လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း

လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားမရဘူးလို့ ‌ဆိုတဲ့ ဦးအောင်မင်း

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ၊ ၂၀၂၀
အောင်ထူးနိုင်(VOM)

လက်ရှိ အစိုးရသွားနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အားမရဘူးလို့ သမ္မတရုံးဝန်ကြီး(ငြိမ်း)ဦးအောင်မင်းက ရန်ကုန် နိုဗိုလ်တယ်ဟိုတယ်မှာလုပ်တဲ့ စာတမ်းမိတ်ဆက်ပွဲတခုမှာ သတင်းမီဒီယာတွေကို ပြောခဲ့ပါတယ်။

“အားမရဘူးဗျာ၊ နံပတ်တစ်က peace policy တိကျပြတ်သားမှုမရှိဘူး၊ နှစ်က စုဖွဲ့မှုမှာ UPCC မရှိဘူး၊ UPWC မရှိဘူး၊ အဲဒီတော့ peace အားမကောင်းဘူး၊ အဲဒါကြောင့် စုဖွဲ့မှု မပီပြင်ဘူးလို့ ပြောလို့ရတယ်၊ တတိယအချက်ကတော့ work force အားမကောင်းဘူး”လို့ ဦးအောင်မင်းက ပြောပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဦးအောင်မင်းက ဆက်လက်ပြောဆိုရာမှာ နှစ်ဘက်အဖွဲ့အစည်းက လိုချင်တာပဲတောင်းနေလို့မရဘဲ ကြာချပြီး လုပ်ရမယ်လို့ ပြောပါတယ်။

“တစ်ခုတည်းကို ဆုပ်ကိုင်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး၊ စာလုံးလေးတစ်လုံးပေါ်မှာ ရပ်တည်ပြီး လုပ်နေလို့ကတော့ တစ်သက်လုံးမပြီးဘူး”လို့ ဦးအောင်မင်းက ပြောပါတယ်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်မှာ အခက်အခဲဖြစ်ပေါ်နေတဲ့ တစ်ခုတည်းသောတပ်မတော်ကိစ္စရပ်နဲ့ ခွဲထွက်ရေးကိစ္စရပ်နဲ့ပတ်သက်လို့လည်း အတတ်နိုင်ဆုံး ဝိုင်းဝန်းတိုက်တွန်းခဲ့ပေမယ့် ကိစ္စရပ်သေးသေးလေးပေါ်မှာ နားလည်မှုလွဲနေကြတာလို့ ဦးအောင်မင်းက ပြောပါတယ်။

#‌VOM #voiceofmyanmar #ဦးအောင်မင်း #ငြိမ်းချမ်းရေးလုပ်ငန်းစဉ်

Zawgyi

လက္ရွိၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ကို အားမရဘူးလို႔ ‌ဆိုတဲ့ ဦးေအာင္မင္း

ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၁ ၊ ၂၀၂၀
ေအာင္ထူးႏိုင္(VOM)

လက္ရွိ အစိုးရသြားေနတဲ့ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို အားမရဘူးလို႔ သမၼတ႐ုံးဝန္ႀကီး(ၿငိမ္း)ဦးေအာင္မင္းက ရန္ကုန္ ႏိုဗိုလ္တယ္ဟိုတယ္မွာလုပ္တဲ့ စာတမ္းမိတ္ဆက္ပြဲတခုမွာ သတင္းမီဒီယာေတြကို ေျပာခဲ့ပါတယ္။

“အားမရဘူးဗ်ာ၊ နံပတ္တစ္က peace policy တိက်ျပတ္သားမႈမရွိဘူး၊ ႏွစ္က စုဖြဲ႕မႈမွာ UPCC မရွိဘူး၊ UPWC မရွိဘူး၊ အဲဒီေတာ့ peace အားမေကာင္းဘူး၊ အဲဒါေၾကာင့္ စုဖြဲ႕မႈ မပီျပင္ဘူးလို႔ ေျပာလို႔ရတယ္၊ တတိယအခ်က္ကေတာ့ work force အားမေကာင္းဘူး”လို႔ ဦးေအာင္မင္းက ေျပာပါတယ္။

လက္ရွိၿငိမ္းခ်မ္းေရးျဖစ္စဥ္အေပၚ ဦးေအာင္မင္းက ဆက္လက္ေျပာဆိုရာမွာ ႏွစ္ဘက္အဖြဲ႕အစည္းက လိုခ်င္တာပဲေတာင္းေနလို႔မရဘဲ ၾကာခ်ၿပီး လုပ္ရမယ္လို႔ ေျပာပါတယ္။

“တစ္ခုတည္းကို ဆုပ္ကိုင္ၿပီး လုပ္ေနလို႔ကေတာ့ တစ္သက္လုံးမၿပီးဘူး၊ စာလုံးေလးတစ္လုံးေပၚမွာ ရပ္တည္ၿပီး လုပ္ေနလို႔ကေတာ့ တစ္သက္လုံးမၿပီးဘူး”လို႔ ဦးေအာင္မင္းက ေျပာပါတယ္။

လက္ရွိၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ အခက္အခဲျဖစ္ေပၚေနတဲ့ တစ္ခုတည္းေသာတပ္မေတာ္ကိစၥရပ္နဲ႔ ခြဲထြက္ေရးကိစၥရပ္နဲ႔ပတ္သက္လို႔လည္း အတတ္ႏိုင္ဆုံး ဝိုင္းဝန္းတိုက္တြန္းခဲ့ေပမယ့္ ကိစၥရပ္ေသးေသးေလးေပၚမွာ နားလည္မႈလြဲေနၾကတာလို႔ ဦးေအာင္မင္းက ေျပာပါတယ္။

#‌VOM #voiceofmyanmar #ဦးေအာင္မင္း #ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္

Related posts

Leave a Comment

VOM News

FREE
VIEW