မူဆယ်မြို့ တရားဝင်နယ်စပ်ဖြတ်သန်းရေးဂိတ်နှစ်ခုမှာ အပူချိန်လွန်ကဲတဲ့ လူနာ(၂)ဦးတွေ့ရှိ

မူဆယ်၊ဇန်နဝါရီ ၂၇-၂၀၂၀
ပြည်စုံ(VOM)

တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မူဆယ်မြို့ နှစ်နိုင်ငံလူဝင်လူထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ ဆင်ဖြူဂိတ်နဲ့ မန့်ဝင်ဂိတ် နှစ်ဂိတ်တို့မှာ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က အပူချိန်လွန်ကဲ လူနာနှစ်ဦးတွေ့ရှိခဲ့ပြီး မူဆယ်ဆေးရုံမှာတစ်ဦးကို အတွင်းလူနာအဖြစ် စောင့်ကြည့်ကြပ်မက်ကုသနေတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ကျန်းမာ‌ရေးဝန်ထမ်းတွေ နေ့ညမပျက် တရားဝင်နယ်စပ်ဖြတ်သန်းတဲ့ဂိတ်တွေမှာ ဇန်နဝါရီ ၁၅ ရက်နေ့ထဲက စောင့်ကြပ်ကြည့်ရှုနေတာ မနေ့ကထိ အဖျားလွန်လူနာတွေမတွေ့ရှိရပါဘူး၊ ဒီကနေ့မှာတော့ မန့်ဝန်းပေါက်နှင့် ဆင်ဖြူပေါက်က အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထက်ပိုတဲ့ လူနာနှစ်ဦးတွေ့ရှိရတဲ့အတွက် ဆေးရုံကားနှင့်ခေါ်ဆောင်လာပြီး မူဆယ်ပြည်သူ့ဆေးရုံကြီးမှာ စစ်ဆေးကုသပေးပါတယ်၊ အမျိုးသားတစ်ဦးကိုတော့ ပြင်ပလူနာအနေဖြင့်ကုသပေးခဲ့ပြီး၊ တုတ်ကွေးဆန်တဲ့ လက္ခဏာရှိပြီး ၊ အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်နေတဲ့ အမျိုးသမီးကိုတော့ အတွင်းလူနာအဖြစ် မူဆယ်ဆေးရုံမှာ စောင့်ကြည့်ကြပ်မက်ကုသလျက်ရှိပါတယ်”လို့ မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်ကပြောပါတယ်။

မူဆယ်မြို့နယ်အတွင်းရှိ တရားဝင်လူဝင်လူထွက်စစ်ဆေးရေးဂိတ်များဖြစ်ကြတဲ့ နန်းတော်ဂိတ်မှာ (Thermal Scan)စက်၊ (Non Contact Termomiter) တို့နဲ့ ကူးဆက်ရောဂါပိုးကို စောင့်ကြည့်စစ်ဆေးမှုတွေ ပြုလုပ်လျက်ရှိပြီး မန့်ဝန်းဂိတ်၊ ဆင်ဖြူဂိတ်၊ ကျင့်ဆန်းကျော့ဂိတ်၊ ကြူကုတ်(ပန်ဆိုင်း)ဂိတ် ၊ မန့်ဟီးရိုးမြို့နယ်နဲ့ မုံးကိုးမြို့နယ်တို့မှာ ကူးစက်ရောဂါတွေကို စောင့်ကြပ်ကြည့်ရှုနေတဲ့အချိန်မှာ(Non Contact Termomiter)နဲ့ပဲ ကူးဆက်ရောဂါပိုးကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ရှိနေတဲ့ လူ့စွမ်းအားအရင်းအမြစ်နှင့် စက်ကရိယာများဖြင့် ကူးဆက်ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် တုန့်ပြန်ဆောင်ရွက်မှုအတွက်ပါ ဆောင်ရွက်နေပါတယ်”လို့ မူဆယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမျိုးဇော်က ပြောပါတယ်။

အခုလိုတွေ့ရှိခဲ့တဲ့ အဖျားလွန်လူနာတွေဟာ ရွှေလီမြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ သူတွေဖြစ်ပြီး တရုတ်နှစ်သစ်ကူးကာလ မြန်မာနိုင်ငံကို ပြန်လာကြတဲ့သူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာစတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ)ကြောင့် တရုတ်နိုင်ငံက ပြည်နယ် ပေါင်း(၂၉)ခုမှာ သေဆုံးသူတွေနဲ့ ရောဂါပိုးကူးစက်ခံရသူတွေမြင့်တက်‌နေပြီး မြန်မာနိုင်ငံနဲ့ အနီးစပ်ဆုံးပြည်နယ်ဖြစ်တဲ့ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ (၁၁)ယောက်ရှိလာ‌နေပြီလို့ တက်ဟုန်ပြည်ပရေးရာဌာနက ဇန်နဝါရီ(၂၅)ရက်မှာ တရားဝင် သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ဖြစ်ပွားသူ တရုတ်နိုင်ငံမှာ ၁၂၉၇ ဦး၊ ဂျပန်မှာ သုံးဦး၊ တောင်ကိုရီးယား မှာ နှစ်ဦး၊ ဗီယက်နမ်မှာ နှစ်ဦး၊ စင်ကာပူမှာ သုံးဦး၊ ဩစတြေးလျမှာ သုံးဦး၊ ထိုင်းမှာ လေးဦး၊ နီပေါမှာ တစ်ဦး၊ အမေရိကန်မှာ နှစ်ဦး၊ ပြင်သစ်မှာ သုံးဦး စုစုပေါင်း အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်)ဖြစ်ပွားသူ ၁၃၂၀ ရှိတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မူဆယ် #နယ်စပ်ဂိတ် #အပူချိန်လွန်ကဲတဲ့လူနာ(၂)ဦးတွေ့

Zawgyi

မူဆယ္ၿမိဳ႕ တရားဝင္နယ္စပ္ျဖတ္သန္းေရးဂိတ္ႏွစ္ခုမွာ အပူခ်ိန္လြန္ကဲတဲ့ လူနာ(၂)ဦးေတြ႕ရွိ

မူဆယ္၊ဇန္နဝါရီ ၂၇-၂၀၂၀
ျပည္စုံ(VOM)

တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ခ်င္းထိစပ္ေနတဲ့ မူဆယ္ၿမိဳ႕ ႏွစ္ႏိုင္ငံလူဝင္လူထြက္စစ္ေဆးေရးဂိတ္ေတြျဖစ္တဲ့ ဆင္ျဖဴဂိတ္နဲ႔ မန႔္ဝင္ဂိတ္ ႏွစ္ဂိတ္တို႔မွာ ဇန္နဝါရီလ ၂၇ ရက္ေန႔ နံနက္ ၁၁ နာရီခြဲအခ်ိန္ခန႔္က အပူခ်ိန္လြန္ကဲ လူနာႏွစ္ဦးေတြ႕ရွိခဲ့ၿပီး မူဆယ္ေဆး႐ုံမွာတစ္ဦးကို အတြင္းလူနာအျဖစ္ ေစာင့္ၾကည့္ၾကပ္မက္ကုသေနတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔က်န္းမာ‌ေရးဝန္ထမ္းေတြ ေန႔ညမပ်က္ တရားဝင္နယ္စပ္ျဖတ္သန္းတဲ့ဂိတ္ေတြမွာ ဇန္နဝါရီ ၁၅ ရက္ေန႔ထဲက ေစာင့္ၾကပ္ၾကည့္ရႈေနတာ မေန႔ကထိ အဖ်ားလြန္လူနာေတြမေတြ႕ရွိရပါဘူး၊ ဒီကေန႔မွာေတာ့ မန္႔ဝန္းေပါက္ႏွင့္ ဆင္ျဖဴေပါက္က အပူခ်ိန္ ၃၈ ဒီဂရီ စင္တီဂရိတ္ထက္ပိုတဲ့ လူနာႏွစ္ဦးေတြ႕ရွိရတဲ့အတြက္ ေဆး႐ုံကားႏွင့္ေခၚေဆာင္လာၿပီး မူဆယ္ျပည္သူ႔ေဆး႐ုံႀကီးမွာ စစ္ေဆးကုသေပးပါတယ္၊ အမ်ိဳးသားတစ္ဦးကိုေတာ့ ျပင္ပလူနာအေနျဖင့္ကုသေပးခဲ့ၿပီး၊ တုတ္ေကြးဆန္တဲ့ လကၡဏာရွိၿပီး ၊ အပူခ်ိန္ ၃၈ ဒီဂရီစင္တီဂရိတ္ထက္ေက်ာ္လြန္ေနတဲ့ အမ်ိဳးသမီးကိုေတာ့ အတြင္းလူနာအျဖစ္ မူဆယ္ေဆး႐ုံမွာ ေစာင့္ၾကည့္ၾကပ္မက္ကုသလ်က္ရွိပါတယ္”လို႔ မူဆယ္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာမ်ိဳးေဇာ္ကေျပာပါတယ္။

မူဆယ္ၿမိဳ႕နယ္အတြင္းရွိ တရားဝင္လူဝင္လူထြက္စစ္ေဆးေရးဂိတ္မ်ားျဖစ္ၾကတဲ့ နန္းေတာ္ဂိတ္မွာ (Thermal Scan)စက္၊ (Non Contact Termomiter) တို႔နဲ႔ ကူးဆက္ေရာဂါပိုးကို ေစာင့္ၾကည့္စစ္ေဆးမႈေတြ ျပဳလုပ္လ်က္ရွိၿပီး မန္႔ဝန္းဂိတ္၊ ဆင္ျဖဴဂိတ္၊ က်င့္ဆန္းေက်ာ့ဂိတ္၊ ၾကဴကုတ္(ပန္ဆိုင္း)ဂိတ္ ၊ မန႔္ဟီး႐ိုးၿမိဳ႕နယ္နဲ႔ မုံးကိုးၿမိဳ႕နယ္တို႔မွာ ကူးစက္ေရာဂါေတြကို ေစာင့္ၾကပ္ၾကည့္ရႈေနတဲ့အခ်ိန္မွာ(Non Contact Termomiter)နဲ႔ပဲ ကူးဆက္ေရာဂါပိုးကို ေစာင့္ၾကပ္ၾကည့္ရႈစစ္ေဆးလ်က္ရွိတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္တို႔ရွိေနတဲ့ လူ႔စြမ္းအားအရင္းအျမစ္ႏွင့္ စက္ကရိယာမ်ားျဖင့္ ကူးဆက္ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားႏွင့္ တုန႔္ျပန္ေဆာင္႐ြက္မႈအတြက္ပါ ေဆာင္႐ြက္ေနပါတယ္”လို႔ မူဆယ္ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာမ်ိဳးေဇာ္က ေျပာပါတယ္။

အခုလိုေတြ႕ရွိခဲ့တဲ့ အဖ်ားလြန္လူနာေတြဟာ ေ႐ႊလီၿမိဳ႕မွာ အလုပ္လုပ္ကိုင္ေနတဲ့ သူေတြျဖစ္ၿပီး တ႐ုတ္ႏွစ္သစ္ကူးကာလ ျမန္မာႏိုင္ငံကို ျပန္လာၾကတဲ့သူေတြျဖစ္တယ္လို႔လည္း သိရပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕မွာစတင္ျဖစ္ပြားခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္(အဆုတ္ေရာင္ေရာဂါ)ေၾကာင့္ တ႐ုတ္ႏိုင္ငံက ျပည္နယ္ ေပါင္း(၂၉)ခုမွာ ေသဆုံးသူေတြနဲ႔ ေရာဂါပိုးကူးစက္ခံရသူေတြျမင့္တက္‌ေနၿပီး ျမန္မာႏိုင္ငံနဲ႔ အနီးစပ္ဆုံးျပည္နယ္ျဖစ္တဲ့ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္မွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ (၁၁)ေယာက္ရွိလာ‌ေနၿပီလို႔ တက္ဟုန္ျပည္ပေရးရာဌာနက ဇန္နဝါရီ(၂၅)ရက္မွာ တရားဝင္ သတင္းထုတ္ျပန္ထားတာျဖစ္ပါတယ္။

ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ ဇန္နဝါရီ ၂၅ ရက္ေန႔ထုတ္ျပန္ခ်က္အရ အဆုတ္ေရာင္ေရာဂါ(ကို႐ိုနာဗိုင္းရပ္စ္)ျဖစ္ပြားသူ တ႐ုတ္ႏိုင္ငံမွာ ၁၂၉၇ ဦး၊ ဂ်ပန္မွာ သုံးဦး၊ ေတာင္ကိုရီးယား မွာ ႏွစ္ဦး၊ ဗီယက္နမ္မွာ ႏွစ္ဦး၊ စင္ကာပူမွာ သုံးဦး၊ ဩစေၾတးလ်မွာ သုံးဦး၊ ထိုင္းမွာ ေလးဦး၊ နီေပါမွာ တစ္ဦး၊ အေမရိကန္မွာ ႏွစ္ဦး၊ ျပင္သစ္မွာ သုံးဦး စုစုေပါင္း အဆုတ္ေရာင္ေရာဂါ(ကို႐ိုနာဗိုင္းရပ္စ္)ျဖစ္ပြားသူ ၁၃၂၀ ရွိတယ္လို႔ သိရပါတယ္။

#VOM #voiceofmyanmar #မူဆယ္ #နယ္စပ္ဂိတ္ #အပူခ်ိန္လြန္ကဲတဲ့လူနာ(၂)ဦးေတြ႕

Related posts

Leave a Comment

VOM News

FREE
VIEW