ကလေးသူခိုးတွေ သောင်းကျန်းနေတယ်လို့ မမှန်သတင်းဖြန့်သူကို ရပ်ကွက်ရုံးမှာ ခံဝန်းထိုးခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၆-၂၀၁၉
ချမ်းငြိမ်း(VOM)

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ ညောင်သုံးပင်ရပ်ကွက်မှာ ကလေးသူခိုးနဲ့ ကလေးကလီစာတွေ လိုက်လံထုတ်ယူနေတယ်ဆိုပြီး သတင်းတင်တဲ့သူတစ်ဦးကို ဒီကနေ့မနက်ပိုင်းက နောက်နောင် သတင်းမှားတွေမဖြန့်ဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ခံဝန်ထိုးခိုင်းထားတယ်လို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ကပြောပါတယ်။

“ ဒီနေ့မနက်မှာ အမှုထမ်း ၊ ညောင်သုံးပင်ရွာတို့၊ အုပ်ဖိုလ်စုတို့ဆိုတာက တဆက်တစ်တည်းရှိတဲ့နေရာတွေ။ ဟိုနားမှာဖြစ်သွားတယ်၊ ဒီနားမှာဖြစ်သွားတယ်ဆိုပြီးတော၊့ တင်နေတဲ့အခါကျတော့ ဒီနေ့မှာစစ်ဆေး လိုက်တဲ့ အခါကြတော့ အကောင့်နှစ်ကောင့်ကနေတင်တယ်။ တစ်ကောင့်ကတော့ အစစ်အမှန်အကောင့် နောက်တစ် ကောင့်ကတော့ အကောင့်ပုန်း ဖြစ်နေတယ်။ အကောင့်စစ်နဲ့သုံးတဲ့သူကို ရပ်ကွက်ရုံးမှာခေါ်စစ်တော့ ရပ်ကွက်ထဲမှာ ပြောနေကြတော့ စိုးရိမ်ပြီးတင်တယ်လို့ပြောတယ်။ မဟုတ်မှန်းသိတော့ ပို့စ်ကိုလည်း ဖျက်လိုက်ပါပြီပြောတယ်။ ရပ်ကွက်ရုံးမှာပဲ ခံဝန်ထိုးခိုင်းလိုက်ပါတယ်လို့ သန်လျင်မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ကပြောပါတယ်။

ကလေးသူခိုး၊ တို့ဆေး တို့ဆိုတဲ့ သတင်းမှားကို ရည်ရွယ်ချက်ရှိရှိ လိုက်လံဖြန့်ဝေနေတယ်လို့လည်း ယူဆလို့ရတယ်လို့ ဦးနေလင်းအောင်က သုံးသပ်ပြောဆိုထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတွေကတော့ မြန်မာနိုင်ငံမှာ ကလေးသူခိုးဂိုဏ်းမရှိဘူးလို့ တုံပြန်ပြောဆိုထားတာဖြစ်ပြီး ယခုရက်ပိုင်း ကလေးသူခိုးဆိုတဲ့သတင်းများစွာ ပြန့်နှံနေတဲ့အပေါ် ကလေးရှိတဲ့ မိဘတွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

“ ကလေးသူခိုးဆိုတဲ့ သတင်းတွေတွေ့နေရတော့ ဘာမှန်းတော့မသိဘူး၊ ကလေးကို ကျောင်းကိုပို့ထားပြီးတော့ အိမ်မပြန်ပဲ ကျောင်းဆင်းတဲ့အချိန်ထိကို စောင့်ခေါ်နေရတယ်”လို့ သန်လျင်မြို့က မိဘတစ်ဦးဖြစ်တဲ့ ဒေါ်ညိုညိုကပြောပါတယ်။

မြန်မာနိုင်ငံအနှံ့အပြားမှာ ကလေးသူခိုးတွေက ကလေးတွေကို လိုက်လံခိုးယူနေတယ်ဆိုတဲ့ သတင်းတွေ ယခုရက်ပိုင်း လူမှုကွန်ယက်စာမျက်နှာတွေမှာ ပျံနှံနေပြီး ဒီကနေ့မှာလည်း သန်လျင်သမဝါယမကောလိပ်အနီးမှာ ကလေးတစ်ဦးရဲ့ ကလီစာတွေကိုထုတ်ယူပြီး ငွေတစ်သိန်းထားခဲ့တယ်ဆိုတဲ့ သတင်းတစ်ခုကို ဖြန့်ဝေတာတွေ ရှိခဲ့ပါတယ်။

လတ်တလောမှာလည်း ကလေးသူခိုးလို့ စွပ်စွဲကာ ဝိုင်းဝန်းရိုက်နက်မှု ဖမ်းဆီးတာတွေဖြစ်ပေါ်နေပြီး အဲ့ဒီဟာတွေကလည်း မှားယွင်းဖမ်ဆီးမှုသာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #သန်လျင် #သတင်းမှား #ကလေးသူခိုး

Zawgyi

ကေလးသူခိုးေတြ ေသာင္းက်န္းေနတယ္လို႔ မမွန္သတင္းျဖန္႔သူကို ရပ္ကြက္႐ုံးမွာ ခံဝန္းထိုးခိုင္း

ရန္ကုန္၊ ဒီဇင္ဘာ ၆-၂၀၁၉
ခ်မ္းၿငိမ္း(VOM)

ရန္ကုန္တုိင္း၊ သန္လ်င္ၿမိဳ႕နယ္၊ ေညာင္သံုးပင္ရပ္ကြက္မွာ ကေလးသူခိုးနဲ႔ ကေလးကလီစာေတြ လိုက္လံထုတ္ယူေနတယ္ဆိုၿပီး သတင္းတင္တဲ့သူတစ္ဦးကို ဒီကေန႔မနက္ပိုင္းက ေနာက္ေနာင္ သတင္းမွားေတြမျဖန႔္ဖို႔ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွာ ခံဝန္ထိုးခိုင္းထားတယ္လို႔ သန္လ်င္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနလင္းေအာင္ကေျပာပါတယ္။

“ ဒီေန႔မနက္မွာ အမႈထမ္း ၊ ေညာင္သုံးပင္႐ြာတို႔၊ အုပ္ဖိုလ္စုတို႔ဆိုတာက တဆက္တစ္တည္းရွိတဲ့ေနရာေတြ။ ဟိုနားမွာျဖစ္သြားတယ္၊ ဒီနားမွာျဖစ္သြားတယ္ဆိုၿပီးေတာ၊့ တင္ေနတဲ့အခါက်ေတာ့ ဒီေန႔မွာစစ္ေဆး လိုက္တဲ့ အခါၾကေတာ့ အေကာင့္ႏွစ္ေကာင့္ကေနတင္တယ္။ တစ္ေကာင့္ကေတာ့ အစစ္အမွန္အေကာင့္ ေနာက္တစ္ ေကာင့္ကေတာ့ အေကာင့္ပုန္း ျဖစ္ေနတယ္။ အေကာင့္စစ္နဲ႔သုံးတဲ့သူကို ရပ္ကြက္႐ုံးမွာေခၚစစ္ေတာ့ ရပ္ကြက္ထဲမွာ ေျပာေနၾကေတာ့ စိုးရိမ္ၿပီးတင္တယ္လို႔ေျပာတယ္။ မဟုတ္မွန္းသိေတာ့ ပို႔စ္ကိုလည္း ဖ်က္လိုက္ပါၿပီေျပာတယ္။ ရပ္ကြက္ရံုးမွာပဲ ခံဝန္ထိုးခိုင္းလိုက္ပါတယ္လို႔ သန္လ်င္ၿမိဳ႕နယ္တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေနလင္းေအာင္ကေျပာပါတယ္။

ကေလးသူခိုး၊ တို႔ေဆး တို႔ဆိုတဲ့ သတင္းမွားကို ရည္႐ြယ္ခ်က္ရွိရွိ လိုက္လံျဖန္႔ေဝေနတယ္လို႔လည္း ယူဆလို႔ရတယ္လို႔ ဦးေနလင္းေအာင္က သံုးသပ္ေျပာဆိုထားတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ရဲ႕ တာဝန္ရွိသူေတြကေတာ့ ျမန္မာႏိုင္ငံမွာ ကေလးသူခိုးဂိုဏ္းမရွိဘူးလို႔ တုံျပန္ေျပာဆိုထားတာျဖစ္ၿပီး ယခုရက္ပိုင္း ကေလးသူခိုးဆိုတဲ့သတင္းမ်ားစြာ ျပန္႔ႏွံေနတဲ့အေပၚ ကေလးရိွတဲ့ မိဘေတြအေနနဲ႔လည္း စိုးရိမ္ပူပန္မႈေတြ ျဖစ္ေပၚေနတယ္လို႔ သိရပါတယ္။

“ ကေလးသူခိုးဆိုတဲ့ သတင္းေတြေတြ႕ေနရေတာ့ ဘာမွန္းေတာ့မသိဘူး၊ ကေလးကို ေက်ာင္းကိုပို႔ထားၿပီးေတာ့ အိမ္မျပန္ပဲ ေက်ာင္းဆင္းတဲ့အခ်ိန္ထိကို ေစာင့္ေခၚေနရတယ္”လို႔ သန္လ်င္ၿမိဳ႕က မိဘတစ္ဦးျဖစ္တဲ့ ေဒၚညိဳညိဳကေျပာပါတယ္။

ျမန္မာႏိုင္ငံအႏွံ႔အျပားမွာ ကေလးသူခိုးေတြက ကေလးေတြကို လိုက္လံခိုးယူေနတယ္ဆိုတဲ့ သတင္းေတြ ယခုရက္ပိုင္း လူမွဳကြန္ယက္စာမ်က္နွာေတြမွာ ပ်ံႏွံေနၿပီး ဒီကေန႔မွာလည္း သန္လ်င္သမဝါယမေကာလိပ္အနီးမွာ ကေလးတစ္ဦးရဲ႕ ကလီစာေတြကိုထုတ္ယူၿပီး ေငြတစ္သိန္းထားခဲ့တယ္ဆိုတဲ့ သတင္းတစ္ခုကို ျဖန္႔ေဝတာေတြ ရိွခဲ့ပါတယ္။

လတ္တေလာမွာလည္း ကေလးသူခိုးလို႔ စြပ္စြဲကာ ဝိုင္းဝန္း႐ိုက္နက္မႈ ဖမ္းဆီးတာေတြျဖစ္ေပၚေနၿပီး အဲ့ဒီဟာေတြကလည္း မွားယြင္းဖမ္ဆီးမႈသာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #သန္လ်င္ #သတင္းမွား #ကေလးသူခိုး

Related posts

Leave a Comment

VOM News

FREE
VIEW