ဘင်္ဂလားဒေ့ရှ်ရှိ ပလတ်စတစ်စက်ရုံမီးလောင် လူ ၁၃ ဦးသေဆုံး

ဒါကာ၊ ဒီဇင်ဘာ-၁၃-၂၀၁၉
မျိုးဆက် (VOM)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ပြင်ရှိ တရားမဝင်ပလတ်စတစ်စက်ရုံတစ်ရုံ မီးလောင်ကျွမ်းမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးသွားပြီး လူ ၂၀ နီးပါးမှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒါဏ်ရာတွေရရှိသွားတယ်လို့ ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၁၂ ရက်မှာ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ စက်ရုံအလုပ်ရုံတွေ မီးလောင်မှုဟာ မကြာခဏဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ခြောက်သွေ့တဲ့ရာသီတွေမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှုအားနည်းတာကြောင့် ဖြစ်ပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဒါကာမြို့အနောက်တောင်ဘက် ကီရန်နီဂန့်ရှိ ပလတ်စတစ်စက်ရုံမှာ ဒီဇင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းကစတင်ခဲ့ပြီး စက်ရုံမြေညီထပ်မှတစ်ဆင့် အလျင်အမြန်ကူးစက်လောင်ကျွမ်းခဲ့ပါတယ်။

လက်ရှိအချိန်ထိ လူ ၁၃ ဦးသေဆုံးသွားပြီး သူတို့ထဲက ၁၂ ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားကာ ကျန်တစ်ဦးကတော့ အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးသွားတယ်လို့ ရဲတပ်ဖွဲ့စစ်ဆေးရေးအရာရှိ ဘတ်ချူမီယာကပြောပါတယ်။

စက်ရုံရဲ့ အခန်းတစ်ခုအတွင်းမှ ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ မီးလောင်ကျွမ်းချိန် စက်ရုံမြေညီထပ်မှာ အလုပ်သမား ၁၅၀ ခန့် အလုပ်လုပ်ကိုင်နေတယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီစက်ရုံဟာ တရားမဝင် လုပ်ငန်းလုပ်ကိုင်နေတာဖြစ်ပြီး မီးသတ်သမားတွေဟာ သုံးနာရီကြာငြိမ်းသတ်ပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲ ရှာ့ဇာမန်က ပြောပါတယ်။

Ref : CNA Photo: AFP
#voiceofmyanmar #ဒါကာ #စက်ရုံမီးလောင်

Zawgyi

ဘဂၤလားေဒ႔ရွ္ရိွ ပလတ္စတစ္စက္ရံုမီးေလာင္ လူ ၁၃ ဦးေသဆံုး

ဒါကာ၊ ဒီဇင္ဘာ-၁၃-၂၀၁၉
မ်ိဳးဆက္ (VOM)

ဘဂၤလားေဒ႔ရွ္နိုင္ငံ ဒါကာျမိဳ႕ျပင္ရိွ တရားမ၀င္ပလတ္စတစ္စက္ရံုတစ္ရံု မီးေလာင္ကြ်မ္းမႈေၾကာင္႔ လူ ၁၃ ဦးထက္မနည္းေသဆံုးသြားျပီး လူ ၂၀ နီးပါးမွာ အသက္အႏၱရာယ္စိုးရိမ္ရတဲ႔ ဒါဏ္ရာေတြရရိွသြားတယ္လို႔ ရဲတပ္ဖြဲ႔က ဒီဇင္ဘာ ၁၂ ရက္မွာ ေျပာပါတယ္။

ဘဂၤလားေဒ႔ရွ္မွာ စက္ရံုအလုပ္ရံုေတြ မီးေလာင္မႈဟာ မၾကာခဏျဖစ္ပြားေလ႔ရိွျပီး အထူးသျဖင္႔ ေျခာက္ေသြ႔တဲ႔ရာသီေတြမွာ ေဘးကင္းလံုျခံဳမႈဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြကို လိုက္နာမႈအားနည္းတာေၾကာင္႔ ျဖစ္ပါတယ္။

မီးေလာင္ကြ်မ္းမႈဟာ ဒါကာျမိဳ႕အေနာက္ေတာင္ဘက္ ကီရန္နီဂန္႔ရိွ ပလတ္စတစ္စက္ရံုမွာ ဒီဇင္ဘာ ၁၁ ရက္မြန္းလြဲပိုင္းကစတင္ခဲ႔ျပီး စက္ရံုေျမညီထပ္မွတစ္ဆင္႔ အလ်င္အျမန္ကူးစက္ေလာင္ကြ်မ္းခဲ႔ပါတယ္။

လက္ရိွအခ်ိန္ထိ လူ ၁၃ ဦးေသဆံုးသြားျပီး သူတို႔ထဲက ၁၂ ဦးမွာ ေဆးကုသမႈခံယူေနစဥ္ ေသဆံုးသြားကာ က်န္တစ္ဦးကေတာ႔ အခင္းျဖစ္ရာေနရာမွာပဲ ေသဆံုးသြားတယ္လို႔ ရဲတပ္ဖြဲ႔စစ္ေဆးေရးအရာရိွ ဘတ္ခ်ဴမီယာကေျပာပါတယ္။

စက္ရံုရဲ႕ အခန္းတစ္ခုအတြင္းမွ က်ယ္ေလာင္တဲ႔ ေပါက္ကြဲသံနဲ႔အတူ မီးေလာင္ကြ်မ္းခ်ိန္ စက္ရံုေျမညီထပ္မွာ အလုပ္သမား ၁၅၀ ခန္႔ အလုပ္လုပ္ကိုင္ေနတယ္လို႔ ရဲတပ္ဖြဲ႔ကေျပာပါတယ္။

အဲဒီစက္ရံုဟာ တရားမ၀င္ လုပ္ငန္းလုပ္ကိုင္ေနတာျဖစ္ျပီး မီးသတ္သမားေတြဟာ သံုးနာရီၾကာျငိမ္းသတ္ျပီးေနာက္ မီးကို ထိန္းခ်ဳပ္နုိင္ခဲ႔တယ္လို႔ ေဒသဆိုင္ရာ ရဲတပ္ဖြဲ႔အၾကီးအကဲ ရွာ႔ဇာမန္က ေျပာပါတယ္။

Ref : CNA Photo: AFP
#voiceofmyanmar #ဒါကာ #စက္ရံုမီးေလာင္

Related posts

Leave a Comment

VOM News

FREE
VIEW