ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ်သပိတ်ပြေလည်မူရ

ကန်ကြီးထောင့်ဟွာမူန် အထည်ချုပ်သပိတ်ပြေလည်မူရ

ကန်ကြီးထောင့် ဇန်နဝါရီ-၁၄-၂၀၂၀
ကိုအောင် (VOM)
ဧရာဝတီတိုင်း ကန်ကြီးထောင့် ဟွာမူန်အထည်ချုပ်စက်ရုံ သပိတ်မှောက်အလုပ်သမားတွေနဲ့ အလုပ်ရှင် ၊ အစိုးရအဖွဲ့၊ ဇန်နဝါရီ ၁၃ ရက်မနေက့တွေ့ဆုံဆွေးနွေးခဲ့ကြပြီး သဘောတူစာချုပ် ချုပ်ဆိုနိင်ခဲ့တယ်လို့သိရပါတယ်။

သပိတ်မှောက်အလုပ်သမားတွေဘက်က တောင်းဆိုချက်တွေရရင် သပိတ်မှောက်တာရပ်ဆိုင်းဖို့ဆုံးဖြတ်ခဲ့ပေမယ့် အလုပ်ရှင်တရုတ်နိင်ငံသားဘက်က စာချုပ်မှာ အချက်တချို့ထည့်သွင်းခဲ့တာကြောင့် ညပိုင်းအထိအကြိမ်ကြိမ်ညှိနိူင်းခဲ့ရပါတယ်။

နောက်ဆုံးမှာ ဧရာဝတီတိုင်းအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမူ နည်းအရ အစိုးရအဖွဲ့က မလိုအပ်တဲ့စာတွေကို ဖြုတ်ပီး ဖြေရှင်းနိင်ခဲ့တယ်လို့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ လူဝင်မူကြီးကြပ်ရေးနဲ့ လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းကပြောပါတယ်။

“တစ်ဖက်နဲ့တစ်ဖက်ကညမိုးချုပ်တဲ့အထိပြေလည်မူမရသေးတာနဲ့မလိုအပ်တာတွေကို အစိုးရရဲ့စီမံခန့်ခွဲမူ လုပ်ပိုင်ခွင့်နည်းနဲ့ဖြေရှင်းခဲ့နိင်ခဲပြီနစ်ဘက်လုံးကျေနပ်ကြပါတယ်”လို့ပြောပါတယ်။

ခုလိုဖြေရှင်းပေးလိုက်နိင်တဲ့အပေါ် အလုပ်သမားကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခခက ခုလိုပြောပါတယ်။

“ခုလို အလုပ်သမားတွေ တောင်းဆိုချက်တွေရအောင်မျှမျှတတ ဆုံးဖြတ်ပေးတဲ့အတွက် အလုပ်သမားတွေဘက်က ကျေကျေနပ်နပ်လက်ခံပါတယ်”လို့ပြောပါတယ်။

ကန်ကြီးထောင့်မြို့ဟွာမူန်အထည်ချူပ်စက်ရုံကအလုပ်သမား၅၀၀ခန့်ဟာ တိုင်းခုံသမာဓိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုမကျေနပ်လို့ သပိတ်မှောက်နေကြတာဖြစ်ပြီး သပိတ်ဟာ (၃၆) ရက်ကြာမြင့်ခဲ့ပြီးနောက် ခုလိုပြေလည်သွားလို့ သပိတ်စခန်းပိတ်သိမ်းလိုက်ပြီဖြစ်ပါတယ်။

#Voiceofmyanmar #VOM #ကန်ကြီးထောင့်အထည်ချုပ်သပိတ် #ပုသိမ်

zawgyi

ကန္ၾကီးေထာင့္ဟြာမူန္ အထည္ခ်ဳပ္သပိတ္ေျပလည္မူရ

ကန္ၾကီးေထာင့္ ဇန္နဝါရီ-၁၄-၂၀၂၀
ကိုေအာင္ (VOM)
ဧရာဝတီတိုင္း ကန္ၾကီးေထာင့္ ဟြာမူန္အထည္ခ်ဳပ္စက္ရုံ သပိတ္ေမွာက္အလုုပ္သမားေတြနဲ႕ အလုပ္ရွင္ ၊ အစိုးရအဖြဲ႕၊ ဇန္နဝါရီ ၁၃ ရက္မေနက႕ေတြ႕ဆံုေဆြးေႏြးခဲ႕ၾကျပီး သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုနိင္ခဲ႕တယ္လို႕သိရပါတယ္။

သပိတ္ေမွာက္အလုပ္သမားေတြဘက္က ေတာင္းဆိုခ်က္ေတြရရင္ သပိတ္ေမွာက္တာရပ္ဆိုင္းဖို႔ဆံုးျဖတ္ခဲဲ႕ေပမယ့္ အလုပ္ရွင္တရုတ္နိင္ငံသားဘက္က စာခ်ဳပ္မွာ အခ်က္တခ်ိဳ႕ထည့္သြင္းခဲ႕တာေၾကာင့္ ညပိုင္းအထိအၾကိမ္ၾကိမ္ညွိနိူင္းခဲဲ႕ရပါတယ္။

ေနာက္ဆံုးမွာ ဧရာဝတီတိုင္းအစိုးရအဖြဲဲ႕ရဲ႕ စီမံခန္႕ခြဲမူ နည္းအရ အစိုးရအဖြဲ႕က မလိုအပ္တဲ႕စာေတြကို ျဖဳတ္ပီး ေျဖရွင္းနိင္ခဲ႕တယ္လို႕ ဧရာဝတီတိုင္းအစိုးရအဖြဲ႕ လူဝင္မူၾကီးၾကပ္ေရးနဲ႕ လူစြမ္းအားအရင္းျမစ္ဝန္ၾကီး ေဒါက္တာစိုးဝင္းကေျပာပါတယ္။

“တစ္ဖက္နဲ႔တစ္ဖက္ကညမိုးခ်ဳပ္တဲ႕အထိေျပလည္မူမရေသးတာနဲ႕မလိုအပ္တာေတြကို အစိုးရရဲ႕စီမံခန္႔ခြဲမူ လုပ္ပိုင္ခြင့္နည္းနဲ႕ေျဖရွင္းခဲ႕နိင္ခဲဲျပီနစ္ဘက္လံုးေက်နပ္ၾကပါတယ္”လို႕ေျပာပါတယ္။

ခုလိုေျဖရွင္းေပးလိုက္နိင္တဲ႕အေပၚ အလုပ္သမားကိုယ္စားလွယ္ျဖစ္သူ ေဒၚခခက ခုလိုေျပာပါတယ္။

“ခုလို အလုပ္သမားေတြ ေတာင္းဆိုခ်က္ေတြရေအာင္မ်ွမ်ွတတ ဆံုးျဖတ္ေပးတဲ႕အတြက္ အလုပ္သမားေတြဘက္က ေက်ေက်နပ္နပ္လက္ခံပါတယ္”လို႕ေျပာပါတယ္။

ကန္ၾကီးေထာင့္ျမိဳ႕ဟြာမူန္အထည္ခ်ဴပ္စက္ရုံကအလုပ္သမား၅၀၀ခန္႔ဟာ တိုင္းခုံသမာဓိအဖြဲ႕ရဲ့ဆုံးျဖတ္ခ်က္ကိုမေက်နပ္လို့ သပိတ္ေမွာက္ေနၾကတာျဖစ္ၿပီး သပိတ္ဟာ (၃၆) ရက္ၾကာျမင့္ခဲဲ႕ျပီးေနာက္ ခုုလိုုေျပလည္သြားလိုု႕ သပိတ္စခန္းပိတ္သိမ္းလိုက္ျပီျဖစ္ပါတယ္။

#Voiceofmyanmar #VOM #ကန္ၾကီးေထာင့္အထည္ခ်ဳပ္သပိတ္ #ပုုသိမ္

Related posts

Leave a Comment

VOM News

FREE
VIEW