ဝူဟန်ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်တဲ့အထိ အသီးတင်ပို့မှုမပြုလုပ်ဖို့ မူဆယ်သစ်သီးကုန်စည်ဒိုင်က အထူးသတိပေး

မူဆယ်၊ ဇန်နဝါရီ ၂၇-၂၀၂၀
အောင်ကြီး(VOM)

တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနားကူးစက်မြန်ရောဂါကို ထိန်းချုပ်နိုင်တဲ့အထိ အသီးတင်ပို့ မှုမပြုလုပ်ဖို့ ၊ စိုက်ခင်းအတွင်း အသီးများနောက်ကျခူးဆွတ်နိုင်ရန် ပြင်ဆင်ထားဖို့အတွက်ကို ဒီကနေ့မနက်ပိုင်း အသီးကွင်းရောင်းဝယ်မှုတွေအပြီး မူဆယ်သစ်သီးကုန်စည်ဒိုင်က အထူးသတိပေးထားတယ်လို့ သိရပါတယ်။

အဲ့ဒီကူးစက်မြန်ရောဂါကြောင့် တရုတ်နိုင်ငံပြည်တွင်းမှာ အရေးပေါ်အခြေအနေနဲ့ သယ်ယူပို့ဆောင်လမ်းကြောင်းတွေကို ကန့်သတ်ထားတဲ့အတွက် အသီးတင်ပို့ရောင်းချဖို့ အခက်အခဲတွေဖြစ်ပေါ်နေပြီး ၊ အသီးတင်ပို့မှုကို ဖရဲ၊သခွားတင်ပို့ရောင်းချသူများ နစ်နာဆုံးရှုံးမှုမရှိစေဖို့အတွက် သတိပေးထားတယ်လို့ ပွဲရုံပိုင်ရှင်တွေရဲ့ပြောပြချက်အရ သိရပါတယ်။

“ ဈေးကွက်အခြေအနေကတော့မကောင်းဘူး။ တရုတ်ဝယ်လက်တွေကလည်း ဝယ်ပြီး ရောင်းစရာနေရာမရှိဘူး ဖြစ်နေတယ်။ တရုတ်ပြည်တွင်းမှာလည်း စားသောက်ဆိုင်တွေ ကေတီဗွီတွေ ဈေးတွေပိတ်ထားတယ်။ လူစည်းကားရာတွေမှာ သွားလာမှုမလုပ်ဖို့ တရုတ်ကျန်းမာရေးဌာနက သတိပေးထုတ်ပြန်ထားတယ်။ ကုန်သွယ်မှုဂိတ်တွေ ပိတ်တာမဟုတ်ဘဲ ဈေးကွက်မရှိတဲ့ အခြေအနေဖြစ်နေတာပါ။ လက်ရှိမှာ ဖရဲ၊သခွားတောင်သူတွေ အသီးမတင်သေးပဲ သတင်းတွေကို စောင့်ကြည့်ဖို့လိုပါတယ်။ စိုက်ခင်းမှာပဲ အသီးခူးရမယ့်အချိန်ကို နောက်ဆွဲထားဖို့လိုပါတယ်။ ဈေးကွက်မှာ ၅-၇ရက်လောက် စောင့်ကြည့်ထိမ်းထားဖို့ လိုပါတယ်။ ဈေးကွက်ပြန်ပွင့်လာရင်လည်း အသီးကားတွေ စုပြုံဝင်မလာဖို့လိုပါတယ်”လို့ ခွာညိုပွဲရုံမှ ဦးစိုင်းမင်းသူနိုင်ကပြောပါတယ်။

လက်ရှိအချိန်ထိ မူဆယ် အဝင်အထွက်နဲ့ အသီးလှယ်ကွင်း ဝမ်တိန်သွားဖို့ ကျင်စန်းကျော့ဂိတ်ကို နှစ်သစ်ကူးပိတ်ရက်နောက်ပိုင်း ပြန်လည်ဖွင့်လှစ်ထားပြီး တရုတ်နှစ်ကူးကို မပြန်တဲ့ဝယ်လက်နဲ့ အနီးအနားရှိဝယ်လက်တွေက ၁၀၅ မိုင်အသီးကွင်းကို လာရောက်မှုတွေရှိပေမယ့် အသီးဝယ်ယူတဲ့သူ အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

“ ဖရဲသီးကား အစီး ၂၆ စီး ၊ဂျပ်ဖာသီး ၁၅၉ စီး ၊သခွား ၃၄ စီးဝင်ရောက်လာ တယ်။ တရုတ်ဝယ်လက်များ(၁၀၃)ဦး တက်လာတာတွေ့ရတယ်။ အများစုက ရွှေလီက ပွဲစားနဲ့ပွဲတော်ရက်မပြန်ကြတဲ့ တရုတ်ဝယ်လက်များဖြစ်တယ်။ ဝယ်ဖို့ထက် စောင့်ကြည့်သူအများစုပါ။ သခွားမွှေးများ အမြင့်ဆုံးဈေး ယွမ် ၃.၆နဲ့ဈေးပြတ်ပေမယ့်၊ အနီးဝယ်လက် ကူမင်းအထိရောင်းရန်သာဖြစ်တယ်။ ရောင်းမရတဲ့ လက်ကျန်များပါတယ်။ တရုတ်နိုင်ငံမှာ အဝေးတင်လမ်းကြောင်းများသွားလာမှု အကန့်အသတ်ရှိနေတယ်။ အရောင်းအဝယ်ဖြစ်သွားတဲ့ ဖရဲ၊သခွားကားနည်းပါးလှပါတယ်၊ ခြုံပြောရရင် တရုတ်ဖက်က ကူးစက်မြန်ကပ်ရောဂါကြီးကြောင့် ဖရဲသခွားဈေးကွက်ကို တိုက်ရိုက်ဆိုးကျိုးသက်ရောက်ပါပြီ။ အခုအခြေအနေက မူဆယ်တက်ဖို့ ဖရဲ-သခွားများ ခူးဆွတ်မှု၊ တင်ပို့မှုလုံးဝရပ်ထားသင့်ပါတယ်”လို့ ခွာညိုပွဲရုံက ဦးစိုင်းခင်မောင်ကပြောပါတယ်။

၂၀၁၃ခုနှစ် က ဆားရောဂါဖြစ်ပွားစဉ်ကလည်း ဖရဲဈေး စံချိန်တင်မြင့်တက်ခဲ့ပြီး၊ လက်ရှိဈေးကွက်မှာတော့ ဝူဟန်ရောဂါရဲ့ကူးစက်မှုမြန်ဆန်တဲ့ ကပ်ရောဂါအသွင် အရေးပေါ်အခြေအနေကြောင့် ပြည်နယ်ချင်း သယ်ယူပို့ဆောင်မှု အခက်အခဲဖြစ်ပေါ်နေတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအတွင်းကို ပြည်နယ်အချို့သွားလာမှုကန့်သတ်ထားတဲ့အတွက် အသီးကုန်သည်များ ဝယ်ယူမှုမရှိသေးဘဲ ၊ ရောဂါထိန်ချုပ်နိုင်မှု အခြေအနေကိုစောင့်ကြည့်ပြီးမှသာ အသီးဝယ်ယူမှု ပြန်လည်ဝယ်ယူနိုင်မယ့် အခြေအနေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မူဆယ် #ကူးစက်မြန်ရောဂါ #ထိန်းချုပ်နိုင်မှ #အသီးတင်ပို့တာပြုလုပ်ဖို့ #အထူးသတိပေး

Zawgyi

၀ူဟန္ကူးစက္ျမန္ေရာဂါ ထိန္းခ်ဳပ္ႏိုင္တဲ့အထိ အသီးတင္ပို႔မႈမျပဳလုပ္ဖို႔ မူဆယ္သစ္သီးကုန္စည္ဒိုင္က အထူးသတိေပး

မူဆယ္၊ ဇန္နဝါရီ ၂၇-၂၀၂၀
ေအာင္ႀကီး(VOM)

တရုတ္ႏိုင္ငံ၊ ၀ူဟန္ၿမိဳ႕မွာျဖစ္ပြားေနတဲ့ ကိုရိုနားကူးစက္ျမန္ေရာဂါကို ထိန္းခ်ဳပ္ႏိုင္တဲ့အထိ အသီးတင္ပို႔ မႈမျပဳလုပ္ဖို႔ ၊ စိုက္ခင္းအတြင္း အသီးမ်ားေနာက္က်ခူးဆြတ္ႏိုင္ရန္ ျပင္ဆင္ထားဖို႔အတြက္ကို ဒီကေန႔မနက္ပိုင္း အသီးကြင္းေရာင္း၀ယ္မႈေတြအၿပီး မူဆယ္သစ္သီးကုန္စည္ဒိုင္က အထူးသတိေပးထားတယ္လို႔ သိရပါတယ္။

အဲ့ဒီကူးစက္ျမန္ေရာဂါေၾကာင့္ တရုတ္ႏို္င္ငံျပည္တြင္းမွာ အေရးေပၚအေျခအေနနဲ႔ သယ္ယူပို႔ေဆာင္လမ္းေၾကာင္းေတြကို ကန္႔သတ္ထားတဲ့အတြက္ အသီးတင္ပို႔ေရာင္းခ်ဖို႔ အခက္အခဲေတြျဖစ္ေပၚေနၿပီး ၊ အသီးတင္ပို႔မႈကို ဖရဲ၊သခြားတင္ပို႔ေရာင္းခ်သူမ်ား နစ္နာဆံုးရႈံးမႈမရွိေစဖို႔အတြက္ သတိေပးထားတယ္လုိ႔ ပြဲရံုပိုင္ရွင္ေတြရဲ႕ေျပာျပခ်က္အရ သိရပါတယ္။

“ ေစ်းကြက္အေျခအေနကေတာ့မေကာင္းဘူး။ တရုတ္၀ယ္လက္ေတြကလည္း ၀ယ္ၿပီး ေရာင္းစရာေနရာမရွိဘူး ျဖစ္ေနတယ္။ တရုတ္ျပည္တြင္းမွာလည္း စားေသာက္ဆိုင္ေတြ ေကတီဗီြေတြ ေစ်းေတြပိတ္ထားတယ္။ လူစည္းကားရာေတြမွာ သြားလာမႈမလုပ္ဖို႔ တရုတ္က်န္းမာေရးဌာနက သတိေပးထုတ္ျပန္ထားတယ္။ ကုန္သြယ္မႈဂိတ္ေတြ ပိတ္တာမဟုတ္ဘဲ ေစ်းကြက္မရွိတဲ့ အေျခအေနျဖစ္ေနတာပါ။ လက္ရွိမွာ ဖရဲ၊သခြားေတာင္သူေတြ အသီးမတင္ေသးပဲ သတင္းေတြကို ေစာင့္ၾကည့္ဖို႔လိုပါတယ္။ စိုက္ခင္းမွာပဲ အသီးခူးရမယ့္အခ်ိန္ကို ေနာက္ဆြဲထားဖို႔လိုပါတယ္။ ေစ်းကြက္မွာ ၅-၇ရက္ေလာက္ ေစာင့္ၾကည့္ထိမ္းထားဖို႔ လိုပါတယ္။ ေစ်းကြက္ျပန္ပြင့္လာရင္လည္း အသီးကားေတြ စုၿပံဳ၀င္မလာဖို႔လိုပါတယ္”လုိ႔ ခြာညိဳပြဲရံုမွ ဦးစိုင္းမင္းသူႏိုင္ကေျပာပါတယ္။

လက္ရွိအခ်ိန္ထိ မူဆယ္ အဝင္အထြက္နဲ႔ အသီးလွယ္ကြင္း ဝမ္တိန္သြားဖို႔ က်င္စန္းေက်ာ့ဂိတ္ကို ႏွစ္သစ္ကူးပိတ္ရက္ေနာက္ပိုင္း ျပန္လည္ဖြင့္လွစ္ထားၿပီး တရုတ္ႏွစ္ကူးကို မျပန္တဲ့၀ယ္လက္နဲ႔ အနီးအနားရွိ၀ယ္လက္ေတြက ၁၀၅ မိုင္အသီးကြင္းကို လာေရာက္မႈေတြရွိေပမယ့္ အသီး၀ယ္ယူတဲ့သူ အနည္းငယ္သာရွိတယ္လို႔ သိရပါတယ္။

“ ဖရဲသီးကား အစီး ၂၆ စီး ၊ဂ်ပ္ဖာသီး ၁၅၉ စီး ၊သခြား ၃၄ စီး၀င္ေရာက္လာ တယ္။ တ႐ုတ္ဝယ္လက္မ်ား(၁၀၃)ဦး တက္လာတာေတြ႕ရတယ္။ အမ်ားစုက ေရႊလီက ပြဲစားနဲ႔ပြဲေတာ္ရက္မျပန္ၾကတဲ့ တ႐ုတ္ဝယ္လက္မ်ားျဖစ္တယ္။ ဝယ္ဖို႔ထက္ ေစာင့္ၾကည့္သူအမ်ားစုပါ။ သခြားေမႊးမ်ား အျမင့္ဆုံးေစ်း ယြမ္ ၃.၆နဲ႔ေစ်းျပတ္ေပမယ့္၊ အနီးဝယ္လက္ ကူမင္းအထိေရာင္းရန္သာျဖစ္တယ္။ ေရာင္းမရတဲ့ လက္က်န္မ်ားပါတယ္။ တ႐ုတ္နိုင္ငံမွာ အေဝးတင္လမ္းေၾကာင္းမ်ားသြားလာမွု အကန႔္အသတ္ရွိေနတယ္။ အေရာင္းအဝယ္ျဖစ္သြားတဲ့ ဖရဲ၊သခြားကားနည္းပါးလွပါတယ္၊ ျခဳံေျပာရရင္ တ႐ုတ္ဖက္က ကူးစက္ျမန္ကပ္ေရာဂါႀကီးေၾကာင့္ ဖရဲသခြားေစ်းကြက္ကို တိုက္ရိုက္ဆိုးက်ိဳးသက္ေရာက္ပါၿပီ။ အခုအေျခအေနက မူဆယ္တက္ဖို႔ ဖရဲ-သခြားမ်ား ခူးဆြတ္မွဳ၊ တင္ပို႔မွဳလုံးဝရပ္ထားသင့္ပါတယ္”လုိ႔ ခြာညိဳပြဲရံုက ဦးစိုင္းခင္ေမာင္ကေျပာပါတယ္။

၂၀၁၃ခုႏွစ္ က ဆားေရာဂါျဖစ္ပြားစဥ္ကလည္း ဖရဲေစ်း စံခ်ိန္တင္ၿမင့္တက္ခဲ့ၿပီး၊ လက္ရွိေစ်းကြက္မွာေတာ့ ၀ူဟန္ေရာဂါရဲ႕ကူးစက္မႈျမန္ဆန္တဲ့ ကပ္ေရာဂါအသြင္ အေရးေပၚအေျခအေနေၾကာင့္ ျပည္နယ္ခ်င္း သယ္ယူပို႔ေဆာင္မႈ အခက္အခဲျဖစ္ေပၚေနတာျဖစ္ပါတယ္။

တရုတ္ႏို္င္ငံအတြင္းကို ျပည္နယ္အခ်ိဳ႕သြားလာမႈကန္႔သတ္ထားတဲ့အတြက္ အသီးကုန္သည္မ်ား ၀ယ္ယူမွဳမရွိေသးဘဲ ၊ ေရာဂါထိန္ခ်ဳပ္ႏိုင္မႈ အေျခအေနကိုေစာင့္ၾကည့္ၿပီးမွသာ အသီး၀ယ္ယူမႈ ျပန္လည္၀ယ္ယူႏိုင္မယ့္ အေျခအေနျဖစ္ေပၚေနတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #မူဆယ္ #ကူးစက္ျမန္ေရာဂါ #ထိန္းခ်ဳပ္နိုင္မွ #အသီးတင္ပို႔တာျပဳလုပ္ဖို႔ #အထူးသတိေပး

Related posts

Leave a Comment

VOM News

FREE
VIEW