ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျလို့ ကုလားတန်မြစ်အတွင်းရေချိုနေတဲ့ လူငယ်တွေထဲက တယောက်သေ ၄ယောက်ဒဏ်ရာရ

ကျောက်တော်မြို့နယ်မှာ လက်နက်ကြီးကျလို့ ကုလားတန်မြစ်အတွင်းရေချိုနေတဲ့ လူငယ်တွေထဲက တယောက်သေ ၄ယောက်ဒဏ်ရာရ

ကျောက်တော်၊ ဖေဖော်ဝါရီ ၁၂-၂၀၂၀
ခိုင်လင်းစံ (VOM)

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အထက်ပိုင်း မျောက်တောင်ကျေးရွာမှာ ဖေဖော်ဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီခွဲခန့်အချိန်က လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့လို့ ၅ တန်းကျောင်းသားသေဆုံးပြီး ၁၀တန်းကျောင်းသား ၄ယောက် ထိခိုက်ဒဏ်ရာတွေရရှိခဲ့ကြပါတယ်။

အဲ့ဒီကျေးရွာဟာ ကျောက်တော်မြို့ရဲ့အထက်ဘက် ၇ မိုင်ခန့်အကွာ ကုလားတန်မြစ်အရှေ့ဘက်ကမ်း ကျေးရွာတစ်ရွာဖြစ်ပြီး မြစ်ထဲမှာ ရေချိုးရင်းကစားနေကြတဲ့အချိန် ရေချိုးဆိပ်မှာလက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်လို့ ရွာသားတစ်ဦးကပြောပါတယ်။

“လက်နက်ကြီးကျည်ကျတာ ခုနားလေးကပါ။ ရွာဆိပ်ကမ်းမှာရေချိုးနေတဲ့ လူငယ်လေးယောက် ထိသွားတယ်။ တစ်ယောက်ကတော့ ဘယ်ဘက်လက် တံတောင်ဆစ်ကနေ ပြတ်သွားပါတယ်”လို့ အမည်မဖော်လိုတဲ့ ရွာသားတစ်ဦးက ပြောပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာဟာ မျောက်တောင်ကျေးရွာရဲ့မြောက်ဘက် ၇ မိုင်ခန့်အကွာမှာရှိပြီး အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေဖြစ်ပွာနေတာ သုံးရက်လောက်ရှိနေပြီလို့ ရွာသားတွေကပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဖုန်းဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါ။

“ကလေးလေးယောက်မှာ သုံးယောက်က အသက် ၁၇ နှစ် ၁၈ နှစ်အရွယ်ပါ။ သေတဲ့တစ်ယောက်ကတော့ ပဉ္စမတန်းကျောင်းသားပါ။ အားလုံးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ တစ်ယောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရပါတယ်။”လို့ ဒေသခံရွာသားကပြောပါတယ်။

ဒဏ်ရာရရှိခဲ့တဲ့လူငယ်တွေကို လောလောဆယ်မှာ ကျေးရွာက ကျန်းမာရေးဆရာမတွေနဲ့ ဆေးဝါးကုသမှုတွေပြုလုပ်ပေးနေပြီး ကျောက်တော်မြို့က နာရေးကူညီမှုကားကိုခေါ်ထားကြောင်းနဲ့ အဲ့ဒီကားရောက်လို့ရှိရင် ကျောက်တော်ဆေးရုံကိုပို့ဆောင်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။

မနေ့ကလည်း အဲ့ဒီကျေးရွာကိုလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးငယ်တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက် ကျောက်တော်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေရတယ်လို့ ရွာသားတွေကပြောပါတယ်။

ဒါ့အပြင် ဒီနေ့မနက်ပိုင်းကလည်း ကျောက်တော်မြို့နယ် တင်းမရွာသစ်ကျေးရွာမှာ တပ်မကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့တစ်ရက်ကလည်း အဲ့ဒီမြစ်ကြောင်းအတွင်းမှာရှိတဲ့ ဂါပုကျေးရွာမှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် ကလေးတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #ကျောက်တော်လက်နက်ကြီးကျ #ရခိုင်ပြည်နယ်

Zawgyi

ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ လက္နက္ႀကီးက်လို႔ ကုလားတန္ျမစ္အတြင္းေရခ်ိဳေနတဲ့ လူငယ္ေတြထဲက တေယာက္ေသ ၄ေယာက္ဒဏ္ရာရ

ေက်ာက္ေတာ္၊ ေဖေဖာ္ဝါရီ ၁၂-၂၀၂၀
ခိုင္လင္းစံ (VOM)

ရခုိင္ျပည္နယ္၊ ေက်ာက္ေတာ္ၿမိဳ႕နယ္အထက္ပိုင္း ေမ်ာက္ေတာင္ေက်းရြာမွာ ေဖေဖာ္ဝါရီ ၁၁ ရက္ေန႔ မြန္းလြဲပိုင္း ၄ နာရီခြဲခန္႔အခ်ိန္က လက္နက္ႀကီးက်ည္တစ္လံုးက်ေရာက္ေပါက္ကြဲခဲ့လို႕ ၅ တန္းေက်ာင္းသားေသဆံုးျပီး ၁၀တန္းေက်ာင္းသား ၄ေယာက္ ထိခိုက္ဒဏ္ရာေတြရရွိခဲ့ၾကပါတယ္။

အဲဲ့ဒီေက်းရြာဟာ ေက်ာက္ေတာ္ၿမိဳ႕ရဲ႕အထက္ဘက္ ၇ မိုင္ခန္႔အကြာ ကုလားတန္ျမစ္အေရွ႕ဘက္ကမ္း ေက်းရြာတစ္ရြာျဖစ္ၿပီး ျမစ္ထဲမွာ ေရခ်ိဳးရင္းကစားေနၾကတဲ့အခ်ိန္ ေရခ်ိဳးဆိပ္မွာလက္နက္ႀကီးက်ည္တစ္လံုး က်ေရာက္ေပါက္ကြဲခဲ့တာျဖစ္ပါတယ္လို႔ ရြာသားတစ္ဦးကေျပာပါတယ္။

“လက္နက္ႀကီးက်ည္က်တာ ခုနားေလးကပါ။ ရြာဆိပ္ကမ္းမွာေရခ်ိဳးေနတဲ့ လူငယ္ေလးေယာက္ ထိသြားတယ္။ တစ္ေယာက္ကေတာ့ ဘယ္ဘက္လက္ တံေတာင္ဆစ္ကေန ျပတ္သြားပါတယ္”လို႔ အမည္မေဖာ္လိုတဲ့ ရြာသားတစ္ဦးက ေျပာပါတယ္။

လက္နက္ႀကီးက်ည္က်ေရာက္ေပါက္ကြဲခဲ့တဲ့ေနရာဟာ ေမ်ာက္ေတာင္ေက်းရြာရဲ႕ေျမာက္ဘက္ ၇ မိုင္ခန္႔အကြာမွာရွိၿပီး အဲ့ဒီအနီးဝန္းက်င္မွာ တိုက္ပြဲေတြျဖစ္ပြာေနတာ သံုးရက္ေလာက္ရွိေနၿပီလို႔ ရြာသားေတြကေျပာပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္တုိင္းဦးစီး ပထမတန္း ဗိုလ္မွဴးႀကီးဝင္းေဇာ္ဦးကို ဖုန္းဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္မရရွိခဲ့ပါ။

“ကေလးေလးေယာက္မွာ သံုးေယာက္က အသက္ ၁၇ ႏွစ္ ၁၈ ႏွစ္အရြယ္ပါ။ ေသတဲ႕တစ္ေယာက္ကေတာ့ ပဥၥမတန္းေက်ာင္းသားပါ။ အားလံုးကေတာ့ ဒဏ္ရာျပင္းထန္ပါတယ္။ တစ္ေယာက္ကေတာ့ အသက္အႏၱရာယ္စိုးရိမ္ရပါတယ္။”လို႔ ေဒသခံရြာသားကေျပာပါတယ္။

ဒဏ္ရာရရွိခဲ့တဲ့လူငယ္ေတြကို ေလာေလာဆယ္မွာ ေက်းရြာက က်န္းမာေရးဆရာမေတြနဲ႔ ေဆးဝါးကုသမႈေတြျပဳလုပ္ေပးေနၿပီး ေက်ာက္ေတာ္ၿမိဳ႕က နာေရးကူညီမႈကားကိုေခၚထားေၾကာင္းနဲ႔ အဲ့ဒီကားေရာက္လို႔ရွိရင္ ေက်ာက္ေတာ္ေဆးရံုကိုပို႔ေဆာင္သြားမွာျဖစ္တယ္လုိ႔ဆိုပါတယ္။

မေန႔ကလည္း အဲ့ဒီေက်းရြာကိုလက္နက္ႀကီးက်ေရာက္ေပါက္ကြဲခဲ့တာေၾကာင့္ အမ်ိဳးသမီးငယ္တစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့တဲ့အတြက္ ေက်ာက္ေတာ္ေဆးရံုမွာ ေဆးဝါးကုသမႈခံယူေနရတယ္လို႔ ရြာသားေတြကေျပာပါတယ္။

ဒါ့အျပင္ ဒီေန႔မနက္ပိုင္းကလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္ တင္းမရြာသစ္ေက်းရြာမွာ တပ္မကပစ္ခတ္လိုက္တဲ့ လက္နက္ႀကီးက်ည္ေတြ ေက်းရြာအတြင္း က်ေရာက္ေပါက္ကြဲခဲ့ၿပီး အမ်ိဳးသမီးတစ္ဦးထိခိုက္ဒဏ္ရာရရွိခဲ့့ပါတယ္။

လြန္ခဲဲ့တဲ့တစ္ရက္ကလည္း အဲ့ဒီျမစ္ေၾကာင္းအတြင္းမွာရွိတဲ့ ဂါပုေက်းရြာမွာ ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့တဲ့အတြက္ ကေလးတစ္ဦးေသဆံုးၿပီး ငါးဦးဒဏ္ရာရရွိခဲ့ပါတယ္။

#voiceofmyanmar #VOM #ေက်ာက္ေတာ္လက္နက္ၾကီးက် #ရခိုင္ျပည္နယ္

Related posts

Leave a Comment

VOM News

FREE
VIEW