အပစ်ရပ်လက်မှတ်ထိုးဖို့ KIA ဘက်က ရာနှုန်းပြည့်အာမခံတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ယုံကြည်

နမ့်ဆန်ယန်၊ ဒီဇင်ဘာ ၁၄-၂၀၁၉
ရန်အောင်ထွန်း (VOM)

ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအားလုံး နေရပ်ပြန်နိုင်ရေးအတွက် တပ်မတော်နဲ့ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (Biletral) လက်မှတ်ထိုးဖို့ KIA ဘက်က ရာနှုန်းပြည့်အာမခံတယ်လို့ ကချင်ပြည်နယ်ကနေ ပထမဦးဆုံး စစ်ဘေးရှောင်တွေ နေရပ်ပြန်တဲ့ နမ့်ဆန်ယန်ရွာသားတွေရဲ့ပြောကြားချက်အရ သိရပါတယ်။

မြစ်ကြီးနားမြို့ Plamn Spring Hotel မှာ ဒီဇင်ဘာ ၆ ရက်က ပြုလုပ်တဲ့ “နမ့်ဆန်ယန်နေရပ်ပြန် စစ်ရှောင်ပြည်သူများ၏ အတွေ့အကြုံကို ဆန်းစစ်ကြည့်ခြင်း အစီရင်ခံစာတင်ပြခြင်း” အခမ်းအနားမှာ နန်ဆမ်ယန်ကျေးရွာ ကျောင်းထိုင်ဘုန်းတော်ကြီး ဖာသာဂေါ့လိုယုံဝါ ကပြောခဲ့တာဖြစ်ပါတယ်။

ဖာသာအနေနဲ့ ဘယ်အစည်းအဝေးမှာ ပြောတယ်ဆိုတာ အတိအကျမပြောလိုပေမဲ့၊ KIA ဘက်ကတော့ တစ်ရာ ရာခိုင်နှုန်းပါ၊ ဖာသာတို့သိတယ်၊ အခုဒီမှာပဲ‌ပြောလိုက်ရအောင်၊ KIO အနေနဲ့ကတော့ အခုဒီမှာ IDP တွေ တရွရွဖြစ်နေပြီ ၊ အဲ့ဒါကြောင့်မို့ ဒီ IDPတွေကို ဘယ်လိုပြန်ခိုင်းမလည်း သူတို့ကတော့ အပစ်ရပ် (Biletral) လက်မှတ်ထိုးပြီးတော့မှ IDPတွေ အကုန်လုံးပြန်ပို့ရအောင် ၊ ပြီးလို့ရှိလျှင် အစိုးရနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်ရအောင်၊ ဒါသူတို့ ဆုံးဖြတ်ထားပြီးသား။ အဲ့ဒါကြောင့် ကေအိုင်အိုအနေနဲ့က‌တော့ လျှာရှည်ပြီး လာတိုက်တော့မှာ မဟုတ်ဘူး။ အဲ့ဒါကြောင့် အာမခံချက်ရှိတာလို့ ပြောတာပေါ့နော် ၊ တပ်မတော်ဘက်က လာလို့ ပြန်ခုခံတာတော့ ဖြစ်နိုင်တာပေါ့ ၊ သူ့ဘက်ကနေပြီးတော့မှ နယ်မြေလိုလို့ပဲဖြစ်ဖြစ် နိုင်ငံရေးအကြောင်းပြပြီး ဝင်တိုက်တာ‌တွေ လုပ်မှာမဟုတ်တော့ဘူး အစီအစဉ်မရှိပါဘူးပေါ့ ၊ သူတို့က မူချထားပြီးသား အခုကတော့ ငြိမ်းချမ်းရေးဘက်ကိုလှမ်းသွားဖို့ပဲ ” လို့ ဖာသာ ဂေါ့လိုယုံဝါက ပြောပါတယ်။

အဲ့ဒီအကြောင်းကို တိတိကျကျသိရဖို့ KIAဘက်က ဗိုလ်မှူးကြီး နော်ဘူကို ဖုန်းနဲ့ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

နန်ဆမ်ယန်ကျေးရွာက နေရပ်ပြန်တွေအရေး ဆောင်ရွက်ပေးနေတဲ့ ဦးဖော်လားကံဖန်ကလည်း ” ကျနော်တို့ လမ်းဆုံလမ်းခွကို ရောက်နေပြီလို့ မြင်တယ်။ အခု ပြည်နယ်ရဲ့ အနေအထားပေါ့လေ ၊ အပစ်ရပ်စဲရေးလက်မှတ်ကို ထိုးလိုက်မှဖြစ်မယ်။ ထိုးကိုထိုးရမယ်လို့ ယူဆတယ်။ ဘာကြောင့်လည်းဆိုတော့ နှစ်ဖက်သော လက်နက်ကိုင်အဖွဲ့သည် တိုက်တာခိုက်တာလည်း အာဏာကုန်ပေါ့နော်၊ သာလွန်အင်အားသုံးပြီး နှစ်ဖက်လုံးတိုက်ခဲ့ပြီးပါပြီ၊ ဘယ်သူမှ အရှုံးအမြတ်မပေါ်ပါဘူး၊ နေ့တိုင်းနေ့တိုင်းရှုံးနေတာက ( IDP ) တိုက်ပွဲရှောင်ပြည်သူတွေပါ ။ လူသားအရင်းအမြစ်ကအစ အားလုံးဆူံရှုံးနေတာ ၊ ဒါကြောင့် အပစ်ရပ်လက်မှတ်ထိုးပြီးတော့မှ လိုချင်တာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ကြိုးစားပြီးတော့မှ တောင်းယူရမယ့်အနေအထားလို့ အန်ကယ့်အနေနဲ့ ယူဆတယ် ” လို့ ပြောပါတယ်။

၂၀၁၁ ခုနှစ်ကစပြီး တစ်ကျော့်ပြန်ဖြစ်လာတဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား အပြစ်အခတ်ရပ်စဲမှုအဖြစ်၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှာ တပ်မတော်ဘက်က ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသတွေကို တစ်ဘက်သက် အပစ်ရပ်စဲကြောင်း ကြေငြာခဲ့ပြီး ၂၀၁၉ စက်တင်ဘာမှာ ကြေငြာချက်ကာလ ကုန်ဆုံးခဲ့ပါတယ်။

၂၀၁၉ ဧပြီလ ၃၀ အထိ ထုတ်ပြန်ထားတဲ့ (UNOCHA) ရဲ့ စာရင်းဇယားအရ ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ ၂၀၁၆ ခုနှစ်နောက်ပိုင်း မှာ စစ်ရှိန်မြင့်လာမှုကြောင့် စစ်ရှောင်စခန်းပေါင်း ၁၆၉ ခုရှိပြီး စစ်ရှောင်အရေအတွက် (၁၀၆၅၃၇) တစ်သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ နမ့်ဆန်ယန်ကျေးရွာကို စစ်ဘေးရှောင်ပြည်သူ အိမ်ထောင်စု ၁၀၀နီးပါး ရောက်ရှိနေထိုင်နေပြီး နောက်ထပ်လည်း အိမ်ထောင်စု ၈၀နီးပါးလောက် လာရောက်နေထိုင်ဖို့ လုပ်နေကြတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #နမ့်ဆန်ယန် #စစ်ဘေးရှောင်

Zawgyi

အပစ္ရပ္လက္မွတ္ထိုးဖို႔ KIA ဘက္က ရာႏႈန္းျပည့္အာမခံတယ္လို႔ စစ္ေဘးေရွာင္ျပည္သူေတြက ယံုၾကည္

နမ့္ဆန္ယန္၊ ဒီဇင္ဘာ ၁၄-၂၀၁၉
ရန္ေအာင္ထြန္း (VOM)

ကခ်င္ျပည္နယ္က စစ္ေဘးေရွာင္ျပည္သူေတြအားလုံး ေနရပ္ျပန္ႏိုင္ေရးအတြက္ တပ္မေတာ္နဲ႔ ႏွစ္ဖက္အပစ္အခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (Biletral) လက္မွတ္ထိုးဖို႔ KIA ဘက္က ရာႏႈန္းျပည့္အာမခံတယ္လို႔ ကခ်င္ျပည္နယ္ကေန ပထမဦးဆံုး စစ္ေဘးေရွာင္ေတြ ေနရပ္ျပန္တဲ့ နမ့္ဆန္ယန္ရြာသားေတြရဲ႕ေျပာၾကားခ်က္အရ သိရပါတယ္။

ျမစ္ႀကီးနားၿမိဳ႕ Plamn Spring Hotel မွာ ဒီဇင္ဘာ ၆ ရက္က ျပဳလုပ္တဲ့ “နမ့္ဆန္ယန္ေနရပ္ျပန္ စစ္ေရွာင္ျပည္သူမ်ား၏ အေတြ႕အႀကဳံကို ဆန္းစစ္ၾကည့္ျခင္း အစီရင္ခံစာတင္ျပျခင္း” အခမ္းအနားမွာ နန္ဆမ္ယန္ေက်း႐ြာ ေက်ာင္းထိုင္ဘုန္းေတာ္ႀကီး ဖာသာေဂါ့လိုယုံဝါ ကေျပာခဲ့တာျဖစ္ပါတယ္။

ဖာသာအေနနဲ႔ ဘယ္အစည္းအေဝးမွာ ေျပာတယ္ဆိုတာ အတိအက်မေျပာလိုေပမဲ့၊ KIA ဘက္ကေတာ့ တစ္ရာ ရာခိုင္ႏႈန္းပါ၊ ဖာသာတို႔သိတယ္၊ အခုဒီမွာပဲ‌ေျပာလိုက္ရေအာင္၊ KIO အေနနဲ႔ကေတာ့ အခုဒီမွာ IDP ေတြ တ႐ြ႐ြျဖစ္ေနၿပီ ၊ အဲ့ဒါေၾကာင့္မို႔ ဒီ IDPေတြကို ဘယ္လိုျပန္ခိုင္းမလည္း သူတို႔ကေတာ့ အပစ္ရပ္ (Biletral) လက္မွတ္ထိုးၿပီးေတာ့မွ IDPေတြ အကုန္လုံးျပန္ပို႔ရေအာင္ ၊ ၿပီးလို႔ရွိလွ်င္ အစိုးရနဲ႔ ႏိုင္ငံေရးေဆြးေႏြးပြဲေတြ လုပ္ရေအာင္၊ ဒါသူတို႔ ဆုံးျဖတ္ထားၿပီးသား။ အဲ့ဒါေၾကာင့္ ေကအိုင္အိုအေနနဲ႔က‌ေတာ့ လွ်ာရွည္ၿပီး လာတိုက္ေတာ့မွာ မဟုတ္ဘူး။ အဲ့ဒါေၾကာင့္ အာမခံခ်က္ရွိတာလို႔ ေျပာတာေပါ့ေနာ္ ၊ တပ္မေတာ္ဘက္က လာလို႔ ျပန္ခုခံတာေတာ့ ျဖစ္ႏိုင္တာေပါ့ ၊ သူ႔ဘက္ကေနၿပီးေတာ့မွ နယ္ေျမလိုလို႔ပဲျဖစ္ျဖစ္ ႏိုင္ငံေရးအေၾကာင္းျပၿပီး ဝင္တိုက္တာ‌ေတြ လုပ္မွာမဟုတ္ေတာ့ဘူး အစီအစဥ္မရွိပါဘူးေပါ့ ၊ သူတို႔က မူခ်ထားၿပီးသား အခုကေတာ့ ၿငိမ္းခ်မ္းေရးဘက္ကိုလွမ္းသြားဖို႔ပဲ ” လို႔ ဖာသာ ေဂါ့လိုယုံဝါက ေျပာပါတယ္။

အဲ့ဒီအေၾကာင္းကို တိတိက်က်သိရဖို႔ KIAဘက္က ဗိုလ္မႉးႀကီး ေနာ္ဘူကို ဖုန္းနဲ႔ဆက္သြယ္ရာမွာေတာ့ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

နန္ဆမ္ယန္ေက်း႐ြာက ေနရပ္ျပန္ေတြအေရး ေဆာင္႐ြက္ေပးေနတဲ့ ဦးေဖာ္လားကံဖန္ကလည္း ” က်ေနာ္တို႔ လမ္းဆုံလမ္းခြကို ေရာက္ေနၿပီလို႔ ျမင္တယ္။ အခု ျပည္နယ္ရဲ႕ အေနအထားေပါ့ေလ ၊ အပစ္ရပ္စဲေရးလက္မွတ္ကို ထိုးလိုက္မွျဖစ္မယ္။ ထိုးကိုထိုးရမယ္လို႔ ယူဆတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ ႏွစ္ဖက္ေသာ လက္နက္ကိုင္အဖြဲ႕သည္ တိုက္တာခိုက္တာလည္း အာဏာကုန္ေပါ့ေနာ္၊ သာလြန္အင္အားသုံးၿပီး ႏွစ္ဖက္လုံးတိုက္ခဲ့ၿပီးပါၿပီ၊ ဘယ္သူမွ အရႈံးအျမတ္မေပၚပါဘူး၊ ေန႔တိုင္းေန႔တိုင္းရႈံးေနတာက ( IDP ) တိုက္ပြဲေရွာင္ျပည္သူေတြပါ ။ လူသားအရင္းအျမစ္ကအစ အားလုံးဆူံရႈံးေနတာ ၊ ဒါေၾကာင့္ အပစ္ရပ္လက္မွတ္ထိုးၿပီးေတာ့မွ လိုခ်င္တာကို ႏိုင္ငံေရးစားပြဲဝိုင္းမွာ ႀကိဳးစားၿပီးေတာ့မွ ေတာင္းယူရမယ့္အေနအထားလို႔ အန္ကယ့္အေနနဲ႔ ယူဆတယ္ ” လို႔ ေျပာပါတယ္။

၂၀၁၁ ခုႏွစ္ကစၿပီး တစ္ေက်ာ့္ျပန္ျဖစ္လာတဲ့ တပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ေတြအၾကား အျပစ္အခတ္ရပ္စဲမႈအျဖစ္၂၀၁၆ ခုႏွစ္ ဒီဇင္ဘာ ၂၁ ရက္မွာ တပ္မေတာ္ဘက္က ကခ်င္ျပည္နယ္နဲ႔ ရွမ္းေျမာက္ေဒသေတြကို တစ္ဘက္သက္ အပစ္ရပ္စဲေၾကာင္း ေၾကျငာခဲ့ၿပီး ၂၀၁၉ စက္တင္ဘာမွာ ေၾကျငာခ်က္ကာလ ကုန္ဆုံးခဲ့ပါတယ္။

၂၀၁၉ ဧၿပီလ ၃၀ အထိ ထုတ္ျပန္ထားတဲ့ (UNOCHA) ရဲ႕ စာရင္းဇယားအရ ကခ်င္ျပည္နယ္နဲ႔ ရွမ္းေျမာက္ေဒသမွာ ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း မွာ စစ္ရွိန္ျမင့္လာမႈေၾကာင့္ စစ္ေရွာင္စခန္းေပါင္း ၁၆၉ ခုရွိၿပီး စစ္ေရွာင္အေရအတြက္ (၁၀၆၅၃၇) တစ္သိန္းေက်ာ္ရွိတယ္လို႔ သိရပါတယ္။

လက္ရိွမွာ နမ့္ဆန္ယန္ေက်းရြာကို စစ္ေဘးေရွာင္ျပည္သူ အိမ္ေထာင္စု ၁၀၀နီးပါး ေရာက္ရိွေနထိုင္ေနျပီး ေနာက္ထပ္လည္း အိမ္ေထာင္စု ၈၀နီးပါးေလာက္ လာေရာက္ေနထိုင္ဖို႔ လုပ္ေနၾကတယ္လို႔ ေဒသခံေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

#voiceofmyanmar #VOM #နမ့္ဆန္ယန္ #စစ္ေဘးေရွာင္

Related posts

Leave a Comment

VOM News

FREE
VIEW