မသန်စွမ်းသူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းမယ်

မသန်စွမ်းသူတွေ လွတ်လပ်စွာမဲပေးနိုင်ဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းမယ်

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၀-၂၀၁၉

စွဲ့ဝတီ(VOM)

လာမယ့္ ၂၀၂၀ရွေးကောက်ပွဲမှာ မသန်စွမ်းသူတွေအနေနဲ့ အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲ လွတ်လပ်စွာ မဲပေးနိုင်ဖို့ ပြန်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုနှိုင်းဆောင်ရွက်ပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေသိရပါတယ်။

 

“ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလည်း မသန်စွမ်းတွေ မဲပေးဖို့အတွက် ရသင့်သလောက်ရတာရှိပါတယ်။ အပြည့်အဝမဖြစ်ဘူး။ လွတ်လွတ်လပ်လပ်ဖြစ်ဖို့ အရေးကြီးတာပေါ့။ မျက်မမြင်တို့ ၊ နားမကြားတို့ ၊ ကိုယ်ပိုင်လွတ်လပ်စွာ မဲပေးနိုင်အောင်လို့ အထောက်အကူပြုပုဂ္ဂိုလ်ပါတဲ့ အခါကျတော့ အထောက်အကူပြုပုဂ္ဂိုလ်က လွှမ်းမိုးတတ်တယ်။ အဲလို အထောက်အကူပြုပုဂ္ဂိုလ်မပါဘဲနဲ့ မဲပေးနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ ညှိုပြီးတော့ ဆောင်ရွက်ပေးမယ်။ သူတို့ကလည်း လုပ်ပေးမယ်ဆိုတဲ့ လိုလိုလားလား ပြန်ကြားမူရှိပါတယ်။ တိုးတက်မူစောင့်ကြည့်ရမှာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဌ ဦးစစ်မြိုင်က ပြောပါတယ်။

 

လွတ်လပ်စွာမဲပေးခွင့်မှာ မျက်မမြင်တွေအတွက် လက်နဲ့ စမ်းရတဲ့စာများ ဆောင်ရွက်ပေးပါက သူတို့မဲပေးချင်တဲ့ ပါတီကိုသိရှိပြီး အထောက်အကူပြု ပုဂ္ဂိုလ်မလိုတော့ဘဲ မဲပေးနိုင်မှာဖြစ်ပြီး နားမကြားတွေ မဲပေးနိုင်ဖို့အတွက် သတင်းအချက်အလက် လုံလောက်စွာရှိဖို့လိုတယ်လို့ သိရပါတယ်။

 

“အဲသတင်းအချက်အလက်တွေကို ရဖို့အတွက်လိုတယ်။ ကျွန်တော်တို့ ညှိုထားတာရှိတယ်။ ဒါကတော့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့လည်းဆိုင်တယ်။ ရွေးကောက်ပွဲ ကော်မရှင်နဲ့လည်း ဆိုင်တယ်။ သူတို့ဆောင်ရွက်ပေးမယ်ပြန်ကြားမူရှိပါတယ်”လို့ ဦးစစ်မြိုင်ကပြောပါတယ်။

 

လက်ရှိ မဲဆန္ဒရှင်ကောက်တဲ့စာရင်းတွေမှာ မသန်စွမ်းဦးရေအချက်အလက်တွေ ထည့်ကောက်ပေးရေး၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမူတွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မူတွေ လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က အမူဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောပါတယ်။ “ရွေးကောက်ပွဲမှာမဲပေးတာနဲ့ ပတ်သက်ပြီးတော့ အသိပညာပေးလုပ်ငန်းတွေကို ဆက်လုပ်ဖို့ ၊ မဲရုံတွေမှာ ဝှီးချဲနဲ့လည်း တက်လို့ရအောင် မသန်စွမ်းတွေ အဆင်ပြေပြေ မဲပေးနိုင်တဲ့ မဲရုံတွေ ဖြစ်ပေါ်လာအောင်လို့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိတယ်”လို့ ဦးစစ်မြိုင်ကပြောပါတယ်။

 

၂၀၁၄ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ မသန်စွမ်းသူဦးရေ ၂ဒသမ ၃သန်းရှိပြီးတော့ စိတ်ကျန်းမာရေးကောင်းမွန်ပြီး အရွယ်ရောက်ပြီးသူတိုင်း မဲပေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #ရန်ကုန် #မသန်စွမ်း #ရွေးကောက်ပွဲကော်မရှင်

Zawgyi

မသန္စြမ္းသူေတြ လြတ္လပ္စြာမဲေပးႏိုင္ဖို႔ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ညႇိဳႏႈိင္းမယ္
ရန္ကုန္၊ ဒီဇင္ဘာ ၁၀-၂၀၁၉
စြဲ႕၀တီ(VOM)
လာမယ့္ ၂၀၂၀ေ႐ြးေကာက္ပြဲမွာ မသန္စြမ္းသူေတြအေနနဲ႔ အေထာက္အကူျပဳပုဂၢိဳလ္မပါဘဲ လြတ္လပ္စြာ မဲေပးႏိုင္ဖို႔ ျပန္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ညႇိဳႏႈိင္းေဆာင္႐ြက္ေပးမယ္လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရး ေကာ္မရွင္ကေနသိရပါတယ္။
“ၿပီးခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာလည္း မသန္စြမ္းေတြ မဲေပးဖို႔အတြက္ ရသင့္သေလာက္ရတာရွိပါတယ္။ အျပည့္အ၀မျဖစ္ဘူး။ လြတ္လြတ္လပ္လပ္ျဖစ္ဖို႔ အေရးႀကီးတာေပါ့။ မ်က္မျမင္တို႔ ၊ နားမၾကားတို႔ ၊ ကိုယ္ပိုင္လြတ္လပ္စြာ မဲေပးႏိုင္ေအာင္လို႔ အေထာက္အကူျပဳပုဂၢိဳလ္ပါတဲ့ အခါက်ေတာ့ အေထာက္အကူျပဳပုဂၢိဳလ္က လႊမ္းမိုးတတ္တယ္။ အဲလို အေထာက္အကူျပဳပုဂၢိဳလ္မပါဘဲနဲ႔ မဲေပးႏိုင္ေအာင္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ ညႇိဳၿပီးေတာ့ ေဆာင္႐ြက္ေပးမယ္။ သူတို႔ကလည္း လုပ္ေပးမယ္ဆိုတဲ့ လိုလိုလားလား ျပန္ၾကားမူရွိပါတယ္။ တိုးတက္မူေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္”လို႔ ျမန္မာႏိုင္ငံ အမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ ဒုဥကၠဌ ဦးစစ္ၿမိဳင္က ေျပာပါတယ္။
လြတ္လပ္စြာမဲေပးခြင့္မွာ မ်က္မျမင္ေတြအတြက္ လက္နဲ႔ စမ္းရတဲ့စာမ်ား ေဆာင္႐ြက္ေပးပါက သူတို႔မဲေပးခ်င္တဲ့ ပါတီကိုသိရွိၿပီး အေထာက္အကူျပဳ ပုဂၢိဳလ္မလိုေတာ့ဘဲ မဲေပးႏိုင္မွာျဖစ္ၿပီး နားမၾကားေတြ မဲေပးႏိုင္ဖို႔အတြက္ သတင္းအခ်က္အလက္ လုံေလာက္စြာရွိဖို႔လိုတယ္လို႔ သိရပါတယ္။
“အဲသတင္းအခ်က္အလက္ေတြကို ရဖို႔အတြက္လိုတယ္။ ကြၽန္ေတာ္တို႔ ညႇိဳထားတာရွိတယ္။ ဒါကေတာ့ ျပန္ၾကားေရးဝန္ႀကီးဌာနနဲ႔လည္းဆိုင္တယ္။ ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔လည္း ဆိုင္တယ္။ သူတို႔ေဆာင္႐ြက္ေပးမယ္ျပန္ၾကားမူရွိပါတယ္”လို႔ ဦးစစ္ၿမိဳင္ကေျပာပါတယ္။
လက္ရွိ မဲဆႏၵရွင္ေကာက္တဲ့စာရင္းေတြမွာ မသန္စြမ္းဦးေရအခ်က္အလက္ေတြ ထည့္ေကာက္ေပးေရး၊ ေ႐ြးေကာက္ပြဲဆိုင္ရာ အသိပညာေပးမူေတြအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ ပူးေပါင္းေဆာင္႐ြက္မူေတြ လုပ္ေဆာင္ေနတယ္လို႔ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ားေရွ႕ေဆာင္အဖြဲ႕က အမူေဆာင္ဒါ႐ိုက္တာ ဦးေနလင္းစိုးက ေျပာပါတယ္။
“ေ႐ြးေကာက္ပြဲမွာမဲေပးတာနဲ႔ ပတ္သက္ၿပီးေတာ့ အသိပညာေပးလုပ္ငန္းေတြကို ဆက္လုပ္ဖို႔ ၊ မဲ႐ုံေတြမွာ ဝွီးခ်ဲနဲ႔လည္း တက္လို႔ရေအာင္ မသန္စြမ္းေတြ အဆင္ေျပေျပ မဲေပးႏိုင္တဲ့ မဲ႐ုံေတြ ျဖစ္ေပၚလာေအာင္လို႔ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္သြားဖို႔ရွိတယ္”လို႔ ဦးစစ္ၿမိဳင္ကေျပာပါတယ္။
၂၀၁၄ခုႏွစ္ ျပည္လုံးကြၽတ္သန္းေခါင္စာရင္းအရ မသန္စြမ္းသူဦးေရ ၂ဒသမ ၃သန္းရွိၿပီးေတာ့ စိတ္က်န္းမာေရးေကာင္းမြန္ၿပီး အ႐ြယ္ေရာက္ၿပီးသူတိုင္း မဲေပးႏိုင္မွာျဖစ္တယ္လို႔ သိရပါတယ္။
#voiceofmyanmar #ရန္ကုန္ #မသန္စြမ္း #ေရြးေကာက္ပြဲေကာ္မရွင္

 

Related posts

Leave a Comment

VOM News

FREE
VIEW