အုတ်၊သဲ၊ကျောက်လုပ်ငန်းလိုင်စင် ချထားမပေးတဲ့အတွက် လုပ်ငန်းရှင်နဲ့အလုပ်သမားနှစ်ရာကျော် အခက်အခဲဖြစ်

အင်းမ ဇန်နဝါရီ ၂၂- ၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ တံခွန်တိုင်အုပ်စုနဲ့ ကျေးသားအုပ်စုက အုတ်၊သဲ၊ ကျောက် လုပ်ငန်းရှင်တွေဟာ လုပ်ငန်းလိုင်စင်လျောက်ထားရာမှာ လုပ်ငန်းရှင်နှစ်ဦးကိုပေးပြီး ကျန်တဲ့လုပ်ငန်းရှင်တွေကို လိုင်စင်ချထားမပေးတဲ့အတွက် လုပ်ငန်းရှင်(၂၀)နဲ့ အလုပ်သမားနှစ်ရာကျော် အခက်အခဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

‟ကျွန်မတို့က လုပ်ငန်းလိုင်စင်ကို ၁၉၉၇-၁၉၉၈ခုနှစ်ကတည်းက လိုင်စင်ရလာတာပါ၊ ၉၈-၉၉မှာလည်းရပါတယ် အခုနှစ် ၁၉-၂၀မှာလျှောက်တဲ့အခါ လုပ်ငန်းလိုင်စင် မကျသေးတဲ့အချိန် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ် သုံးဦးကို ကျသင့်တဲ့အခွန်ဆောင်ပါ့မယ်ဆိုပြီး စာတင်တာပါ၊ ဒါပေမယ့် ကျွန်မတို့ကိုလုပ်ငန်းလုပ်တာနဲ့ ဖမ်းဆီးခံရပါတယ် အဲဒါကြောင့် ကျွန်မတို့က ိုလိုင်စင်အမြန်ဆုံးချပေးစေချင်ပါတယ် ၊ လျှောက်ထားရာမှာ လုပ်ငန်းရှင်နှစ်ဦးကိုတော့ ချပေးထားပါတယ်၊ ကျွန်မတို့လုပ်ငန်းရှင်(၂၀)တင်မကဘဲ ဒီလုပ်ငန်းကိုမှီခိုနေတဲ့ အလုပ်သမားနှစ်ရာကျော်လည်း အခက်အခဲတွေဖြစ်နေပါတယ်လို့”အင်းမမြို့ ၊မအူကန်ရွာ ၊သီရိကန်သာရပ်ကွက်က အုတ်၊သဲ၊ကျောက်လုပ်ငန်းရှင် ဒေါ်မငယ်ကပြောပါတယ်။

ပဲခူးတိုင်းအနောက်ခြမ်း သဲကုန်းမြို့နယ်ထဲမှာလည်း အလားတူကိစ္စရပ်မျိုးဖြစ်နေတယ်လို့ သိရပါတယ်။

‟ကျွန်တော်တို့လည်း ၈လပိုင်းထဲက လိုင်စင်လျှောက်ထားတာ ခုထိမရသေးဘူး၊ ကျွန်တော်တို့အလုပ်က ခြောက်သွေ့ရာသီမှာပဲလုပ်ရတာ၊ မနှစ်ကဆို လေးလပိုင်း၊ငါးလပိုင်းမှရတယ် ။ မိုးထဲရေထဲမှာ အခုလိုလိုင်စင်မရတဲ့လုပ်ငန်းတွေမှာ မှီခိုနေရတဲ့မိသားစုတွေ၂၀၀လောက်လည်း အဆင်မပြေဘူးဖြစ်နေတယ်လို့”မအူကန်ရွာက အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်တဲ့ ကိုလှအောင်ကပြောပါတယ်။

လိုင်စင်လျှောက်ထားတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်းသယံဇာတ၊ သစ်တောနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးဇော်လွင်ဦးကို ဆက်သွယ်မေးမြန်းရာ ‟မြို့နယ်အုပ်ချုပ်ရေးဌာနကနေပြီးတော့ လိုင်စင်တွေ တင်ပေးရမယ့်ဟာတွေ၊ အချက်အလက် ပြည့်စုံသူမှန်သမျှ အကုန်တင်ပေးပါတယ်၊ သတ်မှတ်ထားတဲ့ လိုင်စင်လျောက်တဲ့အခါမှာ လျှောက်လွှာမှာပါဝင်တဲ့ အချက်တွေရှိတယ်၊ ဥပမာမြေအမျိုးအစားပေါ့ သဲထုတ်မယ်ဆိုရင် OAမြေဖြစ်ရဲ့လား၊ မြစ်ချောင်းအဟောင်းနားက လယ်မြေမဟုတ်တဲ့ သစ်တောမြေမဟုတ်တဲ့ဟာဖြစ်လားကြည့်တယ်၊ ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ထောက်ခံမူကိုစစ်တယ်၊ ပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ မြစ်ချောင်းကလည်းဆင်းပြီးကြည့်ပေးတယ်။ သစ်တောကလည်း သစ်တောမြေပါမပါ ဆင်းကြည့်ပေးတယ်၊ ထွေအုပ်ကအဲ့အပေါ်မှာမှတ်ချက်ပေးတယ်။ ကျွန်တော်တို့မြို့နယ်ကတော့ အကုန်လုံးတင်ပြထားပါတယ်။ ပြီးတဲ့နှစ်ကလိုင်စင်ရပြီးသားကို အခုနှစ်ပြန်လျှောက်တာသေချာရင်တော့အကြောင်းရင်းတစ်ခုခုရှိပါလိမ့်မယ်။ ခရိုင်/တိုင်းမှာကြန့်ကြာမှုရှိနေတာလို့ထင်ပါတယ်”ပြောပါတယ်။

လုပ်ငန်းရှင်တွေကလည်း နိုင်ငံတော်ကို မနှစ်ကထိ ဓါတ်သတ္တုခွန်က၂၅သိန်း၊ အမြတ်ခွန်က၅သိန်းဆောင်ခဲ့ပြီး ပျက်ကွက်တာမရှိဘဲ အခုချိန်လျှောက်ထားရာမှာတော့ လုပ်ငန်းလိုင်စင်မရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။

လုပ်ငန်းလိုင်စင်ချထားပေးမှုမရှိတာနဲ့ ပက်သက်ပြီး အလုပ်သမားတွေကို ဦးဆောင်တဲ့ မအေးမိစံက ‟ကျွန်မတို့ က ဒီလုပ်ငန်းကိုမှီခိုလုပ်ကိုင်စားသောက်ကြတဲ့ အလုပ်သမားတွေပါ၊ လိုင်စင်မကျတော့ ကျွန်မတို့ စားဝတ်နေရေးတွေ ခက်ခဲလာပါတယ်။ ကျွန်မတို့တင်မဟုတ်ပါဘူး ၊ ကျွန်မတို့ သား၊သမီးတွေပါ စားဝတ်နေရေး ပညာသင်ဖို့အားလုံး ခက်ခဲကုန်ပါတယ်။ ကျွန်မလို အလုပ်သမားအများကြီး ခက်ခဲနေပါတယ်၊ ကျွန်မတို့ကို မကြည့်ရင်တောင် ကျွန်မတို့ သား၊သမီးတွေရဲ့ ပညာရေးကိုကြည့်ပေးပါ”လို့ ပြောပါတယ်။

အုတ်၊ သဲ၊ ကျောက်လုပ်ငန်းတွေဟာ ခြောက်သွေ့တဲ့ရာသီမှာသာ တွင်ကျယ်စွာထုတ်လုပ်ရောင်းဝယ်ကြတဲ့ လုပ်ငန်းဖြစ်တယ်လို့ိလည်း သိရပါတယ်။

‟ကျွန်တော်တို့ဌာနကတော့ ချက်ခြင်းတင်ပေးပါတယ်၊ မြေစာရင်းမှာ ပုံ(၁၀၅)ဆွဲတာတွေရှိတယ်၊ တစ်ချို့ကျတော့လည်း မသွားတော့ကြာတယ်ပေါ့၊ လိုင်စင်ကတစ်နှစ် တစ်ကြိမ်လျောက်ရတာမှာ အမှုတွဲကတော့ အသစ်ကပြန်စရတာပါ။ ပြီးရင် ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာနကို တင်ရပါတယ်၊ အဲဒီလုပ်ငန်းစဉ်ကတော့ ကြာပါတယ်။ လုပ်ငန်းလိုင်စင်ကတော့ အကုန်ရမှာပါ အမှုတွဲလည်း တိုင်းရောက်နေပါပြီလို့”သဲကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးရဝေစိုးကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အခုလိုအခက်အခဲတွေ ကြုံတွေ့နေရတာနဲ့ လိုင်စင်ချထားမပေးဘူးဆိုရင် ဆန္ဒထုတ်ဖော်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

#VOM #voiceofmyanmar #အင်းမ #အုတ်၊သဲ၊ကျောက် #လိုင်စင် #အလုပ်ရှင်၊အလုပ်သမား

Zawgyi

အုတ္၊သဲ၊ေက်ာက္လုပ္ငန္းလိုင္စင္ ခ်ထားမေပးတဲ့အတြက္ လုပ္ငန္းရွင္နဲ႔အလုပ္သမားႏွစ္ရာေက်ာ္ အခက္အခဲျဖစ္

အင္းမ ဇန္နဝါရီ ၂၂- ၂၀၂၀
မိုးယံ(VOM)

ပဲခူးတိုင္း၊ ျပည္ခ႐ိုင္၊ သဲကုန္းၿမိဳ႕နယ္၊ တံခြန္တိုင္အုပ္စုနဲ႔ ေက်းသားအုပ္စုက အုတ္၊သဲ၊ ေက်ာက္ လုပ္ငန္းရွင္ေတြဟာ လုပ္ငန္းလိုင္စင္ေလ်ာက္ထားရာမွာ လုပ္ငန္းရွင္ႏွစ္ဦးကိုေပးၿပီး က်န္တဲ့လုပ္ငန္းရွင္ေတြကို လိုင္စင္ခ်ထားမေပးတဲ့အတြက္ လုပ္ငန္းရွင္(၂၀)နဲ႔ အလုပ္သမားႏွစ္ရာေက်ာ္ အခက္အခဲေတြျဖစ္ေနတယ္လို႔ သိရပါတယ္။

‟ကၽြန္မတို႔က လုပ္ငန္းလိုင္စင္ကို ၁၉၉၇-၁၉၉၈ခုႏွစ္ကတည္းက လိုင္စင္ရလာတာပါ၊ ၉၈-၉၉မွာလည္းရပါတယ္ အခုႏွစ္ ၁၉-၂၀မွာေလွ်ာက္တဲ့အခါ လုပ္ငန္းလိုင္စင္ မက်ေသးတဲ့အခ်ိန္ ျပည္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး၊ သဲကုန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉး၊ သက္ဆိုင္ရာ လႊတ္ေတာ္ကိုယ္စားလွယ္ သုံးဦးကို က်သင့္တဲ့အခြန္ေဆာင္ပါ့မယ္ဆိုၿပီး စာတင္တာပါ၊ ဒါေပမယ့္ ကၽြန္မတို႔ကိုလုပ္ငန္းလုပ္တာနဲ႔ ဖမ္းဆီးခံရပါတယ္ အဲဒါေၾကာင့္ ကၽြန္မတို႔က ိုလိုင္စင္အျမန္ဆုံးခ်ေပးေစခ်င္ပါတယ္ ၊ ေလွ်ာက္ထားရာမွာ လုပ္ငန္းရွင္ႏွစ္ဦးကိုေတာ့ ခ်ေပးထားပါတယ္၊ ကၽြန္မတို႔လုပ္ငန္းရွင္(၂၀)တင္မကဘဲ ဒီလုပ္ငန္းကိုမွီခိုေနတဲ့ အလုပ္သမားႏွစ္ရာေက်ာ္လည္း အခက္အခဲေတြျဖစ္ေနပါတယ္လို႔”အင္းမၿမိဳ႕ ၊မအူကန္႐ြာ ၊သီရိကန္သာရပ္ကြက္က အုတ္၊သဲ၊ေက်ာက္လုပ္ငန္းရွင္ ေဒၚမငယ္ကေျပာပါတယ္။

ပဲခူးတိုင္းအေနာက္ျခမ္း သဲကုန္းၿမိဳ႕နယ္ထဲမွာလည္း အလားတူကိစၥရပ္မိ်ဳးျဖစ္ေနတယ္လုိ႔ သိရပါတယ္။

‟ကြၽန္ေတာ္တို႔လည္း ၈လပိုင္းထဲက လိုင္စင္ေလွ်ာက္ထားတာ ခုထိမရေသးဘူး၊ ကြၽန္ေတာ္တို႔အလုပ္က ေျခာက္ေသြ႕ရာသီမွာပဲလုပ္ရတာ၊ မႏွစ္ကဆို ေလးလပိုင္း၊ငါးလပိုင္းမွရတယ္ ။ မိုးထဲေရထဲမွာ အခုလိုလိုင္စင္မရတဲ့လုပ္ငန္းေတြမွာ မွီခိုေနရတဲ့မိသားစုေတြ၂၀၀ေလာက္လည္း အဆင္မေျပဘူးျဖစ္ေနတယ္လို႔”မအူကန္႐ြာက အုတ္ဖုတ္လုပ္ငန္းလုပ္ကိုင္တဲ့ ကိုလွေအာင္ကေျပာပါတယ္။

လိုင္စင္ေလွ်ာက္ထားတာနဲ႔ပတ္သက္ၿပီး ပဲခူးတိုင္းသယံဇာတ၊ သစ္ေတာႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ေကာ္မတီဥကၠဌ ဦးေဇာ္လြင္ဦးကို ဆက္သြယ္ေမးျမန္းရာ ‟ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးဌာနကေနၿပီးေတာ့ လိုင္စင္ေတြ တင္ေပးရမယ့္ဟာေတြ၊ အခ်က္အလက္ ျပည့္စုံသူမွန္သမွ် အကုန္တင္ေပးပါတယ္၊ သတ္မွတ္ထားတဲ့ လိုင္စင္ေလ်ာက္တဲ့အခါမွာ ေလွ်ာက္လႊာမွာပါဝင္တဲ့ အခ်က္ေတြရွိတယ္၊ ဥပမာေျမအမ်ိဳးအစားေပါ့ သဲထုတ္မယ္ဆိုရင္ OAေျမျဖစ္ရဲ႕လား၊ ျမစ္ေခ်ာင္းအေဟာင္းနားက လယ္ေျမမဟုတ္တဲ့ သစ္ေတာေျမမဟုတ္တဲ့ဟာျဖစ္လားၾကည့္တယ္၊ ေဘးပတ္ဝန္းက်င္ကလူေတြရဲ႕ ေထာက္ခံမူကိုစစ္တယ္၊ ၿပီးေတာ့ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ ျမစ္ေခ်ာင္းကလည္းဆင္းၿပီးၾကည့္ေပးတယ္။ သစ္ေတာကလည္း သစ္ေတာေျမပါမပါ ဆင္းၾကည့္ေပးတယ္၊ ေထြအုပ္ကအဲ့အေပၚမွာမွတ္ခ်က္ေပးတယ္။ ကၽြန္ေတာ္တို႔ၿမိဳ႕နယ္ကေတာ့ အကုန္လုံးတင္ျပထားပါတယ္။ ၿပီးတဲ့ႏွစ္ကလိုင္စင္ရၿပီးသားကို အခုႏွစ္ျပန္ေလွ်ာက္တာေသခ်ာရင္ေတာ ့အေၾကာင္းရင္းတစ္ခုခုရွိပါလိမ့္မယ္။ ခ႐ိုင္/တိုင္းမွာၾကန႔္ၾကာမႈရွိေနတာလို႔ထင္ပါတယ္”ေျပာပါတယ္။

လုပ္ငန္းရွင္ေတြကလည္း နိုင္ငံေတာ္ကို မႏွစ္ကထိ ဓါတ္သတၱဳခြန္က၂၅သိန္း၊ အျမတ္ခြန္က၅သိန္းေဆာင္ခဲ့ၿပီး ပ်က္ကြက္တာမရွိဘဲ အခုခ်ိန္ေလွ်ာက္ထားရာမွာေတာ့ လုပ္ငန္းလုိင္စင္မရရိွတာ ျဖစ္တယ္လို႔ သိရပါတယ္။

လုပ္ငန္းလိုင္စင္ခ်ထားေပးမႈမရွိတာနဲ႔ ပက္သက္ၿပီး အလုပ္သမားေတြကို ဦးေဆာင္တဲ့ မေအးမိစံက ‟ကၽြန္မတို႔ က ဒီလုပ္ငန္းကိုမွီခိုလုပ္ကိုင္စားေသာက္ၾကတဲ့ အလုပ္သမားေတြပါ၊ လိုင္စင္မက်ေတာ့ ကၽြန္မတို႔ စားဝတ္ေနေရးေတြ ခက္ခဲလာပါတယ္။ ကၽြန္မတို႔တင္မဟုတ္ပါဘူး ၊ ကၽြန္မတို႔ သား၊သမီးေတြပါ စားဝတ္ေနေရး ပညာသင္ဖို႔အားလုံး ခက္ခဲကုန္ပါတယ္။ ကၽြန္မလို အလုပ္သမားအမ်ားႀကီး ခက္ခဲေနပါတယ္၊ ကၽြန္မတို႔ကို မၾကည့္ရင္ေတာင္ ကၽြန္မတို႔ သား၊သမီးေတြရဲ႕ ပညာေရးကိုၾကည့္ေပးပါ”လုိ႔ ေျပာပါတယ္။

အုတ္၊ သဲ၊ ေက်ာက္လုပ္ငန္းေတြဟာ ေျခာက္ေသြ႕တဲ့ရာသီမွာသာ တြင္က်ယ္စြာထုတ္လုပ္ေရာင္းဝယ္ၾကတဲ့ လုပ္ငန္းျဖစ္တယ္လို႔ိလည္း သိရပါတယ္။

‟ကၽြန္ေတာ္တို႔ဌာနကေတာ့ ခ်က္ျခင္းတင္ေပးပါတယ္၊ ေျမစာရင္းမွာ ပုံ(၁၀၅)ဆြဲတာေတြရွိတယ္၊ တစ္ခ်ိဳ႕က်ေတာ့လည္း မသြားေတာ့ၾကာတယ္ေပါ့၊ လိုင္စင္ကတစ္ႏွစ္ တစ္ႀကိမ္ေလ်ာက္ရတာမွာ အမႈတြဲကေတာ့ အသစ္ကျပန္စရတာပါ။ ၿပီးရင္ ပတ္ဝန္းက်င္ထိမ္းသိမ္းေရးဦးစီးဌာနကို တင္ရပါတယ္၊ အဲဒီလုပ္ငန္းစဥ္ကေတာ့ ၾကာပါတယ္။ လုပ္ငန္းလိုင္စင္ကေတာ့ အကုန္ရမွာပါ အမႈတြဲလည္း တိုင္းေရာက္ေနပါၿပီလို႔”သဲကုန္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးဦးရေဝစိုးကေျပာပါတယ္။

အလုပ္သမားေတြအေနနဲ႔ အခုလုိအခက္အခဲေတြ ၾကံဳေတြ႔ေနရတာနဲ႔ လိုင္စင္ခ်ထားမေပးဘူးဆိုရင္ ဆႏၵထုတ္ေဖာ္သြားဖို႔ ရိွတယ္လို႔လည္း သိရပါတယ္။

#VOM #voiceofmyanmar #အင္းမ #အုတ္၊သဲ၊ေက်ာက္ #လုိုင္စင္ #အလုပ္ရွင္၊အလုပ္သမား

Related posts

Leave a Comment

VOM News

FREE
VIEW