ဆန္းဦးက ေျပာပါတယ္။

ကရင္ျပည္နယ္ မူးယစ္ေဆးစြဲသူမ်ားျပန္လည္ထူေထာင္ေရးအသင္း(ျမန္မာ)က ၾသဂုတ္လကေန စက္တင္ဘာလထိ ေဝွ႔ရွမ္းေက်း႐ြာမွာ ဖြင့္လွစ္ခဲ့တဲ့ မူးယစ္ေဆးျဖတ္စခန္းက ေဆးစြဲလူငယ္ ၃၀ ဦး၊ ျမဝတီခ႐ိုင္ ျပန္လည္ထူေထာင္ေရး႐ုံးမွာ ဖြင့္လွစ္ထားတဲ့ ကိုယ္ထူကိုယ္ထေဆးျဖတ္စခန္းမွာ ေဆးစြဲလူငယ္ ၂၅ ဦးကို ကန္႔သြင္းေဆးျဖတ္ေပးသလို ဒီေန႔ ဒီဇင္ဘာ ၄ ရက္ မင္းလက္ပံေက်း႐ြာမွာ အစိုးရအေထာက္အပံ့နဲ႔ ေဆးျဖတ္စခန္းဖြင့္ဖို႔ လ်ာထားတာတယ္လို႔ သိရပါတယ္။

“က်ေနာ္က မူးယစ္ေဆးဝါးသုံးစြဲလာတာ ၆ ႏွစ္ေလာက္ရွိပါၿပီ။ ျမဝတီၿမိဳ႕က ငါးဂိမ္းေလာင္းကစား႐ုံ အေတာ္မ်ားမ်ားမွာ မူးယစ္ေဆးဝါးကို က်ပ္ (၁၀၀၀)ေထာင္၊ ၁၅၀၀ နဲ႔ အလြယ္တကူဝယ္ယူၿပီး မူးယစ္ေဆးသုံးစြဲစဥ္ကာလမွာ မိသားစုအေရးနဲ႔ ပတ္ဝန္းက်င္အတြက္ ဘာေကာင္းႀကိဳးမွ မျပဳႏိုင္သလို မိမိကိုယ္တိုင္ကလဲ အလုပ္မွာ စိတ္မဝင္စားတဲ့အတြက္ ေလာကႀကီးမွာ လူပိုတစ္ေယာက္လိုျဖစ္ေနပါတယ္။ လူငယ္ေတြကိုလဲ မူးယစ္ေဆးဟာ စမ္းသပ္စရာအျဖစ္နဲ႔ေတာင္ မသုံးစြဲၾကဖို႔ တိုက္တြန္းသြားမယ္လို႔ ” အသက္ ၁၈ ႏွစ္အ႐ြယ္ ေမာင္ျပည့္လႈိင္ဦး က ေျပာပါတယ္။

ျမဝတီၿမိဳမွာ လူငယ္ထုၾကားထဲကို မူးယစ္ေဆးဝါး ၈၅ ရာခိုင္ႏႈန္းအထိ ပ်ံ႕ႏွံ႔ေနတယ္လို႔ ျမဝတီၿမိဳ႕အရပ္ဖက္အဖြဲ႕အစည္းတစ္ခ်ိဳ႕နဲ႔ ေက်ာင္းသားလူငယ္ေတြက သုံးသပ္ေျပာဆိုတာေတြရွိေနပါတယ္။

မူးယစ္ေဆးဝါးဖမ္းဆီးရာမွာ အကိုင္းအဖ်ား၊ အနည္းအက်င္းေရာင္းဝယ္ ျဖန္႔ျဖဴးသူကိုသာမဟုတ္ဘဲ အမွန္တကယ္ မူးယစ္ေဆးဝါး ထုတ္လုပ္ေရာင္းခ်ေနသူေတြကို ဖမ္းဆီးအေရးယူမႈေတြ ျပဳလုပ္ဖို႔လိုအပ္ေနတယ္လို႔ ေဒသခံေတြေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #ျမဝတီ #မူးယစ္ေဆး #လူငယ္

Related posts

Leave a Comment

VOM News

FREE
VIEW