အိန္ဒိယတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများအရှိန်မြင့်ဖြစ်ပေါ်နေ

အိန္ဒိယတွင် နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အပေါ် ကန့်ကွက်ဆန္ဒပြမှုများအရှိန်မြင့်ဖြစ်ပေါ်နေ

ဒေလီ၊ ဒီဇင်ဘာ-၁၆-၂၀၁၉
မျိုးဆက် (VOM)

နိုင်ငံအတွင်းနေထိုင်နေကြတဲ့ ဒုက္ခသည်တွေနဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အပေါ် အိန္ဒိယရှိမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေအရှိန်မြင့်ဖြစ်ပေါ်နေပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား အဓိကရုဏ်းတွေလည်း ဖြစ်ပွားနေပါတယ်။

နိုင်ငံသားဖြစ်ခွင့်ဥပဒေသစ်အရ ဘာသာရေးဖိနှိပ်မှုတွေနဲ့ ရင်ဆိုင်နေရပါက မွတ်စလင်အများစုနေထိုင်ရာ နိုင်ငံသုံးနိုင်ငံက မွတ်စလင်မဟုတ်တဲ့ ဒုက္ခသည်တွေကို နိုင်ငံသားဖြစ်ခွင့်ပြုထားပါတယ်။

မြို့တော်ဒေလီမှာတော့ ဆန္ဒပြသူတွေဟာ ကားတွေကိုမီးရှို့ပြီး လမ်းတွေကိုပိတ်ဆို့ထားတာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး ဖမ်းဆီးမှုတွေလည်း လုပ်ဆောင်နေပါတယ်။
အဲဒီဥပဒေကိုအတည်ပြုလိုက်တာကြောင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတစ်လျှောက် ဆန္ဒပြမှုတွေဖြစ်ပေါ်နေပါတယ်။ ဥပဒေဟာ မွတ်စလင်ဆန့်ကျင်ရေးဖြစ်တယ်လို့ ဝေဖန်သူအချို့က ပြောဆိုကြသလို အချို့ကလည်း အထူးသဖြင့်နယ်စပ်ဒေသတွေမှာ ဒုက္ခသည်တွေအများအပြား ဝင်ရောက်လာမှာကို စိုးရိမ်နေကြပါတယ်။

ငါးရက်ကြာ မငြိမ်မသက်ဆန္ဒပြမှုတွေအတွင်း လူခြောက်ဦးသေဆုံးသွားပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ အနောက်ဘန်ဂေါပြည်နယ်က ဆန္ဒပြသူတွေဟာ အာသံပြည်နယ်မှာရှိတဲ့ အဓိကအဝေးပြေးလမ်းမကြီးကို ပိတ်ထားခဲ့ကြပြီး ပြည်သူတွေအနေနဲ့ မဖြစ်မနေလိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့ နေဝင်မီးငြိမ်းအမိန့်ထုတ်ထားတာကို ခေတ္တရုပ်သိမ်းပေးခဲ့ပါတယ်။

မငြိမ်မသက်မှုတွေကြောင့် ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့က သူတို့နိုင်ငံသားတွေကို အိန္ဒိယနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို ခရီးသွာလာတာတွေရှောင်ရှားကြဖို့ သတိပေးချက်ထုတ်ပြန်ထားပါတယ်။

Ref : BBC
Photo: Getty Images
#voiceofmyanmar #အိန္ဒိယ #နိုင်ငံသားဖြစ်ခွင့်ဥပဒေ

Zawgyi

အိႏိၵယတြင္ နိုင္ငံသားျဖစ္ခြင္႔ဥပေဒသစ္အေပၚ ကန္႔ကြက္ဆႏၵျပမႈမ်ားအရိွန္ျမင္႔ျဖစ္ေပၚေန

ေဒလီ၊ ဒီဇင္ဘာ-၁၆-၂၀၁၉
မ်ိဳးဆက္ (VOM)

နိုင္ငံအတြင္းေနထို္င္ေနၾကတဲ႔ ဒုကၡသည္ေတြနဲ႔ပတ္သက္ျပီး အျငင္းပြားဖြယ္နိုင္ငံသားျဖစ္ခြင္႔ဥပေဒသစ္အေပၚ အိႏိၵယရိွျမိဳ႕ၾကီးေတြမွာ ဆႏၵျပပြဲေတြအရိွန္ျမင္႔ျဖစ္ေပၚေနျပီး ဆႏၵျပသူေတြနဲ႔ ရဲတပ္ဖြဲ႔တို႔အၾကား အဓိကရုဏ္းေတြလည္း ျဖစ္ပြားေနပါတယ္။

နုိင္ငံသားျဖစ္ခြင္႔ဥပေဒသစ္အရ ဘာသာေရးဖိနွိပ္မႈေတြနဲ႔ ရင္ဆိုင္ေနရပါက မြတ္စလင္အမ်ားစုေနထိုင္ရာ နုိင္ငံသံုးနုိင္ငံက မြတ္စလင္မဟုတ္တဲ႔ ဒုကၡသည္ေတြကို နိုင္ငံသားျဖစ္ခြင္႔ျပဳထားပါတယ္။

ျမိဳ႕ေတာ္ေဒလီမွာေတာ႔ ဆႏၵျပသူေတြဟာ ကားေတြကိုမီးရိႈ႕ျပီး လမ္းေတြကိုပိတ္ဆို႔ထားတာေၾကာင္႔ ရဲတပ္ဖြဲ႔က မ်က္ရည္ယိုဗံုးေတြအသံုးျပဳျပီး ဖမ္းဆီးမႈေတြလည္း လုပ္ေဆာင္ေနပါတယ္။
အဲဒီဥပေဒကိုအတည္ျပဳလိုက္တာေၾကာင္႔ အိႏိၵယနိုင္ငံ ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္းတစ္ေလွ်ာက္ ဆႏၵျပမႈေတြျဖစ္ေပၚေနပါတယ္။ ဥပေဒဟာ မြတ္စလင္ဆန္႔က်င္ေရးျဖစ္တယ္လို႔ ေ၀ဖန္သူအခ်ိဳ႕က ေျပာဆိုၾကသလို အခ်ိဳ႕ကလည္း အထူးသျဖင္႔နယ္စပ္ေဒသေတြမွာ ဒုကၡသည္ေတြအမ်ားအျပား ၀င္ေရာက္လာမွာကို စိုးရိမ္ေနၾကပါတယ္။

ငါးရက္ၾကာ မျငိမ္မသက္ဆႏၵျပမႈေတြအတြင္း လူေျခာက္ဦးေသဆံုးသြားျပီျဖစ္ပါတယ္။ ျပီးခဲ႔တဲ႔ တနဂၤေႏြေန႔မွာေတာ႔ အေနာက္ဘန္ေဂါျပည္နယ္က ဆႏၵျပသူေတြဟာ အာသံျပည္နယ္မွာရိွတဲ႔ အဓိကအေ၀းေျပးလမ္းမၾကီးကို ပိတ္ထားခဲ႔ၾကျပီး ျပည္သူေတြအေနနဲ႔ မျဖစ္မေနလိုအပ္တဲ႔ ပစၥည္းေတြ၀ယ္ယူဖို႔ ေန၀င္မီးျငိမ္းအမိန္႔ထုတ္ထားတာကို ေခတၱရုပ္သိမ္းေပးခဲ႔ပါတယ္။

မျငိမ္မသက္မႈေတြေၾကာင္႔ ျဗိတိန္၊ အေမရိကန္နဲ႔ ကေနဒါနိုင္ငံတို႔က သူတို႕နုိင္ငံသားေတြကို အိႏိၵယနုိင္ငံ ေျမာက္ပိုင္းနဲ႔ အေရွ႕ပိုင္းေတြကို ခရီးသြာလာတာေတြေရွာင္ရွားၾကဖို႔ သတိေပးခ်က္ထုတ္ျပန္ထားပါတယ္။

Ref : BBC
Photo: Getty Images
#voiceofmyanmar #အိႏၵိယ #နိုုင္ငံသားျဖစ္ခြင့္ဥပေဒ

Related posts

Leave a Comment

VOM News

FREE
VIEW