တိုင်းမ်မဂ္ဂဇင်း၏ 2019 Person of the Yearအဖြစ် ၁၆ နှစ်အရွယ်ဆွီဒင်ကျောင်းသူ ရွေးချယ်ခံရ

တိုင်းမ်မဂ္ဂဇင်း၏ 2019 Person of the Yearအဖြစ် ၁၆ နှစ်အရွယ်ဆွီဒင်ကျောင်းသူ ရွေးချယ်ခံရ

နယူးယောက်၊ ဒီဇင်ဘာ-၁၂-၂၀၁၉
မျိုးဆက် (VOM)

2019 Person of the Year အဖြစ် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကိုလှုံ့ဆော်ခဲ့တဲ့ ဆွီဒင်နိုင်ငံသူ ဂရီတာသွန်းဘာ့ဂ်ကို ကမ္ဘာကျော်တိုင်းမ်းမဂ္ဂဇင်းက ဒီဇင်ဘာ ၁၁ ရက်တွင်ရွေးချယ်လိုက်သည်။

အသက် ၁၆ နှစ်အရွယ် ဂရီတာသွန်းဘာ့ဂ်သည် ၁၉၂၇ ခုနှစ်မှစ၍ တိုင်းမ်းမဂ္ဂဇင်းက နှစ်စဉ်နှစ်တိုင်း အစဉ်အလာအအတိုင် ရွေးချယ်သည့် Person of the Year တွင် အသက်အငယ်ဆုံးဖြစ်သည်။

သူမဟာ Person of the Year အဖြစ်ကြေညာခြင်းမခံရမီ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲမှာ မိန့်ခွန်းပြောကြားခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းခဲ့ပါတယ်။

လာမယ့်ဆယ်စုနှစ်ဟာ ကမ္ဘာဂြိုဟ်ရဲ့အနာဂါတ် ဘယ်လိုလဲဆိုတာတာ သတ်မှတ်သွားလိမ့်မယ်လို့ သူကပြောဆိုခဲ့ပါတယ်။ ဂရီတာသွန်းဘာ့ဂ်ဟာ ရာသီတုပြောင်းလဲမှုနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်ကစလို့ သောကြာနေတိုင်း ကျောင်းမတက်ပဲ ဆွီဒင်ပါလီမန်ရှေ့မှာ ဆန္ဒပြမှုတွေကို စတင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ သူစတင်ခဲ့တဲ့ #FridaysForFuture ဆိုတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲတွေဟာ ကမ္ဘာလုံးအတိုင်းအတာနဲ့ ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာနဲ့ပတ်သတ်ပြီး ကမ္ဘာတစ်ဝန်းမှာဆန္ဒပြကြဖို့ သန်းနဲ့ချီတဲ့ ကျောင်းသားတွေ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။

သူ့ရဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လှုပ်ရှားမှုတွေကြောင့် ယခုနှစ်အစောပိုင်းမှာတော့ ဂရီတာသွန်းဘာ့ဂ်ဟာ နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းခြင်းခံခဲ့ရပါတယ်။

Ref : BBC
Photo : Time

#voiceofmyanmar #ဆွီဒင်ကျောင်းသူ #တိုင်းမ်မဂ္ဂဇင်း

Zawgyi

တိုင္းမ္မဂၢဇင္း၏ 2019 Person of the Yearအျဖစ္ ၁၆ နွစ္အရြယ္ဆြီဒင္ေက်ာင္းသူ ေရြးခ်ယ္ခံရ

နယူးေယာက္၊ ဒီဇင္ဘာ-၁၂-၂၀၁၉
မ်ိဳးဆက္ (VOM)

2019 Person of the Year အျဖစ္ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ကမၻာလံုးဆိုင္ရာ လႈပ္ရွားမႈကိုလႈ႔ံေဆာ္ခဲ႔တဲ႔ ဆြိီဒင္နိုင္ငံသူ ဂရီတာသြန္းဘာ႔ဂ္ကို ကမၻာေက်ာ္တိုင္းမ္းမဂၢဇင္းက ဒီဇင္ဘာ ၁၁ ရက္တြင္ေရြးခ်ယ္လိုက္သည္။

အသက္ ၁၆ နွစ္အရြယ္ ဂရီတာသြန္းဘာ႔ဂ္သည္ ၁၉၂၇ ခုနွစ္မွစ၍ တိုင္းမ္းမဂၢဇင္းက နွစ္စဥ္နွစ္တိုင္း အစဥ္အလာအအတိုင္ ေရြးခ်ယ္သည္႔ Person of the Year တြင္ အသက္အငယ္ဆံုးျဖစ္သည္။

သူမဟာ Person of the Year အျဖစ္ေၾကညာျခင္းမခံရမီ စပိန္နိုင္ငံ မက္ဒရစ္ျမိဳ႕မွာ က်င္းပတဲ႔ ကုလသမဂၢ ရာသီဥတုေျပာင္းလဲမႈဆုိင္ရာ ထိပ္သီးေဆြးေႏြးပြဲမွာ မိန္႔ခြန္းေျပာၾကားခဲ႔ျပီး ရာသီဥတုေျပာင္းလဲမႈျဖစ္စဥ္နဲ႔ ပတ္သက္ျပီး ကမၻာ႔ေခါင္းေဆာင္ေတြကို တိုက္တြန္းခဲ႔ပါတယ္။

လာမယ္႔ဆယ္စုနွစ္ဟာ ကမၻာျဂိဳဟ္ရဲ႕အနာဂါတ္ ဘယ္လိုလဲဆိုတာတာ သတ္မွတ္သြားလိမ္႔မယ္လို႔ သူကေျပာဆိုခဲ႔ပါတယ္။ ဂရီတာသြန္းဘာ႔ဂ္ဟာ ရာသီတုေျပာင္းလဲမႈနဲ႔ပတ္သက္ျပီး ျပီးခဲ႔တဲ႔နွစ္ကစလို႔ ေသာၾကာေနတိုင္း ေက်ာင္းမတက္ပဲ ဆြီဒင္ပါလီမန္ေရွ႕မွာ ဆႏၵျပမႈေတြကို စတင္ခဲ႔ပါတယ္။

အဲဒီေနာက္မွာေတာ႔ သူစတင္ခဲ႔တဲ႔ #FridaysForFuture ဆိုတဲ႔ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ ဆႏၵျပပြဲေတြဟာ ကမၻာလံုးအတိုင္းအတာနဲ႔ ေပၚေပါက္ခဲ႔ပါတယ္။ အဲဒီအခ်ိန္ကစျပီး ရာသီဥတုေျပာင္းလဲမႈဆိုင္ရာနဲ႔ပတ္သတ္ျပီး ကမၻာတစ္၀န္းမွာဆႏၵျပၾကဖို႔ သန္းနဲ႔ခ်ီတဲ႔ ေက်ာင္းသားေတြ ပူးေပါင္းပါ၀င္လာခဲ႔ပါတယ္။

သူ႔ရဲ႕ ရာသီဥတုေျပာင္းလဲမႈဆိုင္ရာ လႈပ္ရွားမႈေတြေၾကာင္႔ ယခုနွစ္အေစာပိုင္းမွာေတာ႔ ဂရီတာသြန္းဘာ႔ဂ္ဟာ နိုဘယ္လ္ျငိမ္းခ်မ္းေရးဆုအတြက္ အမည္စာရင္းတင္သြင္းျခင္းခံခဲ႔ရပါတယ္။

Ref : BBC
Photo : Time

#voiceofmyanmar #ဆြီဒင္ေက်ာင္းသူ #တိုုင္းမ္မဂၢဇင္း

Related posts

Leave a Comment

VOM News

FREE
VIEW