မူဆယ်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပက်သက်ပြီး ကြိုတင်ကာကွယ်မှုများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

မူဆယ်၊ ဇန်နဝါရီ ၂၉-၂၀၂၀
ပြည့်စုံ(VOM)

တရုတ်နိုင်ငံ ဝူဟမ်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ကူးစက်ရောဂါ ထိန်းချုပ်နိုင်ဖို့အတွက် ပြည်သူလူထုအသက်အန္တရာယ်ကင်းရေး၊ ရောဂါဖြစ်ပွားမှု မရှိစေရေးနဲ့ ပြည်သူလူထုကျန်းမာရေး၊ အများလုံခြုံမှုကိုအလေးထားတဲ့အနေနဲ့ တရုတ်မြန်မာနယ်စပ် မူဆယ်ခရိုင်အတွင်းမှာ အသိပညာပေး၊ကြိုတင်ကာကွယ်မှုလုပ်ငန်းတွေကို အရှိန်အဟုန် မြှင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ကစပြီး တရားဝင်နယ်စပ် ပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဂိတ်တွေဖြစ်တဲ့ မန်းဝန်းစစ်ဆေးရေးဂိတ်ပေါက်နဲ့ ဆင်ဖြူစစ်ဆေးရေးဂိတ်ပေါက်တို့မှာ အပူချိန်လွန်ကဲတဲ့ လူနာနှစ်ဦးတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

တွေ့ရှိတဲ့လူနာနှစ်ဦးထဲက အမျိုးသားတစ်ဦးကိုတော့ ပြင်ပလူနာဌာနမှာ စစ်ဆေးကုသမှုပေးခဲ့ပြီး ကျန်တဲ့အမျိုးသမီးတစ်ဦးကိုတော့ မူဆယ်ဆေးရုံမှာ စောင့်ကြည့်ကြပ်မက်ကုသခဲ့ရာ ဇန်နဝါရီ(၂၈)ရက်မနေ့နံနက်ပိုင်းက အပူချိန်လျော့နည်းကျဆင်းလာပြီး ဆက်လက်ကုသနေတယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #မူဆယ် #ကိုရိုနာဗိုင်းရပ်စ် #ကြိုတင်မှုအရှိန်အဟုန်မြှင့်

Zawgyi

မူဆယ္ၿမိဳ႕မွာ ကိုရိုနာဗိုင္းရပ္စ္နဲ႔ပက္သက္ၿပီး ႀကိဳတင္ကာကြယ္မွဳမ်ား အရိွန္အဟုန္ျမွင့္ေဆာင္ရြက္

မူဆယ္၊ ဇန္နဝါရီ ၂၉-၂၀၂၀
ျပည့္စံု(VOM)

တ႐ုတ္ႏိုင္ငံ ဝူဟမ္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ ကိုရိုနာဗိုင္းရပ္စ္ အဆုတ္ေရာင္ကူးစက္ေရာဂါ ထိန္းခ်ဳပ္ႏိုင္ဖို႔အတြက္ ျပည္သူလူထုအသက္အႏၲရာယ္ကင္းေရး၊ ေရာဂါျဖစ္ပြားမႈ မရွိေစေရးနဲ႔ ျပည္သူလူထုက်န္းမာေရး၊ အမ်ားလုံၿခဳံမႈကိုအေလးထားတဲ့အေနနဲ႔ တ႐ုတ္ျမန္မာနယ္စပ္ မူဆယ္ခ႐ိုင္အတြင္းမွာ အသိပညာေပး၊ႀကိဳတင္ကာကြယ္မႈလုပ္ငန္းေတြကို အရွိန္အဟုန္ ျမႇင့္ေဆာင္႐ြက္ေနတယ္လို႔ သိရပါတယ္။

ဇန္နဝါရီလ ၂၇ ရက္ေန႔ကစၿပီး တရားဝင္နယ္စပ္ ျပည္ဝင္ျပည္ထြက္စစ္ေဆးေရးဂိတ္ေတြျဖစ္တဲ့ မန္းဝန္းစစ္ေဆးေရးဂိတ္ေပါက္နဲ႔ ဆင္ျဖဴစစ္ေဆးေရးဂိတ္ေပါက္တို႔မွာ အပူခ်ိန္လြန္ကဲတဲ့ လူနာႏွစ္ဦးေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

ေတြ႔ရိွတဲ့လူနာနွစ္ဦးထဲက အမ်ိဳးသားတစ္ဦးကိုေတာ့ ျပင္ပလူနာဌာနမွာ စစ္ေဆးကုသမႈေပးခဲ့ၿပီး က်န္တဲ့အမ်ိဳးသမီးတစ္ဦးကိုေတာ့ မူဆယ္ေဆးရုံမွာ ေစာင့္ၾကည့္ၾကပ္မက္ကုသခဲ့ရာ ဇန္နဝါရီ(၂၈)ရက္မေန႔နံနက္ပိုင္းက အပူခ်ိန္ေလ်ာ့နည္းက်ဆင္းလာၿပီး ဆက္လက္ကုသေနတယ္လုိ႔ သိရပါတယ္။

#VOM #voiceofmyanmar #မူဆယ္ #ကိုရိုနာဗိုင္းရပ္စ္ #ႀကိဳတင္မွဳအရွိန္အဟုန္ျမွင့္

Related posts

Leave a Comment

VOM News

FREE
VIEW