လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိရေးအတွက် ကျေးရွာ ၁၂ ရွာက တောင်သူတွေဆန္ဒပြ

ဟုမ္မလင်း၊ ဒီဇင်ဘာ ၁၃-၂၀၁၉
အောင်ကြီး (VOM)

ဟုမ္မလင်းမြို့နယ်မှာ လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ရရှိရေး၊ မြေနုကျွန်းဥပဒေနဲ့အညီ စိုက်ပျိုးချိန်အမှီ ခွဲဝေချထားရေး ၊ အလုပ်သမားရုံးပြန်လည်ရရှိရေးအတွက် ဟုမ္မလင်းမြို့နယ်က တောင်သူတွေဟာ ဒီကနေ့နေလည်ပိုင်းက ဟုမ္မလင်းမြို့ပေါ်မှာ တောင်သူအင်အား(၂၀၀)နဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဟုမ္မလင်းမြို့နယ်က ကုန်တင်ကုန်ချ အလုပ်သမားများ၊ ညောင်ပင်သာကျေးရွာအုပ်စု၊ မှန်ပင်၊ မှန်ပင်ကျွန်း၊ ပုံနွှဲ့၊ ထုံမာတဲ၊ လှိုင်မဆန်၊ မန်မော်၊ နောင်မဟတ်ကျေးရွာအပါအဝင် စုစုပေါင်း ကျေးရွာ ၁၂ ရွာက ဒေသခံတောင်သူတွေ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

”ပုံစံ-၇ ပြုလုပ်ရာမှာ အဂတိလိုက်စားမှုတွေရှိတဲ့အတွက် ပုံစံ-၇ ထုတ်လို့မရတာတွေ ရှိနေပါတယ်။ မြစ် ဘေးချောင်းဘေးနေတဲ့ ကျေးရွာတွေမှာ မြေနုကျွန်းတွေ နှစ်စဉ်ပေါ်ထွက်နေတာကို မြေနုကျွန်း ဥပဒေနဲ့အညီ လယ်မဲ့ယာမဲ့ဆင်းရဲသားတွေကို ခွဲဝေမပေးပါဘူး။ စာမျိုးစုံ တင်ပြတောင်းခံပေမယ့် လက်သိပ်ထိုးလုပ်ကိုင်ခွင့် ပေးနေပါတယ်။ ယခုနှစ်စိုက်ပျိုးရေးရာသီမှာ မြေမဲ့ယာမဲ့တောင်သူတွေကိ ုအချိန်မှီခွဲပေးရေး၊ အချိန်မှီ စိုက် ပျိုးခွင့်ရရေးနဲ့ ဘိုးဘွားပိုင် လက်ထက်ကတည်းက စိုက်ပျိုးမြေတွေကို ပုံစံ-၇အခုထိ ထုတ်လို့မရသေးတာတွေ ရှိနေပါတယ်။ ပုံစံ-၇ မရှိလို့ စိုက်စရိတ်ချေးငွေထုတ်လို့မရဘူး။ အပြင်မှာ အတိုးကြီးကြီး၊ စပါးတင်းတိုးတွေနဲ့ ကြိုတင် ဈေးနှိမ်ခံပြီးရောင်းနေရတယ်။ ဒါကြောင့်တောင်သူတွေ ဆင်းရဲတွင်းက မလွတ်နိုင်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီနေ့တောင်သူတွေစုပေါင်းပြီး ဆန္ဒဖော်ထုတ်ရတာပါ”လို့ ဆန္ဒပြပွဲဦးဆောင်သူ တောင်သူဦးအောင်မင်းက ပြောပါတယ်။

မြေနုကျွန်းပြသနာတွေနဲ့ပတ်သက်ပြီး မြေယာအဂတိလိုက်မှုများရှိခဲ့တာကို၂၀၁၈ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဟုမ္မလင်းမြို့ခရီးစဉ်မှာလည်း တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတိုင်စာတွေကို စစ်ဆေးတဲ့အခါ ၄ နှစ်ခန့် မြေနုကျွန်းကို မမှန်မကန် ပုံစံ(၇)ထုတ် ပေးထားတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ခုချိန်ထိလည်း မြေနုကျွန်းဥပဒေအတိုင်း ချထားပေးခြင်း မရှိသေးဘူးလို့ ဟုမ္မလင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာမှာနေတဲ့ တောင်သူတွေကပြောပါတယ်။

”ကျေးရွာလယ်/စီ ဥက္ကဌက မြေနုကျွန်းမြေများကို ရန်ပုံငွေဆိုပြီး အကြောင်းပြအကွက်ရိုက်ပြီး ကျပ် (၅)သောင်း၊ ကျပ်(၂)သောင်း၊ ကျပ် (၁)သောင်း၊ ကျပ် (၅)ထောင်တွေ သတ်မှတ်ပြီး ရောင်းစားနေပါတယ်။ မြေနုကျွန်းမြေကို တရားဝင်လျှောက်လွှာနဲ့ တင်တောင်းထားပါလျှက်၊ တောင်းတဲ့သူတွေကို မပေးဘူး။ မြေနု ကျွန်းဥပဒေမှာ လယ်မဲ့ယာမဲ့ တောင်သူလုပ်သားတွေကို အခမဲ့ဦးစားပေးပြီး ပေးရမယ်လို့ ပြဌာန်းထားပါတယ်။ တကယ်တမ်း မြေမဲ့ယာမဲ့ လျှောက်တဲ့အခါကျတော့ မပေးဘူး။ ကျေးရွာလယ်စီ ဥက္ကဌနှင့် အဆင်ပြေတဲ့သူတွေပဲ ရနေတယ်။ ကျွန်တော်တို့ မှန်ပင်ကျွန်းကျေးရွာမှာ ပုံစံ(၇)မြေ နဲ့ ဆက်စပ်ပြီး ချင်းတွင်း လက်ကြား ရေလယ်ခေါင်မှာပေါ်ထွန်းနေတဲ့ မြေနုကျွန်းရှိတယ်။ မြေနုလျှောက် ထားသူနှင့်ပုံစံ(၇)ကိုင်ဆောင်ထားသူများ နှစ်စဉ်နဲ့အမျှ အငြင်းပွားလျှက်ရှိတဲ့အတွက်၊ မလိုလားအပ်တဲ့ ပြသနာများဖြစ်လာမှာကို စိုးရိမ်ပြီး ပုံစံ(၇)မြေကို တိကျမှန်ကန်စွာ စီစစ်ပေးဖို့ မြေစာ ရင်းဌာနကို စာတင်ထားပေမယ့် စီစစ်ပေးခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့ဟာ ညောင်ပင်သာကျေးရွာအုပ်စု၊ မှန်ပင်ကျေးရွာအုပ်စု၊ မှန်ပင်ကျွန်းရွာမှာ ချက်မြုပ ဇာတိ လယ်မဲ့ယာမဲ့ တောင်သူများဖြစ်တယ်။ ကျေးရွာလူကြီးအဆက်ဆက် ကျွန်တော်တို့ ဒေသခံတောင်သူတွေကို မြေနုခွဲတန်းမပါဘူးဆိုတာ မရှိခဲ့ဖူးဘူး။ ယခု ကျေးရွာလယ်/စီ ဥက္ကဌကျမှ ကျွန်တော်တို့ကိုမပေးဘူး။ ဥက္ကဌကျတော့ (၅)ကွက ်(၆)စိုက်တယ်။ ကျွန်တော်တို့က တန်းတူအခွင့်အရေး ရရှိရေးအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်”လို့ မှန်ပင်ကျွန်းကျေးရွာနေ တောင်သူဦးမောင်ကျော်ကပြောပါတယ်။

ဒီကနေ့ ဆန္ဒပြပွဲမှာ တောင်သူတွေက အလုပ်သမားရုံးနဲ့ ပတ်သက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်) အမိန့်စာ ရုတ်သိမ်းပေးရေး၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ရေး၊ အများပြည်သူနှင့်ဆိုင်သော အလုပ်သမား ရုံးပြန်လည်ရရှိရေး၊ မြေနုကျွန်းများ စိုက်ပျိုးချိန်အမှီ ခွဲဝေပေးရေး၊ မြေစာရင်းဌာန အဂတိလိုက်စားမှုများ ဖော်ထုတ်အရေးယူပေးရေး စတဲ့ကြွေးကြော်သံတွေနဲ့ မြို့အတွင်း လှည့် လည်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ဟုမ္မလင်း #တောင်သူ #ဆန္ဒပြ

Zawgyi

လယ္ယာေျမလုပ္ပိုင္ခြင့္ ပံုစံ(၇)ရရွိေရးအတြက္ ေက်းရြာ ၁၂ ရြာက ေတာင္သူေတြဆႏၵျပ

ဟုမၼလင္း၊ ဒီဇင္ဘာ ၁၃-၂၀၁၉
ေအာင္ႀကီး (VOM)

ဟုမၼလင္းၿမိဳ႕နယ္မွာ လယ္ယာေျမလုပ္ပိုင္ခြင့္ ပံုစံ(၇)ရရွိေရး၊ ေျမနုကြ်န္းဥပေဒနဲ႔အညီ စိုက္ပ်ိဳးခ်ိန္အမီွ ခြဲေဝခ်ထားေရး ၊ အလုပ္သမားရံုးျပန္လည္ရရွိေရးအတြက္ ဟုမၼလင္းၿမိဳ႕နယ္က ေတာင္သူေတြဟာ ဒီကေန႔ေနလည္ပိုင္းက ဟုမၼလင္းၿမိဳ႕ေပၚမွာ ေတာင္သူအင္္အား(၂၀၀)နဲ့ ဆႏၵျပခဲ့ၾကပါတယ္။

ဟုမၼလင္းၿမိဳ႕နယ္က ကုန္တင္ကုန္ခ် အလုပ္သမားမ်ား၊ ေညာင္ပင္သာေက်းရြာအုပ္စု၊ မွန္ပင္၊ မွန္ပင္ကြ်န္း၊ ပုံႏႊဲ႕၊ ထံုမာတဲ၊ လိွုင္မဆန္၊ မန္ေမာ္၊ ေနာင္မဟတ္ေက်းရြာအပါအဝင္ စုစုေပါင္း ေက်းရြာ ၁၂ ရြာက ေဒသခံေတာင္သူေတြ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

”ပံုစံ-၇ ျပဳလုပ္ရာမွာ အဂတိလိုက္စားမွုေတြရိွတဲ့အတြက္ ပံုစံ-၇ ထုတ္လို႔မရတာေတြ ရွိေနပါတယ္။ ျမစ္ ေဘးေခ်ာင္းေဘးေနတဲ့ ေက်းရြာေတြမွာ ေျမနုကြ်န္းေတြ နွစ္စဥ္ေပၚထြက္ေနတာကို ေျမနုကြ်န္း ဥပေဒနဲ႔အညီ လယ္မဲ့ယာမဲ့ဆင္းရဲသားေတြကို ခြဲေ၀မေပးပါဘူး။ စာမ်ိဳးစံု တင္ျပေတာင္းခံေပမယ့္ လက္သိပ္ထိုးလုပ္ကိုင္ခြင့္ ေပးေနပါတယ္။ ယခုနွစ္စိုက္ပ်ိုးေရးရာသီမွာ ေျမမဲ့ယာမဲ့ေတာင္သူေတြကိ ုအခ်ိန္မွီခြဲေပးေရး၊ အခ်ိန္မီွ စိုက္ ပ်ိုးခြင့္ရေရးနဲ႔ ဘိ္ုးဘြားပိုင္ လက္ထက္ကတည္းက စိုက္ပ်ိဳးေျမေတြကို ပံုစံ-၇အခုထိ ထုတ္လို႔မရေသးတာေတြ ရွိေနပါတယ္။ ပံုစံ-၇ မရွိလို႔ စိုက္စရိတ္ေခ်းေငြထုတ္လို႔မရဘူး။ အျပင္မွာ အတိုးႀကီးႀကီး၊ စပါးတင္းတိုးေတြနဲ႔ ႀကိဳတင္ ေဈးနွိမ္ခံျပီးေရာင္းေနရတယ္။ ဒါေျကာင့္ေတာင္သူေတြ ဆင္းရဲတြင္းက မလြတ္နိုင္ျဖစ္ေနပါတယ္။ ဒါေျကာင့္ ဒီေန့ေတာင္သူေတြစုေပါင္းျပီး ဆႏၵေဖာ္ထုတ္ရတာပါ”လို႔ ဆႏၵျပပြဲဦးေဆာင္သူ ေတာင္သူဦးေအာင္မင္းက ေျပာပါတယ္။

ေျမနုကြ်န္းျပသနာေတြနဲ႔ပတ္သက္ျပီး ေျမယာအဂတိလိုက္မွုမ်ားရွိခဲ့တာကို၂၀၁၈ခုနွစ္က နိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုျကည္ရဲ႕ ဟုမၼလင္းျမိဳ႕ခရီးစဥ္မွာလည္း တုိင္ျကားခဲ့တယ္လို႔ သိရပါတယ္။

အဲ့ဒီတိုင္စာေတြကို စစ္ေဆးတဲ့အခါ ၄ နွစ္ခန္႔ ေျမနုကြ်န္းကို မမွန္မကန္ ပံုစံ(၇)ထုတ္ ေပးထားတယ္လုိ႔ စစ္ေဆးေပၚေပါက္ခဲ့ၿပီး ခုခ်ိန္ထိလည္း ေျမနုကြ်န္းဥပေဒအတိုင္း ခ်ထားေပးျခင္း မရွိေသးဘူးလုိ႔ ဟုမၼလင္းၿမိဳ႕နယ္၊ ေညာင္ပင္သာေက်းရြာမွာေနတဲ့ ေတာင္သူေတြကေျပာပါတယ္။

”ေက်းရြာလယ္/စီ ဥကၠဌက ေျမနုကြ်န္းေျမမ်ားကို ရန္ပုံေငြဆိုျပီး အေၾကာင္းျပအကြက္ရိုက္ျပီး က်ပ္ (၅)ေသာင္း၊ က်ပ္(၂)ေသာင္း၊ က်ပ္ (၁)ေသာင္း၊ က်ပ္ (၅)ေထာင္ေတြ သတ္မွတ္ျပီး ေရာင္းစားေနပါတယ္။ ေျမနုကြ်န္းေျမကို တရား၀င္ေလွ်ာက္လႊာနဲ႔ တင္ေတာင္းထားပါလွ်က္၊ ေတာင္းတဲ့သူေတြကို မေပးဘူး။ ေျမနု ကြ်န္းဥပေဒမွာ လယ္မဲ့ယာမဲ့ ေတာင္သူလုပ္သားေတြကို အခမဲ့ဦးစားေပးျပီး ေပးရမယ္လို႔ ျပဌာန္းထားပါတယ္။ တကယ္တမ္း ေျမမဲ့ယာမဲ့ ေလွ်ာက္တဲ့အခါက်ေတာ့ မေပးဘူး။ ေက်းရြာလယ္စီ ဥကၠဌနွင့္ အဆင္ေျပတဲ့သူေတြပဲ ရေနတယ္။ ကြ်န္ေတာ္တို႔ မွန္ပင္ကြ်န္းေက်းရြာမွာ ပုံစံ(၇)ေျမ နဲ႔ ဆက္စပ္ျပီး ခ်င္းတြင္း လက္ၾကား ေရလယ္ေခါင္မွာေပၚထြန္းေနတဲ့ ေျမနုကြ်န္းရွိတယ္။ ေျမနုေလွ်ာက္ ထားသူနွင့္ပုံစံ(၇)ကိုင္ေဆာင္ထားသူမ်ား နွစ္စဥ္နဲ႔အမွ် အျငင္းပြားလွ်က္ရွိတဲ့အတြက္၊ မလိုလားအပ္တဲ့ ျပသနာမ်ားျဖစ္လာမွာကို စိုးရိမ္ျပီး ပုံစံ(၇)ေျမကို တိက်မွန္ကန္စြာ စီစစ္ေပးဖို႔ ေျမစာ ရင္းဌာနကို စာတင္ထားေပမယ့္ စီစစ္ေပးျခင္းမရွိခဲ့ပါဘူး။ ကြ်န္ေတာ္တို႔ဟာ ေညာင္ပင္သာေက်းရြာအုပ္စု၊ မွန္ပင္ေက်းရြာအုပ္စု၊ မွန္ပင္ကြ်န္းရြာမွာ ခ်က္ျမဳပ ဇာတိ လယ္မဲ့ယာမဲ့ ေတာင္သူမ်ားျဖစ္တယ္။ ေက်းရြာလူႀကီးအဆက္ဆက္ ကြ်န္ေတာ္တို႔ ေဒသခံေတာင္သူေတြကို ေျမနုခြဲတန္းမပါဘူးဆိုတာ မရွိခဲ့ဖူးဘူး။ ယခု ေက်းရြာလယ္/စီ ဥကၠဌက်မွ ကြ်န္ေတာ္တို႔ကိုမေပးဘူး။ ဥကၠဌက်ေတာ့ (၅)ကြက ္(၆)စိုက္တယ္။ ကြ်န္ေတာ္တို႔က တန္းတူအခြင့္အေရး ရရွိေရးအတြက္ ဆႏၵထုတ္ေဖာ္ရျခင္းျဖစ္တယ္”လုိ႔ မွန္ပင္ကၽြန္းေက်းရြာေန ေတာင္သူဦးေမာင္ေက်ာ္ကေျပာပါတယ္။

ဒီကေန႔ ဆႏၵျပပြဲမွာ ေတာင္သူေတြက အလုပ္သမားရံုးနဲ႔ ပတ္သက္ျပီး အေထြေထြအုပ္ခ်ုပ္ေရးဦးစီးဌာန(ရံုးခ်ုပ္) အမိန္႔စာ ရုတ္သိမ္းေပးေရး၊ စစ္ကိုင္းတိုင္းေဒသႀကီးအစိုးရအဖြဲ့၏ ဆံုးျဖတ္ခ်က္သာလွ်င္ အတည္ျဖစ္ေရး၊ အမ်ားျပည္သူနွင့္ဆိုင္ေသာ အလုပ္သမား ရံုးျပန္လည္ရရွိေရး၊ ေျမနုကြ်န္းမ်ား စိုက္ပ်ိဳးခ်ိန္အမွီ ခြဲေ၀ေပးေရး၊ ေျမစာရင္းဌာန အဂတိလိုက္စားမွုမ်ား ေဖာ္ထုတ္အေရးယူေပးေရး စတဲ့ေၾကြးေၾကာ္သံေတြနဲ႔ ျမိဳ႕အတြင္း လွည့္ လည္ကာ ဆႏၵျပခဲ့ၾကတာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ဟုမၼလင္း #ေတာင္သူ #ဆႏၵျပ

Related posts

Leave a Comment

VOM News

FREE
VIEW