ဒိုင်းမွန်းပလာဇာမှာ အသေးစားမီးလန့်လို့ ရုတ်ရုတ်သဲသဲဖြစ်

ဒိုင်းမွန်းပလာဇာမှာ အသေးစားမီးလန့်လို့ ရုတ်ရုတ်သဲသဲဖြစ်

မန္တလေး၊ ဖေဖော်ဝါရီ ၆-၂၀၂၀
လင်းခိုင်(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ၃၃လမ်း ၇၇လမ်းနဲ့ ၇၈လမ်းကြား ဒိုင်းမွန်းပလာဇာ မြေညီထပ်ရှိမှာရှိတဲ့ အထည်ဆိုင်တစ်ဆိုင်အတွင်းက စီစီတီဗီ နဲ့ အင်တာနက်ဆက်သွယ်ထားတဲ့အပေါက်ကနေ အပူလွန်ကဲပြီး ဒီကနေ့နေ့လယ်ပိုင်းက မီးလန့်မှုဖြစ်ပွားခဲ့ပါတယ်။

“ စီစီတီဗီ ဆော့ကတ်ကနေပြီးတော့ လောင်တာပေါ့ ၊ အဲ့ဒီကနေလောင်တဲ့ ညော်နံ့က အဲကွန်းအင်စူလေတာထဲကိုဝင်တာပေါ့၊ ညော်နံ့ရတော့ ဘရိတ်ကာတွေအကုန်ချလိုက်တယ်ပေါ့၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာအဖွဲ့တွေတော့ အားလုံးစစ်ဆေးပြီးပြီပေါ့၊ အဲ့ဒီအခန်းတစ်ခန်းကိုတော့ ပိတ်ထားတယ်၊ ကျန်တဲ့အခန်းတွေကိုတော့ အကုန်ပြန်ဖွင့်ထားပါတယ်”လို့ ရတနာပုံဒိုင်းမွန်းပလာဇာရဲ့ မန်နေဂျာ ဦးသက်ဇော်ဦးကပြောပါတယ်။

အဲ့ဒီလိုအသေးစားမီးလန့်မှုဖြစ်ပွားချိန်မှာ ဒိုင်းမွန်းပလာဇာအတွင်းက ဈေးသူဈေးသားတွေ ထွက်ပြေးတဲ့အတွက် ရုန်းရုန်းသဲသဲတွေလည်း ဖြစ်ပွားခဲ့ပါတယ်။

“ကျွန်တော်တို့ဆိုင်ရှင်တွေအနေနဲ့ကတော့ စိတ်ပူရတာပေါ့ ၊ ဘာလို့လဲဆိုရင် တလောကမှ Sky walk မီးလောင်ထားတယ်၊ ခုလည်းမီးလန့်သလိုဆိုတော့ ပူရတယ်။ တာဝန်ရှိသူတွေက သူတို့အနေနဲ့ ဆိုင်ရှင်တွေ စိတ်မပူအောင် စီစဉ်ထားပါတယ်ဆိုတာ ပွင့်ပွင့်လင်းလင်းပြောပြတာမျိုးမရှိဘူး၊ တကယ်ဆိုရင် ဆိုင်တခုချင်းဆီရှင်းမပြချင်တောင် ကော်မတီကနေတဆင့် ရှင်းပြတာမျိုးလိုချင်ပါတယ်”လို့ Diamond Plaza က ဆိုင်ပိုင်ရှင် ကိုဆည်းဆာညီညီက ပြောပါတယ်။

အခုလို အသေးစားမီးလန့်မှုဖြစ်စဉ်နဲ့ပက်သက်ပြီး မီးလန့်မှုဖြစ်ခဲ့တဲ့ အထည်ဆိုင်တာဝန်ခံကို ချမ်းအေးသာစံမြို့နယ် အမှတ်(၈)ရဲစခန်းက (ပ)၄၂/၂၀၂၀ ၊ ပုဒ်မ-၂၈၅နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ရက်နေ့ညပိုင်းကလည်း ဒိုင်းမွန်းပလာဇာဘေးကပ်လျက်က SKY WALK ပထမထပ်မှာ မီးလောင်ခဲ့ပြီး ဆိုင်ခန်းပေါင်း ၁၂၀ကျော်မီးလောင်ခဲ့လို့ သိန်းပေါင်း တစ်သောင်းဆုံးရံှုးခဲ့တယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ခဲ့ပါတယ်။

#VOM #voiceofmyanmar #မန္တလေး #ဒိုင်းမွန်းပလာဇာ #အသေးစားမီးလန့်မှုဖြစ်

Zawgyi

ဒိုင္းမြန္းပလာဇာမွာ အေသးစားမီးလန္႔လုိ႔ ရုတ္ရုတ္သဲသဲျဖစ္

မႏၱေလး၊ ေဖေဖာ္ဝါရီ ၆-၂၀၂၀
လင္းခိုင္(VOM)

မႏၱေလးၿမိဳ႕၊ ခ်မ္းေအးသာစံၿမိဳ႕နယ္၊ ၃၃လမ္း ၇၇လမ္းနဲ႔ ၇၈လမ္းၾကား ဒိုင္းမြန္းပလာဇာ ေျမညီထပ္ရိွမွာရိွတဲ့ အထည္ဆိုင္တစ္ဆုိင္အတြင္းက စီစီတီဗီ နဲ႔ အင္တာနက္ဆက္သြယ္ထားတဲ့အေပါက္ကေန အပူလြန္ကဲၿပီး ဒီကေန႔ေန႔လယ္ပိုင္းက မီးလန္႔မွဳျဖစ္ပြားခဲ့ပါတယ္။

“ စီစီတီဗီ ေဆာ့ကတ္ကေနၿပီးေတာ့ ေလာင္တာေပါ့ ၊ အဲ့ဒီကေနေလာင္တဲ့ ေညာ္နံ႔က အဲကြန္းအင္စူေလတာထဲကိုဝင္တာေပါ့၊ ေညာ္န႔ံရေတာ့ ဘရိတ္ကာေတြအကုန္ခ်လိုက္တယ္ေပါ့၊ ၿမိဳ႕နယ္လွ်ပ္စစ္အင္ဂ်င္နီယာအဖြဲ႔ေတြေတာ့ အားလံုးစစ္ေဆးၿပီးၿပီေပါ့၊ အဲ့ဒီအခန္းတစ္ခန္းကိုေတာ့ ပိတ္ထားတယ္၊ က်န္တဲ့အခန္းေတြကိုေတာ့ အကုန္ျပန္ဖြင့္ထားပါတယ္”လို႔ ရတနာပံုုဒိုုင္းမြန္းပလာဇာရဲ႕ မန္ေနဂ်ာ ဦးသက္ေဇာ္ဦးကေျပာပါတယ္။

အဲ့ဒီလုိအေသးစားမီးလန္႔မွဳျဖစ္ပြားခ်ိန္မွာ ဒိုင္းမြန္းပလာဇာအတြင္းက ေစ်းသူေစ်းသားေတြ ထြက္ေျပးတဲ့အတြက္ ရုန္းရုန္းသဲသဲေတြလည္း ျဖစ္ပြားခဲ့ပါတယ္။

“ကၽြန္ေတာ္တိုု႕ဆိုုင္ရွင္ေတြအေနနဲ႕ကေတာ့ စိတ္ပူရတာေပါ့ ၊ ဘာလိုု႕လဲဆိုုရင္ တေလာကမွ Sky walk မီးေလာင္ထားတယ္၊ ခုုလည္းမီးလန္႔သလိုုဆိုုေတာ့ ပူရတယ္။ တာဝန္ရွိသူေတြက သူတိုု႔အေနနဲ႕ ဆိုုင္ရွင္ေတြ စိတ္မပူေအာင္ စီစဥ္ထားပါတယ္ဆိုုတာ ပြင့္ပြင့္လင္းလင္းေျပာျပတာမ်ိဳးမရွိဘူး၊ တကယ္ဆိုုရင္ ဆုုိင္တခုုခ်င္းဆီရွင္းမျပခ်င္ေတာင္ ေကာ္မတီကေနတဆင့္ ရွင္းျပတာမ်ိဳးလုုိခ်င္ပါတယ္”လိုု႕ Diamond Plaza က ဆိုုင္ပိုုင္ရွင္ ကိုုဆည္းဆာညီညီက ေျပာပါတယ္။

အခုလို အေသးစားမီးလန႔္မႈျဖစ္စဥ္နဲ႔ပက္သက္ၿပီး မီးလန႔္မႈျဖစ္ခဲ့တဲ့ အထည္ဆိုင္တာ၀န္ခံကို ခ်မ္းေအးသာစံၿမိဳ႕နယ္ အမွတ္(၈)ရဲစခန္းက (ပ)၄၂/၂၀၂၀ ၊ ပုဒ္မ-၂၈၅နဲ႔အမႈဖြင့္အေရးယူထားတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၁၇ရက္ေန႔ညပိုင္းကလည္း ဒို္င္းမြန္းပလာဇာေဘးကပ္လ်က္က SKY WALK ပထမထပ္မွာ မီးေလာင္ခဲ့ၿပီး ဆုိင္ခန္းေပါင္း ၁၂၀ေက်ာ္မီးေလာင္ခဲ့လို႔ သိန္းေပါင္း တစ္ေသာင္းဆံုးရံွဳးခဲ့တယ္လုိ႔ သက္ဆုိင္ရာက ထုတ္ျပန္ခဲ့ပါတယ္။

#VOM #voiceofmyanmar #မႏၱေလး #ဒိုင္းမြန္းပလာဇာ #အေသးစားမီးလန္႔မွဳျဖစ္

Related posts

Leave a Comment

VOM News

FREE
VIEW