တရုတ်အဆုတ်ရောင်ရောဂါ အမေရိကန်အထိ ကူးစက်မှုရှိနေ

ဝါရှင်တန်၊ ဇန်နဝါရီ-၂၂-၂၀၂၀
မျိုးဆက် (VOM)

အမေရိကန်နိုင်ငံမှာ တရုတ်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်မှုကို ပထမဆုံးအကြိမ် အတည်ပြုလိုက်ပါတယ်။

တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံကပြန်လာတဲ့ အမေရိကန်နိုင်ငံသားတစ်ဦးဆီမှာ ကူးစက်တာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ရောဂါထိန်းချုပ်ရေးစင်တာက ပြောပါတယ်။

ကူးစက်ခံရသူဟာ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဇန်နဝါရီ ၁၅ ရက်က ဝူဟန်မြို့ကနေ ပြန်လာတာဖြစ်ပါတယ်။

လူနာကို ဆေးရုံမှာကုသမှုတွေပေးခဲ့ပြီး အခြေအနေကောင်းမွန်သွားပြီလို့ သိရပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ အဲဒီဗိုင်းရပ်စ်ဟာ လူ ၃၀၀ နီးပါးကို ကူးစက်နေပြီး လူခြောက်ဦးသေဆုံးခဲ့ကာ ရောဂါစတင်ကူးစက်မှုဟာ အဲဒီမြို့က ပင်လယ်စာဈေးတစ်ခုနဲ့ ဆက်နွယ်နေတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။

မြောက်ကိုရီးယားနိုင်ငံကတော့ ရောဂါကူးစက်မှုကို ကာကွယ်ဖို့အတွက် နိုင်ငံခြားသားတွေ နိုင်ငံအတွင်းလာရောက်တာကို တားမြစ်ထားပြီး နယ်စပ်တွေကို ယာယီပိတ်ထားလိုက်ပါတယ်။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဝါရှင်တန် #တရုတ်နိုင်ငံကဗိုင်းရပ်စ် #ကူးစက်မှု

Zawgyi

တရုတ္အဆုတ္ေရာင္ေရာဂါ အေမရိကန္အထိ ကူးစက္မႈရိွေန

၀ါရွင္တန္၊ ဇန္န၀ါရီ-၂၂-၂၀၂၀
မ်ိဳးဆက္ (VOM)

အေမရိကန္နိုင္ငံမွာ တရုတ္နိုင္ငံက ကိုရိုနာဗိုင္းရပ္စ္သစ္ ကူးစက္မႈကို ပထမဆံုးအၾကိမ္ အတည္ျပဳလိုက္ပါတယ္။

တရုတ္နုိင္ငံကေန စတင္ျဖစ္ပြားခဲ႔တဲ႔ အဲဒီဗိုင္းရပ္စ္ဟာ တရုတ္နုိင္ငံကျပန္လာတဲ႔ အေမရိကန္နုိင္ငံသားတစ္ဦးဆီမွာ ကူးစက္တာကို စစ္ေဆးေတြ႔ရိွခဲ႔တယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးစင္တာက ေျပာပါတယ္။

ကူးစက္ခံရသူဟာ အသက္ ၃၀ နွစ္အရြယ္ အမ်ိဳးသားတစ္ဦးျဖစ္ျပီး ဇန္န၀ါရီ ၁၅ ရက္က ၀ူဟန္ျမိဳ႕ကေန ျပန္လာတာျဖစ္ပါတယ္။

လူနာကို ေဆးရံုမွာကုသမႈေတြေပးခဲ႔ျပီး အေျခအေနေကာင္းမြန္သြားျပီလို႔ သိရပါတယ္။

တရုတ္နုိင္ငံ၊ ၀ူဟန္ျမိဳ႕ကေန စတင္ကူးစက္ပ်ံ႕နွံ႕ခဲ႔တဲ႔ အဲဒီဗိုင္းရပ္စ္ဟာ လူ ၃၀၀ နီးပါးကို ကူးစက္ေနျပီး လူေျခာက္ဦးေသဆံုးခဲ႔ကာ ေရာဂါစတင္ကူးစက္မႈဟာ အဲဒီျမိဳ႕က ပင္လယ္စာေစ်းတစ္ခုနဲ႔ ဆက္ႏြယ္ေနတယ္လို႔ ကြ်မ္းက်င္သူေတြက ယံုၾကည္ေနၾကပါတယ္။

ေျမာက္ကိုရီးယားနုိင္ငံကေတာ႔ ေရာဂါကူးစက္မႈကို ကာကြယ္ဖို႔အတြက္ နိုင္ငံျခားသားေတြ နိုင္ငံအတြင္းလာေရာက္တာကို တားျမစ္ထားျပီး နယ္စပ္ေတြကို ယာယီပိတ္ထားလိုက္ပါတယ္။

Ref : BBC Photo: Getty Images
#VOM #voiceofmyanmar #ဝါရွင္တန္ #တရုတ္ႏုိင္ငံကဗိုင္းရပ္စ္ #ကူးစက္မွဳ

Related posts

Leave a Comment

VOM News

FREE
VIEW