အင်ဒိုနီးရှားမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၄ ဦးသေဆုံး

အင်ဒိုနီးရှားမှာ ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၂၄ ဦးသေဆုံး

ဂျကာတာ၊ ဒီဇင်ဘာ-၂၄-၂၀၁၉
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ချောက်တစ်ခုအတွင်းသို့ ဘတ်စ်ကားတစ်စင်း တိမ်းမှောက်ထိုးကျသွားတာကြောင့် လူ ၂၄ ဦးထက်မနည်းသေဆုံးပြီး ၁၃ ဦးဒါဏ်ရာရရှိသွားတယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့ကပြောပါတယ်။

ခရီးသည်အများအပြားတင်ဆောင်ထားတဲ့ အဲဒီဘတ်စ်ကားဟာ ဒီဇင်ဘာ ၂၃ ရက်ညသန်းခေါင်းမတိုင်မီ တောင်ဆူမားတြားပြည်နယ်ရှိ ပေ ၅၀၀ အနက်ရှိချောက်အတွင်းတိမ်းမှောက်သွားပြီးနောက် မြစ်အတွင်းကျသွားတယ်လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဒိုလီဂူမာရာက ဒီဇင်ဘာ ၂၄ ရက်မှာပြောပါတယ်။

ဘတ်စ်ကားဟာ ချောက်အတွင်းသို့မကျမီ ကွန်ကရစ်လမ်းအရံအတားတွေနဲ့လည်း တိုက်မိခဲ့ပြီး လူအချို့မှာ ဘတ်စ်ကားအတွင်း ပိတ်မိနေဆဲဖြစ်ကြောင်း သူကဆက်လက်ပြောဆိုပါတယ်။
ထိခိုက်ဒါဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေကို ရှာဖွေကယ်ဆယ်ဖို့ အဖွဲ့တွေကို ဖြန့်ကြက်ထားပြီး ဒါဏ်ရာရရှိသူတွေကို ဆေးရုံသို့တင်ပို့ထားပါတယ်။မတော်တဆမှုဟာ ပါဂါအလမ်မြို့အနီး ဝေးလံခေါင်သီပြီး မတ်စောက်တဲ့ ဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ အဟန့်အတားများဖြစ်ပေါ်ခဲ့ရပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ အသုံးပြုနေတဲ့ ဘတ်စ်ကားတွေဟောင်းနွမ်းခြင်း၊ ပြုပြင်ထိန်းသိမ်းမှု နည်းပါးခြင်းနဲ့ လမ်းစည်းကမ်းများကို လိုက်နာမှုမရှိသောကြောင့် လမ်းမတော်တဆမတွေ မကြာမခဏဆိုသလိုဖြစ်ပွား လေ့ရှိပါတယ်။ စက်တင်ဘာလအတွင်းကလည်း အနောက်ဂျာဗားပြည်နယ် ဆူကာဘူမီဒေသမှာ ချောက်အတွင်းသို့ ဘတ်စ်ကားတစ်စီးတိမ်းမှောက်သွားခြင်းကြောင့် လူ ၂၁ ဦးသေဆုံးခဲ့ပါတယ်။

Ref : CNA
Photo :AFP

#voiceofmyanmar #VOM #အင်ဒိုနီးရှားကားမှောက်

Zawgyi

အင္ဒိုနီးရွားမွာ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္္မႈေၾကာင္႔ လူ ၂၄ ဦးေသဆံုး

ဂ်ကာတာ၊ ဒီဇင္ဘာ-၂၄-၂၀၁၉
မ်ိဳးဆက္ (VOM)

အင္ဒိုနီးရွားနုိင္ငံမွာ ေခ်ာက္တစ္ခုအတြင္းသုိ႔ ဘတ္စ္ကားတစ္စင္း တိမ္းေမွာက္ထိုးက်သြားတာေၾကာင္႔ လူ ၂၄ ဦးထက္မနည္းေသဆံုးျပီး ၁၃ ဥိီးဒါဏ္ရာရရိွသြားတယ္လို႔ အင္ဒိုနီးရွား ရဲတပ္ဖြဲ႔ကေျပာပါတယ္။

ခရီးသည္အမ်ားအျပားတင္ေဆာင္ထားတဲ႔ အဲဒီဘတ္စ္ကားဟာ ဒီဇင္ဘာ ၂၃ ရက္ညသန္းေခါင္းမတိုင္မီ ေတာင္ဆူမားၾတားျပည္နယ္ရိွ ေပ ၅၀၀ အနက္ရိွေခ်ာက္အတြင္းတိမ္းေမွာက္သြားျပီးေနာက္ ျမစ္အတြင္းက်သြားတယ္လို႔ ေဒသဆိုင္ရာရဲတပ္ဖြဲ႔ေျပာေရးဆိုခြင္႔ရိွသူ ဒိုလီဂူမာရာက ဒီဇင္ဘာ ၂၄ ရက္မွာေျပာပါတယ္။

ဘတ္စ္ကားဟာ ေခ်ာက္အတြင္းသို႔မက်မီ ကြန္ကရစ္လမ္းအရံအတားေတြနဲ႔လည္း တိုက္မိခဲ႔ျပီး လူအခ်ိဳ႕မွာ ဘတ္စ္ကားအတြင္း ပိတ္မိေနဆဲျဖစ္ေၾကာင္း သူကဆက္လက္ေျပာဆိုပါတယ္။
ထိခိုက္ဒါဏ္ရာရရိွသူေတြန႔ဲ ေသဆံုးသူေတြကို ရွာေဖြကယ္ဆယ္ဖို႔ အဖြဲ႔ေတြကို ျဖန္႔ၾကက္ထားျပီး ဒါဏ္ရာရရိွသူေတြကို ေဆးရံုသို႔တင္ပို႔ထားပါတယ္။မေတာ္တဆမႈဟာ ပါဂါအလမ္ျမိဳ႕အနီး ေ၀းလံေခါင္သီျပီး မတ္ေစာက္တဲ႔ ေဒသမွာ ျဖစ္ပြားခဲ႔တာျဖစ္ျပီး ကယ္ဆယ္ေရးလုပ္ငန္းေတြလုပ္ေဆာင္ရာမွာ အဟန္႔အတားမ်ားျဖစ္ေပၚခဲ႔ရပါတယ္။

အင္ဒိုနီးရွားနုိင္ငံမွာ အသံုးျပဳေနတဲ႔ ဘတ္စ္ကားေတြေဟာင္းႏြမ္းျခင္း၊ ျပဳျပင္ထိန္းသိမ္းမႈ နည္းပါးျခင္းနဲ႔ လမ္းစည္းကမ္းမ်ားကို လိုက္နာမႈမရိွေသာေၾကာင္႔ လမ္းမေတာ္တဆမေတြ မၾကာမခဏဆိုသလိုျဖစ္ပြား ေလ႔ရိွပါတယ္။ စက္တင္ဘာလအတြင္းကလည္း အေနာက္ဂ်ာဗားျပည္နယ္ ဆူကာဘူမီေဒသမွာ ေခ်ာက္အတြင္းသို႔ ဘတ္စ္ကားတစ္စီးတိမ္းေမွာက္သြားျခင္းေၾကာင္႔ လူ ၂၁ ဥိီးေသဆံုးခဲ႔ပါတယ္။

Ref : CNA
Photo :AFP

#voiceofmyanmar #VOM #အင္ဒိုုနီးရွားကားေမွာက္

Related posts

Leave a Comment

VOM News

FREE
VIEW