မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးခံရသူ ၅ဦး ရောက်နေတယ်ဆိုတဲ့ တရုတ်ပြည်က အကြောင်းကြားစာအရ ရှာဖွေတာမှာ တဦးတွေ့ပေမယ့်ရောဂါမရှိဘဲ ကျန်သူတွေကိုဆက်ရှာနေဆဲ

မူဆယ် ၊ဖေဖေါ်ဝါရီ ၇-၂၀၂၀
ဖြူဖြူဖွေး(VOM)

တရုတ်နိုင်ငံ ရွှေလီရဲဌာနမှ အကူအညီတောင်းခံတဲ့စာထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယရှိသူ တရုတ်နိုင်ငံသား ၅ ဦး မူဆယ်ဒေသကို ရောက်ရှိနေကြောင်း အကြောင်းကြားစာအရ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့က ဖေဖေါ်ဝါရီလ ၆ ရက်နေ့က အပူတပြင်းရှာဖွေခဲ့ရာ ညနေ ၆ နာရီခွဲ အချိန်ခန့်မှာ ပန်ဆိုင်း(ကြူကုတ်)မြို့မှာ အမျိုးသမီးတစ်ဦးကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပြန်လည်ရှာဖွေတွေ့ရှိခဲ့တဲ့ မကျင်းရွှေဖန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးဆက်ခံထားရတဲ့ လက္ခဏာ မရှိဘူးလို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးက သိရပါတယ်။

“ ကျွန်တော်တို့ဘက်ကစစ်တော့လည်း ရောဂါလက္ခဏာမတွေ့ရပါဘူး၊ တရုတ်နိုင်ငံဘက်က ဒီနေ့အကြောင်းပြန်လာတဲ့အထဲမှာလည်း အဲဒီအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံထားရမှုမရှိဘူးလို့လည်း အကြောင်းပြန်ကြားလာပါတယ်။ ကျန်ရှိနေတဲ့တရုတ်နိုင်ငံသား ၄ ဦးကိုလည်း သက်ဆိုင်ရာ အဖွဲ့အစည်းများပူးပေါင်းပြီး အပူတပြင်းလိုက်လံစုံစမ်းရှာဖွေနေပါတယ်” လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်ထိန်လင်းက VOM ကို ပြောပါတယ်။

တွေ့ရှိထားသူကို ပန်ဆိုင်း(ကြူကုတ်)ပြည်သူ့ဆေးရုံက လက်ထောက်ဆရာဝန် ဒေါက်တာ တီခွန်ဆန်းဒွန်းနဲ့ အဖွဲ့က ကျန်းမာရေးစစ်ဆေးမှူပြုလုပ်ခဲ့ပြီး ဖေဖေါ်ဝါရီလ ၆ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်မှာ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက်စစ်ဆေးရေးဝမ်တိန်ဂိတ်မှာ ဝမ်တိန်ရဲဌာနက ဒုရဲမှူးမစ္စတာ ချိုင်းတုံနဲ့ ဝမ်တိန်မြို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနက ဒါရိုက်တာမစ္စလူရှိုဟုန့် တို့ထံလွှဲပြောင်းပေးအပ်ခဲ့တာလို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူဆက်မြန်ရောဂါနဲ့ ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ရောဂါပိုးစတင်ကူးစက်ခံရချိန်မှ ရောဂါလက္ခဏာများ စတင်ပြသသည့် ကြားကာလ ရောဂါပျိုးချိန်သည် အနည်းဆုံး ၂ ရက်မှ အများဆုံး ၁၀ ရက်အထိ ရှိတယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် မိမိတို့နိုင်ငံတွင်းသို့ ဝင်ရောက်လာသူများသည် ရောဂါပျိုးချိန်အတွင်းဖြစ်၍ ရောဂါလက္ခဏာ မပြသေးသူတွေ မိမိတို့ပတ်ဝန်းကျင်၌ ရှိနေနိုင်ပါကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ပတ်ဝန်းကျင်က ရောဂါဖြစ်ပွားသည့်နိုင်ငံတွေကနေ လာရောက်တဲ့သံသယရောဂါလက္ခဏာရှိသူများကို တွေ့ရှိရပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ချက်ချင်းအသိပေးအကြောင်းကြားဖို့ ညွန်ကြားထားပါတယ်။

တရုတ်အပါအဝင်ကမ္ဘာ့နိုင်ငံပေါင်း(၂၅)နိုင်ငံမှာ ကိုရိုနာကူးစက်ခံနေရသူပေါင်း (၂၈၂၇၆)ဦး တရုတ်နိုင်ငံမှာ ၈၀၆၀ ကူးဆက်ခဲ့ပြီး သေဆုံးသူ ၆၃၇ ဦးသေဆုံးခဲ့ပြီလို့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ည ကထုတ်ပြန်တဲ့ ကမ္ဘာကျန်းမာရေးအဖွဲ့ WHO ရဲ့ တွေ့ရှိချက်မှာ ဖေါ်ပြထားပါတယ်။

#voiceofmyanmar #VOM #ကိုရိုနာဗိုင်းရပ်စ် #တရုတ် #မူဆယ်

Zawgyi

ျမန္မာနိုုင္ငံမွာ ကိုုရိုုနာဗိုုင္းရပ္စ္ကူးခံရသူ ၅ဦး ေရာက္ေနတယ္ဆိုုတဲ႕ တရုုတ္ျပည္က အေၾကာင္းၾကားစာအရ ရွာေဖြတာမွာ တဦးေတြ႕ေပမယ့္ေရာဂါမရွိဘဲ က်န္သူေတြကိုုဆက္ရွာေနဆဲ

မူဆယ္ ၊ေဖေဖၚဝါရီ ၇-၂၀၂၀
ျဖဴျဖဴေဖြး(VOM)

တ႐ုတ္ႏိုင္ငံ ေ႐ႊလီရဲဌာနမွ အကူအညီေတာင္းခံတဲ႕စာထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ သံသယရွိသူ တ႐ုတ္ႏိုင္ငံသား ၅ ဦး မူဆယ္ေဒသကိုု ေရာက္ရွိေနေၾကာင္း အေၾကာင္းၾကားစာအရ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႕က ေဖေဖၚဝါရီလ ၆ ရက္ေန႔က အပူတျပင္းရွာေဖြခဲ့ရာ ညေန ၆ နာရီခြဲ အခ်ိန္ခန႔္မွာ ပန္ဆိုင္း(ၾကဴကုတ္)ၿမိဳ႕မွာ အမ်ိဳးသမီးတစ္ဦးကို ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ျပန္လည္ရွာေဖြေတြ႕ရွိခဲ႕တဲ႕ မက်င္းေ႐ႊဖန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးဆက္ခံထားရတဲ႕ လကၡဏာ မရွိဘူးလို႕ မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ႐ုံးက သိရပါတယ္။

“ ကြၽန္ေတာ္တို႔ဘက္ကစစ္ေတာ့လည္း ေရာဂါလကၡဏာမေတြ႕ရပါဘူး၊ တ႐ုတ္ႏိုင္ငံဘက္က ဒီေန႔အေၾကာင္းျပန္လာတဲ့အထဲမွာလည္း အဲဒီအမ်ိဳးသမီးမွာ ကို႐ိုနာဗိုင္းရပ္ကူးစက္ခံထားရမႈမရွိဘူးလို႔လည္း အေၾကာင္းျပန္ၾကားလာပါတယ္။ က်န္ရွိေနတဲ့တ႐ုတ္ႏိုင္ငံသား ၄ ဦးကိုလည္း သက္ဆိုင္ရာ အဖြဲ႕အစည္းမ်ားပူးေပါင္းၿပီး အပူတျပင္းလိုက္လံစုံစမ္းရွာေဖြေနပါတယ္” လိုု႕ မူဆယ္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီးေအာင္ထိန္လင္းက VOM ကိုု ေျပာပါတယ္။

ေတြ႕ရွိထားသူကိုု ပန္ဆိုင္း(ၾကဴကုတ္)ျပည္သူ႔ေဆး႐ုံက လက္ေထာက္ဆရာဝန္ ေဒါက္တာ တီခြန္ဆန္းဒြန္းနဲ႕ အဖြဲ႕က က်န္းမာေရးစစ္ေဆးမႉျပဳလုပ္ခဲ့ၿပီး ေဖေဖၚဝါရီလ ၆ ရက္ ည ၈ နာရီ ၄၅ မိနစ္အခ်ိန္မွာ ႏွစ္ႏိုင္ငံျပည္ဝင္ျပည္ထြက္စစ္ေဆးေရးဝမ္တိန္ဂိတ္မွာ ဝမ္တိန္ရဲဌာနက ဒုရဲမႉးမစၥတာ ခ်ိဳင္းတုံနဲ႕ ဝမ္တိန္ၿမိဳ႕ ဗဟိုကူးစက္ေရာဂါတိုက္ဖ်က္ေရးဌာနက ဒါ႐ိုက္တာမစၥလူရႈိဟုန႔္ တို႔ထံလႊဲေျပာင္းေပးအပ္ခဲ့တာလိုု႕ သိရပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူဆက္ျမန္ေရာဂါနဲ႕ ပတ္သက္လို႔ က်န္းမာေရးနဲ႕ အားကစားဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြး က ေရာဂါပိုးစတင္ကူးစက္ခံရခ်ိန္မွ ေရာဂါလကၡဏာမ်ား စတင္ျပသသည့္ ၾကားကာလ ေရာဂါပ်ိဳးခ်ိန္သည္ အနည္းဆုံး ၂ ရက္မွ အမ်ားဆုံး ၁၀ ရက္အထိ ရွိတယ္လိုု႕ ဆိုုထားပါတယ္။

ဒါ့ေၾကာင့္ မိမိတို႔ႏိုင္ငံတြင္းသို႔ ဝင္ေရာက္လာသူမ်ားသည္ ေရာဂါပ်ိဳးခ်ိန္အတြင္းျဖစ္၍ ေရာဂါလကၡဏာ မျပေသးသူေတြ မိမိတို႔ပတ္ဝန္းက်င္၌ ရွိေနႏိုင္ပါေၾကာင္း၊ ျပည္သူမ်ားအေနျဖင့္ မိမိတို႔ပတ္ဝန္းက်င္က ေရာဂါျဖစ္ပြားသည့္ႏိုင္ငံေတြကေန လာေရာက္တဲ႕သံသယေရာဂါလကၡဏာရွိသူမ်ားကို ေတြ႕ရွိရပါက နီးစပ္ရာက်န္းမာေရး ဌာနသို႔ ခ်က္ခ်င္းအသိေပးအေၾကာင္းၾကားဖိုု႕ ညြန္ၾကားထားပါတယ္။

တ႐ုတ္အပါအ၀င္ကမာၻ႔ႏိုင္ငံေပါင္း(၂၅)ႏိုင္ငံမွာ ကို႐ိုနာကူးစက္ခံေနရသူေပါင္း (၂၈၂၇၆)ဦး တ႐ုတ္ႏိုင္ငံမွာ ၈၀၆၀ ကူးဆက္ခဲ့ၿပီး ေသဆုံးသူ ၆၃၇ ဦးေသဆုံးခဲ့ျပီလုုိ႕ ေဖေဖၚဝါရီလ ၆ ရက္ေန႔ည ကထုုတ္ျပန္တဲ႕ ကမာၻက်န္းမာေရးအဖြဲ႕ WHO ရဲ႕ ေတြ႕ရွိခ်က္မွာ ေဖၚျပထားပါတယ္။

#voiceofmyanmar #VOM #ကိုုရိုုနာဗိုုင္းရပ္စ္ #တရုုတ္ #မူဆယ္

Related posts

Leave a Comment

VOM News

FREE
VIEW