နမ်ဆန်ယန်ကျေးရွားအနီး တိုက်ပွဲဆက်မဖြစ်ဖို့ တပ်မတော်ဘက်က အာမခံချက်ပေး

Unicode

နမ်ဆန်ယန်ကျေးရွားအနီး တိုက်ပွဲဆက်မဖြစ်ဖို့ တပ်မတော်ဘက်က အာမခံချက်ပေး

ဝိုင်းမော်-ဒီဇင်ဘာ ၇-၂၀၁၉
ရန်အောင်ထွန်း (VOM)

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်က နေရပ်ပြန်စစ်ရှောင်ပြည်သူတွေစိတ်မပူဖို့ နမ်ဆန်ယန်ကျေးရွာအနီးမှာ တိုက်ပွဲထပ်မဖြစ်ဖို့ တပ်မတော်ဘက်က ဒီဇင်ဘာ ၅ ရက်နေ့က အကြောင်းပြန်ထားတယ်လို့ နန်ဆမ်ယန် နေရပ်ပြန်အရေး အကျိုးဆောင် ဦးဖော်လားကမ်ဖန်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်နေ့က နန်ဆမ်ယန်နဲ့ ၄ မိုင်အကွာမှာ တပ်မတော်နဲ့ KIO တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်းကြောင့် ပြန်လည်အခြေချနေထိုင်သူတွေ စိုးရိမ်ပြီး နေရပ်စွန့်ခွာဖို့ ပြင်ဆင်ခဲ့ကြရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

နေရပ်ပြန်စစ်ရှောင်တွေ ပြန်လည်ထူထောင် အခြေချနေထိုင်တဲ့ ကျေးရွာတွေ အနီးမှာ နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေ တိုက်ပွဲမပြုလုပ်ဖို့ ဆွေးနွေးပြီး အပစ်အခတ်မဲ့ဇုန် ဖော်ဆောင်ပေးစေချင်တယ်လို့ နန်ဆမ်ယန်ကျေးရွား ကျောင်းထိုင် ဘုန်းတော်ကြီး ဖာသာဂေါ့လိုယုံဝါ ကပြောပါတယ်။

ဦးဖော်လားကမ်ဖန်အနေနဲ့ နိုင်ဝင်ဘာ ၂၉ ရက်နေ့ ဖြစ်စဉ်အပြီး နန်ဆမ်ယန်ကျေးရွာက နေရပ်ပြန် ပြည်သူတွေ အန္တရာယ်ကင်းရှင်းကြောင်း အာမခံချက်ရဖို့ ပြည်ထောင်စုငြိမ်းချမ်ရေးကော်မရှင် (နေပြည်တော်)၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး တို့ဆီကိုကို အကြောင်းကြားစာပေးပို့ခဲ့ပါတယ်။

ကချင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးခန်လင်ကတော့ လွှတ်တော်တွင်းမှာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုတာရှိပေမယ့် နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး တိကျတဲ့ဆုံးဖြတ်ချက် ချပေးနိုင်မှု မလုပ်နိုင်သေးဘူး လို့ ပြောပါတယ်။

ဝိုင်းမော်မြို့နယ် နမ်ဆန်ယန်ကျေးရွာမှာ နေရပ်ပြန်လာတဲ့မိသားစုတွေ ၂၀၁၉ ဇန်နဝါရီ ၃၀ မှာ စတင်အခြေချ နေထိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ အိမ်ထောင်စု ၉၈ စုရှိပြီး လူဦးရေ ၅၂၇ ဦးနေထိုင်နေတာပါ။ နောက်ထပ်ပြန်လာဖို့ စာရင်းပေးထားတဲ့ အိမ်ထောင်စု ၈၀ လောက်လည်းရှိနေပါတယ်။

#voiceofmyanmar #ဝိုင်းမော် #စစ်ဘေးရှောင် #နမ်ဆန်ယန်

 

Zawgyi

နမ္ဆန္ယန္ေက်း႐ြားအနီး တိုက္ပြဲဆက္မျဖစ္ဖို႔ တပ္မေတာ္ဘက္က အာမခံခ်က္ေပး

ဝိုုင္းေမာ္-ဒီဇင္ဘာ ၇-၂၀၁၉
ရန္ေအာင္ထြန္း (VOM)

ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္က ေနရပ္ျပန္စစ္ေရွာင္ျပည္သူေတြစိတ္မပူဖို႔ နမ္ဆန္ယန္ေက်း႐ြာအနီးမွာ တိုက္ပြဲထပ္မျဖစ္ဖို႔ တပ္မေတာ္ဘက္က ဒီဇင္ဘာ ၅ ရက္ေန႔က အေၾကာင္းျပန္ထားတယ္လို႔ နန္ဆမ္ယန္ ေနရပ္ျပန္အေရး အက်ိဳးေဆာင္ ဦးေဖာ္လားကမ္ဖန္က ေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏို၀င္ဘာ ၂၉ ရက္ေန႔က နန္ဆမ္ယန္နဲ႔ ၄ မိုင္အကြာမွာ တပ္မေတာ္နဲ႔ KIO တိုက္ပြဲျဖစ္တယ္ဆိုတဲ့ သတင္းေၾကာင့္ ျပန္လည္အေျခခ်ေနထိုင္သူေတြ စိုးရိမ္ၿပီး ေနရပ္စြန႔္ခြာဖို႔ ျပင္ဆင္ခဲ့ၾကရတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ေနရပ္ျပန္စစ္ေရွာင္ေတြ ျပန္လည္ထူေထာင္ အေျခခ်ေနထိုင္တဲ့ ေက်း႐ြာေတြ အနီးမွာ ႏွစ္ဖက္လက္နက္ကိုင္ တပ္ဖြဲ႕ေတြ တိုက္ပြဲမျပဳလုပ္ဖို႔ ေဆြးေႏြးၿပီး အပစ္အခတ္မဲ့ဇုန္ ေဖာ္ေဆာင္ေပးေစခ်င္တယ္လို႔ နန္ဆမ္ယန္ေက်း႐ြား ေက်ာင္းထိုင္ ဘုန္းေတာ္ႀကီး ဖာသာေဂါ့လိုယုံဝါ ကေျပာပါတယ္။

ဦးေဖာ္လားကမ္ဖန္အေနနဲ႔ ႏိုင္၀င္ဘာ ၂၉ ရက္ေန႔ ျဖစ္စဥ္အၿပီး နန္ဆမ္ယန္ေက်း႐ြာက ေနရပ္ျပန္ ျပည္သူေတြ အႏၲရာယ္ကင္းရွင္းေၾကာင္း အာမခံခ်က္ရဖို႔ ျပည္ေထာင္စုၿငိမ္းခ်မ္ေရးေကာ္မရွင္ (ေနျပည္ေတာ္)၊ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ ေျမာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး တို႔ဆီကိုကို အေၾကာင္းၾကားစာေပးပို႔ခဲ့ပါတယ္။

ကခ်င္ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒ ဦးခန္လင္ကေတာ့ လႊတ္ေတာ္တြင္းမွာ ၿငိမ္းခ်မ္းေရးအတြက္ ေတာင္းဆိုတာရွိေပမယ့္ ႏွစ္ဖက္လက္နက္ကိုင္တပ္ဖြဲ႕ ကိစၥေတြနဲ႔ ပတ္သက္ၿပီး တိက်တဲ့ဆုံးျဖတ္ခ်က္ ခ်ေပးႏိုင္မႈ မလုပ္ႏိုင္ေသးဘူး လို႔ ေျပာပါတယ္။

ဝိုင္းေမာ္ၿမိဳ႕နယ္ နမ္ဆန္ယန္ေက်း႐ြာမွာ ေနရပ္ျပန္လာတဲ့မိသားစုေတြ ၂၀၁၉ ဇန္နဝါရီ ၃၀ မွာ စတင္အေျခခ် ေနထိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ အိမ္ေထာင္စု ၉၈ စုရွိၿပီး လူဦးေရ ၅၂၇ ဦးေနထိုင္ေနတာပါ။ ေနာက္ထပ္ျပန္လာဖို႔ စာရင္းေပးထားတဲ့ အိမ္ေထာင္စု ၈၀ ေလာက္လည္းရွိေနပါတယ္။

#voiceofmyanmar #ဝိုုင္းေမာ္ #စစ္ေဘးေရွာင္ #နမ္ဆန္ယန္

Related posts

Leave a Comment

VOM News

FREE
VIEW