ကျောက်စိမ်းဘုရားဈေးဆိုင်ခန်းတွေကို စည်ပင်သာယာဈေးအဖြစ် ဆောင်ရွက်ပေးဖို့ ဆန္ဒပြ
ကျောက်စိမ်းဘုရားဈေးဆိုင်ခန်းတွေကို စည်ပင်သာယာဈေးအဖြစ် ဆောင်ရွက်ပေးဖို့ ဆန္ဒပြ အမရပူရ၊ဖေဖော်ဝါရီ ၆-၂၀၂၀ မောင်တာရာ(VOM) မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဆင်ရွာ/မြင်းမှူးကျေးရွာအနီးရှိ ဝေရောစန ကျောက်စိမ်းစေတီတော် ပတ်ဝန်းကျင်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးဆိုင်ခန်းတွေကို နိုင်ငံတော်ပိုင် စည်ပင်သာယာဈေးအဖြစ် အမြန်ဆုံးဆောင်ရွက်ပေးဖို့အတွက် ဒီကနေ့နေ့လယ်ပိုင်းက ဈေးသူ၊ဈေးသားတွေအပါအဝင် လူ ၂၀ ကျော်က ဆန္ဒပြခဲ့ကြပါတယ်။ ”ခရိုနီသူဌေးတစ်ဦးက စနစ်တကျ စီမံပြီးတော့မှ ဥပဒေမဲ့နိုင်ငံတော်ကို အခွန်မဆောင်၊ နိုင်ငံတော်ကို ခွင့်ပြုချက်မတင်ဘဲနဲ့ ပြည်သူတွေကို ဆိုင်ခန်းတွေဆောက်ပြီးတော့မှ၊ ဘုရားကိုအမှီပြုပြီးတော့မှ စီးပွားရှာနေတဲ့ဟာက နိုင်ငံတော်အတွက် အကျိုးမရှိတဲ့ရလာဘ်တွေ မြင်တဲ့အတွက် ပြည်သူတွေလည်း အဆင်ပြေအောင်၊ သာသနာလည်းမညိုးနွမ်းအောင်၊ ဒီဈေးကြီးကိုလည်း စည်ပင်ပိုင်၊နိုင်ငံတော်ပိုင် အခွန်ရတဲ့ ဈေးကြီးဖြစ်အောင်၊ ဒီဘုရားကို နိုင်ငံတော်ကနေ စီမံကွပ်ကဲအုပ်ချုပ်ပြီးတော့မှ တိကျမှန်ကန်တဲ့ ဈေးတန်းဖြစ်ရေးကို ကျွန်တော်တို့က တောင်းဆိုခြင်းဖြစ်ပါတယ်”လို့ ဦးဆောင်ဆန္ဒထုတ်ဖော်သူ ဦးလေးနိုင်က ပြောပါတယ်။ ဆန္ဒထုတ်ဖော်ရာလမ်းတစ်လျှောက်မှာတော့ ဘုရားကြီးဈေးဆိုင်ခန်းတွေအား တရားဥပဒေစိုးမိုးရေး -ဒို့ အရေး၊…
Read More
ရသေ့တောင်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင်
ရသေ့တောင်မှာ တပ်မတော်နဲ့အေအေ တိုက်ပွဲတွေကြောင့် ဒေသခံ ၂၀၀၀ ခန့်ထွက်ပြေးတိမ်းရှောင် ရသေ့တောင်၊ ဖေဖော်ဝါရီ ၆- ၂၀၂၀ ခိုင်လင်းစံ (VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ တပ်မတော်နဲ့အေအေကြား ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က တိုက်ပွဲတွေအတွင်း အနီးအနားကျေးရွာတွေက ဒေသခံ ၂၀၀၀ နီးပါး ဘေးလွှတ်ရာသို့ထွက်ပြေး တိမ်းရှာင်နေကြရတာဆိုရင် ယနေ့အထိဖြစ်နေတယ်လို့ ဒေသခံကျေးရွာသားတွေဆီကနေ သိရပါတယ်။ ထွက်ပြေးတိမ်းရှောင်သူတွေဟာ ရသေ့တောင်မြို့ပေါ်နဲ့ တိုက်ပွဲမရှိတဲ့ ရွာတွေကို ထွက်ပြေးခိုလံှုကြတယ်လို့ သိရပါတယ်။ ” တိုက်ပွဲဖြစ်တဲ့အပြင် အခုပြေးနေကြရတယ်။ ဘယ်ရွာတွေက ပြေးနေကြလဲဆိုတာမသိဘူး ပြေးနေကြရတာတွေရှိတယ်။” လို့ သမီးလှရွာသစ်ကျေးရွာက ဦးလုံးယေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားတဲ့ဒေသက ကျေးရွာတွေဖြစ်တဲ့ သမီးလှကျေးရွာအုပ်စုနဲ့ စဖိုကျွန်းအုပ်စုတို့ကနေ ဒေသခံပြည်သူ ၂၀၀၀ နီးပါးဟာ ထွက်ပြေးနေကြတယ်လို့ ဒေသခံပြည်သူတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ ” လွန်ခဲ့တဲ့ သုံးရက်လောက်က တပ်မတော်နဲ့…
Read More
ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်စိတ်ကြောင့် စင်ကာပူမှချစ်သူနှစ်ဦး Facebook Live လွှင့်ပြီး မင်္ဂလာဆောင်ခဲ့ရ
ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်စိတ်ကြောင့် စင်ကာပူမှချစ်သူနှစ်ဦး Facebook Live လွှင့်ပြီး မင်္ဂလာဆောင်ခဲ့ရ စင်ကာပူ၊ ဖေဖော်ဝါရီ-၆-၂၀၂၀ မျိုးဆက် (VOM) တရုတ်နိုင်ငံကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ဆက်လက်အရှိန်မြင့်နေချိန်မှာ ရောဂါနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေကြောင့် စင်ကာပူနိုင်ငံမှ ချစ်သူနှစ်ဦးဟာ Facebook Live လွှင့်ပြီး မင်္ဂလာဆောင်ခဲ့ရပါတယ်။ စင်ကာပူစုံတွဲတွေဖြစ်တဲ့ ဂျိုးဇက်ယူနဲ့ ချစ်သူကန်တင်တို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲနေ့ရက်မတိုင်မီ တရုတ်နိုင်ငံကို ခရီးထွက်ပြီး ပြန်လာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်လာမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေကို မင်္ဂလာပွဲတက်ရောက်ကြမယ့်သူတွေဆီက ကြားသိရပြီးနောက် ဒီစိုးရိမ်စိတ်တွေကို ဖြေလျှော့ပေးမယ့်နည်းလမ်းတစ်ခုကို စင်ကာပူစုံတွဲက တွေ့ရှိသွားခဲ့ပါတယ်။ သူတို့ဟာ မင်္ဂလာခန်းမကို မသွားတော့ပဲ မိသားစုဝင်တွေနဲ့အတူ Facebook Live လွှင့်ပြီး မင်္ဂလာပွဲတက်ရောက်လာသူတွေနဲ့ အပြန်အလှန်စကားပြောတာတွေ၊ ဧည့်ခံတာတွေလုပ်ပြီး သတ်မှတ်ရက်မှာ လုပ်တဲ့မင်္ဂလာပွဲကို အပျက်မခံဘဲ အထမြောက်စေခဲ့ပါတယ်။ လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူ ၅၅၀…
Read More
ဒိုင်းမွန်းပလာဇာမှာ အသေးစားမီးလန့်လို့ ရုတ်ရုတ်သဲသဲဖြစ်
ဒိုင်းမွန်းပလာဇာမှာ အသေးစားမီးလန့်လို့ ရုတ်ရုတ်သဲသဲဖြစ် မန္တလေး၊ ဖေဖော်ဝါရီ ၆-၂၀၂၀ လင်းခိုင်(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃လမ်း ၇၇လမ်းနဲ့ ၇၈လမ်းကြား ဒိုင်းမွန်းပလာဇာ မြေညီထပ်ရှိမှာရှိတဲ့ အထည်ဆိုင်တစ်ဆိုင်အတွင်းက စီစီတီဗီ နဲ့ အင်တာနက်ဆက်သွယ်ထားတဲ့အပေါက်ကနေ အပူလွန်ကဲပြီး ဒီကနေ့နေ့လယ်ပိုင်းက မီးလန့်မှုဖြစ်ပွားခဲ့ပါတယ်။ “ စီစီတီဗီ ဆော့ကတ်ကနေပြီးတော့ လောင်တာပေါ့ ၊ အဲ့ဒီကနေလောင်တဲ့ ညော်နံ့က အဲကွန်းအင်စူလေတာထဲကိုဝင်တာပေါ့၊ ညော်နံ့ရတော့ ဘရိတ်ကာတွေအကုန်ချလိုက်တယ်ပေါ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့တွေတော့ အားလုံးစစ်ဆေးပြီးပြီပေါ့၊ အဲ့ဒီအခန်းတစ်ခန်းကိုတော့ ပိတ်ထားတယ်၊ ကျန်တဲ့အခန်းတွေကိုတော့ အကုန်ပြန်ဖွင့်ထားပါတယ်”လို့ ရတနာပုံဒိုင်းမွန်းပလာဇာရဲ့ မန်နေဂျာ ဦးသက်ဇော်ဦးကပြောပါတယ်။ အဲ့ဒီလိုအသေးစားမီးလန့်မှုဖြစ်ပွားချိန်မှာ ဒိုင်းမွန်းပလာဇာအတွင်းက ဈေးသူဈေးသားတွေ ထွက်ပြေးတဲ့အတွက် ရုန်းရုန်းသဲသဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ “ကျွန်တော်တို့ဆိုင်ရှင်တွေအနေနဲ့ကတော့ စိတ်ပူရတာပေါ့ ၊ ဘာလို့လဲဆိုရင် တလောကမှ Sky walk မီးလောင်ထားတယ်၊ ခုလည်းမီးလန့်သလိုဆိုတော့ ပူရတယ်။ တာဝန်ရှိသူတွေက သူတို့အနေနဲ့ ဆိုင်ရှင်တွေ စိတ်မပူအောင်…
Read More
တူရကီအရှေ့ပိုင်းမှာ ဆီးနှင်းထုပြိုကျမှုကြောင့် လူ ၃၈ ဦးသေဆုံး
တူရကီအရှေ့ပိုင်းမှာ ဆီးနှင်းထုပြိုကျမှုကြောင့် လူ ၃၈ ဦးသေဆုံး အစ္စတန်ဘူ၊ ဖေဖော်ဝါရီ-၆-၂၀၂၀ မျိုးဆက် (VOM) တူရကီနိုင်ငံအရှေ့ပိုင်း၊ ဗန်ပြည်နယ်မှာ တောင်ပေါ်ကနေ ဆီးနှင်းထုပြိုကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်သားများအပါအဝင် လူ ၃၈ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။ ပထမအကြိမ် ဆီးနှင်းထုပြိုကျမှုဟာ ဖေဖော်ဝါရီ ၄ ရက်မှာ ဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့ကာ ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ပြိုကျမှုကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန် ဖေဖော်ဝါရီ ၅ ရက်မှာ ထပ်မံဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများစွာ နှင်းတွေအောက်ကို နစ်မြုပ်သွားခဲ့ပါတယ်။ တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆိုလူဟာ အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့ပြီး ဆီးနှင်းထု ဒုတိယအကြိမ်ပြိုကျမှုဖြစ်စဉ်မှာ ကယ်ဆယ်ရေးလုပ်သား ၃၃ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုပြောဆိုပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်သား ၃၀၀ ကျော်ကလုပ်ဆောင်နေပြီး ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် ဖေဖော်ဝါရီ ၅…
Read More
၂၀၂၀ရွေးကောက်ပွဲမှာ ပါတီတွေအနေနဲ့ သက်မှတ်ထားတဲ့နေရာပြည့်ဝင်အောင် ယှဉ်ပြိုင်ခြင်းမရှိရင် ပါတီမှတ်ပုံတင်ရုတ်သိမ်းမယ်
Read More
ဒေါ်နယ်ထရန့်မှာ အပြစ်မရှိကြောင်း အမေရိကန်အထက်လွှတ်တော်ဆုံးဖြတ်
ဒေါ်နယ်ထရန့်မှာ အပြစ်မရှိကြောင်း အမေရိကန်အထက်လွှတ်တော်ဆုံးဖြတ် ဝါရှင်တန်၊ ဖေဖော်ဝါရီ-၆-၂၀၂၀ မျိုးဆက် (VOM) အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကို ရာထူးမှဖယ်ရှားရေးအတွက် စွပ်စွဲပြစ်တင်မှုဆိုင်ရာ ကွန်ဂရက်ကြားနာမှုနဲ့ပတ်သက်ပြီး သမ္မတမှာအပြစ်မရှိဘူးလို့ အမေရိကန်အထက်လွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။ သမ္မတဟာ အာဏာအလွဲသုံးစားပြုတယ်ဆိုတဲ့ စွပ်စွဲချက်ကိုမတင်ဖို့ ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၈ မဲ၊ ကွန်ဂရက်ရဲ့ လုပ်ငန်းတာဝန်တွေကို နှောက်ယှက်တယ်ဆိုတဲ့ စွဲချက်မတင်ဖို့ ထောက်ခံမဲ ၅၃ မဲ၊ ကန့်ကွက်မဲ ၄၇မဲနဲ့ သမ္မတကိုထောက်ခံတဲ့ ရီပတ်ဘလီကန်အမတ်အများစုရှိရာ အထက်လွှတ်တော်က ပယ်ချလိုက်တာဖြစ်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူနဲ့ရွေးကောက်ပွဲယှဉ်ပြိုင်ဖို့ အလားအလာရှိတဲ့ပြိုင်ဘက် ဂျိုးဘိုင်ဒန်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ရပ်ပြုလုပ်ဖို့ ယူကရိန်းသမ္မတကို ဖိအားပေးခဲ့တယ်ဆိုပြီး ဒီမိုကရက်တစ်အမတ်တွေက သူ့အပေါ် ဒီဇင်ဘာလမှာ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၅ ရက်ကပြုလုပ်တဲ့ သမိုင်းဝင်မဲခွဲဆုံးဖြတ်မှုမှာတော့ ယူကရိန်းနဲ့ဆက်ဆံရေးကြောင့် ပေါ်ပေါက်လာတဲ့ စွဲချက်တွေနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ၅၄ ဦးမြောက်သမ္မတဒေါ်နယ်ထရန့်ကို ရာထူးမှ ဖယ်ရှားခြင်းမပြုဖို့ အထက်လွှတ်တော်က…
Read More
မဟာမုနိဘုရားကြီးရဲ့ ရွှေမိုက်ထုတ်ယူပွဲ
မဟာမုနိဘုရားကြီးရဲ့ ရွှေမိုက်ထုတ်ယူပွဲ မန္တလေး၊ ဖေဖော်ဝါရီ ၆-၂၀၂၀ ရှိုင်းအောင်(VOM) မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မဟာမုနိဘုရားကြီးမှာ (၇၀)ကြိမ်မြောက်ရွှေမိုက်ထုတ်ယူပွဲကို ဒီကနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ”၂၀၁၈တုန်းကတော့ ကျောင်းတော်ကြီး ရွှေသင်္ကန်းကပ်လှူချိန်နဲ့ တိုက်ဆိုင်တော့ အဲ့ဒီက ရွှေမိုက်ထုတ်တာရောဆိုတော့ စံချိန်တင်အများဆုံးရခဲ့တယ်၊ ဒီနှစ်ကတော့ အခြားပုံမှန်နှစ်တွေလောက်ပဲ ထွက်မယ်လို့ခန့်မှန်းတယ်” လို့ မိုက်သူကြီးဦးအောင်မိုးကပြောပါတယ်။ မဟာမုနိဘုရားကြီးမှာ ရွှေသင်္ကန်းကပ်လှူရာမှ တစ်နှစ်တာလုံးစုဆောင်းရရှိတဲ့ ရွှေလှောင်စက္ကူ ၊ဖိဂွမ်း၊ ကော်ဇော၊ သစ်စေးလုံး၊ လက်သုတ်ပဝါ၊ မျက်နှာကြက်တော်လှည်းကျင်းရာကနေရရှိတဲ့ အထက်ရွှေမှုန့်၊ ပလ္လင်တော်အောက် လှည်းကျင်းရာကနေရရှိတဲ့ အောက်မြေမှုန့်၊ ခြေသုတ်ဝတ် စတဲ့နေရာတွေကနေ ရွှေမိုက်ထုတ်ယူတာဖြစ်ပြီးတော့ နှစ်စဉ်ရွှေမိုက်ထုတ်ယူတာကို ဖေဖော်ဝါရီလမှာ လုပ်ကိုင်လေ့ရှိတယ်လို့ သိရပါတယ်။ ရွှေမိုက်ထုတ်ယူရာမှာ ရွှေမိုက်ထုတ်ယူနိုင်တဲ့ ပစ္စည်းတွေကိုသန့်စင်တဲ့ ရွှေရရှိတဲ့အထိအဆင့်ဆင့်ကို မိုက်သူကြီးဦးဆောင်ပြီးတော့လုပ်သား ၂၀ခန့်ပါဝင်လုပ်ကိုင်ရကာ ရွှေမိုက်ထုတ်လုပ်ငန်း လက်ခံလုပ်ကိုင်သူတွေကနေရရှိလာတဲ့ ရွှေမိုက်တွေကို ဂေါပကအဖွဲ့ဝင်၊ တာဝန်ရှိလူကြီးတွေရှေ့မှာ အတိအကျချိန်တွယ်ပြီး ရက်စွဲ၊အလေးချိန် အတိအကျ လက်မှတ်ထိုးအပ်နှံရတယ်လို့ သိရပါတယ်။…
Read More
၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားအဖွဲ့အစည်းတွေ တစ်သီးပုဂ္ဂလအဖြစ် ဝင်အရွေးခံမယ်
၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားအဖွဲ့အစည်းတွေ တစ်သီးပုဂ္ဂလအဖြစ် ဝင်အရွေးခံမယ် ရန်ကုန်၊ဖေဖော်ဝါရီ ၆ -၂၀၂၀ သိင်္ဂီ(VOM) လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ အလုပ်သမားအဖွဲ့အစည်းတွေက လှိုင်သာယာအရှေ့ပိုင်းနဲ့ အနောက်မြို့နယ်အတွက် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံသွားမယ်လို့ သိရပါတယ်။ “လက်ရှိအစိုးရက အလုပ်သမားအရေးကို လေးစားမှုလည်းမရှိဘူး။ဆောင်ရွက်ပေးတာလည်း မရှိဘူး။ဒါကြောင့် ရွေးကေါက်ပွဲအပြီး အသစ်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ အလုပ်သမားတွေ အခွင့်အရေးခုထက် ပိုရရှိဖို့ အတွက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့သူတွေက တစ်သီးပုဂ္ဂလအဖြစ်ဝင်ရောက်အရွေးချယ်ခံမှာဖြစ်တယ်၊ လှိုင်သာယာမြိုနယ်ကို ၂ ခြမ်းပိုင်းလိုက်တဲ့အတွက် လက်ရှိမှာ အရှေ့ခြမ်း အနောက်ခြမ်းဖြစ်နေပါတယ်။ဒီနှစ်ခုလုံးမှာ နေရာ ၆ နေရာဝင်ရောက် ယှဉ်ပြိုင်သွားမှာဖြစ်တယ်လို့ “လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများသမဂ္ဂများအဖွဲ့ချုပ်ဥက္ကဌဦးမောင် မောင်ကပြောပါတယ်။ ဒါကြောင့် အလုပ်သမားအဖွဲ့အစည်း ၁၀ဖွဲ့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ တွေ့ဆုံကာ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ခဲ့ပါတယ်။ရွေးချယ်တဲ့နေရာမှာ လုပ်သမားအရေးနဲ့ပတ်သက်ပြီး အစဉ်တစ်စိုက်ဆောင်ရွက်သူတွေ ၊လယ်ယာ မြေအရေးဆောင်ရွက်သူတွေကို…
Read More
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်း ရန်ကုန်၊ ဖေဖော်ဝါရီ ၆-၂၀၂၀ အောင်ထူးနိုင်(VOM) တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ပေးဖို့ ပြည်ထောင်စုလွှတ်တော်ကို နိုင်ငံတော်သမ္မတက ဒီကနေ့မှာပဲ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို တပ်မတော်က မူလစစ်ဘက်ဆိုင်ရာတာဝန်ကို ပြန်လည်ထမ်းဆောင်ဖို့ စီစဉ်ခဲ့ပြီးနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာအတွက် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကို အစားထိုးခန့်အပ်ဖို့ နိုင်ငံတော်သမ္မတထံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းခဲ့တာဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ပြည်ထောင်စုလွှတ်တော်ကို ထပ်ဆင့်ပေးပို့ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမည်စာရင်းပေးပို့တာနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က “လစ်လပ်လျက်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ပေးပို့လာတဲ့ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချူပ်ကြီးစိုးထွဋ်အား ခန့်အပ်တာဝန်ပေးလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၂ ၊ ပုဒ်မခွဲ(ဂ)နှင့် ပြည်ထောင်စုအစိုးရဥပဒေပုဒ်မ ၁၂ ၊ ပုဒ်မခွဲ(ခ)တို့ပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်…
Read More
VOM News
FREE
VIEW