တူရကီအရှေ့ပိုင်းမှာ ဆီးနှင်းထုပြိုကျမှုကြောင့် လူ ၃၈ ဦးသေဆုံး

တူရကီအရှေ့ပိုင်းမှာ ဆီးနှင်းထုပြိုကျမှုကြောင့် လူ ၃၈ ဦးသေဆုံး

အစ္စတန်ဘူ၊ ဖေဖော်ဝါရီ-၆-၂၀၂၀
မျိုးဆက် (VOM)

တူရကီနိုင်ငံအရှေ့ပိုင်း၊ ဗန်ပြည်နယ်မှာ တောင်ပေါ်ကနေ ဆီးနှင်းထုပြိုကျမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် ကယ်ဆယ်ရေးလုပ်သားများအပါအဝင် လူ ၃၈ ဦးထက်မနည်းသေဆုံးသွားတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။

ပထမအကြိမ် ဆီးနှင်းထုပြိုကျမှုဟာ ဖေဖော်ဝါရီ ၄ ရက်မှာ ဖြစ်ပွားခဲ့ပြီး လူငါးဦးသေဆုံးခဲ့ကာ ၁၃ ဦးကို ကယ်ဆယ်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ်ပြိုကျမှုကတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေချိန် ဖေဖော်ဝါရီ ၅ ရက်မှာ ထပ်မံဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများစွာ နှင်းတွေအောက်ကို နစ်မြုပ်သွားခဲ့ပါတယ်။

တူရကီပြည်ထဲရေးဝန်ကြီး ဆူလေမန်ဆိုလူဟာ အခင်းဖြစ်ရာနေရာသို့ သွားရောက်ခဲ့ပြီး ဆီးနှင်းထု ဒုတိယအကြိမ်ပြိုကျမှုဖြစ်စဉ်မှာ ကယ်ဆယ်ရေးလုပ်သား ၃၃ ဦးသေဆုံးခဲ့ကြောင်း အတည်ပြုပြောဆိုပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ ကယ်ဆယ်ရေးလုပ်သား ၃၀၀ ကျော်ကလုပ်ဆောင်နေပြီး ဆိုးရွားတဲ့ ရာသီဥတု အခြေအနေကြောင့် ဖေဖော်ဝါရီ ၅ ရက်ညပိုင်းမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ ခေတ္တရပ်ဆိုင်းထားခဲ့ရပါတယ်။

Ref : NHK Photo: AP
#VOM #voiceofmyanmar #အစ္စတန်ဘူ #တူရကီ #ဆီးနှင်းထုပြိုကျ #၃၈ဦးသေဆုံး

Zawgyi

တူရကီအေရွ႕ပိုင္းမွာ ဆီးနွင္းထုျပိဳက်မႈေၾကာင္႔ လူ ၃၈ ဦးေသဆံုး

အစၥတန္ဘူ၊ ေဖေဖာ္၀ါရီ-၆-၂၀၂၀
မ်ိဳးဆက္ (VOM)

တူရကီနုိင္ငံအေရွ႕ပို္င္း၊ ဗန္ျပည္နယ္မွာ ေတာင္ေပၚကေန ဆီးနွင္းထုျပိဳက်မႈ နွစ္ၾကိမ္ျဖစ္ပြားခဲ႔တဲ့အတြက္ ကယ္ဆယ္ေရးလုပ္သားမ်ားအပါအ၀င္ လူ ၃၈ ဦးထက္မနည္းေသဆံုးသြားတယ္လို႔ တာ၀န္ရိွသူေတြ ကေျပာပါတယ္။

ပထမအၾကိမ္ ဆီးနွင္းထုျပိဳက်မႈဟာ ေဖေဖာ္၀ါရီ ၄ ရက္မွာ ျဖစ္ပြားခဲ႔ျပီး လူငါးဦးေသဆံုးခဲ႔ကာ ၁၃ ဦးကို ကယ္ဆယ္နုိင္ခဲ႔ပါတယ္။ ဒုတိယအၾကိမ္ျပိဳက်မႈကေတာ႔ ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ေနခ်ိန္ ေဖေဖာ္၀ါရီ ၅ ရက္မွာ ထပ္မံျဖစ္ပြားခဲ႔ျပီး ကယ္ဆယ္ေရးလုပ္သားမ်ားစြာ နွင္းေတြေအာက္ကို နစ္ျမဳပ္သြားခဲ႔ပါတယ္။

တူရကီျပည္ထဲေရး၀န္ၾကီး ဆူေလမန္ဆိုလူဟာ အခင္းျဖစ္ရာေနရာသို႔ သြားေရာက္ခဲ႔ျပီး ဆီးနွင္းထု ဒုတိယအၾကိမ္ျပိဳက်မႈျဖစ္စဥ္မွာ ကယ္ဆယ္ေရးလုပ္သား ၃၃ ဦးေသဆံုးခဲ႔ေၾကာင္း အတည္ျပဳေျပာဆိုပါတယ္။

အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြဖို႔ ကယ္ဆယ္ေရးလုပ္သား ၃၀၀ ေက်ာ္ကလုပ္ေဆာင္ေနျပီး ဆိုးရြားတဲ႔ ရာသီဥတု အေျခအေနေၾကာင္႔ ေဖေဖာ္၀ါရီ ၅ ရက္ညပိုင္းမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြ ေခတၱရပ္ဆိုင္းထားခဲ႔ရပါတယ္။

Ref : NHK Photo: AP
#VOM #voiceofmyanmar #အစၥတန္္ဘူ #တူရကီ #ဆီးႏွင္းထုၿပိဳက် #၃၈ဦးေသဆံုး

Related posts

Leave a Comment

VOM News

FREE
VIEW