ရန်ကုန်စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအပေါ် တိုင်းလွှတ်တော် အမျိုးသမီးကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ထောက်ပြဆွေးနွေး

ရန်ကုန်စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအပေါ် တိုင်းလွှတ်တော် အမျိုးသမီးကိုယ်စားလှယ်တွေ ပြင်းပြင်းထန်ထန် ထောက်ပြဆွေးနွေး

ရန်ကုန်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

ရန်ကုန်တိုင်းဒေသကြီးစာရင်းစာချုပ်ရဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေက ပြင်းပြင်းထန်ထန် ထောက်ပြဆွေးနွေးနေကြပါတယ်။

“ကျပ် ဘီလီယံ ၃၀ နဲ့ လစ်မစ်တစ်တင်ဒါ ခေါ်ယူထားတဲ့ ၂၅ မဂ္ဂါဝပ် မီးစက်ဝယ်ယူထားတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ပြီးတော့ တစ်ဦးတစ်ယောက်ကို အခွင့်အရေးပေးခြင်းဟာလည်း ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနစ်နာမှုဖြစ်ကြောင်း တင်ပြလိုပါတယ်”လို့ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်(၁)မှ ဒေါ်စန္ဒာမင်းက ပြောပါတယ်။

စာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာအရ စစ်ဆေးတွေ့ရှိချက်တွေကို တစ်နှစ်လုံးအနေနဲ့ ပြောရရင် နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်တွေလျော့နည်း ရရှိနေတယ်၊ ကိုယ်ပိုင်အဆောက်အဦ ငှားရမ်းခြင်းမှ ရရှိတာတွေ၊ ပစ္စည်းခွန်ကောက်ခံရရှိတာတွေ၊ မြေငှားရမ်းမှုတွေအပေါ် ကာလပေါက်ဈေးနဲ့ကိုက်ညီမှုမရှိတာတွေ၊ စက်သုံးဆီဇယားတွေကနေ ပစ္စည်းခွန်စည်းကြပ်ကောက်ခံမှု လျော့နေတဲ့ အခြေအနေစတာတွေနဲ့အတူ ဆုံးရှုံးမှုတွေ၊ ပေးဖို့ကျန်ရှိတာတွေက စည်းမျဉ်းစည်းကမ်းလိုက်နာမှု အားနည်းတာကို တွေ့ရတယ်လို့ လမ်းမတော်မဲဆန္ဒနယ်(၁)မှ ဒေါ်အေးအေးမာက ပြောပါတယ်။

“နှစ်စဉ်ဘတ်ဂျက်ငွေတွေကို ပိုထုတ်ပြီးမှ ပိုလျှံငွေတွေ ပြန်အပ်မယ်ဆိုရင်တော့ ကျွန်မတို့ သွားချင်တဲ့ အရွေ့တစ်ခုကို ကြီးမားတဲ့ အဟန့်အတားဖြစ်စေမှာဖြစ်ပြီး လိုအပ်တဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ နှောင့်နှေးစေမယ် ထင်ပါတယ်”လို့ လှိုင်မဲဆန္ဒနယ်(၂)မှ ဒေါ်ခိုင်မာဌေးက ပြောပါတယ်။

ကျောက်တံတားမဲဆန္ဒနယ်(၁)မှ ဒေါ်ကြည်ပြာကလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ လက်အောက်ဌာနငါးခုနဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ထုတ်လုပ်ရေးဌာနအောက်က လုပ်ငန်းတချို့ဟာ ၂၀၁၇ ခုနှစ်ကတည်းက လုပ်ငန်းတွေ ရပ်ဆိုင်းထားတဲ့အတွက် ဒီနေ့အထိ ဌာနကနေ ဝင်ငွေမရရှိတာ၊ ဈေးဌာနအောက်က ကမ်းနားလမ်းညဈေးကိစ္စ၊ ပန်းဥယျာဉ်နဲ့ပတ်သက်တဲ့ကိစ္စ၊ ရာပြတ်ဌာနနဲ့ပတ်သက်တဲ့ကိစ္စ၊ အားကစားကွင်းတွေမှာ ငှားရမ်းထားတဲ့ဆိုင်ခန်းခဈေးနှုန်းနည်းပါးနေတာတွေကို ထောက်ပြဆွေးနွေးခဲ့ပါတယ်။

#VOM #voiceofmyanmar #ရန်ကုန်လွှတ်တော် #စာရင်းစစ်ချုပ် #အမျိုးသမီးလွှတ်တော်ကိုစားလှယ်

 

zawgyi

ရန္ကုန္စာရင္းစစ္ခ်ဳပ္ရဲ႕ အစီရင္ခံစာအေပၚ တိုင္းလႊတ္ေတာ္ အမ်ိဳးသမီးကိုယ္စားလွယ္ေတြ ျပင္းျပင္းထန္ထန္ ေထာက္ျပေဆြးေႏြး

ရန္ကုန္၊ ဇန္နဝါရီ ၂၃၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

ရန္ကုန္တိုင္းေဒသႀကီးစာရင္းစာခ်ဳပ္ရဲ႕ ၂၀၁၇-၂၀၁၈ ခုႏွစ္ ဘ႑ာေရးႏွစ္ စစ္ေဆးေတြ႕ရွိခ်က္ အစီရင္ခံစာအေပၚ ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ရဲ႕ အမ်ိဳးသမီးလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ျပင္းျပင္းထန္ထန္ ေထာက္ျပေဆြးေႏြးေနၾကပါတယ္။

“က်ပ္ ဘီလီယံ ၃၀ နဲ႔ လစ္မစ္တစ္တင္ဒါ ေခၚယူထားတဲ့ ၂၅ မဂၢါဝပ္ မီးစက္ဝယ္ယူထားတဲ့ ကိစၥပဲ ျဖစ္ပါတယ္။ လုပ္ထုံးလုပ္နည္းေတြကို ခ်ိဳးေဖာက္ၿပီးေတာ့ တစ္ဦးတစ္ေယာက္ကို အခြင့္အေရးေပးျခင္းဟာလည္း ျပည္သူ႔ဘ႑ာေငြ ဆုံးရႈံးနစ္နာမႈျဖစ္ေၾကာင္း တင္ျပလိုပါတယ္”လို႔ ဆိပ္ႀကီးခေနာင္တိုမဲဆႏၵနယ္(၁)မွ ေဒၚစႏၵာမင္းက ေျပာပါတယ္။

စာရင္းစစ္ခ်ဳပ္ရဲ႕ အစီရင္ခံစာအရ စစ္ေဆးေတြ႕ရွိခ်က္ေတြကို တစ္ႏွစ္လုံးအေနနဲ႔ ေျပာရရင္ ႏိုင္ငံေတာ္က ရသင့္ရထိုက္တဲ့ အခြန္ေတြေလ်ာ့နည္း ရရွိေနတယ္၊ ကိုယ္ပိုင္အေဆာက္အဦ ငွားရမ္းျခင္းမွ ရရွိတာေတြ၊ ပစၥည္းခြန္ေကာက္ခံရရွိတာေတြ၊ ေျမငွားရမ္းမႈေတြအေပၚ ကာလေပါက္ေဈးနဲ႔ကိုက္ညီမႈမရွိတာေတြ၊ စက္သုံးဆီဇယားေတြကေန ပစၥည္းခြန္စည္းၾကပ္ေကာက္ခံမႈ ေလ်ာ့ေနတဲ့ အေျခအေနစတာေတြနဲ႔အတူ ဆုံးရႈံးမႈေတြ၊ ေပးဖို႔က်န္ရွိတာေတြက စည္းမ်ဥ္းစည္းကမ္းလိုက္နာမႈ အားနည္းတာကို ေတြ႕ရတယ္လို႔ လမ္းမေတာ္မဲဆႏၵနယ္(၁)မွ ေဒၚေအးေအးမာက ေျပာပါတယ္။

“ႏွစ္စဥ္ဘတ္ဂ်က္ေငြေတြကို ပိုထုတ္ၿပီးမွ ပိုလွ်ံေငြေတြ ျပန္အပ္မယ္ဆိုရင္ေတာ့ ကြၽန္မတို႔ သြားခ်င္တဲ့ အေ႐ြ႕တစ္ခုကို ႀကီးမားတဲ့ အဟန႔္အတားျဖစ္ေစမွာျဖစ္ၿပီး လိုအပ္တဲ့ ဖြံ႕ၿဖိဳးေရးလုပ္ငန္းေတြ ေဆာင္႐ြက္ရာမွာ ေႏွာင့္ေႏွးေစမယ္ ထင္ပါတယ္”လို႔ လႈိင္မဲဆႏၵနယ္(၂)မွ ေဒၚခိုင္မာေဌးက ေျပာပါတယ္။

ေက်ာက္တံတားမဲဆႏၵနယ္(၁)မွ ေဒၚၾကည္ျပာကလည္း ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီရဲ႕ လက္ေအာက္ဌာနငါးခုနဲ႔ပတ္သက္ၿပီး ေဆြးေႏြးရာမွာ ထုတ္လုပ္ေရးဌာနေအာက္က လုပ္ငန္းတခ်ိဳ႕ဟာ ၂၀၁၇ ခုႏွစ္ကတည္းက လုပ္ငန္းေတြ ရပ္ဆိုင္းထားတဲ့အတြက္ ဒီေန႔အထိ ဌာနကေန ဝင္ေငြမရရွိတာ၊ ေဈးဌာနေအာက္က ကမ္းနားလမ္းညေဈးကိစၥ၊ ပန္းဥယ်ာဥ္နဲ ႔ပတ္သက္တဲ့ကိစၥ၊ ရာျပတ္ဌာနနဲ႔ပတ္သက္တဲ့ကိစၥ၊ အားကစားကြင္းေတြမွာ ငွားရမ္းထားတဲ့ဆိုင္ခန္းခေဈးႏႈန္းနည္းပါးေနတာေတြကို ေထာက္ျပေဆြးေႏြးခဲ့ပါတယ္။

 

ဓါတ္ပံုု ရန္ကုုန္တိုုင္းအစိုုးရ

#VOM #voiceofmyanmar #ရန္ကုန္လႊတ္ေတာ္ #စာရင္းစစ္ခ်ဳပ္ #အမ်ိဳးသမီးလႊတ္ေတာ္ကိုစားလွယ္

Related posts

Leave a Comment

VOM News

FREE
VIEW