NLDပါတီက ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်း တရားလိုလုပ်ပြီး တရားစွဲတဲ့အမှုကြန့်ကြာနေ

စစ်ကိုင်း ဒီဇင်ဘာ ၁၃-၂၀၁၉
စောပြည့်ချမ်းသာ(VOM)

စစ်ကိုင်းမြို့၊ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းကိုယ်တိုင် တရားလိုလုပ်ပြီး နတ်ခရိုင်ကျေးရွာက ကိုကျော်လင်းပါ ကျေးရွာနေပြည်သူ (၃၀)ကို တရားစွဲဆိုတဲ့ အမှုကြန့်ကြာနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်၂ လပိုင်းက နတ်ခရိုင်ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးရွေးချယ်ပွဲမှာ ကျေးရွာနေပြည်သူအချိူ့နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းတို့ ပဋိပက္ခဖြစ်ကြပြီး ကျေးရွာနေပြည်သူအချို့က ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းနဲ့အဖွဲ့ကို ပိတ်ဆို့အော်ဟစ်တောင်းဆိုတာတွေ ဖြစ်ခဲ့ပါတယ်။

ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက ၂၀၁၈ခုနှစ် ၄ လပိုင်းမှာ စစ်ကိုင်းမြို့နယ်တရားရုံးကို တရားစွဲဆိုခဲ့တယ်လို့ ကျေးရွာနေ ကိုကျော်လင်းကပြောပါတယ်။

“ လူကြီးတွေကို မခန့်လေးစားလုပ်တယ်ဆိုပြီးတော့ မဲဆန္ဒရှင် အယောက် ၃၀ကို သူကိုယ်တိုင်တရားလိုလုပ်ပြီး စစ်ကိုင်းမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။ ဒီလိုတရားစွဲဆိုတာက တစ်ဆင့်စကားကြားပြီး မောင်နီမောင်ဝါဆိုပြီး တရားစွဲတာပါ။ ဒီတရားစွဲတာကလည်း အမှုမကြန့်ကြံကြာအောင် ဆိုတဲ့ သက်သေတွေများစွာထဲက ပုဒ်မတေများစွာနဲ့ တရားစွဲဆိုခဲ့တာပါ။ ပထမရုံးချိန်းဘဲ သူကိုယ်တိုင်လာပြီး ၊ ယနေ့ အချိန်ထိ သက်သေတွေမလာတာကြောင့် ကြန့်ကြာနေပါတယ်။ ကျနော်တို့အယောက်၃၀ ထဲမှာလည်း တောင်သူလက်လုပ်လက်စားတွေဖြစ်နေတယ်။ လာရတဲ့အခက်အခဲတွေ ရှိတယ်။ အဲ့ဒါကြောင့် ကျနော်တို့ အခက်အခဲ ဖြစ်နေပါတယ်လို့” ဦးဆောင်တရားစွဲဆိုခံရတဲ့ ဦးကျော်လင်းကပြောပါတယ်။

နတ်ခရိုင်ကျေးရွာနေ ပြည်သူအယောက် ၃၀ ကို တရားစွဲဆိုထားတာနဲ့ ပက်သက်ပြီး တရားလိုလုပ် တရားစွဲဆိုတဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်ကို ဖုန်းဆက်မေးမြန်းတဲ့အခါမှာတော့ ” ကျနော်ကတော့ တရားရုံးမှာ ထွက်စရာရှိတာလည်း ထွက်ဆိုခဲ့တာပေါ့။ ထွက်ဆိုပြီးတော့ ကျနော်လည်း မရောက်တော့ပါဘူး ။ တရားခွင်မှာဘဲ ဆက်သွားတာပေါ့၊ ဒီလိုရုံးချိန်းကြာခြင်းတို့ဘာတို့လည်း မသိပါဘူ။း အခုလိုကြာတော့ စိတ်မကောင်းပါဘူး။ ဘာကြောင့်တရားစွဲဖြစ်သွားတုန်းဆိုတော့ ခင်ဗျားတို့သိမှာပါ၊ လိုင်းပေါ်တွေ ဘာတွေမှာတောင် တက်လာပါသေးတယ်။ လိုင်းတွေပေါ်မှာတက်ပြီး ပြောကြဆိုကြဆိုတော့ ကျနော်လည်း မနေသာဘူးပေါ့ဗျာ။ အဲ့ဒီမှာက မင်းမဲ့တိုင်းပြည်ဆန်ဆန်ဖြစ်နေတဲ့အတွက် ကျနော်လည်းစွဲခဲ့ရတာပေါ၊့ နောက်လည်း ဒီလိုမျိူးတွေမဖြစ်အောင် စွဲရတာပါ”လို့ တရားလိုပြုလုပ်ပြီးတရားစွဲဆိုတဲ့ဦးခင်မောင်သိန်းက ပြောပါတယ်။

စစ်ကိုင်းမြို့ NLD ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်သိန်းက နတ်ခရိုင်ကျေးရွာနေ ဦကျော်လင်းအပါ အယောက်၃၀ ကို ရာဇသတ်ကြီးပုဒ်မ (၂၉၄/၃၃၆/၃၅၃/၅၀၆/၁၁၄)တို့နဲ့ ပြီးခဲ့နှစ် ၂၀၁၈ခုနှစ် ၉လပိုင်း ၄ရက်နေ့က စစ်ကိုင်းမြို့နယ်တရားရုံးကိုတရားစွဲဆိုခဲ့တဲ့အမှုကို ဒီကနေ့အချိန်ထိ မပြီးပြတ်သေးဘဲ ကြန့်ကြာနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #စစ်ကိုင်း #လွှတ်တော်ကိုယ်စားလှယ် #တရားစွဲဆိုထားမှု

Zawgyi

NLDပါတီက ျပည္သူ႔လြတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္သိန္း တရားလုိလုပ္ျပီး တရားစြဲတဲ့အမႈၾကန္႔ၾကာေန

စစ္ကုိင္း ဒီဇင္ဘာ ၁၃-၂၀၁၉
ေစာျပည့္ခ်မ္းသာ(VOM)

စစ္ကုိင္းျမိဳ႕၊ NLD ပါတီက ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္သိန္းကိုယ္တိုင္ တရားလုိလုပ္ျပီး နတ္ခရုိင္ေက်းရြာက ကုိေက်ာ္လင္းပါ ေက်းရြာေနျပည္သူ (၃၀)ကုိ တရားစြဲဆုိတဲ့ အမႈၾကန္႔ၾကာေနတယ္လုိ႔ သိရပါတယ္။

ျပီးခဲ့တဲ့ ၂၀၁၈ခုနွစ္၂ လပုိင္းက နတ္ခရုိ္င္ေက်းရြာအုပ္စု အုပ္ခ်ဴပ္ေရးမွဴးေရြးခ်ယ္ပြဲမွာ ေက်းရြာေနျပည္သူအခ်ိဴ ႕နဲ႔ ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္သိန္းတုိ႔ ပဋိပကၡျဖစ္ႀကျပီး ေက်းရြာေနျပည္သူအခ်ိဳ႕က ျပည္သူ႕လြတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္သိန္းနဲ႔အဖြဲ႕ကုိ ပိတ္ဆုိ႔ေအာ္ဟစ္ေတာင္းဆုိတာေတြ ျဖစ္ခဲ့ပါတယ္။

ျပည္သူ႕လြတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္သိန္းက ၂၀၁၈ခုနွစ္ ၄ လပုိင္းမွာ စစ္ကုိင္းျမိဳ႕နယ္တရားရုံးကုိ တရားစြဲဆုိခဲ့တယ္လုိ႔ ေက်းရြာေန ကုိေက်ာ္လင္းကေျပာပါတယ္။

“ လူႀကီးေတြကုိ မခန္႔ေလးစားလုပ္တယ္ဆုိျပီးေတာ့ မဲဆႏၵရွင္ အေယာက္ ၃၀ကုိ သူကုိယ္တုိင္တရားလုိလုပ္ျပီး စစ္ကုိင္းျမိဳ႕နယ္တရားရုံးမွာ တရားစြဲဆုိခဲ့ပါတယ္။ ဒီလုိတရားစြဲဆုိတာက တစ္ဆင့္စကားႀကားျပီး ေမာင္နီေမာင္ဝါဆုိျပီး တရားစြဲတာပါ။ ဒီတရားစြဲတာကလည္း အမႈမႀကန္႔ႀကံႀကာေအာင္ ဆုိတဲ႕ သက္ေသေတြမ်ားစြာထဲက ပုဒ္မေတမ်ားစြာနဲ႔ တရားစြဲဆုိခဲ့တာပါ။ ပထမရုံးခ်ိန္းဘဲ သူကုိယ္တုိင္လာျပီး ၊ ယေန႔ အခ်ိန္ထိ သက္ေသေတြမလာတာေႀကာင့္ ၾကန္႔ၾကာေနပါတယ္။ က်ေနာ္တုိ႕အေယာက္၃၀ ထဲမွာလည္း ေတာင္သူလက္လုပ္လက္စားေတြျဖစ္ေနတယ္။ လာရတဲ့အခက္အခဲေတြ ရွိတယ္။ အဲ့ဒါေႀကာင့္ က်ေနာ္တုိ႔ အခက္အခဲ ျဖစ္ေနပါတယ္လုိ႕” ဦးေဆာင္တရားစြဲဆုိခံရတဲ့ ဦးေက်ာ္လင္းကေျပာပါတယ္။

နတ္ခရုိင္ေက်းရြာေန ျပည္သူအေယာက္ ၃၀ ကုိ တရားစြဲဆုိထားတာနဲ႔ ပက္သက္ျပီး တရားလုိလုပ္ တရားစြဲဆုိတဲ့ ျပည္သူလႊတ္ေတာ္ကုိယ္စားလွယ္ကုိ ဖုန္းဆက္ေမးျမန္းတဲ့အခါမွာေတာ့ ” က်ေနာ္ကေတာ့ တရားရုံးမွာ ထြက္စရာရွိတာလည္း ထြက္ဆုိခဲ့တာေပါ့။ ထြက္ဆုိျပီးေတာ့ က်ေနာ္လည္း မေရာက္ေတာ့ပါဘူး ။ တရားခြင္မွာဘဲ ဆက္သြားတာေပါ့၊ ဒီလုိရုံးခ်ိန္းႀကာျခင္းတုိ႔ဘာတုိ႔လည္း မသိပါဘူ။း အခုလုိႀကာေတာ့ စိတ္မေကာင္းပါဘူး။ ဘာေႀကာင့္တရားစြဲျဖစ္သြားတုန္းဆုိေတာ့ ခင္ဗ်ားတုိ႔သိမွာပါ၊ လုိင္းေပၚေတြ ဘာေတြမွာေတာင္ တက္လာပါေသးတယ္။ လုိင္းေတြေပၚမွာတက္ျပီး ေျပာႀကဆုိႀကဆုိေတာ့ က်ေနာ္လည္း မေနသာဘူးေပါ့ဗ်ာ။ အဲ႕ဒီမွာက မင္းမဲ့တုိင္းျပည္ဆန္ဆန္ျဖစ္ေနတဲ့အတြက္ က်ေနာ္လည္းစြဲခဲ့ရတာေပါ၊့ ေနာက္လည္း ဒီလုိမ်ိဴးေတြမျဖစ္ေအာင္ စြဲရတာပါ”လို႔ တရားလုိျပဳလုပ္ျပီးတရားစြဲဆုိတဲ႕ဦးခင္ေမာင္သိန္းက ေျပာပါတယ္။

စစ္ကုိင္းျမိဳ႕ NLD ပါတီက ျပည္သူ႕လႊတ္ေတာ္ကုိယ္စားလွယ္ ဦးခင္ေမာင္သိန္းက နတ္ခရုိင္ေက်းရြာေန ဦေက်ာ္လင္းအပါ အေယာက္၃၀ ကုိ ရာဇသတ္ႀကီးပုဒ္မ (၂၉၄/၃၃၆/၃၅၃/၅၀၆/၁၁၄)တုိ႕နဲ႕ ျပီးခဲ႕နွစ္ ၂၀၁၈ခုနွစ္ ၉လပုိင္း ၄ရက္ေန႔က စစ္ကုိင္းျမိဳ႕နယ္တရားရုံးကုိတရားစြဲဆုိခဲ့တဲ့အမွဳကို ဒီကေန႔အခ်ိန္ထိ မၿပီးျပတ္ေသးဘဲ ၾကန္႔ၾကာေနတာျဖစ္တယ္လို႔ သိရပါတယ္။

#voiceofmyanmar #စစ္ကိုင္း #လႊတ္ေတာ္ကိုယ္စားလွယ္ #တရားစြဲဆိုထားမွဳ

Related posts

Leave a Comment

VOM News

FREE
VIEW