ကျောင်းကုန်းမြို့မှာ ဓါးကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့က သေနတ်နဲ့ပစ်ခတ်ဖမ်းဆီး

ကျောင်းကုန်း၊ ဇန်နဝါရီ ၁၆-၂၀၂၀
ကိုအောင်(VOM)

ဧရာဝတီတိုင်း၊ ကျောင်းကုန်းမြို့မှာ မနေ့ဇန်နဝါရီ(၁၅)ရက် နေ့လယ်ပိုင်းက ဓါးကိုင်ရမ်းကားနေတဲ့တရားခံကိုသွားရောက်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဓါးနဲ့ပြန်ခုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ် ၁ ချက်ပစ်ခတ်ပြီး ဖမ်းဆီးခဲ့ရတယ်လို့ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှုုး ရုံးကနေသိရပါတယ်။

သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရတဲ့ တရားခံဟာ ကျော်မြင့်ဆိုသူဖြစ်ပြီး ယခင်ကလည်း လက်နက်ကိုင်ဆောင်တဲ့ အမှုနဲ့ ထောင်ကျဘူးတာမျိုးရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလပိုင်းကမှ ပြန်လည်လွတ်မြောက်ခဲ့ကာ ကျေးရွာအတွင်း ကောင်မွန်းစွာနေထိုင်ခြင်းမရှိသူတစ်ဦးလည်းဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။

“သွားဖမ်းတဲ့တရားခံက အရင်ကလည်း ဒီလိုဖြစ်စဉ်ကြောင့် ထောင်ကျဘူးတယ်၊ ခုလည်း သွားဖမ်းတော့ အေးဆေးအဖမ်းမခံဘူး၊ လက်နက်ချပြီး အေးဆေးအဖမ်းခံဖို့ပြောတယ်၊ ပထမ အကြိမ်ဓါးနဲ့ခုတ်တော့ ရှောင်လိုက်ပြီး မိုးပေါ်ကို ၁ ချက်ပစ်ပြီးလက်နက်ချဖို့ ပြောတယ်၊ နောက်တစ်ခါထပ်ခုတ်တော့ ပေါင်ကိုပစ်ပြီး ဖမ်းလိုက်ရတာပါ”လို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီး ထွန်းရွှေကပြောပါတယ်။

ကျေးရွာအတွင်းဓါးကိုင်ကာ ဆဲဆိုရမ်းနေတဲ့အတွက် ကျောင်းကုန်းမြို့မစခန်းရဲတပ်ဖွဲ့က သွားရောက် ဖမ်းဆီးချိန် အသာတကြည်အဖမ်းမခံဘဲ လေးခွနဲ့ပစ်ကာ ရဲကိုသတ်ပြီးမှ ထောင်ထဲဝင်မယ်လို့ပြောဆိုကာ ဓါးနဲ့ပြေးခုတ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့မှတ်တမ်းတွေအရ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေကို ဓါးနဲ့ခုတ်ပြီး လေးခွနဲ့ပစ်ခတ်ခုခံခဲ့တဲ့ ကျော်မြင့်ဆိုသူကို ကျောင်းကုန်းမြို့မရဲစခန်းမှာ (ပ) ၃၀/၂၀၂၀၊ လက်နက်ဥပဒေပုဒ်မ ၁၉ (င) နဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လိုပ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

#VOM #voiceofmyanmar #ကျောင်းကုန်း #ရဲကိုပြန်ခုခံသူ #သေနတ်နဲ့ပစ်ဖမ်း

Zawgyi

ေက်ာင္းကုန္းၿမိဳ႕မွာ ဓါးကိုင္ရမ္းကားေနသူကို ရဲတပ္ဖြဲ႕က ေသနတ္နဲ႔ပစ္ခတ္ဖမ္းဆီး

ေက်ာင္းကုန္း၊ ဇန္န၀ါရီ ၁၆-၂၀၂၀
ကိုေအာင္(VOM)

ဧရာ၀တီတိုင္း၊ ေက်ာင္းကုန္းၿမိဳ႕မွာ မေန႔ဇန္နဝါရီ(၁၅)ရက္ ေန႔လယ္ပိုင္းက ဓါးကိုင္ရမ္းကားေနတဲ႕တရားခံကိုသြားေရာက္ဖမ္းဆီးတဲ့ ရဲတပ္ဖြဲ႕၀င္ေတြကို ဓါးနဲ႔ျပန္ခုတ္တဲ့အတြက္ ရဲတပ္ဖြဲ႔၀င္ေတြက ေသနတ္ ၁ ခ်က္ပစ္ခတ္ၿပီး ဖမ္းဆီးခဲ့ရတယ္လို႕ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မႈုး ရုံးကေနသိရပါတယ္။

ေသနတ္နဲ႔ပစ္ခတ္ဖမ္းဆီးခဲ့ရတဲ့ တရားခံဟာ ေက်ာ္ျမင့္ဆိုသူျဖစ္ၿပီး ယခင္ကလည္း လက္နက္ကိုင္ေဆာင္တဲ့ အမႈနဲ႔ ေထာင္က်ဘူးတာမ်ဳိးရွိခဲ့ၿပီး ၂၀၁၉ ခုႏွစ္၊ ေဖေဖာ္၀ါရီလပိုင္းကမွ ျပန္လည္လြတ္ေျမာက္ခဲ့ကာ ေက်းရြာအတြင္း ေကာင္မြန္းစြာေနထိုင္ျခင္းမရွိသူတစ္ဦးလည္းျဖစ္တယ္လို႔ တိုင္းရဲတပ္ဖြဲ႔ကေန သိရပါတယ္။

“သြားဖမ္းတဲ့တရားခံက အရင္ကလည္း ဒီလိုျဖစ္စဥ္ေၾကာင့္ ေထာင္က်ဘူးတယ္၊ ခုလည္း သြားဖမ္းေတာ့ ေအးေဆးအဖမ္းမခံဘူး၊ လက္နက္ခ်ၿပီး ေအးေဆးအဖမ္းခံဖို႕ေျပာတယ္၊ ပထမ အႀကိမ္ဓါးနဲ႔ခုတ္ေတာ့ ေရွာင္လိုက္ၿပီး မိုးေပၚကို ၁ ခ်က္ပစ္ၿပီးလက္နက္ခ်ဖို႕ ေျပာတယ္၊ ေနာက္တစ္ခါထပ္ခုတ္ေတာ့ ေပါင္ကိုပစ္ၿပီး ဖမ္းလိုက္ရတာပါ”လို႔ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွဴးရုံးမွ ဒုရဲမွဴးႀကီး ထြန္းေရႊကေျပာပါတယ္။

ေက်းရြာအတြင္းဓါးကိုင္ကာ ဆဲဆိုရမ္းေနတဲ့အတြက္ ေက်ာင္းကုန္းျမိဳ႕မစခန္းရဲတပ္ဖြဲ႕က သြားေရာက္ ဖမ္းဆီးခ်ိန္ အသာတၾကည္အဖမ္းမခံဘဲ ေလးခြနဲ႔ပစ္ကာ ရဲကိုသတ္ၿပီးမွ ေထာင္ထဲ၀င္မယ္လုိ႔ေျပာဆိုကာ ဓါးနဲ႔ေျပးခုတ္တဲ့အတြက္ ရဲတပ္ဖြဲ႔၀င္ေတြက ေသနတ္နဲ႔ ပစ္ခတ္ဖမ္းဆီးခဲ့ရတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕မွတ္တမ္းေတြအရ သိရပါတယ္။

ရဲတပ္ဖြဲ႕၀င္ေတြကို ဓါးနဲ႔ခုတ္ၿပီး ေလးခြနဲ႔ပစ္ခတ္ခုခံခဲ့တဲ့ ေက်ာ္ျမင့္ဆိုသူကို ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းမွာ (ပ) ၃၀/၂၀၂၀၊ လက္နက္ဥပေဒပုဒ္မ ၁၉ (င) နဲ႔ အမႈဖြင့္ စစ္ေဆးလ်က္ရွိတယ္လိုပ ဧရာဝတီတိုင္းရဲတပ္ဖြဲ႕မွဴးရံုးကေန သိရပါတယ္။

#VOM #voiceofmyanmar #ေက်ာင္းကုန္း #ရဲကိုျပန္ခုခံသူ #ေသနတ္နဲ႔ပစ္ဖမ္း

Related posts

Leave a Comment

VOM News

FREE
VIEW