NLDပါတီက ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း တရားလိုလုပ်ပြီး တရားစွဲတဲ့အမှုကြန့်ကြာနေ

စစ်ကိုင်း ဒီဇင်ဘာ ၁၃-၂၀၁၉ စောပြည့်ချမ်းသာ(VOM) စစ်ကိုင်းမြို့၊ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းကိုယ်တိုင် တရားလိုလုပ်ပြီး နတ်ခရိုင်ကျေးရွာက ကိုကျော်လင်းပါ ကျေးရွာနေပြည်သူ (၃၀)ကို တရားစွဲဆိုတဲ့ အမှုကြန့်ကြာနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်၂ လပိုင်းက နတ်ခရိုင်ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးရွေးချယ်ပွဲမှာ ကျေးရွာနေပြည်သူအချိူ့နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ပဋိပက္ခဖြစ်ကြပြီး ကျေးရွာနေပြည်သူအချို့က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနဲ့အဖွဲ့ကို ပိတ်ဆို့အော်ဟစ်တောင်းဆိုတာတွေ ဖြစ်ခဲ့ပါတယ်။ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ၂၀၁၈ခုနှစ် ၄ လပိုင်းမှာ စစ်ကိုင်းမြို့နယ်တရားရုံးကို တရားစွဲဆိုခဲ့တယ်လို့ ကျေးရွာနေ ကိုကျော်လင်းကပြောပါတယ်။ “ လူကြီးတွေကို မခန့်လေးစားလုပ်တယ်ဆိုပြီးတော့ မဲဆန္ဒရှင် အယောက် ၃၀ကို သူကိုယ်တိုင်တရားလိုလုပ်ပြီး စစ်ကိုင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ဒီလိုတရားစွဲဆိုတာက တစ်ဆင့်စကားကြားပြီး မောင်နီမောင်ဝါဆိုပြီး တရားစွဲတာပါ။ ဒီတရားစွဲတာကလည်း အမှုမကြန့်ကြံကြာအောင် ဆိုတဲ့ သက်သေတွေများစွာထဲက ပုဒ်မတေများစွာနဲ့ တရားစွဲဆိုခဲ့တာပါ။ ပထမရုံးချိန်းဘဲ…

Read More

တပ်မတော်စွန့်လွှတ်မြေတွေမှာ ပုံစံ(၇)အတု/အစစ်ခွဲခြားဖို့လို့ပြောကာ ကျွဲ/နွားများဆက်လက် ထိန်းကျောင်းနေ

ဝေါ ဒီဇင်ဘာ ၁၃-၂၀၁၉ မိုးယံ(VOM) ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ကျေးရွာရှိ တပ်မတော်က စွန့်လွှတ်ထားတဲ့ စားကျက်မြေတွေမှာ ဆက်လက်လုပ်ကိုင်နေသူတွေနဲ့ နွားဝင်ထိန်းကျောင်းတဲ့သူတွေ ဒီဇင်ဘာ ၁၂ရက်နေ့ နံနက်ပိုင်းက တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပုံစံ(၇)အတု/အစစ်ခွဲခြားဖို့လို့ပြောကာ ကျွဲ/နွားတွေ ဆက်လက်ထိန်းကျောင်းနေတယ်လို့ သိရပါတယ်။ ‟ကျနော်တို့မိဘတွေလက်ထက်ကတည်းက ဒီစားကျက်မြေကစားကျက်မြေပါ၊ ဒီစားကျက်မြေကို တပ်(၅)တပ်က ၁၉၉၇/၁၉၉၈ခုနှစ်မှာလာသိမ်းသွားတယ်၊ အခုတော့ တပ်က ပြန်စွန့်လွှတ်တယ် ဒါကိုနားလည်မှုတွေယူပြီး ပုံစံ(၇)တွေထုတ်ကြတယ် ၊ မြစ်ကျိုးရွာမှာရှိတဲ့ နွားသမားတွေ အကုန်ဒုက္ခရောက်ကြတယ်၊ ကျနော်တို့ ကျွဲ /နွားသမားတွေမှာ စားစရာမရှိလို့ (၅)ရက်လောက် ဆက်တိုက်ကျောင်းမယ်လို့”ဦးလုံးကပြောပါတယ်။ ပုံစံ(၇)ထုတ်ထားတဲ့ ရွာသားတွေနဲ့ ကျွဲ/နွားကျောင်းတဲ့ရွာသားတွေ တစ်ဖက်နဲ့တစ်ဖက် ပဠိပက္ခဖြစ်ပွားကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ဌာနဆိုင်ရာအဖွဲ့တွေ လာရောက်ညှိနိုင်းပေးခဲ့ပေမယ့်လည်း ရွာသားတွေက လက်ခံမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ ၁၉၉၆-၁၉၉၇ ခုနှစ်က အမှတ်(၇)ခြေမြန်တပ်ရင်းမှ ကွင်းအမှတ်(၇၅၁-က)ကွင်းရှိ ၁၈၀.၉၄ ဧက။ အမှတ်(၉၀၁)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုတပ်မှ ကွင်းအမှတ်(၇၅၁/ကွင်း)ရှိ…

Read More

တိုင်းပြည်ဖွံ့ဖြိုးဖို့ မီဒီယာကဏ္ဍမြင့်တင်ဖို့လို

တိုင်းပြည်ဖွံ့ဖြိုးဖို့ မီဒီယာကဏ္ဍမြင့်တင်ဖို့လို တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ကြီး ၃ခုပြီးရင် ကျနော်တို့ သတင်းသမားတွေဟာ ၄ခုမြောက် အရေးကြီးတဲ့ မဏ္ဍိုင်ဖြစ်တာနဲ့အညီ ပြည်သူတွေကို ပညာပေးဖို့၊ သတင်းမှန်တွေ ထုတ်ပြန်ပေးဖို့ စိတ်ပျော်ရွှင်မှုအတွက် ဖျော်ဖြေရေးကဏ္ဍတွေ ထုတ်လွှင့်ပေးဖို့ စတာတွေလုပ်ရမယ့် တာဝန်တွေရှိပါတယ်။ အဲလိုရှိတဲ့နေရာမှာ ကျနော်တို့က ဘာကိစ္စဖြစ်ဖြစ် ခရေစေ့တွင်းကျသိဖို့ နှံ့စပ်ဖို့ ကျွမ်းကျင်လိမ္မာဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကျနော်တို့ မသိပဲ မတတ်ဘဲ သတင်းတင်ပြမိရင် ပြည်သူရဲ့ နား၊ မျက်စေ့ထဲ အဆိပ်တွေ လောင်းထည့်မိသလိုဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ သတင်းသမားတွေအနေနဲ့ တော်တော်လေး နှံ့စပ်မှ တတ်ထားမှသာ တန်ယုံဘဲရှိပါမယ်။ ဒါ့ကြောင့် ပြုပြင်ပြောင်းလဲရေးစနေတဲ့ မြန်မာနိုင်ငံမှာ သတင်းလောကကို ရောက်လာမယ့် ရောက်နေတဲ့ သတင်းသမားတွေကို အရည်အသွေးမြှင့်ပေးဖို့ အများကြီးလိုအပ်နေပါတယ်။ ဒီလိုအရည်အသွေးမြှင့်ဖို့အတွက် နိုင်ငံတကာ အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေကနေ အထောက်အပံ့တွေပေးပြီး သင်တန်းတချို့ပေးတာတွေလည်း မြင်နေရ ကြားနေရပါတယ်။…

Read More

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိရေးအတွက် ကျေးရွာ ၁၂ ရွာက တောင်သူတွေဆန္ဒပြ

ဟုမ္မလင်း၊ ဒီဇင်ဘာ ၁၃-၂၀၁၉ အောင်ကြီး (VOM) ဟုမ္မလင်းမြို့နယ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိရေး၊ မြေနုကျွန်းဥပဒေနဲ့အညီ စိုက်ပျိုးချိန်အမှီ ခွဲဝေချထားရေး ၊ အလုပ်သမားရုံးပြန်လည်ရရှိရေးအတွက် ဟုမ္မလင်းမြို့နယ်က တောင်သူတွေဟာ ဒီကနေ့နေလည်ပိုင်းက ဟုမ္မလင်းမြို့ပေါ်မှာ တောင်သူအင်အား(၂၀၀)နဲ့ ဆန္ဒပြခဲ့ကြပါတယ်။ ဟုမ္မလင်းမြို့နယ်က ကုန်တင်ကုန်ချ အလုပ်သမားများ၊ ညောင်ပင်သာကျေးရွာအုပ်စု၊ မှန်ပင်၊ မှန်ပင်ကျွန်း၊ ပုံနွှဲ့၊ ထုံမာတဲ၊ လှိုင်မဆန်၊ မန်မော်၊ နောင်မဟတ်ကျေးရွာအပါအဝင် စုစုပေါင်း ကျေးရွာ ၁၂ ရွာက ဒေသခံတောင်သူတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ ”ပုံစံ-၇ ပြုလုပ်ရာမှာ အဂတိလိုက်စားမှုတွေရှိတဲ့အတွက် ပုံစံ-၇ ထုတ်လို့မရတာတွေ ရှိနေပါတယ်။ မြစ် ဘေးချောင်းဘေးနေတဲ့ ကျေးရွာတွေမှာ မြေနုကျွန်းတွေ နှစ်စဉ်ပေါ်ထွက်နေတာကို မြေနုကျွန်း ဥပဒေနဲ့အညီ လယ်မဲ့ယာမဲ့ဆင်းရဲသားတွေကို ခွဲဝေမပေးပါဘူး။ စာမျိုးစုံ တင်ပြတောင်းခံပေမယ့် လက်သိပ်ထိုးလုပ်ကိုင်ခွင့် ပေးနေပါတယ်။ ယခုနှစ်စိုက်ပျိုးရေးရာသီမှာ မြေမဲ့ယာမဲ့တောင်သူတွေကိ ုအချိန်မှီခွဲပေးရေး၊ အချိန်မှီ စိုက်…

Read More

ပါကစ္စတန်ဆေးရုံကို စီးနှင်းတိုက်ခိုက်ခဲ့တဲ့ ရှေ့နေ ၂၅၀ ဦး တရားစွဲခံရ

လာဟိုး၊ ဒီဇင်ဘာ-၁၃-၂၀၁၉ မျိုးဆက် (VOM) ပါကစ္စတန်နိုင်ငံ၊ လာဟိုးရှိ ဆေးရုံတစ်ရုံကို ဝင်ရောက်စီးနှင်းတိုက်ခိုက်မှုကြောင့် လူသုံးဦးသေဆုံးခဲ့ရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်၍ ဆက်နွယ်နေတဲ့ ပါကစ္စတန်ရှေ့နေ ၂၅၀ ဦးကို တရားစွဲဆိုလိုက်တယ်လို့ ပါကစ္စတန်တာဝန်ရှိသူတွေက ပြောပါတယ်။ ဆေးရုံကိုတိုက်ခိုက်ခဲ့တဲ့ ရှေ့နေတွေကို ပန်ဂျပ်ပြည်နယ်ရဲတပ်ဖွဲ့က စွဲချက်တင်ခဲ့တာဖြစ်ပြီး ဆေးရုံအတွင်း ကျူးကျော်ဝင်ရောက်မှု၊ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေနဲ့ အမျိုးသမီးတွေကို တိုက်ခိုက်မှု ၊ အသက်သေစေနိုင်တဲ့ လက်နက်တွေအသုံးပြုခြင်းနဲ့ အကြမ်းဖက်ခြင်းစတာတွေနဲ့ စွဲချက်တင်ထားတာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုဟာ လာဟိုးဆရာဝန်တွေနဲ့ ရှေ့နေတွေအကြား ပဋိပက္ခဖြစ်ပွားမှုကနေ စတင်ခဲ့တာဖြစ်ပြီး ဆရာဝန်တွေက ရှေ့နေတွေကို လှောင်ပြောင်သရော်တဲ့ ရုပ်သံဖိုင်ကို လူမှုကွန်ရက်မှာ ဖြန့်ဝေလိုက်တာကြောင့်ဖြစ်ပါတယ်။ ဒေါသထွက်နေတဲ့ ရှေ့နေတွေဟာ ဆေးရုံကိုစီးနှင်းတိုက်ခိုက်စဉ်အတွင်း လက်နက်တွေယူဆောင်လာကြပြီး အနီးအနားမှာရှိတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ ဆေးရုံဝန်ထမ်းတွေနဲ့ ဆရာဝန်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ စွဲချက်မှာဖော်ပြထားပါတယ်။ တိုက်ခိုက်မှုကြောင့် ဆေးရုံကိုနှစ်နာရီကြာပိတ်လိုက်ရပြီး သေဆုံးသူ လူနာသုံးဦးအတွက် အာဏာပိုင်တွေက ထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ခဲ့တယ်လို့…

Read More

၂၈နှစ်ကြာ သိမ်းဆည်းခံထားရတဲ့ မြေတွေပြန်ရဖို့ ပုသိမ်မြို့မှာဆန္ဒပြ

ပုသိမ်၊ဒီဇင်ဘာ ၁၃-၂၀၁၉ ကိုအောင်(VOM) ဧရာဝတီတိုင်း၊ ဟသာၤတမြို့နယ်၊ ဒူးယားကျေးရွာက တောင်သူတွေဟာ ၁၉၉၁ ခုနှစ်ကတည်းက သိမ်းဆည်းခံခဲ့ရတဲ့ မြေယာတွေအမြန်ပြန်ရဖို့အတွက် ဒီကနေ့မနက်ပိုင်းက ပုသိမ်မြို့မှာ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။ စစ်အစိုးရလက်ထက်ကတည်းက သိမ်းဆည်းခံရတဲ့ မြေယာတွေဖြစ်ပြီး ယခု အစိုးရအဆက်ဆက် နှစ်ပေါင်း၂၈နစ်ကြာအောင် တောင်းဆိုခဲ့ပေမယ့်လည်း သက်ဆိုင်ရာဌာန တွေက ယနေ့ထိ ဆောင်ရွက်ပေးတာ မရှိတဲ့အတွက် ခုလို ဆန္ဒပြရတယ်ဖြစ်တယ်လို့သိရပါတယ်။ “၁၉၉၁ထဲက ကျွန်တော်တို့ခြံတွေမြေတွေ မတရားသိမ်းခံရတာ၊ အစိုးရအဆက်ဆက် အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့တယ်၊ ဒါပေမယ့် ထူးမလာဘူး၊ ြမို့နယ်အဆင့်ဌာနဆိုင်ရာတွေကလဲ ခုထိမဖြေရှင်းပေးနိင်သေးလို့ နိင်ငံတော်အစိုးရသိအောင် ခုလို လမ်းပေါ်ထွက်ဆန္ဒပြတာပါ”လို့ ဆန္ဒပြပွဲဦးဆောင်သူ ဦးမောင်ချိုကပြောပါတယ်။ ဒူးယားရွာကို မြို့တည်မယ်ဆိုပြီး အိမ်ယာမြေ ၃၄၀ဧက၊ ဥယဉ်ခြံ ၅၂ဧက၊ လယ်မြေ၇၂ဧကတို့ကို အဓ္ဓမသိမ်းယူခဲ့ပြီး လယ်မြေ၇၂ဧကမှာ အကွက်ရိုက်ကာ သိမ်းဆည်းသူတွေကို ပြန်လည်ရောင်းချခဲ့တယ်လို့ ဆန္ဒပြတောင်သူတွေကပြောပါတယ်။ ” မတရားအသိမ်းခံလိုက်ရတာ၊ ခုခေတ်ပေါက်ဈေးနဲ့ဲဆို မနည်းဘူး၊…

Read More

ဘင်္ဂလားဒေ့ရှ်ရှိ ပလတ်စတစ်စက်ရုံမီးလောင် လူ ၁၃ ဦးသေဆုံး

ဒါကာ၊ ဒီဇင်ဘာ-၁၃-၂၀၁၉ မျိုးဆက် (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ပြင်ရှိ တရားမဝင်ပလတ်စတစ်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးသွားပြီး လူ ၂၀ နီးပါးမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒါဏ်ရာတွေရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ စက်ရုံအလုပ်ရုံတွေ မီးလောင်မှုဟာ မကြာခဏဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ခြောက်သွေ့တဲ့ရာသီတွေမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် ဖြစ်ပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဒါကာမြို့အနောက်တောင်ဘက် ကီရန်နီဂန့်ရှိ ပလတ်စတစ်စက်ရုံမှာ ဒီဇင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းကစတင်ခဲ့ပြီး စက်ရုံမြေညီထပ်မှတစ်ဆင့် အလျင်အမြန်ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။ လက်ရှိအချိန်ထိ လူ ၁၃ ဦးသေဆုံးသွားပြီး သူတို့ထဲက ၁၂ ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကာ ကျန်တစ်ဦးကတော့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးရေးအရာရှိ ဘတ်ချူမီယာကပြောပါတယ်။ စက်ရုံရဲ့ အခန်းတစ်ခုအတွင်းမှ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ မီးလောင်ကျွမ်းချိန် စက်ရုံမြေညီထပ်မှာ…

Read More
VOM News

FREE
VIEW