အိုင်စီဂျေက အချက်လေးချက်နဲ့ ကြားဖြတ်အမိန့်ချ

အိုင်စီဂျေက အချက်လေးချက်နဲ့ ကြားဖြတ်အမိန့်ချ

ဇန်နဝါရီ ၂၃၊ ၂၀၂၀
VOM
ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်နေ့မှာ အိုင်စီဂျေတရားရုံးမှာ မြန်မာနိင်ငံကို ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့အမှု အိုင်စီဂျေ တရားရုံးက ကြားဖြတ်အမိန့်အဖြစ် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ စီမံချက်တွေ ချမှတ်ပြီး အစီရင်ခံစာတွေ တင်ပြရမယ်လို့ အချက် ၄ ချက်နဲ့ အမိန့် ချမှတ်လိုက်ပါတယ်။

ဒီအချက်တွေကတော့

– မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေးကို လုပ်တဲ့အခါ ဂျီနိုဆိုက်ဒ် ကွန်ဗန်းရှင်း အပိုဒ် ၂ အတိုင်း တတ်နိုင်သမျှ စီမံလုပ်ဆောင်ပါ။ လူမျိုးတုန်း သတ်ဖြတ်မှုကျူးလွန်မှု မြောက်နိုင်တဲ့ လူတဦးတယောက်ကိုဖြစ်စေ တစုတဖွဲ့အပေါ်ကို ဖြစ်စေ လူ့အခွင့်အရေး ချိုးဖောက်တာ၊ လူသတ်မှုကျူးလွန်တာ၊ အစာရေစာ ထောက်ပံ့မှု မပြုတာ၊ ကလေးမွေးဖွားမှု ထိန်းချုပ်တားဆီးတာ၊ ခရီးသွားလာမှု ပိတ်ပင်တားဆီးတာမျိုး စတာတွေကို မလုပ်ဖို့ စီမံပါ၊

– ရိုဟင်ဂျာ တဦးတယောက်ကို ဖြစ်စေ၊ အဖွဲ့တခုကိုဖြစ်စေ မြန်မာစစ်တပ်က ဒါမှမဟုတ် အခြားသောလက်နက်ကိုင်အဖွဲ့တွေက မတရားသဖြင့် အခွင့်အရေးဖောက်ဖျက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်တာမျိုးနဲ့ အလားတူ လုပ်ရပ်တွေကို မကျူးလွန်ဖို့၊ သွေးထိုးလှုံ့ဆော်တာတွေ မလုပ်ဖို့ တားဆီးပါ။

– မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေကို ထိရောက်တဲ့ ကာကွယ်မှုမျိုး ပေးရမယ်။ အပြစ်ကျူးလွန်သူကို ရှာဖွေ ဖော်ထုတ်ပြီး ထိရောက်တဲ့ အပြစ်ပေးရမယ်။ ထိရောက်တဲ့ အစီအမံတွေနဲ့ တားဆီးရမယ်။ ရရှိတဲ့ အချက်အလက်တွေကိုလည်း သိမ်းဆည်းထားရမယ်။

– မြန်မာအနေနဲ့ အခု ပြောတာတွေနဲ့ ပတ်သက်ပြီး လေးလအကြိမ် အိုင်စီဂျေကို အစီရင်ခံစာ တင်ပို့ပေးရမယ်။ အဲ့ဒီနောက် ဒီအမှု မပြီးပြတ်မချင်း ၆ လ တခါ အမြဲ အစီရင်ခံစာ ပို့ရမယ်။

ဆိုတဲ့ အချက် လေးချက်ကို ကြားဖြတ် အမိန့် အဖြစ် ချမှတ်ခဲ့တာပဲ ဖြစ်ပါတယ်။

ICJ အနေနဲ့ မြန်မာအစိုးရ ကြုံနေရတဲ့ အခေအြနေ ပြည်တွင်း ကြုံနေရတဲ့ ရခိုင်စစ်ပွဲ ပဋိပက္ခ အခြေအနေတွေမှာ အခက်အခဲတွေ ကြုံနေရတယ်ဆိုတာကိုလည်း သတိပြုမိတဲ့ အကြောင်း၊ ပြစ်မှု ကျူးလွန်သူတွေကို ထိရောက်တဲ့ အပြစ်ပေးမှုလည်း လိုနေပြီး ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ကလည်း လိုနေတယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ အစ္စလာမ်ဘာသာဝင်တွေ အများစု နေထိုင်ရာ အရပ်တွေမှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေကို ဖြေရှင်းရာမှာ ဂျီနိုဆိုက်သဘောတူစာချုပ်ကို ချိုးဖောက်တယ်ဆိုပြီး အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်ဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲဆိုထားတာပါ။

ဂမ်ဘီယာနိုင်ငံဘက်က ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှုလို့ ယူဆနိုင်တဲ့ ဂျီနိုဆိုက်ကို ဦးတည်သွားနိုင်တဲ့ အရာတွေအားလုံးကို ရပ်တန့်ပေးဖို့၊ မြန်မာစစ်တပ်နဲ့ တခြားလက်နက်ကိုင်တွေက ဂျီနိုဆိုက်ကို ထပ်မကျူးလွန်ဖို့၊ မြန်မာဘက်က သက်သေအထောက်အထားတွေကို မဖျက်ဆီးဖို့၊ မြန်မာနဲ့ ဂမ်ဘီယာတို့ဟာ အခြေအနေကိုပိုဆိုးမယ့် ကိစ္စတွေမလုပ်ဖို့၊ ကြားဖြတ်စီမံချက် ချခဲ့ရင် လေးလအတွင်း နှစ်ဖက်စလုံးက လုပ်ဆောင်ချက်တွေကို အစီရင်ခံစာတင်ဖို့၊ ကုလသမဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ အားလုံး စုံစမ်းစစ်ဆေးမှုမှာပါဝင်ဖို့ အချက် ၆ ချက် ပါဝင်ပါတယ်။

ရခိုင်ပြည်နယ်မှ ဘင်္ဂါလီတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးသွားစေတဲ့ စစ်ဆင်ရေးတွေအတွင်း မြန်မာနိုင်ငံဟာ ၁၉၄၈ ခုနှစ်လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို ဖောက်ဖျက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပါတယ်။ ဒီလိုတရားစွဲဆိုတာနဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်ရှိ နိုင်ငံတကာတရားရုံးသို့ မြန်မာနိုင်ငံ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွာရောက်လျှေက်လဲခဲ့ပြီး မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေမရှိဘူးလို့ ငြင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံဘက်ကတော့ ဂမ်ဘီယာက စွဲဆိုထားတဲ့ အမှုကို လုံးဝပယ်ဖျက်ပေးဖို့၊ မပယ်ဖျက်ပေးနိုင်ရင်လည်း ဂမ်ဘီယာဘက်ကတောင်းဆိုထားတဲ့ ကြားဖြတ်စီမံချက်တွေကို ဆောင်ရွက်ဖို့ အမိန့်မထုတ်ဖို့ တောင်းဆိုထားပါတယ်။

ဂမ်ဘီယာရဲ့ စွဲဆိုချက်ကို အိုင်စီဂျေက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ၊ နှစ်နိုင်ငံ လျှောက်လဲချက်တွေကို ကြားနာခဲ့ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နယ်သာလန်နိုင်ငံ သဟိဂ်မြို့က အိုင်စီဂျေ တရားရုံးကို သွားရောက်ဖြေရှင်းခဲ့ပါတယ်။

#voiceofmyanmar #VOM #ICJ #ရိုဟင်ဂျာ

Zawgyi

အိုင္စီေဂ်က အခ်က္ေလးခ်က္နဲ႔ ၾကားျဖတ္အမိန႔္ခ်

ဇန္နဝါရီ ၂၃၊ ၂၀၂၀
VOM
ဒီကေန႔ ဇန္နဝါရီ ၂၃ ရက္ေန႔မွာ အိုင္စီေဂ်တရား႐ုံးမွာ ျမန္မာနိင္ငံကို ဂမ္ဘီယာႏိုင္ငံက စြဲဆိုထားတဲ့အမႈ အိုင္စီေဂ် တရား႐ုံးက ၾကားျဖတ္အမိန႔္အျဖစ္ ႐ိုဟင္ဂ်ာေတြကို အကာအကြယ္ေပးဖို႔ စီမံခ်က္ေတြ ခ်မွတ္ၿပီး အစီရင္ခံစာေတြ တင္ျပရမယ္လို႔ အခ်က္ ၄ ခ်က္နဲ႔ အမိန႔္ ခ်မွတ္လိုက္ပါတယ္။

ဒီအခ်က္ေတြကေတာ့

– ျမန္မာႏိုင္ငံအေနနဲ႔ ႐ိုဟင္ဂ်ာအေရးကို လုပ္တဲ့အခါ ဂ်ီႏိုဆိုက္ဒ္ ကြန္ဗန္းရွင္း အပိုဒ္ ၂ အတိုင္း တတ္ႏိုင္သမွ် စီမံလုပ္ေဆာင္ပါ။ လူမ်ိဳးတုန္း သတ္ျဖတ္မႈက်ဴးလြန္မႈ ေျမာက္ႏိုင္တဲ့ လူတဦးတေယာက္ကိုျဖစ္ေစ တစုတဖြဲ႕အေပၚကို ျဖစ္ေစ လူ႔အခြင့္အေရး ခ်ိဳးေဖာက္တာ၊ လူသတ္မႈက်ဴးလြန္တာ၊ အစာေရစာ ေထာက္ပံ့မႈ မျပဳတာ၊ ကေလးေမြးဖြားမႈ ထိန္းခ်ဳပ္တားဆီးတာ၊ ခရီးသြားလာမႈ ပိတ္ပင္တားဆီးတာမ်ိဳး စတာေတြကို မလုပ္ဖို႔ စီမံပါ၊

– ႐ိုဟင္ဂ်ာ တဦးတေယာက္ကို ျဖစ္ေစ၊ အဖြဲ႕တခုကိုျဖစ္ေစ ျမန္မာစစ္တပ္က ဒါမွမဟုတ္ အျခားေသာလက္နက္ကိုင္အဖြဲ႕ေတြက မတရားသျဖင့္ အခြင့္အေရးေဖာက္ဖ်က္မႈ၊ ဖမ္းဆီးသတ္ျဖတ္မႈ က်ဴးလြန္တာမ်ိဳးနဲ႔ အလားတူ လုပ္ရပ္ေတြကို မက်ဴးလြန္ဖို႔၊ ေသြးထိုးလႈံ႕ေဆာ္တာေတြ မလုပ္ဖို႔ တားဆီးပါ။

– ျမန္မာႏိုင္ငံအေနနဲ႔ ႐ိုဟင္ဂ်ာေတြကို ထိေရာက္တဲ့ ကာကြယ္မႈမ်ိဳး ေပးရမယ္။ အျပစ္က်ဴးလြန္သူကို ရွာေဖြ ေဖာ္ထုတ္ၿပီး ထိေရာက္တဲ့ အျပစ္ေပးရမယ္။ ထိေရာက္တဲ့ အစီအမံေတြနဲ႔ တားဆီးရမယ္။ ရရွိတဲ့ အခ်က္အလက္ေတြကိုလည္း သိမ္းဆည္းထားရမယ္။

– ျမန္မာအေနနဲ႔ အခု ေျပာတာေတြနဲ႔ ပတ္သက္ၿပီး ေလးလအႀကိမ္ အိုင္စီေဂ်ကို အစီရင္ခံစာ တင္ပို႔ေပးရမယ္။ အဲ့ဒီေနာက္ ဒီအမႈ မၿပီးျပတ္မခ်င္း ၆ လ တခါ အၿမဲ အစီရင္ခံစာ ပို႔ရမယ္။

ဆိုတဲ့ အခ်က္ ေလးခ်က္ကို ၾကားျဖတ္ အမိန႔္ အျဖစ္ ခ်မွတ္ခဲ့တာပဲ ျဖစ္ပါတယ္။

ICJ အေနနဲ႔ ျမန္မာအစိုးရ ႀကဳံေနရတဲ့ အေချအေန ျပည္တြင္း ႀကဳံေနရတဲ့ ရခိုင္စစ္ပြဲ ပဋိပကၡ အေျခအေနေတြမွာ အခက္အခဲေတြ ႀကဳံေနရတယ္ဆိုတာကိုလည္း သတိျပဳမိတဲ့ အေၾကာင္း၊ ျပစ္မႈ က်ဴးလြန္သူေတြကို ထိေရာက္တဲ့ အျပစ္ေပးမႈလည္း လိုေနၿပီး ႐ိုဟင္ဂ်ာေတြကို ကာကြယ္ေပးဖို႔ကလည္း လိုေနတယ္လို႔လည္း ဆိုပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္း၊ အစၥလာမ္ဘာသာဝင္ေတြ အမ်ားစု ေနထိုင္ရာ အရပ္ေတြမွာ ျဖစ္ပ်က္ခဲ့တဲ့ ပဋိပကၡေတြကို ေျဖရွင္းရာမွာ ဂ်ီႏိုဆိုက္သေဘာတူစာခ်ဳပ္ကို ခ်ိဳးေဖာက္တယ္ဆိုၿပီး အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ (OIC) အဖြဲ႕ဝင္ျဖစ္တဲ့ ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို တရားစြဲဆိုထားတာပါ။

ဂမ္ဘီယာႏိုင္ငံဘက္က ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈလို႔ ယူဆႏိုင္တဲ့ ဂ်ီႏိုဆိုက္ကို ဦးတည္သြားႏိုင္တဲ့ အရာေတြအားလုံးကို ရပ္တန႔္ေပးဖို႔၊ ျမန္မာစစ္တပ္နဲ႔ တျခားလက္နက္ကိုင္ေတြက ဂ်ီႏိုဆိုက္ကို ထပ္မက်ဴးလြန္ဖို႔၊ ျမန္မာဘက္က သက္ေသအေထာက္အထားေတြကို မဖ်က္ဆီးဖို႔၊ ျမန္မာနဲ႔ ဂမ္ဘီယာတို႔ဟာ အေျခအေနကိုပိုဆိုးမယ့္ ကိစၥေတြမလုပ္ဖို႔၊ ၾကားျဖတ္စီမံခ်က္ ခ်ခဲ့ရင္ ေလးလအတြင္း ႏွစ္ဖက္စလုံးက လုပ္ေဆာင္ခ်က္ေတြကို အစီရင္ခံစာတင္ဖို႔၊ ကုလသမဂရဲ႕ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ အားလုံး စုံစမ္းစစ္ေဆးမႈမွာပါဝင္ဖို႔ အခ်က္ ၆ ခ်က္ ပါဝင္ပါတယ္။

ရခိုင္ျပည္နယ္မွ ဘဂၤါလီေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္းသို႔ ထြက္ေျပးသြားေစတဲ့ စစ္ဆင္ေရးေတြအတြင္း ျမန္မာႏိုင္ငံဟာ ၁၉၄၈ ခုႏွစ္လူမ်ိဳးတုန္းသတ္ျဖတ္မႈဆိုင္ရာ ကြန္ဗင္းရွင္းကို ေဖာက္ဖ်က္တယ္လို႔ ဂမ္ဘီယာႏိုင္ငံက စြပ္စြဲထားပါတယ္။ ဒီလိုတရားစြဲဆိုတာနဲ႔ ပတ္သက္ၿပီး နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ရွိ ႏိုင္ငံတကာတရား႐ုံးသို႔ ျမန္မာႏိုင္ငံ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြာေရာက္ေလွ်က္လဲခဲ့ၿပီး ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုန္းသတ္ျဖတ္မႈေတြမရွိဘူးလို႔ ျငင္းဆိုခဲ့ပါတယ္။

ျမန္မာႏိုင္ငံဘက္ကေတာ့ ဂမ္ဘီယာက စြဲဆိုထားတဲ့ အမႈကို လုံးဝပယ္ဖ်က္ေပးဖို႔၊ မပယ္ဖ်က္ေပးႏိုင္ရင္လည္း ဂမ္ဘီယာဘက္ကေတာင္းဆိုထားတဲ့ ၾကားျဖတ္စီမံခ်က္ေတြကို ေဆာင္႐ြက္ဖို႔ အမိန႔္မထုတ္ဖို႔ ေတာင္းဆိုထားပါတယ္။

ဂမ္ဘီယာရဲ႕ စြဲဆိုခ်က္ကို အိုင္စီေဂ်က ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၁၀ ရက္ေန႔ကေန ၁၂ ရက္ေန႔အထိ၊ ႏွစ္ႏိုင္ငံ ေလွ်ာက္လဲခ်က္ေတြကို ၾကားနာခဲ့ပါတယ္။ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ နယ္သာလန္ႏိုင္ငံ သဟိဂ္ၿမိဳ႕က အိုင္စီေဂ် တရား႐ုံးကို သြားေရာက္ေျဖရွင္းခဲ့ပါတယ္။

#voiceofmyanmar #VOM #ICJ #႐ိုဟင္ဂ်ာ

Image may contain: sky and outdoor

Related posts

Leave a Comment

VOM News

FREE
VIEW