တပ်မတော်စွန့်လွှတ်မြေတွေမှာ ပုံစံ(၇)အတု/အစစ်ခွဲခြားဖို့လို့ပြောကာ ကျွဲ/နွားများဆက်လက် ထိန်းကျောင်းနေ

ဝေါ ဒီဇင်ဘာ ၁၃-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်ကျေးရွာရှိ တပ်မတော်က စွန့်လွှတ်ထားတဲ့ စားကျက်မြေတွေမှာ ဆက်လက်လုပ်ကိုင်နေသူတွေနဲ့ နွားဝင်ထိန်းကျောင်းတဲ့သူတွေ ဒီဇင်ဘာ ၁၂ရက်နေ့ နံနက်ပိုင်းက တစ်ဖက်နဲ့တစ်ဖက် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပုံစံ(၇)အတု/အစစ်ခွဲခြားဖို့လို့ပြောကာ ကျွဲ/နွားတွေ ဆက်လက်ထိန်းကျောင်းနေတယ်လို့ သိရပါတယ်။

‟ကျနော်တို့မိဘတွေလက်ထက်ကတည်းက ဒီစားကျက်မြေကစားကျက်မြေပါ၊ ဒီစားကျက်မြေကို တပ်(၅)တပ်က ၁၉၉၇/၁၉၉၈ခုနှစ်မှာလာသိမ်းသွားတယ်၊ အခုတော့ တပ်က ပြန်စွန့်လွှတ်တယ် ဒါကိုနားလည်မှုတွေယူပြီး ပုံစံ(၇)တွေထုတ်ကြတယ် ၊ မြစ်ကျိုးရွာမှာရှိတဲ့ နွားသမားတွေ အကုန်ဒုက္ခရောက်ကြတယ်၊ ကျနော်တို့ ကျွဲ /နွားသမားတွေမှာ စားစရာမရှိလို့ (၅)ရက်လောက် ဆက်တိုက်ကျောင်းမယ်လို့”ဦးလုံးကပြောပါတယ်။

ပုံစံ(၇)ထုတ်ထားတဲ့ ရွာသားတွေနဲ့ ကျွဲ/နွားကျောင်းတဲ့ရွာသားတွေ တစ်ဖက်နဲ့တစ်ဖက် ပဠိပက္ခဖြစ်ပွားကြရာ မြို့နယ်ရဲတပ်ဖွဲ့မှူးနဲ့ ဌာနဆိုင်ရာအဖွဲ့တွေ လာရောက်ညှိနိုင်းပေးခဲ့ပေမယ့်လည်း ရွာသားတွေက လက်ခံမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

၁၉၉၆-၁၉၉၇ ခုနှစ်က အမှတ်(၇)ခြေမြန်တပ်ရင်းမှ ကွင်းအမှတ်(၇၅၁-က)ကွင်းရှိ ၁၈၀.၉၄ ဧက။ အမှတ်(၉၀၁)အမြောက်စစ်ဆင်ရေးကွပ်ကဲမှုတပ်မှ ကွင်းအမှတ်(၇၅၁/ကွင်း)ရှိ ၄၀.၀၀ ဧကနှင့် အမှတ်(၃၀)ခြေလျင်တပ်ရင်းမှ ကွင်းအမှတ်(၇၅၁ က/)ကွင်းရှိ ၁၇.၈၄ ဧက၊ အမှတ်(၁၀၅)ခြေမြန်တပ်ရင်းမှ ကွင်းအမှတ်(၇၅၁/၁)ကွင်းရှိ ၂၃၄.၂၇ ဧက၊ အမှတ်(၁)အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ်ရင်းမှ ကွင်းအမှတ်(၇၅)ကွင်းရှိ ၂၄၇.၈၇ ဧက ကို ၇၊၁၁၊၂၀၁၇၊ရက်စွဲပါ စာအမှတ် ၄၉/၅၊ စာအမှတ် ၃၉ ၊ စာအမှတ် ၃၇/၅၀ဗ ၊ စာအမှတ် ၁၇၂/၅၀ဗ ၊ စာအမှတ် ၁၈၁/၅၀ဗ
တို့ကို မူလပိုင်ရှင်ထံ မူလအတိုင်းထားရှိဖို့ စွန့်ခဲ့ပြီး ပုံစံ(၇)ရှိတယ်ဆိုတဲ့ ရွာသားတွေက ဆက်လက်စိုက်
ပျိုးနေတာဖြစ်ပါတယ်။

အဲ့ဒီကိစ္စကို ဝန်ကြီးချုပ်ထံတိုင်ကြားပြီး နွား ပိုင်ရှင်တွေနဲ့ ပဋိပက္ခဖြစ်နေတဲ့အတွက် ခိုက်ရန်မဖြစ်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုအုပ်ချုပ်ရေးမှူး၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နုယ်ရဲတပ်ဖွဲ့မှူး မြစ်ကျိုးနယ်မြေရဲစခန်းမှူးတို့က ဒီဇင်ဘာလ ၃၁ ရက်နေ့ထိစောင့်ဆိုင်းပေးဖို့ ပြောကြားရာ ရွာသားတွေက လက်ခံခြင်းမရှိဘဲ ဝန်ကြီးကိုယ်တိုင် လာရောက်ရှင်းပေးစေလိုတယ်လို့လည်း သိရပါတယ်။

‟ပြဿနာတွေမတက်ခင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်ကို အကြိမ်ကြိမ်သွားပြောတယ်၊ လုပ်ပေးမယ်လို့ဘဲပြောပြီး မလာဘူး၊ ၃ကြိမ် ၄ ကြိမ်လောက်မှာ မြေစာရင်းအဖွဲ့တွေ ဆင်းလာလို့ သွားလမ်းတွေပိတ်၊ နွားတွေစားစရာမရှိအောင် ခြံကါထားတာ လိုက်ပြခဲ့တယ်လို့” ကျေးရွာလယ်/စီ အတွင်းရေးမှူး ဦးမြင့်နိုင်ကပြောပါတယ်။

‟စားကျက်မြေမှာ မမှန်မကန် ပုံစံ(၇)တွေထွက်နေလို့ စစ်ဆေးပေးပါလို့ တိုင်တယ်၊ အခုအချိန်ထိ စစ်ဆေးခြင်းမရှိဘူး။ စားကျက်မြေပြန်ဖြစ်သွားပြီလား လယ်ယာမြေလားသိရအောင် နွားဝင်ကျောင်းပြီး ကိုယ်တိုင်အဖြေထုတ်လိုက်တာ ဖြစ်တယ်”လို့ ဒေသခံဦးသန်းထိုက်ကပြောပါတယ်။

ဝေါမြို့နယ်မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးအောင်ဖြိုးသော်ကတော့‟စားကျက်မဟုတ်တော့ပါဘူး၊ စားကျက်ကိုပယ်ဖျက်ပြီး ၂၀၁၂ လယ်ယာဥပဒေအရ ပုံစံ(၇) ထုတ်ပေးထားတာပါ၊ စားကျက်အဖြစ်ပြန်ထားချင်ရင် ပြန်ပယ်ဖျက်ပြီး၊ စားကျက်အဖြစ် ဆောင်ရွက်ပါဆိုတဲ့စာကျလာမှ စားကျက်အဖြစ်ပြန်ထားလို့ရမယ်”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုပြောခဲ့ပေမယ့် စားကျက်မြေကို ပုံစံ(၇)ထုတ်ပေးလို့ ရပါသလားဆိုတာ အားလုံးရှေ့မှာဖြေပေးပါလို့ ကျေးရွာလယ်စီ အတွင်းရေးမှူး ဦးမြင့်နိုင်က မေးမြန်းရာမှာ ဦးစီးဌာနမှူး ဦးအောင်ဖြိုးသော်က ထုတ်ပေးလို့မရဘူးလို့ ပြန်ဖြေခဲ့တယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

‟မူလစားကျက်မြေ ဧက ၁၂၆၀ ဧကရှိပါတယ်၊ တပ်မတော်က ၁၉၉၆-၁၉၉၇ မှာ စားကျက်မြေ ၁၀၇၃ ဧက သိမ်းဆည်းသွားပြီး ၂၀၁၇ မှာမူလပိုင်ရှင်အတိုင်းထားရန် ပြန်စွန့်လွှတ်ခဲ့ပြီး၊ လယ်ဝင်လုပ်သူတွေက၂၀၁၅ ထဲကသူတို့ပုံစံ(၇)ရထားတယ်ဆိုပြီး လုပ်နေတယ်။၂၀၁၈မှာ မိုးဘဏ်၊ ဆောင်းဘဏ်ထုတ်တဲ့အချိန်မှာ မူမမှန်တဲ့ စားကျက်မြေမှာရထားတဲ့ ပုံစံ(၇)တွေ လက်မှတ်မထိုး‌ပေးပါဘူး ဒါတွေနဲ့ပတ်သတ်ပြီး ဌာနဆိုင်ရာအသီးသီးကို တင်ပြပါတယ်။ ဘယ်သူကမှဆင်းမစစ်ဘူး”လို့ ‌မြစ်ကျိုးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်မောင်တင်က‌ပြောပါတယ်။

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်က ‟ပုံစံ(၇)မှန်တယ်၊ မမှန်ဘူးဆိုတာ စာအမှတ်အသားတွေ စစ်မှရမယ်။ မစစ်ဘူးဆိုတာမရှိပါဘူး။ အမှုစစ်ကတိုင်တာနဲ့ မြို့နယ်မြေစစ်၊ ခရိုင်မြေစစ် ၊ တိုင်းမြေစစ် တိုင်းမြေစစ်က မှတ်ချက်ပြန်ချပေးမလား ။ ဗဟိုအထိ ဆက်တင်မလား မသိသေးပါဘူး။ ပြန်မချပေးသေးတဲ့ အချိန်လေးမှာ တစ်ဖက်နဲ့တစ်ဖက် ခိုက်ရန်မဖြစ်ကြပါနဲ့လို့”ပြောဆိုခဲ့တာဖြစ်ပါတယ်။

‟ပုံစံ(၇)ထွက်တဲ့သူတွေနဲ့ ကျွဲ/နွားသမားတွေ နှစ်ဖက်စလုံး ၊ (၉)ရက်အတွင်း (ဒီဇင်ဘာလ ၂၂)ရက်အထိ ဘယ်သူမှ မဝင်ရဘူး။ ပဲဆေးလည်းမဖျန်းရဘူး။ ထည်လည်းမထွန်ရဘူး။ ကျွဲ/နွားသမားတွေကလည်း မကျောင်းရဘူးလို့” ဝေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်ဌေးက တားမြစ်ပြောဆိုထားတာ ဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဝေါ #ကျွဲ၊နွား #စွန့်လွှတ်မြေ

Zawgyi

တပ္မေတာ္စြန႔္လႊတ္ေျမေတြမွာ ပုံစံ(၇)အတု/အစစ္ခြဲျခားဖို႔လို႔ေျပာကာ ကြၽဲ/ႏြားမ်ားဆက္လက္ ထိန္းေက်ာင္းေန

ေဝါ ဒီဇင္ဘာ ၁၃-၂၀၁၉
မိုးယံ(VOM)

ပဲခူးတိုင္း၊ ေဝါၿမိဳ႕နယ္၊ ျမစ္က်ိဳးတိုက္နယ္ေက်း႐ြာရိွ တပ္မေတာ္က စြန႔္လႊတ္ထားတဲ့ စားက်က္ေျမေတြမွာ ဆက္လက္လုပ္ကိုင္ေနသူေတြနဲ႔ ႏြားဝင္ထိန္းေက်ာင္းတဲ့သူေတြ ဒီဇင္ဘာ ၁၂ရက္ေန႔ နံနက္ပိုင္းက တစ္ဖက္နဲ႔တစ္ဖက္ ပဋိပကၡျဖစ္ပြားခဲ့ၿပီး ပုံစံ(၇)အတု/အစစ္ခြဲျခားဖို႔လို႔ေျပာကာ ကြၽဲ/ႏြားေတြ ဆက္လက္ထိန္းေက်ာင္းေနတယ္လို႔ သိရပါတယ္။

‟က်ေနာ္တို႔မိဘေတြလက္ထက္ကတည္းက ဒီစားက်က္ေျမကစားက်က္ေျမပါ၊ ဒီစားက်က္ေျမကို တပ္(၅)တပ္က ၁၉၉၇/၁၉၉၈ခုႏွစ္မွာလာသိမ္းသြားတယ္၊ အခုေတာ့ တပ္က ျပန္စြန႔္လႊတ္တယ္ ဒါကိုနားလည္မႈေတြယူၿပီး ပုံစံ(၇)ေတြထုတ္ၾကတယ္ ၊ ျမစ္က်ိဳး႐ြာမွာရွိတဲ့ ႏြားသမားေတြ အကုန္ဒုကၡေရာက္ၾကတယ္၊ က်ေနာ္တို႔ ကြၽဲ /ႏြားသမားေတြမွာ စားစရာမရွိလို႔ (၅)ရက္ေလာက္ ဆက္တိုက္ေက်ာင္းမယ္လို႔”ဦးလုံးကေျပာပါတယ္။

ပုံစံ(၇)ထုတ္ထားတဲ့ ႐ြာသားေတြနဲ႔ ကြၽဲ/ႏြားေက်ာင္းတဲ့႐ြာသားေတြ တစ္ဖက္နဲ႔တစ္ဖက္ ပဠိပကၡျဖစ္ပြားၾကရာ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕မႉးနဲ႔ ဌာနဆိုင္ရာအဖြဲ႕ေတြ လာေရာက္ညႇိႏိုင္းေပးခဲ့ေပမယ့္လည္း ႐ြာသားေတြက လက္ခံမႈမရွိခဲ့ဘူးလို႔ သိရပါတယ္။

၁၉၉၆-၁၉၉၇ ခုႏွစ္က အမွတ္(၇)ေျချမန္တပ္ရင္းမွ ကြင္းအမွတ္(၇၅၁-က)ကြင္းရွိ ၁၈၀.၉၄ ဧက။ အမွတ္(၉၀၁)အေျမာက္စစ္ဆင္ေရးကြပ္ကဲမႈတပ္မွ ကြင္းအမွတ္(၇၅၁/ကြင္း)ရွိ ၄၀.၀၀ ဧကႏွင့္ အမွတ္(၃၀)ေျခလ်င္တပ္ရင္းမွ ကြင္းအမွတ္(၇၅၁ က/)ကြင္းရွိ ၁၇.၈၄ ဧက၊ အမွတ္(၁၀၅)ေျချမန္တပ္ရင္းမွ ကြင္းအမွတ္(၇၅၁/၁)ကြင္းရွိ ၂၃၄.၂၇ ဧက၊ အမွတ္(၁)အင္အားျဖည့္တင္းေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးတပ္ရင္းမွ ကြင္းအမွတ္(၇၅)ကြင္းရွိ ၂၄၇.၈၇ ဧက ကို ၇၊၁၁၊၂၀၁၇၊ရက္စြဲပါ စာအမွတ္ ၄၉/၅၊ စာအမွတ္ ၃၉ ၊ စာအမွတ္ ၃၇/၅၀ဗ ၊ စာအမွတ္ ၁၇၂/၅၀ဗ ၊ စာအမွတ္ ၁၈၁/၅၀ဗ
တို႔ကို မူလပိုင္ရွင္ထံ မူလအတိုင္းထားရွိဖို႔ စြန႔္ခဲ့ၿပီး ပုံစံ(၇)ရွိတယ္ဆိုတဲ့ ႐ြာသားေတြက ဆက္လက္စိုက္
ပ်ိဳးေနတာျဖစ္ပါတယ္။

အဲ့ဒီကိစၥကို ဝန္ႀကီးခ်ဳပ္ထံတိုင္ၾကားၿပီး ႏြား ပိုင္ရွင္ေတြနဲ႔ ပဋိပကၡျဖစ္ေနတဲ့အတြက္ ခိုက္ရန္မျဖစ္ဖို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ ဒုအုပ္ခ်ဳပ္ေရးမႉး၊ ၿမိဳ႕နယ္ေျမစာရင္းဦးစီးမႉး၊ ၿမိဳ႕နုယ္ရဲတပ္ဖြဲ႕မႉး ျမစ္က်ိဳးနယ္ေျမရဲစခန္းမႉးတို႔က ဒီဇင္ဘာလ ၃၁ ရက္ေန႔ထိေစာင့္ဆိုင္းေပးဖို႔ ေျပာၾကားရာ ႐ြာသားေတြက လက္ခံျခင္းမရွိဘဲ ဝန္ႀကီးကိုယ္တိုင္ လာေရာက္ရွင္းေပးေစလိုတယ္လို႔လည္း သိရပါတယ္။

‟ျပႆနာေတြမတက္ခင္ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေနေဇာ္ေအာင္ကို အႀကိမ္ႀကိမ္သြားေျပာတယ္၊ လုပ္ေပးမယ္လို႔ဘဲေျပာၿပီး မလာဘူး၊ ၃ႀကိမ္ ၄ ႀကိမ္ေလာက္မွာ ေျမစာရင္းအဖြဲ႕ေတြ ဆင္းလာလို႔ သြားလမ္းေတြပိတ္၊ ႏြားေတြစားစရာမရွိေအာင္ ၿခံကါထားတာ လိုက္ျပခဲ့တယ္လို႔” ေက်း႐ြာလယ္/စီ အတြင္းေရးမႉး ဦးျမင့္ႏိုင္ကေျပာပါတယ္။

‟စားက်က္ေျမမွာ မမွန္မကန္ ပုံစံ(၇)ေတြထြက္ေနလို႔ စစ္ေဆးေပးပါလို႔ တိုင္တယ္၊ အခုအခ်ိန္ထိ စစ္ေဆးျခင္းမရွိဘူး။ စားက်က္ေျမျပန္ျဖစ္သြားၿပီလား လယ္ယာေျမလားသိရေအာင္ ႏြားဝင္ေက်ာင္းၿပီး ကိုယ္တိုင္အေျဖထုတ္လိုက္တာ ျဖစ္တယ္”လုိ႔ ေဒသခံဦးသန္းထိုက္ကေျပာပါတယ္။

ေဝါၿမိဳ႕နယ္ေျမစီမံခန႔္ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာနမႉး ဦးေအာင္ၿဖိဳးေသာ္ကေတာ့‟စားက်က္မဟုတ္ေတာ့ပါဘူး၊ စားက်က္ကိုပယ္ဖ်က္ၿပီး ၂၀၁၂ လယ္ယာဥပေဒအရ ပုံစံ(၇) ထုတ္ေပးထားတာပါ၊ စားက်က္အျဖစ္ျပန္ထားခ်င္ရင္ ျပန္ပယ္ဖ်က္ၿပီး၊ စားက်က္အျဖစ္ ေဆာင္႐ြက္ပါဆိုတဲ့စာက်လာမွ စားက်က္အျဖစ္ျပန္ထားလို႔ရမယ္”လို႔ ေျပာခဲ့တာျဖစ္ပါတယ္။

အဲ့ဒီလုိေျပာခဲ့ေပမယ့္ စားက်က္ေျမကို ပုံစံ(၇)ထုတ္ေပးလို႔ ရပါသလားဆိုတာ အားလုံးေရွ႕မွာေျဖေပးပါလို႔ ေက်း႐ြာလယ္စီ အတြင္းေရးမႉး ဦးျမင့္ႏိုင္က ေမးျမန္းရာမွာ ဦးစီးဌာနမႉး ဦးေအာင္ၿဖိဳးေသာ္က ထုတ္ေပးလို႔မရဘူးလို႔ ျပန္ေျဖခဲ့တယ္လို႔လည္း ေျပာဆိုခဲ့ၾကပါတယ္။

‟မူလစားက်က္ေျမ ဧက ၁၂၆၀ ဧကရွိပါတယ္၊ တပ္မေတာ္က ၁၉၉၆-၁၉၉၇ မွာ စားက်က္ေျမ ၁၀၇၃ ဧက သိမ္းဆည္းသြားၿပီး ၂၀၁၇ မွာမူလပိုင္ရွင္အတိုင္းထားရန္ ျပန္စြန႔္လႊတ္ခဲ့ၿပီး၊ လယ္ဝင္လုပ္သူေတြက၂၀၁၅ ထဲကသူတို႔ပုံစံ(၇)ရထားတယ္ဆိုၿပီး လုပ္ေနတယ္။၂၀၁၈မွာ မိုးဘဏ္၊ ေဆာင္းဘဏ္ထုတ္တဲ့အခ်ိန္မွာ မူမမွန္တဲ့ စားက်က္ေျမမွာရထားတဲ့ ပုံစံ(၇)ေတြ လက္မွတ္မထိုး‌ေပးပါဘူး ဒါေတြနဲ႔ပတ္သတ္ၿပီး ဌာနဆိုင္ရာအသီးသီးကို တင္ျပပါတယ္။ ဘယ္သူကမွဆင္းမစစ္ဘူး”လို႔ ‌ျမစ္က်ိဳးေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး ဦးေမာင္ေမာင္တင္က‌ေျပာပါတယ္။

အဲ့ဒီကိစၥနဲ႔ပတ္သက္ၿပီး ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး ဦးေနေဇာ္ေအာင္က ‟ပုံစံ(၇)မွန္တယ္၊ မမွန္ဘူးဆိုတာ စာအမွတ္အသားေတြ စစ္မွရမယ္။ မစစ္ဘူးဆိုတာမရွိပါဘူး။ အမႈစစ္ကတိုင္တာနဲ႔ ၿမိဳ႕နယ္ေျမစစ္၊ ခ႐ိုင္ေျမစစ္ ၊ တိုင္းေျမစစ္ တိုင္းေျမစစ္က မွတ္ခ်က္ျပန္ခ်ေပးမလား ။ ဗဟိုအထိ ဆက္တင္မလား မသိေသးပါဘူး။ ျပန္မခ်ေပးေသးတဲ့ အခ်ိန္ေလးမွာ တစ္ဖက္နဲ႔တစ္ဖက္ ခိုက္ရန္မျဖစ္ၾကပါနဲ႔လို႔”ေျပာဆိုခဲ့တာျဖစ္ပါတယ္။

‟ပုံစံ(၇)ထြက္တဲ့သူေတြနဲ႔ ကြၽဲ/ႏြားသမားေတြ ႏွစ္ဖက္စလုံး ၊ (၉)ရက္အတြင္း (ဒီဇင္ဘာလ ၂၂)ရက္အထိ ဘယ္သူမွ မဝင္ရဘူး။ ပဲေဆးလည္းမဖ်န္းရဘူး။ ထည္လည္းမထြန္ရဘူး။ ကြၽဲ/ႏြားသမားေတြကလည္း မေက်ာင္းရဘူးလို႔” ေဝါၿမိဳ႕နယ္ရဲတပ္ဖြဲ႔မႉး ရဲမွဴးေမာင္ေဌးက တားျမစ္ေျပာဆိုထားတာ ျဖစ္ပါတယ္။

#VOM #voiceofmyanmar #ေဝါ #ကၽြဲ၊ႏြား #စြန္႔လႊတ္ေျမ

Related posts

Leave a Comment

VOM News

FREE
VIEW