တိုင်းပြည်ဖွံ့ဖြိုးဖို့ မီဒီယာကဏ္ဍမြင့်တင်ဖို့လို

တိုင်းပြည်ဖွံ့ဖြိုးဖို့ မီဒီယာကဏ္ဍမြင့်တင်ဖို့လို

တိုင်းပြည်ရဲ့ အဓိက မဏ္ဍိုင်ကြီး ၃ခုပြီးရင် ကျနော်တို့ သတင်းသမားတွေဟာ ၄ခုမြောက် အရေးကြီးတဲ့ မဏ္ဍိုင်ဖြစ်တာနဲ့အညီ ပြည်သူတွေကို ပညာပေးဖို့၊ သတင်းမှန်တွေ ထုတ်ပြန်ပေးဖို့ စိတ်ပျော်ရွှင်မှုအတွက် ဖျော်ဖြေရေးကဏ္ဍတွေ ထုတ်လွှင့်ပေးဖို့ စတာတွေလုပ်ရမယ့် တာဝန်တွေရှိပါတယ်။ အဲလိုရှိတဲ့နေရာမှာ ကျနော်တို့က ဘာကိစ္စဖြစ်ဖြစ် ခရေစေ့တွင်းကျသိဖို့ နှံ့စပ်ဖို့ ကျွမ်းကျင်လိမ္မာဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကျနော်တို့ မသိပဲ မတတ်ဘဲ သတင်းတင်ပြမိရင် ပြည်သူရဲ့ နား၊ မျက်စေ့ထဲ အဆိပ်တွေ လောင်းထည့်မိသလိုဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ကျနော်တို့ သတင်းသမားတွေအနေနဲ့ တော်တော်လေး နှံ့စပ်မှ တတ်ထားမှသာ တန်ယုံဘဲရှိပါမယ်။ ဒါ့ကြောင့် ပြုပြင်ပြောင်းလဲရေးစနေတဲ့ မြန်မာနိုင်ငံမှာ သတင်းလောကကို ရောက်လာမယ့် ရောက်နေတဲ့ သတင်းသမားတွေကို အရည်အသွေးမြှင့်ပေးဖို့ အများကြီးလိုအပ်နေပါတယ်။

ဒီလိုအရည်အသွေးမြှင့်ဖို့အတွက် နိုင်ငံတကာ အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေကနေ အထောက်အပံ့တွေပေးပြီး သင်တန်းတချို့ပေးတာတွေလည်း မြင်နေရ ကြားနေရပါတယ်။ အန်ဂျီအိုတွေအနေနဲ့လည်း အဲဒီထောက်ပံ့မှုတွေက တကယ်လိုအပ်တဲ့အဖွဲ့ လိုအပ်နေတဲ့သူတွေဆီရောက်သလား ဘယ်လောက်အကျိုးရှိသလဲဆိုတာကို နောက်ကွယ်ကနေ အမြဲစစ်ဆေးပေးနေဖို့လိုသလို မဆိုင်သူတွေ ၊ ဘမ်းပြစားနေသူတွေလက်ထဲ မရောက်ဖို့ သတိထားပေးရပါမယ်။

ကျနော်တို့ တိုင်းပြည်ဖွံ့ဖြိုးဖို့ဆိုရင် မီဒီယာအခန်းကဏ္ဍကို လျစ်လျုရှုထားလို့မရပါဘူး ။ အစိုးရ ၊ သက်ဆိုင်ရာတွေနဲ့ မီဒီယာဟာ အပြန်အလှန်လေးစားဖို့လိုပါတယ်။ တချို့နေရာတွေမှာ မီဒီယာသမားဆိုတာ ပြဿနာရှာတတ်တဲ့ကောင်တွေလို့မြင်ပြီး မီဒီယာ ဥပဒေမှာ သက်ဆိုင်ရာအနေနဲ့ သတင်းအချက်လက်ချပေးဖို့၊ နေရာထိုင်ခင်းပေးဖို့ပါပြီးဖြစ်ပေမယ့် မီဒီယာသမားတွေကို တဖက်သတ်အမြင်နဲ့ ဖယ်ထုတ်ချင်တဲ့ အပိုင်းတွေ တွေ့နေရပါတယ်။ မီဒီယာဆိုတာ အစိုးရနဲ့ ပြည်သူကြားပေါင်းကူးတံတားဖြစ်လို့ ဒီလိုမျိုးတွေ မကြာခဏလုပ်လာရင် ရေရှည်မှာ ၂ဦး ၂ဖက်လုံးအတွက် ဆိုးကျိုးဘဲဖြစ်လာနိုင်တယ်လို့ ကျနော်ပြောလိုပါတယ်။

နောက်သက်ဆိုင်ရာ ဝန်ကြီးဌာနတချို့က ကိုယ်နဲ့အဆင်ပြေတဲ့ သတင်းဌာနကိုတော့ အချက်လက်တွေချပေးတာ နေရာပေးတာတွေလုပ်ပြီး ကျန်တဲ့ မီဒီယာတွေကို ခွဲခြားဆက်ဆံတာမျိုးတွေတွေ့နေရပါတယ်။ ( ဥပမာ အစိုးရမီဒီယာနဲ့ စကိုင်းနက်လိုမျိုးတွေကို သီးခြား အခွင့်ထူးခံပေးနေတာ၊ နောက် အစိုးရဌာနတွေ သတင်းထုတ်ပြန်ချက် အားနည်းတာကလည်း မျှတတဲ့သတင်းဖော်ပြဖို့အတွက် အခက်အခဲတခုလို့ မြင်ပါတယ်။ ဒီလိုဖြစ်လို့ သတင်းတွေက အစိုးရ အာဏာပိုင်ဖက်က အသံမပါတဲ့ တဖက်သတ်သတင်းတွေဖြစ်နေတာဟာ သတင်းအရည်အသွေး နိမ့်ကျစေ)

နောက် ပဋိပက္ခဖြစ်စဉ်တွေမှာ မီဒီယာကို ရန်သူလို တိုက်ခိုက်လာတွေ လက်တွေ့ကြုံနေရပါတယ်။ ( ဥပမာ လူမျိုးရေးအဓိကရုဏ်း၊ လက်ပံတန်းဖြစ်စဉ် ) လုံခြုံရေး တာဝန်ရှိသူတွေအနေနဲ့ သတင်းသမားကို ကာကွယ်ပေးရမယ့်အစား ဒီလိုလုပ်လာတာဟာ ဒုတိယ ဖိလစ်ပိုင်လိုဖြစ်လာမှာ အထူးစိုးရိမ်ပါတယ်။ ဒ့ါကြောင့် မီဒီယာသမားတွေအတွက် လုံခြုံရေးအကူအညီလိုပါတယ်။

ရွေးကောက်ပွဲကလည်း နီးသထက်နီးလာနေပြီဖြစ်လို့ သတင်းသမားတွေကို ရွေးကောက်ပွဲဆိုင်ရာသင်တန်း ရွေးကောက်ပွဲဆိုင်ရာအချက်အလက်တွေ ကော်မရှင်နဲ့ သတင်းသမားတာဝန်တွေ စတာတွေ သင်တန်းပေးဖို့လိုသလို၊ လုံခြုံရေးသင်တန်းတွေကို အမှန်တကယ်လိုအပ်နေသူတွေကို ပေးဖို့လိုအပ်နေပါတယ်။ ဒါတွေပေးမယ်ဆိုရင် အရင် အရိပ်အာဝါသကင်းတဲ့ လွတ်လပ်တဲ့ အဖွဲ့ဖွဲ့ပြီး ပွင့်လင်းမြင်သာမှုရှိအောင် ပေးသင့်တယ်လို့ အကြံပြုချင်ပါတယ်။

အစိုးရအနေနဲ့ မီဒီယာကဏ္ဍကို လက်ဝါးကြီးအုပ်ထားတာတွေ လျှော့သင့်ပါတယ်။ ဒီမိုကရေစီနိုင်ငံမှာ အစိုးရနဲ့ အရပ်ဖက်မီဒီယာ အားပြိုင်မှုဟာမျှတမှုရှိတာတွေ့ရမှာပါ။ အစိုးရဖက်ကတောင် ပုဂ္ဂလိက မီဒီယာတွေကို မြေတောင်မြှောက်ပေးရမှာပါ။ ခုတော့ ဥပဒေကြောင်းအရထည့်ရတဲ့ ကြော်ငြာတွေ၊ တခြား ကန့်ကွက်စာတွေကို အစိုးရသတင်းစာမှ တရားဝင်တယ်ဆိုတာမျိုးတွေရှိနေတော့ ပုဂလိက မီဒီယာတွေအနေနဲ့ အားနည်းစေပါတယ်။ ကျနော်ဆိုလိုတာက လက်ရည်တူ မှန်ကန်တဲ့ ယှဉ်ပြိုင်မှုမျိုး ပေးဖို့ ဆိုလိုတာပါ။

မီဒီယာလွတ်လပ်ခွင့်ဆိုတာ ခုမှအကင်းလေးရှိသေးတာမို့ ပုဂ္ဂလိက မီဒီယာတွေမှားရင် တစိတ်ရှိ တရားစွဲမယ် ထောင်ချမယ်ဆိုတာတွေကလည်း တိုးတက်ဖို့ အဟန့်အတားတွေဖြစ်ပါတယ်။ ခုမှ သီးပွင့်မလို့ အားယူနေချိန် အကင်းကို ပြုတ်စားလိုက်တော့ ဆက်ပြီး သီးဖို့ပွင့်ဖို့ခက်သွားပါတယ်။ အားလုံးနားလည်သဘောပေါက်လာအောင် အချိန်ယူပြီး ကျင့်ဝတ်တွေ စည်းကမ်းတွေကို ချပြီပြီးတော့ မီဒီယာလွတ်လပ်ခွင့်ကို အသုံးပြုရာမှာ ဖြစ်လာမယ့် ဆိုးကျိုးတွေနဲ့ပတ်သက်ပြီး တာဝန်ခံဖို့၊ တာဝန်ယူတဲ့လူတွေ ဖြစ်လာဖို့ ပြုစုပျိုးထောင်ပေးရမှာပါ။

ဒီလိုပြုစုပျိုးထောင်ဖို့ မီဒီယာအားလုံးရဲ့ကိုယ်စားပြုမှုအဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေလိုအပ်ပါတယ်။ ကျနော်တို့မှာ ရှိပြီးသားဖြစ်တဲ့ မီဒီယာကောင်စီဟာ အားလုံးကို ကိုယ်စားပြုဖို့ လိုပါတယ်။ ခု ကောင်စီဟာ ရန်ကုန်ကိုယ်စားပြုကောင်စီဖြစ်ပြီး အစိုးရမျက်နှာကိုသာကြည့်ပြီး သတင်းမီဒီယာသမားတွေရဲ့ လိုအပ်တဲ့ ကွက်လပ်တွေဖြည့်ဖို့ အားနည်းနေတာတွေ့ရမှာပါ။ ဒါ့ကြောင့် မီဒီယာကောင်စီပြန်လည်ဖွဲ့စည်းရင် မီဒီယာမှာ တကယ်လုပ်ကိုင်နေသူတွေ ၊ လုပ်တတ်ကိုင်တတ်သူတွေ ပါဝင်ဖို့ အရေးကြီးပါတယ်။
နိဂုံးချုပ်အားဖြင့် ဆိုရရင်တော့ အစိုးရအပါအဝင် အန်ဂျီအိုတွေ အိုင်အန်ဂျီအိုတွေအနေနဲ့ နိုင်ငံတကာလေ့လာရေးတွေ၊ သင်တန်းတွေမှာ အမှန်တကယ်အလုပ်လုပ်နေတဲ့ သတင်းသမားတွေပါဖို့ အထူးစီစစ်ပေးသင့်ပါတယ်။ အစိုးရနဲ့ ပုဂ္ဂလိက မီဒီယာတွေကြားမှာလည်း မှန်ကန် မျှတတဲ့ အားပြိုင်မှုတွေဖြစ်ဖို့ ဝိုင်းဝန်းတွန်းအားပေးသင့်တယ်လို့ ဗီအိုအမ် အယ်ဒီတာ အာဘော်ကဏ္ဍကနေ တင်ပြလိုက်ပါတယ်။

အယ်ဒီတာအဖွဲ့
Voice Of Myanmar (VOM)

Zawgyi

တိုုင္းျပည္ဖြံ႕ျဖိဳးဖိုု႕ မီဒီယာက႑ျမင့္တင္ဖိုု႕လိုု

တိုင္းျပည္ရဲ႕ အဓိက မ႑ိဳင္ၾကီး ၃ခုျပီးရင္ က်ေနာ္တို႕ သတင္းသမားေတြဟာ ၄ခုေျမာက္ အေရးၾကီးတဲ႕ မ႑ိဳင္ျဖစ္တာနဲ႕အညီ ျပည္သူေတြကို ပညာေပးဖို႕၊ သတင္းမွန္ေတြ ထုတ္ျပန္ေပးဖို႕ စိတ္ေပ်ာ္ရႊင္မွဳအတြက္ ေဖ်ာ္ေျဖေရးက႑ေတြ ထုတ္လႊင့္ေပးဖို႕ စတာေတြလုပ္ရမယ့္ တာ၀န္ေတြရွိပါတယ္။ အဲလိုရွိတဲ႕ေနရာမွာ က်ေနာ္တို႕က ဘာကိစၥျဖစ္ျဖစ္ ခေရေစ့တြင္းက်သိဖို႕ ႏွံ႕စပ္ဖို႕ က်ြမ္းက်င္လိမၼာဖို႕ အင္မတန္မွအေရးၾကီးပါတယ္။ က်ေနာ္တို႕ မသိပဲ မတတ္ဘဲ သတင္းတင္ျပမိရင္ ျပည္သူရဲ႕ နား၊ မ်က္ေစ့ထဲ အဆိပ္ေတြ ေလာင္းထည့္မိသလိုျဖစ္သြားနုိင္ပါတယ္။ ဒါ့ေၾကာင့္ က်ေနာ္တို႕ သတင္းသမားေတြအေနနဲ႕ ေတာ္ေတာ္ေလး နွံ႕စပ္မွ တတ္ထားမွသာ တန္ယံုဘဲရွိပါမယ္။ ဒါ့ေၾကာင့္ ျပဳျပင္ေျပာင္းလဲေရးစေနတဲ႕ ျမန္မာနိုင္ငံမွာ သတင္းေလာကကို ေရာက္လာမယ့္ ေရာက္ေနတဲ႕ သတင္းသမားေတြကို အရည္အေသြးျမွင့္ေပးဖို႕ အမ်ားၾကီးလိုအပ္ေနပါတယ္။

ဒီလိုအရည္အေသြးျမွင့္ဖို႕အတြက္ နိုင္ငံတကာ အန္ဂ်ီအိုေတြ အိုင္အန္ဂ်ီအိုေတြကေန အေထာက္အပံ႕ေတြေပးျပီး သင္တန္းတခ်ိဳ႕ေပးတာေတြလည္း ျမင္ေနရ ၾကားေနရပါတယ္။ အန္ဂ်ီအိုေတြအေနနဲ႕လည္း အဲဒီေထာက္ပံ႕မွဳေတြက တကယ္လိုအပ္တဲ႕အဖြဲ႕ လိုအပ္ေနတဲ႕သူေတြဆီေရာက္သလား ဘယ္ေလာက္အက်ိဳးရွိသလဲဆိုတာကို ေနာက္ကြယ္ကေန အျမဲစစ္ေဆးေပးေနဖို႕လိုသလို မဆိုင္သူေတြ ၊ ဘမ္းျပစားေနသူေတြလက္ထဲ မေရာက္ဖို႕ သတိထားေပးရပါမယ္။

က်ေနာ္တို႕ တုိင္းျပည္ဖြံ႕ျဖိဳးဖို႕ဆိုရင္ မီဒီယာအခန္းက႑ကို လ်စ္လ်ဳရွဳထားလို႕မရပါဘူး ။ အစိုးရ ၊ သက္ဆုိင္ရာေတြနဲ႕ မီဒီယာဟာ အျပန္အလွန္ေလးစားဖို႕လိုပါတယ္။ တခ်ိဳ႕ေနရာေတြမွာ မီဒီယာသမားဆိုတာ ျပႆနာရွာတတ္တဲ႕ေကာင္ေတြလို႕ျမင္ျပီး မီဒီယာ ဥပေဒမွာ သက္ဆိုင္ရာအေနနဲ႕ သတင္းအခ်က္လက္ခ်ေပးဖို႕၊ ေနရာထိုင္ခင္းေပးဖို႕ပါျပီးျဖစ္ေပမယ့္ မီဒီယာသမားေတြကို တဖက္သတ္အျမင္နဲ႕ ဖယ္ထုတ္ခ်င္တဲ႕ အပိုင္းေတြ ေတြ႕ေနရပါတယ္။ မီဒီယာဆုိတာ အစိုးရနဲ႕ ျပည္သူၾကားေပါင္းကူးတံတားျဖစ္လို႕ ဒီလိုမ်ိဳးေတြ မၾကာခဏလုပ္လာရင္ ေရရွည္မွာ ၂ဦး ၂ဖက္လံုးအတြက္ ဆိုးက်ိဳးဘဲျဖစ္လာနိုင္တယ္လို႕ က်ေနာ္ေျပာလိုပါတယ္။

ေနာက္သက္ဆုိင္ရာ ၀န္ၾကီးဌာနတခ်ိဳ႕က ကိုယ္နဲ႕အဆင္ေျပတဲ႕ သတင္းဌာနကိုေတာ့ အခ်က္လက္ေတြခ်ေပးတာ ေနရာေပးတာေတြလုပ္ျပီး က်န္တဲ႕ မီဒီယာေတြကို ခြဲျခားဆက္ဆံတာမ်ိဳးေတြေတြ႕ေနရပါတယ္။ ( ဥပမာ အစိုးရမီဒီယာနဲ႕ စကိုင္းနက္လိုမ်ိဳးေတြကို သီးျခား အခြင့္ထူးခံေပးေနတာ၊ ေနာက္ အစိုးရဌာနေတြ သတင္းထုတ္ျပန္ခ်က္ အားနည္းတာကလည္း မွ်တတဲ့သတင္းေဖာ္ျပဖုိ႔အတြက္ အခက္အခဲတခုလုိ႔ ျမင္ပါတယ္။ ဒီလိုျဖစ္လို႔ သတင္းေတြက အစိုးရ အာဏာပိုင္ဖက္က အသံမပါတဲ့ တဖက္သတ္သတင္းေတြျဖစ္ေနတာဟာ သတင္းအရည္အေသြး နိမ့္က်ေစ)

ေနာက္ ပဋိပကၡျဖစ္စဥ္ေတြမွာ မီဒီယာကို ရန္သူလို တိုက္ခိုက္လာေတြ လက္ေတြ႕ၾကံဳေနရပါတယ္။ ( ဥပမာ လူမ်ိဳးေရးအဓိကရုဏ္း၊ လက္ပံတန္းျဖစ္စဥ္ ) လံုျခံဳေရး တာ၀န္ရွိသူေတြအေနနဲ႕ သတင္းသမားကို ကာကြယ္ေပးရမယ့္အစား ဒီလိုလုပ္လာတာဟာ ဒုတိယ ဖိလစ္ပိုင္လိုျဖစ္လာမွာ အထူးစိုးရိမ္ပါတယ္။ ဒ့ါေၾကာင့္ မီဒီယာသမားေတြအတြက္ လံုျခံဳေရးအကူအညီလုိပါတယ္။

ေရြးေကာက္ပြဲကလည္း နီးသထက္နီးလာေနျပီျဖစ္လို႕ သတင္းသမားေတြကို ေရြးေကာက္ပြဲဆိုင္ရာသင္တန္း ေရြးေကာက္ပြဲဆိုင္ရာအခ်က္အလက္ေတြ ေကာ္မရွင္နဲ႕ သတင္းသမားတာ၀န္ေတြ စတာေတြ သင္တန္းေပးဖို႕လိုသလို၊ လံုျခံဳေရးသင္တန္းေတြကို အမွန္တကယ္လိုအပ္ေနသူေတြကို ေပးဖို႕လိုအပ္ေနပါတယ္။ ဒါေတြေပးမယ္ဆိုရင္ အရင္ အရိပ္အာ၀ါသကင္းတဲ႕ လြတ္လပ္တဲ႕ အဖြဲ႕ဖြဲ႕ျပီး ပြင့္လင္းျမင္သာမွဳရွိေအာင္ ေပးသင့္တယ္လို႕ အၾကံျပဳခ်င္ပါတယ္။

အစိုးရအေနနဲ႕ မီဒီယာက႑ကို လက္၀ါးၾကီးအုပ္ထားတာေတြ ေလွ်ာ့သင့္ပါတယ္။ ဒီမိုကေရစီနုိင္ငံမွာ အစိုးရနဲ႕ အရပ္ဖက္မီဒီယာ အားျပိဳင္မွဳဟာမွ်တမွဳရွိတာေတြ႕ရမွာပါ။ အစိုးရဖက္ကေတာင္ ပုဂၢလိက မီဒီယာေတြကို ေျမေတာင္ေျမွာက္ေပးရမွာပါ။ ခုေတာ့ ဥပေဒေၾကာင္းအရထည့္ရတဲ႕ ေၾကာ္ျငာေတြ၊ တျခား ကန္႕ကြက္စာေတြကို အစိုးရသတင္းစာမွ တရား၀င္တယ္ဆိုတာမ်ိဳးေတြရွိေနေတာ့ ပုဂလိက မီဒီယာေတြအေနနဲ႕ အားနည္းေစပါတယ္။ က်ေနာ္ဆိုလိုတာက လက္ရည္တူ မွန္ကန္တဲ႕ ယွဥ္ျပိဳင္မွဳမ်ိဳး ေပးဖို႕ ဆိုလိုတာပါ။

မီဒီယာလြတ္လပ္ခြင့္ဆိုတာ ခုမွအကင္းေလးရွိေသးတာမို႕ ပုဂၢလိက မီဒီယာေတြမွားရင္ တစိတ္ရွိ တရားစြဲမယ္ ေထာင္ခ်မယ္ဆိုတာေတြကလည္း တိုးတက္ဖို႕ အဟန္႕အတားေတြျဖစ္ပါတယ္။ ခုမွ သီးပြင့္မလို႕ အားယူေနခ်ိန္ အကင္းကို ျပဳတ္စားလိုက္ေတာ့ ဆက္ျပီး သီးဖို႕ပြင့္ဖို႕ခက္သြားပါတယ္။ အားလံုးနားလည္သေဘာေပါက္လာေအာင္ အခ်ိန္ယူျပီး က်င့္၀တ္ေတြ စည္းကမ္းေတြကို ခ်ျပီျပီးေတာ့ မီဒီယာလြတ္လပ္ခြင့္ကို အသံုးျပဳရာမွာ ျဖစ္လာမယ့္ ဆုိးက်ိဳးေတြနဲ႔ပတ္သက္ၿပီး တာ၀န္ခံဖုိ႔၊ တာ၀န္ယူတဲ႕လူေတြ ျဖစ္လာဖို႕ ျပဳစုပ်ိဳးေထာင္ေပးရမွာပါ။

ဒီလုုိျပဳစုုပ်ိဳးေထာင္ဖိုု႕ မီဒီယာအားလံုုးရဲ႕ကိုုယ္စားျပဳမွဳအဖြဲ႕အစည္းေတြ ကိုုယ္စားလွယ္ေတြလိုုအပ္ပါတယ္။ က်ေနာ္တိုု႕မွာ ရွိျပီးသားျဖစ္တဲ႕ မီဒီယာေကာင္စီဟာ အားလံုုးကိုု ကုိယ္စားျပဳဖိုု႕ လိုုပါတယ္။ ခုု ေကာင္စီဟာ ရန္ကုုန္ကိုုယ္စားျပဳေကာင္စီျဖစ္ျပီး အစုုိးရမ်က္ႏွာကိုုသာၾကည့္ျပီး သတင္းမီဒီယာသမားေတြရဲ႕ လိုုအပ္တဲ႕ ကြက္လပ္ေတြျဖည့္ဖိုု႕ အားနည္းေနတာေတြ႕႕ရမွာပါ။ ဒါ့ေၾကာင့္ မီဒီယာေကာင္စီျပန္လည္ဖြဲ႕စည္းရင္ မီဒီယာမွာ တကယ္လုုပ္ကိုုင္ေနသူေတြ ၊ လုုပ္တတ္ကိုုင္တတ္သူေတြ ပါဝင္ဖိုု႕ အေရးၾကီးပါတယ္။
နိဂံုးခ်ဳပ္အားျဖင့္ ဆိုုရရင္ေတာ့ အစိုးရအပါအ၀င္ အန္ဂ်ီအိုေတြ အိုင္အန္ဂ်ီအိုေတြအေနနဲ႕ နိုင္ငံတကာေလ့လာေရးေတြ၊ သင္တန္းေတြမွာ အမွန္တကယ္အလုပ္လုပ္ေနတဲ႕ သတင္းသမားေတြပါဖို႕ အထူးစီစစ္ေပးသင့္ပါတယ္။ အစိုးရနဲ႕ ပုဂၢလိက မီဒီယာေတြၾကားမွာလည္း မွန္ကန္ မွ်တတဲ႕ အားျပိဳင္မွဳေတြျဖစ္ဖို႕ ၀ိုင္း၀န္းတြန္းအားေပးသင့္တယ္လို႕ ဗီအုုိအမ္ အယ္ဒီတာ အာေဘာ္က႑ကေန တင္ျပလိုုက္ပါတယ္။

အယ္ဒီတာအဖြဲ႕
Voice Of Myanmar (VOM)

Related posts

Leave a Comment

VOM News

FREE
VIEW