သမ္မတဟောင်း ဗိုလ်ချုပ်ကြီးမူရှာရက်ဖ်ကို ပါကစ္စတန်တရားရုံးက သေဒါဏ်ချ

အစ္စလာမ္မဘတ်၊ ဒီဇင်ဘာ-၁၇-၂၀၁၉
မျိုးဆက် (VOM)

ပါကစ္စတန်သမ္မတဟောင်း ဗိုလ်ချုပ်ကြီးပါဗက်မူရှာရက်ဖ်ကို မြို့တော်အစ္စလာမ္မဘတ်မှာ အထူးတရားရုံးက ကြားနာမှုပြုလုပ်ပြီးနောက် သေဒါဏ်ချမှတ်လိုက်ပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက သူ့အပေါ်ဆိုင်းငံ့ထားခဲ့တဲ့ နိုင်ငံတော်ပုန်ကန်မှု စွဲချက်အပေါ် အဖွဲ့ဝင်သုံးဦးပါတဲ့ အထူးတရားရုံးက အမိန့်ချလိုက်တာဖြစ်ပါတယ်။

မစ္စတာမူရှာရက်ဖ်ဟာ ပါကစ္စတန်နိုင်ငံမှာ ၁၉၉၉ ခုနှစ်အတွင်း စစ်အာဏာသိမ်းခဲ့ပြီး ၂၀၀၁ ခုနှစ်ကနေ ၂၀၀၈ ခုနှစ်အထိ သမ္မတတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ ဆေးဝါးကုသဖို့အတွက် သူ့ကိုပါကစ္စတန်ကနေ ထွက်ခွာခွင့်ပြုပြီးနောက် လက်ရှိအချိန်ထိ ဒူဘိုင်းမှာနေထိုင်လျက်ရှိပါတယ်။

သူ့အပေါ် နိုင်ငံတော်ပုန်ကန်ကြောင်း စွဲချက်တွေဟာ သူ့ရဲ့ရာထူးသက်တမ်းကိုတိုးဖို့ရည်ရွယ်ပြီး ၂၀၀၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆိုင်းငံ့ကာ အရေးပေါ်အုပ်ချုပ်ရေးဥပဒေပြဌာန်းခဲ့တာတွေနဲ့ ဆက်စပ်နေပါတယ်။

သူဟာ ပါကစ္စတန်နိုင်ငံမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ရန်လုပ်ဆောင်ခြင်းအတွက် တရားစွဲဆိုခံရတဲ့ ပထမဆုံး အာဏာသိမ်းခေါင်းဆောင်တစ်ဦးလည်းဖြစ်ပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar # ပါကစ္စတန် #သမ္မတဟောင်း #သေဒဏ်

Zawgyi

သမၼတေဟာင္း ဗိုလ္ခ်ဳပ္ၾကီးမူရွာရက္ဖ္ကို ပါကစၥတန္တရားရံုးက ေသဒါဏ္ခ်

အစၥလာမၼဘတ္၊ ဒီဇင္ဘာ-၁၇-၂၀၁၉
မ်ိဳးဆက္ (VOM)

ပါကစၥတန္သမၼတေဟာင္း ဗုိလ္ခ်ဳပ္ၾကီးပါဗက္မူရွာရက္ဖ္ကို ျမိဳ႕ေတာ္အစၥလာမၼဘတ္မွာ အထူးတရားရံုးက ၾကားနာမႈျပဳလုပ္ျပီးေနာက္ ေသဒါဏ္ခ်မွတ္လိုက္ပါတယ္။

၂၀၁၃ ခုနွစ္ကတည္းက သူ႔အေပၚဆိုင္းငံ့ထားခဲ႔တဲ႔ နိုင္ငံေတာ္ပုန္ကန္မႈ စြဲခ်က္အေပၚ အဖြဲ႔ဝင္သံုးဦးပါတဲ႔ အထူးတရားရံုးက အမိန္႔ခ်လိုက္တာျဖစ္ပါတယ္။

မစၥတာမူရွာရက္ဖ္ဟာ ပါကစၥတန္နိုင္ငံမွာ ၁၉၉၉ ခုနွစ္အတြင္း စစ္အာဏာသိမ္းခဲ႔ျပီး ၂၀၀၁ ခုနွစ္ကေန ၂၀၀၈ ခုနွစ္အထိ သမၼတတာ၀န္ထမ္းေဆာင္ခဲ႔သူျဖစ္ပါတယ္။

၂၀၁၆ ခုနွစ္မွာေတာ႔ ေဆး၀ါးကုသဖို႔အတြက္ သူ႔ကိုပါကစၥတန္ကေန ထြက္ခြာခြင္႔ျပဳျပီးေနာက္ လက္ရိွအခ်ိန္ထိ ဒူဘိုင္းမွာေနထိုင္လ်က္ရိွပါတယ္။

သူ႔အေပၚ နိုင္ငံေတာ္ပုန္ကန္ေၾကာင္း စြဲခ်က္ေတြဟာ သူ႕ရဲ႕ရာထူးသက္တမ္းကိုတိုးဖို႔ရည္ရြယ္ျပီး ၂၀၀၇ ခုနွစ္ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ဆိုင္းငံ့ကာ အေရးေပၚအုပ္ခ်ဳပ္ေရးဥပေဒျပဌာန္းခဲ႔တာေတြနဲ႔ ဆက္စပ္ေနပါတယ္။

သူဟာ ပါကစၥတန္နိုင္ငံမွာေတာ႔ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ပယ္ဖ်က္ရန္လုပ္ေဆာင္ျခင္းအတြက္ တရားစြဲဆိုခံရတ႔ဲ႔ ပထမဆံုး အာဏာသိမ္းေခါင္းေဆာင္တစ္ဦးလည္းျဖစ္ပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar # ပါကစၥတန္ #သမၼတေဟာင္း #ေသဒဏ္

Related posts

Leave a Comment

VOM News

FREE
VIEW