ကလေးမြို့မှာ လူနေအိမ်တစ်လုံးအတွင်းကနေ သေနတ်များနဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိ

ကလေးမြို့မှာ လူနေအိမ်တစ်လုံးအတွင်းကနေ သေနတ်များနဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိ

ကလေး၊ ဖေဖော်ဝါရီ ၁၇-၂၀၂၀
ငြိမ်းသူမင်း(VOM)

စစ်ကိုင်းတိုင်း ၊ ကလေးမြို့၊ သဇင်ရပ်ကွက် ၊ နယ်မြေ(၂)ထဲက လူနေအိမ်တစ်လုံးကို ဖေဖော်ဝါရီ(၁၅)ရက်ညပိုင်းမှာ ရဲတပ်ဖွဲ့က သတင်းအရဝင်ရောက်ရှာဖွေရာကနေ သေနတ်လေးလက် နဲ့ ကျည်ဆံအမြောက်အများ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့မရဲစခန်းကနေ သိရပါတယ်။

အဲ့ဒီလို ရှာဖွေရာမှာ ဦးဝုန်းဂေါ့ကျင်းဆိုသူရဲ့ နေအိမ်ထဲကနေ သေနတ်လေးလက်၊ အဲ့ဒီသေနတ်တွေမှာ အသုံးပြုရတဲ့ ကျည်အိမ်တွေ နဲ့ ကျည်ဆံအမြောက်အများကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

“အရင်အမှုကနေ ဆက်စပ်ပြီးတော့ ဖမ်းဆီးရမိခဲ့တာပါ။ လူကိုလည်း ဖမ်းဆီးရမိထားပြီးပါပြီ” လို့ ကလေးမြို့မ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဦးဝုန်းဂေါ့ကျင်း (၄၉)နှစ်ကို ကလေးမြို့မရဲစခန်း မှာ ဖမ်းဆီးထားကာ လက်နက်ဥပဒေပုဒ်မ-၁၉(စ) နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ကြို့သုံးပင်ရပ်ကွက်၊ နယ်မြေ (၁၀)မှာရှိတဲ့ ဦးကျင်လွဲမာန်း(၂၆) နှစ်ရဲ့ နေအိမ်ကနေ သေနတ်တစ်လက် နဲ့ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပါသေးတယ်။

#VOM #voiceofmyanmar #ကလေး #သေနတ်လေးလက် #ကျည်ဆံတွေဖမ်းမိ

Zawgyi

ကေလးျမိဳ႕မွာ လူေနအိမ္တစ္လုံးအတြင္းကေန ေသနတ္မ်ားနဲ႔ က်ည္ဆံအေျမာက္အမ်ား ဖမ္းဆီးရမိ

ကေလး၊ ေဖေဖာ္၀ါရီ ၁၇-၂၀၂၀
ၿငိမ္းသူမင္း(VOM)

စစ္ကုိင္းတုိင္း ၊ ကေလးျမိဳ႕၊ သဇင္ရပ္ကြက္ ၊ နယ္ေျမ(၂)ထဲက လူေနအိမ္တစ္လုံးကုိ ေဖေဖာ္ဝါရီ(၁၅)ရက္ညပိုင္းမွာ ရဲတပ္ဖြဲ႕က သတင္းအရ၀င္ေရာက္ရွာေဖြရာကေန ေသနတ္ေလးလက္ နဲ႕ က်ည္ဆံအေျမာက္အမ်ား ဖမ္းဆီးရမိခဲ့တယ္လို႕ ကေလးျမိဳ႕မရဲစခန္းကေန သိရပါတယ္။

အဲ့ဒီလုိ ရွာေဖြရာမွာ ဦး၀ုန္းေဂါ့က်င္းဆိုသူရဲ႕ ေနအိမ္ထဲကေန ေသနတ္ေလးလက္၊ အဲ့ဒီေသနတ္ေတြမွာ အသုံးျပဳရတဲ့ က်ည္အိမ္ေတြ နဲ႕ က်ည္ဆံအေျမာက္အမ်ားကို ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

“အရင္အမႈကေန ဆက္စပ္ျပီးေတာ့ ဖမ္းဆီးရမိခဲ့တာပါ။ လူကုိလည္း ဖမ္းဆီးရမိထားျပီးပါျပီ” လုိ႔ ကေလးျမိဳ႕မ ရဲစခန္းမွ တာ၀န္ရွိသူတစ္ဦးက ေျပာပါတယ္။

အဲ့ဒီျဖစ္စဥ္နဲ႔ပတ္သက္ျပီး ဦး၀ုန္းေဂါ့က်င္း (၄၉)ႏွစ္ကုိ ကေလးျမိဳ႕မရဲစခန္း မွာ ဖမ္းဆီးထားကာ လက္နက္ဥပေဒပုဒ္မ-၁၉(စ) နဲ႕ အမႈဖြင့္ထားတယ္လုိ႔ သိရပါတယ္။

ေဖေဖာ္၀ါရီလ ၁၄ ရက္ေန႔ကလည္း ကေလးၿမိဳ႕နယ္၊ ႀကဳိ႕သုံးပင္ရပ္ကြက္၊ နယ္ေျမ (၁၀)မွာရွိတဲ့ ဦးက်င္လဲြမာန္း(၂၆) ႏွစ္ရဲ႕ ေနအိမ္ကေန ေသနတ္တစ္လက္ နဲ႔ မူးယစ္ေဆးဝါးေတြ ဖမ္းဆီးရမိခဲ့တဲ့ျဖစ္စဥ္လည္း ျဖစ္ပြားခဲ့ပါေသးတယ္။

#VOM #voiceofmyanmar #ကေလး #ေသနတ္ေလးလက္ #က်ည္ဆံေတြဖမ္းမိ

Related posts

Leave a Comment

VOM News

FREE
VIEW