တိုက်ပေါ်ကပြုတ်ကျသေမှ လျော်ကြေး ၆သိန်းရတဲ့ ဥပဒေဟာ ဆောက်လုပ်ရေးလုပ်ငန်းအပေါ် လွှမ်းခြုံမှုမရှိသေး

ရန်ကုန်၊ ဒီဇင်ဘာ၅-၂၀၁၉
သိဂီၤ(VOM)

ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်သားတစ်ဦးသေဆုံးသွားခဲ့ရင် အလုပ်သမားလျော်ကြေးဥပဒေအရ ၆သိန်းသာရတဲ့အတွက် အဲ့ဒီဥပဒေဟာ ဆောက်လုပ်ရေးလုပ်ငန်းငန်းခွင်အတွက် လွှမ်းခြုံမှုမရှိဘူးလို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (BWFM)ကနေ သိရပါတယ်။

ဒါကြောင့်အလုပ်ရှင်တွေ၊ အလုပ်သမားတွေ ပူးပေါင်းပြီး၂၀၁၉ခုနှစ်မတ်လမှာ ပြည်ထောင်စုလွှတ်တော်က ပြဌာန်းလိုက်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးနှင့် ကျန်းမာရေးဥပဒေကို နည်းဥပဒေအမြန်ဆုံးထွက်ရှိအောင် လုပ်သွားမှာဖြစ်ပြီး နည်းဥပဒေမှာ ပြစ်မှုပြစ်ဒဏ်တွေကို အလုပ်ရှင်၊ အလုပ်သမားမျှတမှုရှိအောင် ထည့်သွင်းရေးဆွဲနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

“ဆောက်လုပ်ရေးလို့ပြောလိုက်ရင် အင်ဖော်မယ်ထဲပါသွားတယ်၊ ပြင်ဆင်တဲ့ဥပဒေပဲပြောပြော အဲ့ဒီမှာပါတာတွေက လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးကို လွှမ်းခြုံမှုမရှိဘူး၊ ဥပဒေထဲမှာ ပြီးပြည့်စုံတဲ့ဥပဒေဆိုတာတော့မရှိဘူး၊ ဒါကိုလက်ခံတယ်၊ ဒါကြောင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်ရေးဥပဒေကို အလုပ်ရှင်အလုပ်သမားပြန်လည်သုံးသပ်မယ်။ အကုန်လုံး လေးစားလိုက်နာနိုင်မယ့်ဟာမျိုးဖြစ်အောင်ပါ။ နည်းဥပဒေအပိုင်းတွေပါမယ်။ ခုလက်ရှိကတော့ ဆောက်လုပ်ရေးလုပ်သားတစ်ယောက် အမြင့်ကပြုတ်ကျမယ်၊ ကိုယ်လက်အဂ်ါကျိုးသွားတယ်ဆိုရင် ဘယ်အလုပ်သမားဝန်ကြီးဌာနကိုမှ တိုင်လို့မရဘူး၊ ကျွန်တော်တို့ဘယ်ဥပဒေနဲ့ တိုင်လို့ရလဲဆိုတော့ အလုပ်သမားလျော်ကြေးဥပဒေအရပဲ တိုင်ခွင့်ရှိပါတယ်၊ အဲ့ဒါကလည်း အလုပ်သမားတစ်ယောက်လုံးသေမှ၆သိန်းပဲရှိတယ်”လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနှင့် သစ်လုပ်ငန်းအလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (BWFM)ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က ပြောပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်၅ခုဖြစ်တဲ့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင် အလုပ်သမားစာရင်းတွေကို ကောက်ယူနေတယ်လို့ သိရပါတယ်။

လုပ်သားစာရင်း ကောက်နေမှုဟာ ခုလဒီဇင်ဘာလကုန်မှာ ပြီးစီးမှာဖြစ်ပြီး စာရင်းစစ်တမ်းကိုတော့ လာမယ့်၂၀၂၀ဇန်နဝါရီ နောက်ဆုံးအပတ်မှာ ထုတ်ပြန်နိုင်မယ်လို့သိရပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေကိုပါ စစ်ဆေးတာတွေလုပ်သွားမှာ ဖြစ်ပြီး စစ်ဆေးချိန်မှာ အလုပ်ရှင်၊အလုပ်သမား မမျှတမှုတွေ့ရှိခဲ့ရင်လည်း နှစ်ဦးနှစ်ဖက်အကြား အပြုသဘောဆောင် ဆွေးနွေးဖြေရှင်းပေးသွားမယ်လို့ သိရပါတယ်။

“လက်သမားလုပ်ရတာပေါ့၊ အရင်ကတည်းကလုပ်တာပါပဲ၊ အိမ်ကနေလာရင် နည်းနည်းကောင်းတာပေါ့၊ ဆိုက်ထဲဝတ်ဖို့ကတော့ သပ်သပ်အပိုယူလာရတယ်။ သိပ်မကောင်းတာပေါ့၊ လုပ်ငန်းခွင်ကတော့ အဝတ်အစားမပေးဘူး ခုနပြောသလို ဖိနပ်တို့ဦးးထုပ်တို့လည်းမပေးဘူး၊ လုပ်ငန်းခွင်မှာ မတော်တဆလက်ထိတာ၊ ဘာညာဆို အဲ့နေ့အတွက်အိမ်ပြန်နားပေါ့။ နောက်နေ့လုပ်နိုင်ရင်ပြန်ဆင်းပေါ့ ”လို့ လှိုင်သာယာမြို့နယ်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ အလုပ်ကြမ်းသမားလုပ်နေတဲ့ ကိုအေးမင်းကပြောပါတယ်။

လက်ရှိမြန်မာနိုင်ရဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဖြစ်နေတာက ပြည်တွင်းကုမဏီအသေးတွေ၊ ကန်ထရိုက်ယူဆောက်လုပ်နေတာတွေ၊ အဓိကနယ်တွေက ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အလုပ်သမားတွေအတွက် Safetyပိုင်းက အားနည်းနေပြီး နိုင်ငံတကာက ဝင်ရောက်လာတဲ့ ကုမဏီတွေကတော့ လုပ်ငန်းမစတင်ခင် သဘောတူညီချုပ်ဆိုထားတဲ့ စာချုပ်အတိုင်း ဘေးအန္တရာယ်ကင်းရှင်းရေးကို လိုက်နာမှုရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #အလုပ်သမား #ဥပဒေ

Zawgyi

တိုက္ေပၚကျပဳတ္က်ေသမွ ေလ်ာ္ေၾကး ၆သိန္းရတဲ့ ဥပေဒဟာ ေဆာက္လုပ္ေရးလုပ္ငန္းအေပၚ လႊမ္းၿခဳံမႈမရွိေသး

ရန္ကုန္၊ ဒီဇင္ဘာ၅-၂၀၁၉
သိဂီၤ(VOM)

ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ လုပ္သားတစ္ဦးေသဆုံးသြားခဲ့ရင္ အလုပ္သမားေလ်ာ္ေၾကးဥပေဒအရ ၆သိန္းသာရတဲ့အတြက္ အဲ့ဒီဥပေဒဟာ ေဆာက္လုပ္ေရးလုပ္ငန္းငန္းခြင္အတြက္ လႊမ္းၿခဳံမႈမရွိဘူးလို႔ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးႏွင့္ သစ္လုပ္ငန္းအလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ (BWFM)ကေန သိရပါတယ္။

ဒါေၾကာင့္အလုပ္ရွင္ေတြ၊ အလုပ္သမားေတြ ပူးေပါင္းၿပီး၂၀၁၉ခုႏွစ္မတ္လမွာ ျပည္ေထာင္စုလႊတ္ေတာ္က ျပဌာန္းလိုက္တဲ့ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္ေရးႏွင့္ က်န္းမာေရးဥပေဒကို နည္းဥပေဒအျမန္ဆုံးထြက္ရွိေအာင္ လုပ္သြားမွာျဖစ္ၿပီး နည္းဥပေဒမွာ ျပစ္မႈျပစ္ဒဏ္ေတြကို အလုပ္ရွင္၊ အလုပ္သမားမွ်တမႈရွိေအာင္ ထည့္သြင္းေရးဆြဲႏိုင္ဖို႔ လုပ္ေဆာင္သြားမယ္လို႔သိရပါတယ္။

“ေဆာက္လုပ္ေရးလို႔ေျပာလိုက္ရင္ အင္ေဖာ္မယ္ထဲပါသြားတယ္၊ ျပင္ဆင္တဲ့ဥပေဒပဲေျပာေျပာ အဲ့ဒီမွာပါတာေတြက လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္ေရးကို လႊမ္းၿခဳံမႈမရွိဘူး၊ ဥပေဒထဲမွာ ၿပီးျပည့္စုံတဲ့ဥပေဒဆိုတာေတာ့မရွိဘူး၊ ဒါကိုလက္ခံတယ္၊ ဒါေၾကာင့္ လုပ္ငန္းခြင္ေဘးအႏၲရာယ္ကင္းရွင္ေရးဥပေဒကို အလုပ္ရွင္အလုပ္သမားျပန္လည္သုံးသပ္မယ္။ အကုန္လုံး ေလးစားလိုက္နာႏိုင္မယ့္ဟာမ်ိဳးျဖစ္ေအာင္ပါ။ နည္းဥပေဒအပိုင္းေတြပါမယ္။ ခုလက္ရွိကေတာ့ ေဆာက္လုပ္ေရးလုပ္သားတစ္ေယာက္ အျမင့္ကျပဳတ္က်မယ္၊ ကိုယ္လက္အဂ္ါက်ိဳးသြားတယ္ဆိုရင္ ဘယ္အလုပ္သမား၀န္ႀကီးဌာနကိုမွ တိုင္လို႔မရဘူး၊ ကြၽန္ေတာ္တို႔ဘယ္ဥပေဒနဲ႔ တိုင္လို႔ရလဲဆိုေတာ့ အလုပ္သမားေလ်ာ္ေၾကးဥပေဒအရပဲ တိုင္ခြင့္ရွိပါတယ္၊ အဲ့ဒါကလည္း အလုပ္သမားတစ္ေယာက္လုံးေသမွ၆သိန္းပဲရွိတယ္”လို႔ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးႏွင့္ သစ္လုပ္ငန္းအလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္ (BWFM)ဥကၠ႒ ဦးမင္းမင္းလတ္က ေျပာပါတယ္။

ဒါ့အျပင္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္၅ခုျဖစ္တဲ့ ရန္ကုန္တိုင္း၊ ပဲခူးတိုင္း၊ မႏၲေလးတိုင္း၊ စစ္ကိုင္းတိုင္းနဲ႔ ရွမ္းျပည္နယ္က ေဆာက္လုပ္ေရးလုပ္ငန္းခြင္ အလုပ္သမားစာရင္းေတြကို ေကာက္ယူေနတယ္လို႔ သိရပါတယ္။

လုပ္သားစာရင္း ေကာက္ေနမႈဟာ ခုလဒီဇင္ဘာလကုန္မွာ ၿပီးစီးမွာျဖစ္ၿပီး စာရင္းစစ္တမ္းကိုေတာ့ လာမယ့္၂၀၂၀ဇန္နဝါရီ ေနာက္ဆုံးအပတ္မွာ ထုတ္ျပန္ႏိုင္မယ္လို႔သိရပါတယ္။

ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြကိုပါ စစ္ေဆးတာေတြလုပ္သြားမွာ ျဖစ္ၿပီး စစ္ေဆးခ်ိန္မွာ အလုပ္ရွင္၊အလုပ္သမား မမွ်တမႈေတြ႕ရွိခဲ့ရင္လည္း ႏွစ္ဦးႏွစ္ဖက္အၾကား အျပဳသေဘာေဆာင္ ေဆြးေႏြးေျဖရွင္းေပးသြားမယ္လို႔ သိရပါတယ္။

“လက္သမားလုပ္ရတာေပါ့၊ အရင္ကတည္းကလုပ္တာပါပဲ၊ အိမ္ကေနလာရင္ နည္းနည္းေကာင္းတာေပါ့၊ ဆိုက္ထဲ၀တ္ဖို႔ကေတာ့ သပ္သပ္အပိုယူလာရတယ္။ သိပ္မေကာင္းတာေပါ့၊ လုပ္ငန္းခြင္ကေတာ့ အ၀တ္အစားမေပးဘူး ခုနေျပာသလို ဖိနပ္တို႔ဦးးထုပ္တို႔လည္းမေပးဘူး၊ လုပ္ငန္းခြင္မွာ မေတာ္တဆလက္ထိတာ၊ ဘာညာဆို အဲ့ေန႔အတြက္အိမ္ျပန္နားေပါ့။ ေနာက္ေန႔လုပ္ႏိုင္ရင္ျပန္ဆင္းေပါ့ ”လို႔ လႈိင္သာယာၿမိဳ႕နယ္က ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခုမွာ အလုပ္ၾကမ္းသမားလုပ္ေနတဲ့ ကိုေအးမင္းကေျပာပါတယ္။

လက္ရွိျမန္မာႏိုင္ရဲ႕ ေဆာက္လုပ္ေရးလုပ္ငန္းခြင္မွာ ျဖစ္ေနတာက ျပည္တြင္းကုမဏီအေသးေတြ၊ ကန္ထ႐ိုက္ယူေဆာက္လုပ္ေနတာေတြ၊ အဓိကနယ္ေတြက ေဆာက္လုပ္ေရးလုပ္ငန္းခြင္ေတြမွာ အလုပ္သမားေတြအတြက္ Safetyပိုင္းက အားနည္းေနၿပီး ႏိုင္ငံတကာက ၀င္ေရာက္လာတဲ့ ကုမဏီေတြကေတာ့ လုပ္ငန္းမစတင္ခင္ သေဘာတူညီခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အတိုင္း ေဘးအႏၲရာယ္ကင္းရွင္းေရးကို လိုက္နာမႈရွိေနတယ္လို႔ သိရပါတယ္။

#voiceofmyanmar #ရန္ကုန္ #အလုပ္သမား #ဥပေဒ

Related posts

Leave a Comment

VOM News

FREE
VIEW