နယ်စပ်ဂိတ်အတုလုပ်ပြီး ရုရှားကနေ တစ်ခြားနိုင်ငံရောက်ပြီဆိုကာ လိမ်လည်လူကုန်ကူးသူ အဖမ်းခံရ

မော်စကို၊ ဒီဇင်ဘာ-၅-၂၀၁၉
မျိုးဆက် (VOM)

ရုရှားနိုင်ငံမှာ နယ်စပ်ဖြတ်ကျော်ဂိတ်အတု တည်ဆောက်ပြီး ရွှေ့ပြောင်းလုပ်သားလေးဦးကို ဖင်လန်နိုင်ငံ အတွင်း ရောက်ရှိသွားပြီလို့ ထင်မှတ်အောင် လုပ်ဆောင်သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဖန်တီးထားတဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်အတုကို ရောက်ရှိချိန်မှာ လူကုန်ကူးသူအမျိုးသားဟာ အီးယူနိုင်ငံဖြစ်တဲ့ ဖင်လန်နိုင်ငံအတွင်း ရောက်ရှိပြီလို့ ရွှေ့ပြောင်းလုပ်သားတွေက ယုံကြည်စေရန်လုပ်ဆောင်ပြီး သူတို့ကို ထားရစ်ခဲ့ပါတယ်။ ဒါပေမယ့်အဲဒီနေရာဟာ ဗိုင်ဘာ့ဂ်ရှိ ရွှံ့ညွှန်တောကြီးဖြစ်နေပါတယ်။

သိပ်မကြာခင်အချိန်မှာပဲ အဲဒီဒေသက အမှန်တကယ်နယ်ခြားဖြတ်ကျော်ဂိတ်က တပ်ဖွဲ့ဝင်တွေက လူကုန်ကူးခံရတဲ့ တောင်အာရှသားလေးဦးကို ရပ်တန့်စေခဲ့ပြီး သူတို့ဟာ ဖင်လန်နိုင်မှာမဟုတ်ပဲ ရုရှားနိုင်ငံအတွင်းမှာ ရှိနေဆဲဖြစ်တယ်ဆိုတာ ရှင်းပြခဲ့ပါတယ်။

သူတို့ဟာ တစ်ဦးကို ဒေါ်လာ ၁၁၀၀၀ စီ လူကုန်ကူးသူအမျိုးသားကို ပေးခဲ့ရပြီး လက်ရှိမှာတော့ လူကုန်ကူးသူအပါအဝင် အမျိုးသားငါးဦးစလုံးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းတွေက ဖော်ပြထားသည်။

လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုတွေအတွက် ရွှေ့ပြောင်းလုပ်သားတွေကို စိန့်ပီတာစဘာ့ဂ်တရားရုံးက ဒါဏ်ငွေချမှတ်ခဲ့ပြီး သူတို့ိုကို ပြည်နှင်ဒါဏ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ လူကုန်ကူးသူအမျိုးသားကတော့ ပြင်းထန်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

Ref : BBC Photo : Getty Images
#voiceofmyanmar #မော်စကို #နယ်စပ်ဂိတ်အတု #လူကုန်ကူး

Zawgyi

နယ္စပ္ဂိတ္အတုလုပ္ျပီး ရုရွားကေန တစ္ျခားနုိင္ငံေရာက္ျပီဆိုကာ လိမ္လည္လူကုန္ကူးသူ အဖမ္းခံရ

ေမာ္စကို၊ ဒီဇင္ဘာ-၅-၂၀၁၉
မ်ိဳးဆက္ (VOM)

ရုရွားနုိင္ငံမွာ နယ္စပ္ျဖတ္ေက်ာ္ဂိတ္အတု တည္ေဆာက္ျပီး ေရႊ႔ေျပာင္းလုပ္သားေလးဦးကို ဖင္လန္နိုင္ငံ အတြင္း ေရာက္ရိွသြားျပီလို႔ ထင္မွတ္ေအာင္ လုပ္ေဆာင္သူ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးလိုက္ပါတယ္။

ဖန္တီးထားတဲ႔ နယ္စပ္ျဖတ္ေက်ာ္ဂိတ္အတုကို ေရာက္ရိွခ်ိန္မွာ လူကုန္ကူးသူအမ်ိဳးသားဟာ အီးယူနို္င္ငံျဖစ္တဲ႔ ဖင္လန္နိုင္ငံအတြင္း ေရာက္ရိွျပီလို႔ ေရႊ႔ေျပာင္းလုပ္သားေတြက ယံုၾကည္ေစရန္လုပ္ေဆာင္ျပီး သူတို႔ကို ထားရစ္ခဲ႔ပါတယ္။ ဒါေပမယ္႔အဲဒီေနရာဟာ ဗိုင္ဘာ႔ဂ္ရိွ ရႊ႔ံညႊန္ေတာၾကီးျဖစ္ေနပါတယ္။

သိပ္မၾကာခင္အခ်ိန္မွာပဲ အဲဒီေဒသက အမွန္တကယ္နယ္ျခားျဖတ္ေက်ာ္ဂိတ္က တပ္ဖြဲ႔၀င္ေတြက လူကုန္ကူးခံရတဲ႔ ေတာင္အာရွသားေလးဦးကို ရပ္တန္႔ေစခဲ႔ျပီး သူတို႔ဟာ ဖင္လန္နိုင္မွာမဟုတ္ပဲ ရုရွားနုိင္ငံအတြင္းမွာ ရိွေနဆဲျဖစ္တယ္ဆိုတာ ရွင္းျပခဲ႔ပါတယ္။

သူတို႔ဟာ တစ္ဦးကို ေဒၚလာ ၁၁၀၀၀ စီ လူကုန္ကူးသူအမ်ိဳးသားကို ေပးခဲ႔ရျပီး လက္ရိွမွာေတာ႔ လူကုန္ကူးသူအပါအ၀င္ အမ်ိဳးသားငါးဦးစလံုးကို ဖမ္းဆီးထိန္းသိမ္းထားေၾကာင္း သတင္းေတြက ေဖာ္ျပထားသည္။

လူ၀င္မႈၾကီးၾကပ္ေရးဆိုင္ရာျပစ္မႈေတြအတြက္ ေရႊ႕ေျပာင္းလုပ္သားေတြကို စိန္႔ပီတာစဘာ႔ဂ္တရားရံုးက ဒါဏ္ေငြခ်မွတ္ခဲ႔ျပီး သူတို႔ိုကို ျပည္နွင္ဒါဏ္ေပးဖို႔ အမိန္႔ထုတ္ခဲ႔ပါတယ္။ လူကုန္ကူးသူအမ်ိဳးသားကေတာ႔ ျပင္းထန္တဲ႔ စြဲခ်က္ေတြနဲ႔ ရင္ဆိုင္ေနရျပီး ဖမ္းဆီးထိန္းသိမ္းခံထားရပါတယ္။

Ref : BBC Photo : Getty Images
#voiceofmyanmar #ေမာ္စကို #နယ္စပ္ဂိတ္အတု #လူကုန္ကူး

Related posts

Leave a Comment

VOM News

FREE
VIEW