မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ တရုတ်နဲ့ရုရှားအဆိုပြု

ကုလသမဂ္ဂ၊ ဒီဇင်ဘာ-၁၇-၂၀၁၉
မျိုးဆက် (VOM)

မြောက်ကိုရီးယားကနေတင်ပို့တဲ့ ပင်လယ်စာနဲ့ အဝတ်အထည်တွေအပါအဝင် ပို့ကုန်ကဏ္ဍမှာ အရေးယူ ပိတ်ဆို့ထားတာတွေကို ရုပ်သိမ်းပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တရုတ်နဲ့ ရုရှားတို့က ဒီဇင်ဘာ ၁၆ ရက်မှာ အဆိုပြုခဲ့ပြီး ဒီလိုလုပ်ဆောင်တာဟာ အမေရိကန်နဲ့ မြောက်ကိုရီးယားတို့အကြား ဆွေးနွေးပွဲတွေကို အထောက်အကူဖြစ်ရန်ရည်ရွယ်တယ်လို့ ရုရှားကပြောပါတယ်။

ဒါ့အပြင် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်နေတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေအပေါ် ပိတ်ပင်ထားတာတွကို ရုပ်သိမ်းဖို့နဲ့ လာမယ့်သီတင်းပတ်မှာ ပြည်ပကအလုပ်သမားများ နေရပ်ပြန်ဖို့ နောက်ဆုံးသတ်မှတ်ထားတဲ့ ၂၀၁၇ ခုနှစ်ကဆုံးဖြတ်ချက်ကိုလည်း အဆုံးသတ်ဖို့် တရုတ်နဲ့ရုရှားတို့က တင်သွင်းတဲ့ ဆုံးဖြတ်ချက်မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

အဲဒီဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် ၁၅ နိုင်ငံပါ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဘယ်အချိန်မှာ မဲခွဲဆုံးဖြတ်မယ်ဆိုတာကို ရှင်းရှင်းလင်းလင်းမသိရသေးပါဘူ။ ဆုံးဖြတ်ချက်အားအတည်ပြုဖို့ ထောက်ခံမဲကိုးမဲလိုအပ်နေပါတယ်။

မြောက်ကိုရီးယားဟာ ရန်လိုမှုတွေမြင့်တက်စေတဲ့ ခြိမ်းခြောက်မှုတွေလုပ်ဆောင်ခြင်း၊ နျူကလီးယားဆွေးနွေးပွဲတွေပြုလုပ်ဖို့ ငြင်းဆန်ခြင်း၊ တားမြစ်လက်နက်တွေ၊ နျူကလီးယားနဲ့ ဒုံးပျံအစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေချိန်မှာ အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ လုံခြုံရေးကောင်စီအနေနဲ့ စဉ်းစားရမယ့်အချိန်မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားနဲ့ ဒုံးပျံအစီအစဉ်တွေကို စွန့်လွှတ်သည်အထိ ကုလသမဂ္ဂအနေနဲ့ အရေးယူပိတ်ဆို့မှုတွေကို မရုပ်သိမ်းသင့်ဘူးလို့ အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့က ထောက်ပြပြောဆိုထားကြပါတယ်။

Ref : CNA Photo: Reuters
#VOM #voiceofmyanmar #ကုလသမဂ္ဂ #မြောက်ကိုရီးယား #ပိတ်ဆို့မှု

Zawgyi

ေျမာက္ကိုရီးယားအေပၚ ကုလသမဂၢရဲ႕အေရးယူပိတ္ဆို႕မႈေတြ ရုပ္သိမ္းဖို႔ တရုတ္နဲ႔ရုရွားအဆိုျပဳ

ကုလသမဂၢ၊ ဒီဇင္ဘာ-၁၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ေျမာက္ကိုရီးယားကေနတင္ပို႔တဲ႔ ပင္လယ္စာနဲ႔ အ၀တ္အထည္ေတြအပါအ၀င္ ပို႔ကုန္က႑မွာ အေရးယူ ပိတ္ဆို႔ထားတာေတြကို ရုပ္သိမ္းေပးဖို႔ ကုလသမဂၢလုံျခံဳေရးေကာင္စီကို တရုတ္နဲ႔ ရုရွားတို႕က ဒီဇင္ဘာ ၁၆ ရက္မွာ အဆိုျပဳခဲ႔ျပီး ဒီလိုလုပ္ေဆာင္တာဟာ အေမရိကန္နဲ႔ ေျမာက္ကိုရီးယားတို႔အၾကား ေဆြးေႏြးပြဲေတြကို အေထာက္အကူျဖစ္ရန္ရည္ရြယ္တယ္လို႔ ရုရွားကေျပာပါတယ္။

ဒါ႔အျပင္ နိုင္ငံရပ္ျခားမွာ အလုပ္လုပ္ကိုင္ေနတဲ႔ ေျမာက္ကိုရီးယားနုိင္ငံသားေတြအေပၚ ပိတ္ပင္ထားတာတြကို ရုပ္သိမ္းဖို႔နဲ႔ လာမယ့္သီတင္းပတ္မွာ ျပည္ပကအလုပ္သမားမ်ား ေနရပ္ျပန္ဖို႔ ေနာက္ဆံုးသတ္မွတ္ထားတဲ႔ ၂၀၁၇ ခုနွစ္ကဆံုးျဖတ္ခ်က္ကိုလည္း အဆံုးသတ္ဖို႔္ တရုတ္န႔ဲရုရွားတို႔က တင္သြင္းတဲ႔ ဆံုးျဖတ္ခ်က္မူၾကမ္းမွာ တိုက္တြန္းထားပါတယ္။

အဲဒီဆံုးျဖတ္ခ်က္မူၾကမ္းကို အဖြဲ႔၀င္ ၁၅ နိုင္ငံပါ ကုလသမဂၢလံုျခံဳေရးေကာင္စီက ဘယ္အခ်ိန္မွာ မဲခြဲဆံုးျဖတ္မယ္ဆိုတာကိုို ရွင္းရွင္းလင္းလင္းမသိရေသးပါဘူ။ ဆံုးျဖတ္ခ်က္အားအတည္ျပဳဖို႔ ေထာက္ခံမဲကိုးမဲလိုအပ္ေနပါတယ္။

ေျမာက္ကိုရီးယားဟာ ရန္လိုမႈေတြျမင္႔တက္ေစတဲ႔ ျခိမ္းေျခာက္မႈေတြလုပ္ေဆာင္ျခင္း၊ န်ဴကလီးယားေဆြးေႏြးပြဲေတြျပဳလုပ္ဖို႔ ျငင္းဆန္ျခင္း၊ တားျမစ္လက္နက္ေတြ၊ န်ဴကလီးယားနဲ႔ ဒံုးပ်ံအစီအစဥ္ေတြကို ဆက္လက္လုပ္ေဆာင္ေနခ်ိန္မွာ အေရးယူပိတ္ဆို႔မႈေတြ ရုပ္သိမ္းဖို႔ လံုျခံဳေရးေကာင္စီအေနနဲ႔ စဥ္းစားရမယ္႔အခ်ိန္မဟုတ္ဘူးလို႔ အေမရိကန္နုိင္ငံျခားေရး၀န္ၾကီးဌာနက တာဝန္ရိွသူတစ္ဦးကေျပာပါတယ္။

ေျမာက္ကိုရီးယားဟာ သူ႔ရဲ႕ န်ဴကလီးယားနဲ႔ ဒံုးပ်ံအစီအစဥ္ေတြကို စြန္႔လႊတ္သည္အထိ ကုလသမဂၢအေနနဲ႔ အေရးယူပိတ္ဆို႔မႈေတြကို မရုပ္သိမ္းသင္႔ဘူးလို႔ အေမရိကန္၊ ျဗိတိန္နွင္႔ ျပင္သစ္နုိင္ငံတို႔က ေထာက္ျပေျပာဆိုထားၾကပါတယ္။

Ref : CNA Photo: Reuters
#VOM #voiceofmyanmar #ကုလသမဂၢ #ေျမာက္ကိုရီးယား #ပိတ္ဆို႔မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW