စစ်ပွဲတွေငြိမ်းလို့ကျင်းပတဲ့ မနောင်ပွဲမျိုး ပြုလုပ်ချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြော

စစ်ပွဲတွေငြိမ်းလို့ကျင်းပတဲ့ မနောင်ပွဲမျိုး ပြုလုပ်ချင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပြော

မြစ်ကြီးနား- ဇန်နဝါရီ ၁၀-၂၀၂၀
ရန်အောင်ထွန်း(VOM)

ပြည်နယ်သူပြည်နယ်သားတွေကို ငြိမ်းချမ်းရေးရပြီး လုံခြုံအေးမြမှု ပေးနိုင်တဲ့ မနောင်ပွဲမျိုး လုပ်ပေးနိုင်ချင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဇန်နဝါရီ ၁၀ ရက် မြစ်ကြီးနားမြို့ မှာ ပြောခဲ့ပါတယ် ။

ကချင်ပြည်နယ်က အစပြုခဲ့တဲ့ ပြည်ထောင်စုဆွေး‌နွေးမှုကို ညီညီညွတ်ညွတ် အကောင်အထည်ဖော်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပြောတဲ့အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အယုံအကြည်မရှိတာက အဖျက်ဖြစ်နိုင်တာကြောင့် ယုံကြည်မှုတည်ဆောက်ဖို့က အရေးကြီးတယ်လို့ ကချင်ပြည်နယ် ဒေသခံ ဒေါ်ခါးသောန်က ပြောပါတယ် ။

မိုးညှင်းဒေသခံတစ်ဦးကတော့ ငြိမ်းချမ်းရေးလုပ်ငန်းကို တစ်ယောက်တစ်ပေါက် လုပ်နေရင် မရနိုင်ပဲ အတိုင်ပင်ခံပြောသလို စုပေါင်းဆောင်ရွက်မှ အဆင်ပြေမယ်လို့ ဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဇန်နဝါရီ ၉ ရက်နံနက်ပိုင်းက မြစ်ကြီးနားမြို့ကို ရောက်ရှိလာခဲ့ပြီး ကချင်နှစ်ခြင်းခရစ္စယာန်အသင်းတော်(KBC)တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မွန်းလွဲပိုင်းမှာမြို့တော်ခန်းမမှာကချင်ပြည်နယ် ဒေသခံတွေကို တွေ့ဆုံခဲ့ပါတယ် ။
ဇန်နဝါရီ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၂ နှစ်မြောက် ကချင်ပြည်နယ်နေ့ကို တက်ရောက်ဖွင့်လှစ်ခဲ့ပြီး မနောင်ပွဲ ပါဝင်ခဲ့ပါတယ်။

#voiceofmyanmar #VOM #မနောင်ပွဲ

 

စစ္ပြဲေတြၿငိမ္းလို႔က်င္းပတဲ့ မေနာင္ပြဲမ်ိဳး ျပဳလုပ္ခ်င္ေၾကာင္း ႏိုင္ငံေတာ္အတိုင္ပင္ခံေျပာ

ျမစ္ႀကီးနား- ဇန္နဝါရီ ၁၀-၂၀၂၀
ရန္ေအာင္ထြန္း(VOM)

ျပည္နယ္သူျပည္နယ္သားေတြကို ၿငိမ္းခ်မ္းေရးရၿပီး လုံၿခဳံေအးျမမႈ ေပးႏိုင္တဲ့ မေနာင္ပြဲမ်ိဳး လုပ္ေပးႏိုင္ခ်င္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ဇန္နဝါရီ ၁၀ ရက္ ျမစ္ႀကီးနားၿမိဳ႕ မွာ ေျပာခဲ့ပါတယ္ ။

ကခ်င္ျပည္နယ္က အစျပဳခဲ့တဲ့ ျပည္ေထာင္စုေဆြး‌ေႏြးမႈကို ညီညီၫြတ္ၫြတ္ အေကာင္အထည္ေဖာ္ဖို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံေျပာတဲ့အေပၚမွာ တစ္ေယာက္နဲ႔ တစ္ေယာက္ အယုံအၾကည္မရွိတာက အဖ်က္ျဖစ္ႏိုင္တာေၾကာင့္ ယုံၾကည္မႈတည္ေဆာက္ဖို႔က အေရးႀကီးတယ္လို႔ ကခ်င္ျပည္နယ္ ေဒသခံ ေဒၚခါးေသာန္က ေျပာပါတယ္ ။

မိုးညႇင္းေဒသခံတစ္ဦးကေတာ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းကို တစ္ေယာက္တစ္ေပါက္ လုပ္ေနရင္ မရႏိုင္ပဲ အတိုင္ပင္ခံေျပာသလို စုေပါင္းေဆာင္႐ြက္မွ အဆင္ေျပမယ္လို႔ ဆိုပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဇန္နဝါရီ ၉ ရက္နံနက္ပိုင္းက ျမစ္ႀကီးနားၿမိဳ႕ကို ေရာက္ရွိလာခဲ့ၿပီး ကခ်င္ႏွစ္ျခင္းခရစၥယာန္အသင္းေတာ္(KBC)တာဝန္ရွိသူေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ မြန္းလြဲပိုင္းမွာၿမိဳ႕ေတာ္ခန္းမမွာကခ်င္ျပည္နယ္ ေဒသခံေတြကို ေတြ႕ဆုံခဲ့ပါတယ္ ။
ဇန္နဝါရီ ၁၀ ရက္ေန႔မွာ က်ေရာက္တဲ့ ၇၂ ႏွစ္ေျမာက္ ကခ်င္ျပည္နယ္ေန႔ကို တက္ေရာက္ဖြင့္လွစ္ခဲ့ၿပီး မေနာင္ပြဲ ပါဝင္ခဲ့ပါတယ္။

#voiceofmyanmar #VOM #မေနာင္ပြဲ

Related posts

Leave a Comment

VOM News

FREE
VIEW