ပါကစ္စတန်ဆေးရုံကို စီးနှင်းတိုက်ခိုက်ခဲ့တဲ့ ရှေ့နေ ၂၅၀ ဦး တရားစွဲခံရ

လာဟိုး၊ ဒီဇင်ဘာ-၁၃-၂၀၁၉
မျိုးဆက် (VOM)

ပါကစ္စတန်နိုင်ငံ၊ လာဟိုးရှိ ဆေးရုံတစ်ရုံကို ဝင်ရောက်စီးနှင်းတိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်၍ ဆက်နွယ်နေတဲ့ ပါကစ္စတန်ရှေ့နေ ၂၅၀ ဦးကို တရားစွဲဆိုလိုက်တယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။

ဆေးရုံကိုတိုက်ခိုက်ခဲ့တဲ့ ရှေ့နေတွေကို ပန်ဂျပ်ပြည်နယ်ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့တာဖြစ်ပြီး ဆေးရုံအတွင်း ကျူးကျော်ဝင်ရောက်မှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အမျိုးသမီးတွေကို တိုက်ခိုက်မှု ၊ အသက်သေစေနိုင်တဲ့ လက်နက်တွေအသုံးပြုခြင်းနဲ့ အကြမ်းဖက်ခြင်းစတာတွေနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုဟာ လာဟိုးဆရာဝန်တွေနဲ့ ရှေ့နေတွေအကြား ပဋိပက္ခဖြစ်ပွားမှုကနေ စတင်ခဲ့တာဖြစ်ပြီး ဆရာဝန်တွေက ရှေ့နေတွေကို လှောင်ပြောင်သရော်တဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်မှာ ဖြန့်ဝေလိုက်တာကြောင့်ဖြစ်ပါတယ်။

ဒေါသထွက်နေတဲ့ ရှေ့နေတွေဟာ ဆေးရုံကိုစီးနှင်းတိုက်ခိုက်စဉ်အတွင်း လက်နက်တွေယူဆောင်လာကြပြီး အနီးအနားမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ဆရာဝန်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ စွဲချက်မှာဖော်ပြထားပါတယ်။

တိုက်ခိုက်မှုကြောင့် ဆေးရုံကိုနှစ်နာရီကြာပိတ်လိုက်ရပြီး သေဆုံးသူ လူနာသုံးဦးအတွက် အာဏာပိုင်တွေက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

Ref : UPI Photo : AFP
#voiceofmyanmar #ပါကစ္စတန် #ဆေးရုံ #ရှေ့နေ

Zawgyi

ပါကစၥတန္ေဆးရံုကို စီးနွင္းတိုက္ခိုက္ခဲ႔တဲ႔ ေရွ႕ေန ၂၅၀ ဦး တရားစြဲခံရ

လာဟိုး၊ ဒီဇင္ဘာ-၁၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ပါကစၥတန္နိုင္ငံ၊ လာဟိုးရိွ ေဆးရံုတစ္ရံုကို ဝင္ေရာက္စီးနွင္းတိုက္ခိုက္မႈေၾကာင္႔ လူသံုးဦးေသဆံုးခဲ႔ရတဲ႔ ျဖစ္စဥ္နဲ႔ပတ္သက္၍ ဆက္ႏြယ္ေနတဲ႔ ပါကစၥတန္ေရွ႕ေန ၂၅၀ ဦးကို တရားစြဲဆိုလိုက္တယ္လို႔ ပါကစၥတန္တာ၀န္ရိွသူေတြက ေျပာပါတယ္။

ေဆးရံုကိုတိုက္ခိုက္ခဲ႔တဲ႔ ေရွ႕ေနေတြကို ပန္ဂ်ပ္ျပည္နယ္ရဲတပ္ဖြဲ႔က စြဲခ်က္တင္ခဲ့တာျဖစ္ျပီး ေဆးရံုအတြင္း က်ဴးေက်ာ္ဝင္ေရာက္မႈ၊ ေဆးဘက္ဆိုင္ရာဝန္ထမ္းေတြနဲ႔ အမ်ိဳးသမီးေတြကို တိုက္ခိုက္မႈ ၊ အသက္ေသေစနိုင္တဲ႔ လက္နက္ေတြအသံုးျပဳျခင္းနဲ႔ အၾကမ္းဖက္ျခင္းစတာေတြနဲ႔ စြဲခ်က္တင္ထားတာျဖစ္ပါတယ္။

အဲဒီတိုက္ခို္က္မႈဟာ လာဟိုးဆရာ၀န္ေတြနဲ႔ ေရွ႕ေနေတြအၾကား ပဋိပကၡျဖစ္ပြားမႈကေန စတင္ခဲ႔တာျဖစ္ျပီး ဆရာ၀န္ေတြက ေရွ႕ေနေတြကုိ ေလွာင္ေျပာင္သေရာ္တဲ႔ ရုပ္သံဖိုင္ကို လူမႈကြန္ရက္မွာ ျဖန္႔ေ၀လိုက္တာေၾကာင္႔ျဖစ္ပါတယ္။

ေဒါသထြက္ေနတဲ႔ ေရွ႕ေနေတြဟာ ေဆးရံုကိုစီးနွင္းတိုက္ခိုက္စဥ္အတြင္း လက္နက္ေတြယူေဆာင္လာၾကျပီး အနီးအနားမွာရိွတဲ႔ လံုျခံဳေရးတပ္ဖြဲ႔ဝင္ေတြ၊ ေဆးရံုဝန္ထမ္းေတြနဲ႔ ဆရာဝန္ေတြကို တိုက္ခိုက္ခဲ႔တယ္လို႔ ရဲတပ္ဖြဲ႔ စြဲခ်က္မွာေဖာ္ျပထားပါတယ္။

တိုက္ခိုက္မႈေၾကာင္႔ ေဆးရံုကိုနွစ္နာရီၾကာပိတ္လိုက္ရျပီး ေသဆံုးသူ လူနာသံုးဦးအတြက္ အာဏာပိုင္ေတြက ေထာက္ပံ့ကူညီမႈေတြ လုပ္ေဆာင္ခဲ႔တယ္လို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

Ref : UPI Photo : AFP
#voiceofmyanmar #ပါကစၥတန္ #ေဆးရံု #ေရွ႕ေန

Related posts

Leave a Comment

VOM News

FREE
VIEW