ဆေးရုံဆေးခန်းက စွန့်ပစ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတဲ့အဆင့်မရောက်ဘဲ ပြန်လည်အသုံးပြုနေတာကိုတွေ့ရ

ရန်ကုန်၊ဇန်နဝါရီ ၁၁-၂၀၂၀
သိဂီ ၤ(VOM)

ဆေးရုံဆေးခန်းကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေဟာ အန္တရာယ်ရှိတဲ့အတွက် မီးရှို့ဖျက်ဆီးဖို့ ဥပဒေမှာလည်းပြဌာန်းထားပေမယ့် တကယ်တမ်းလက်တွေ့မှာတော့ နေ့စဉ်စွန့်ပစ်ပစ္စည်း တစ်ဝက်လောက်ဟာ မီးရှို့ဖျက်ဆီးတဲ့ အဆင့်မရောက်ဘဲ ပြန်လည်အသုံးပြုနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီကနေ သိရပါတယ်။

ဒီလို အန္တရာယ်ရှိပစ္စည်းတွေကို မီးရှို့မဖျက်ဆီးဘဲ ပျောက်ဆုံးပြုလုပ်ပြီး ပြန်အသုံးပြုတာတွေကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက စစ်ဆေးတွေ့ရှိခဲ့ပေမယ့်လည်း ဒီပြဿနာကိုဖြေရှင်းဖို့ အစိုးရမှာ ပိုက်ဆံမရှိသေးတဲ့အတွက် ဂျအေး သူ့အမေရိုက်သလိုဖြစ်နေတယ်လို့ ကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကပြောပါတယ်။

” ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်ကို တိုင်းလွှတ်တော်ဥက္ကဋ္ဌကနေတဆင့် အစိုးရကိုတင်ပြတယ်။ တင်ပြလည်း ဘာမှထူးခြားလာမှာမဟုတ်ဘူး။ ဘာမှပြင်ဆင်လာမှာလည်း မဟုတ်ဘူး။ဒီလိုအခြေအနေမှာ ရှိပါတယ်။ အုတ်နံရံလေးထဲမှာထည့်ပြီး မီးရှို့တဲ့အခြေအနေကလွဲ ဘာမှကိုမတည်ဆောက်နိုင်တဲ့ အခြေအနေ။ ခေတ်မီမီးရှို့စက်တွေ လုံးဝဝယ်ဖို့စိတ်ကူးမရှိတဲ့ အခြေအနေမှာရှိတာပေါ့” လို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်တိုင်းရဲ့ ခရိုင်လေးခုက ဆေးရုံဆေးခန်းတွေကနေထွက်ရှိတဲ့ စွန့်ပစ်ပစ္စည်းဟာ တစ်နေ့ကို ၆ တန်ရှိပေမယ့် ၃ တန်ဟာ နေ့စဉ်ပျောက်ဆုံးနေပြီး ပျောက်ဆုံးနေတဲ့ ၃ တန်ကို သန့်ရှင်းရေးဝန်ထမ်းတွေက ဆေးကြောသန့်စင်ပြီး ကော်စေ့ကြိုတဲ့သူကို ပြန်ရောင်းတာတွေရှိနေတယ်လို့ သိရပါတယ်။

ဒါတွေဟာ ဖြေရှင်းလို့မရတဲ့အဆင့်မဟုတ်ပေမယ့်လည်း အစိုးရမှာ ပိုက်ဆံမရှိတာ၊ လူစွမ်းအားအရင်းအမြစ် အလုံအလောက်မရှိတာ၊ ဆေးရုံဆေးခန်းတွေမှာ သန့်ရှင်းရေးဝန်ထမ်း အပြည့်အဝမထားနိုင်သေးတာတွေအပါအဝင် ဥပဒေမှာပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာနိုင်ဖို့ ပစ္စည်းကိရိယာတွေ အစိုးရကမပံ့ပိုးပေးနိုင်တာတွေက အဓိကပြဿနာ ဖြစ်နေတယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ဆေးရုံ၊ဆေးခန်းတွေရဲ့ စွန့်ပစ်အမှိုက်တွေမီးရှို့ဖျက်စီးတဲ့ ထိန်ပင်သုသာန်ကို လွှတ်တော်ကခွင့်ပြုဘတ်ဂျက်ငွေနဲ့ မိးရှို့ဖျက်စီးတဲ့ အခန်းပြုပြင်ထားရှိတဲ့အခြေအနေကို သွားရောက်စစ်ဆေးချိန် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စီးပွားရေးကော်မတီက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန် #ဆေးရုံဆေးခန်း #စွန့်ပစ်ပစ္စည်း #ပြန်အသုံးပြုတာတွေ့

Zawgyi

ေဆးရံုေဆးခန္းက စြန္႔ပစ္ပစၥည္းေတြကို မီးရိႈ႕ဖ်က္ဆီးတဲ့အဆင့္မေရာက္ဘဲ ျပန္လည္အသုံးျပဳေနတာကိုေတြ႔ရ

ရန္ကုန္၊ဇန္နဝါရီ ၁၁-၂၀၂၀
သိဂီ ၤ(VOM)

ေဆးရံုေဆးခန္းကထြက္တဲ႕ စြန္႔ပစ္ပစၥည္းေတြဟာ အႏၱရာယ္ရွိတဲ့အတြက္ မီးရိႈ႕ဖ်က္ဆီးဖို႕ ဥပေဒမွာလည္းျပဌာန္းထားေပမယ့္ တကယ္တမ္းလက္ေတြ႕မွာေတာ့ ေန႔စဥ္စြန္႔ပစ္ပစၥည္း တစ္ဝက္ေလာက္ဟာ မီးရိႈ႕ဖ်က္ဆီးတဲ့ အဆင့္မေရာက္ဘဲ ျပန္လည္အသုံးျပဳေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ စီမံကိန္း၊ဘ႑ာေရးႏွင့္ စီးပြားေရးေကာ္မတီကေန သိရပါတယ္။

ဒီလို အႏၱရာယ္ရွိပစၥည္းေတြကို မီးရိႈ႕မဖ်က္ဆီးဘဲ ေပ်ာက္ဆုံးျပဳလုပ္ၿပီး ျပန္အသုံးျပဳတာေတြကို ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ စီမံကိန္း၊ဘ႑ာေရးႏွင့္ စီးပြားေရးေကာ္မတီက စစ္ေဆးေတြ႕ရွိခဲ့ေပမယ့္လည္း ဒီျပႆနာကိုေျဖရွင္းဖို႕ အစိုးရမွာ ပိုက္ဆံမရွိေသးတဲ့အတြက္ ဂ်ေအး သူ႔အေမရိုက္သလိုျဖစ္ေနတယ္လို႔ ေကာ္မတီဥကၠ႒ ေဒၚစႏၵာမင္းကေျပာပါတယ္။

” ကြင္းဆင္းစစ္ေဆးေတြ႕ရွိခ်က္ကို တိုင္းလႊတ္ေတာ္ဥကၠ႒ကေနတဆင့္ အစိုးရကိုတင္ျပတယ္။ တင္ျပလည္း ဘာမွထူးျခားလာမွာမဟုတ္ဘူး။ ဘာမွျပင္ဆင္လာမွာလည္း မဟုတ္ဘူး။ဒီလိုအေျခအေနမွာ ရွိပါတယ္။ အုတ္နံရံေလးထဲမွာထည့္ျပီး မီးရိႈ႕တဲ့အေျခအေနကလြဲ ဘာမွကိုမတည္ေဆာက္နိုင္တဲ့ အေျခအေန။ ေခတ္မီမီးရိႈ႕စက္ေတြ လုံးဝဝယ္ဖို႔စိတ္ကူးမရွိတဲ့ အေျခအေနမွာရွိတာေပါ့” လို႔ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ စီမံကိန္း၊ဘ႑ာေရးႏွင့္ စီးပြားေရးေကာ္မတီဥကၠ႒ ေဒၚစႏၵာမင္းကေျပာပါတယ္။

လက္ရွိမွာ ရန္ကုန္တိုင္းရဲ႕ ခ႐ိုင္ေလးခုက ေဆးရုံေဆးခန္းေတြကေနထြက္ရွိတဲ့ စြန္႔ပစ္ပစၥည္းဟာ တစ္ေန႔ကို ၆ တန္ရွိေပမယ့္ ၃ တန္ဟာ ေန႔စဥ္ေပ်ာက္ဆုံးေနၿပီး ေပ်ာက္ဆုံးေနတဲ့ ၃ တန္ကို သန္႔ရွင္းေရးဝန္ထမ္းေတြက ေဆးေၾကာသန္႔စင္ျပီး ေကာ္ေစ့ႀကိဳတဲဲ့သူကို ျပန္ေရာင္းတာေတြရွိေနတယ္လို႔ သိရပါတယ္။

ဒါေတြဟာ ေျဖရွင္းလို႔မရတဲ႔အဆင့္မဟုတ္ေပမယ့္လည္း အစိုးရမွာ ပိုက္ဆံမရွိတာ၊ လူစြမ္းအားအရင္းအျမစ္ အလုံအေလာက္မရွိတာ၊ ေဆးရုံေဆးခန္းေတြမွာ သန္႔ရွင္းေရးဝန္ထမ္း အျပည့္အဝမထားနိုင္ေသးတာေတြအပါအဝင္ ဥပေဒမွာျပ႒ာန္းထားတဲ့အတိုင္း လိုက္နာနိုင္ဖို႕ ပစၥည္းကိရိယာေတြ အစ္ိုးရကမပ့ံပိုးေပးနိုင္တာေတြက အဓိကျပႆနာ ျဖစ္ေနတယ္လို႔ သိရပါတယ္။

ဒီအေျခအေနေတြကို ၿပီးခဲ့တဲ့ရက္ပိုင္းက ေဆးရံု၊ေဆးခန္းေတြရဲ႕ စြန္႔ပစ္အမိႈက္ေတြမီးရိွဳ႕ဖ်က္စီးတဲ့ ထိန္ပင္သုသာန္ကို လႊတ္ေတာ္ကခြင့္ျပဳဘတ္ဂ်က္ေငြနဲ႔ မိးရိွဳ႕ဖ်က္စီးတဲ့ အခန္းျပဳျပင္ထားရွိတဲ့အေျခအေနကို သြားေရာက္စစ္ေဆးခ်ိန္ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ စီမံကိန္း၊ဘ႑ာေရးႏွင့္ စီးပြားေရးေကာ္မတီက ေတြ႕ရွိခဲဲ့တာျဖစ္ပါတယ္။

#VOM #voiceofmyanmar #ရန္ကုန္ #ေဆးရံုေဆးခန္း #စြန္႔ပစ္ပစၥည္း #ျပန္အသံုးျပဳတာေတြ႔

Related posts

Leave a Comment

VOM News

FREE
VIEW