ဟင်္သာတမြို့ ချစ်သူလမ်းကြားက လူသတ်အလောင်းဖျောက်ကျူးလွန်သူတွေကို အမိန့်ချမှတ်

ဟင်္သာတမြို့ ချစ်သူလမ်းကြားက လူသတ်အလောင်းဖျောက်ကျူးလွန်သူတွေကို အမိန့်ချမှတ်

ဟသာၤတ ဇန်နဝါရီ ၁၃-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ဟင်္သာတတက္ကသိုလ်အနီးက ချစ်သူလမ်းကြားမှာ၂၀၁၆ခုနစ်က ဖြစ်ပွားခဲ့တဲ့ လူသတ်အလောင်းဖျောက်မှုက တရားခံတွေ ဖြစ်ကြတဲ့ကိုသန်းဇော်က ိုမသေမချင်းကြိုးကွင်းစွပ်သတ်ရန် နဲ့ အားပေးကူညီ ပူးပေါင်းသူ မနှင်းပွင့်ဖြူကို အလုပ်ကြမ်းနှင့် ထောင် ၇ နှစ် ကျခံစေရန် ဟင်္သာတခရိုင်တရားရုံး ဒုခရိုင်တရားသူကြီး မှ အမိန့်ခဲ့တာပါ။

“ဟင်္သာတခရိုင်တရားရုံးက ၂၀၁၆ ခုနှစ် ရာဇဝတ်ကြီး အမှုအမှတ် ၁၆ ၊ တရားလို ဒုရဲမှူး မောင်မောင်အေးနဲ့ တရားခံ သန်းဇော်ပါ ၂ ဦးကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၂၀၁ အရ စွဲဆိုမှုကို ၃၁ ရက် ၁ လ ၂၀၁၆ မှာ ဟင်္သာတခရိုင်တရားရုံးကို စွဲဆိုပြီးတဲ့နောက် ယနေ့ ၁၃ ရက် ၁ လ ၂၀၂၀ နေ့မှာ စီရင်ချက်အမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်” လို့ ဟင်္သာတခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဦးအောင်သိန်းဦး ပြောပါတယ်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ညက ဟင်္သာတမြို့နယ်၊ စစ်ကုန်းအုပ်စု၊ မရမ်းလေး အ.မ.ကကျောင်းမှာ တာဝန်ထမ်းဆောင်တဲ့ ကျောင်းဆရာ ကိုအေးနိုင် (၃၄ နှစ်)ကို ကျန်းမာရေးမှူး တာဝန်ထမ်းဆောင်နေသူ ကိုသန်းဇော်နဲ့ မနှင်းပွင့်ဖြူတို့နှစ်ဦးက တက္ကသိုလ်အနီး ချစ်သူလမ်းကြားမှာ လူသတ်ပြီး အက်ဆစ်လောင်းမြေမြုပ်ကာ အလောင်းဖျောက်ဖျက်ခြင်းဖြစ်ကြောင်း တရားရုံးမှတ်တမ်းတွေအရသိရပါတယ်။

#voiceofmyanmar #VOM #ဟသာၤတ #လူသတ်မှု

zawgyi

ဟသၤာတၿမိဳ႕ ခ်စ္သူလမ္းၾကားက လူသတ္အေလာင္းေဖ်ာက္က်ဴးလြန္သူေတြကို အမိန္႔ခ်မွတ္

ဟသာၤတ ဇန္နဝါရီ ၁၃-၂၀၂၀
ကိုေအာင္(VOM)

ဧရာဝတီတိုင္း၊ ဟသၤာတၿမိဳ႕၊ ဟသၤာတတကၠသိုလ္အနီးက ခ်စ္သူလမ္းၾကားမွာ၂၀၁၆ခုနစ္က ျဖစ္ပြားခ့ဲတဲ႕ လူသတ္အေလာင္းေဖ်ာက္မွဳက တရားခံေတြ ျဖစ္ၾကတဲ႕ကိုသန္းေဇာ္က ိုမေသမခ်င္းျကိဳးကြင္းစြပ္သတ္ရန္ နဲ႕ အားေပးကူညီ ပူးေပါင္းသူ မႏွင္းပြင့္ျဖဴကို အလုပ္ၾကမ္းႏွင့္ ေထာင္ ၇ ႏွစ္ က်ခံေစရန္ ဟသၤာတခရိုင္တရား႐ုံး ဒုခရိုင္တရားသူႀကီး မွ အမိန႔္ခဲ႕တာပါ။

“ဟသၤာတခရိုင္တရား႐ုံးက ၂၀၁၆ ခုႏွစ္ ရာဇဝတ္ႀကီး အမႈအမွတ္ ၁၆ ၊ တရားလို ဒုရဲမွဴး ေမာင္ေမာင္ေအးနဲ႔ တရားခံ သန္းေဇာ္ပါ ၂ ဦးကို ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၂၀၁ အရ စြဲဆိုမွုကို ၃၁ ရက္ ၁ လ ၂၀၁၆ မွာ ဟသၤာတခရိုင္တရား႐ုံးကို စြဲဆိုၿပီးတ့ဲေနာက္ ယေန႔ ၁၃ ရက္ ၁ လ ၂၀၂၀ ေန႔မွာ စီရင္ခ်က္အမိန္႔ခ်မွတ္ခဲ့တာျဖစ္ပါတယ္” လိုု႕ ဟသၤာတခရိုင္တရားရံုး သတင္းျပန္ၾကားေရးအရာရွိ ဦးေအာင္သိန္းဦး ေျပာပါတယ္။

၂၀၁၆ ခုႏွစ္ ေဖေဖာ္ဝါရီလ ၂၂ ရက္ေန႔ညက ဟသၤာတၿမိဳ႕နယ္၊ စစ္ကုန္းအုပ္စု၊ မရမ္းေလး အ.မ.ကေက်ာင္းမွာ တာဝန္ထမ္းေဆာင္တဲ႕ ေက်ာင္းဆရာ ကိုေအးနိုင္ (၃၄ ႏွစ္)ကိုု က်န္းမာေရးမွဴး တာဝန္ထမ္းေဆာင္ေနသူ ကိုသန္းေဇာ္နဲ႕ မႏွင္းပြင့္ျဖဴတို႔ႏွစ္ဦးက တကၠသိုလ္အနီး ခ်စ္သူလမ္းၾကားမွာ လူသတ္ျပီး အက္ဆစ္ေလာင္းေျမျမဳပ္ကာ အေလာင္းေဖ်ာက္ဖ်က္ျခင္းျဖစ္ေၾကာင္း တရားရံုးမွတ္တမ္းေတြအရသိရပါတယ္။

#voiceofmyanmar #VOM #ဟသာၤတ #လူသတ္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW