ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်တော့မည်

ပလက်ဝမှာ စားနပ်ရိက္ခာပြတ်လပ်တော့မည်

ဖေဖေါ်ဝါရီ ၁၈-၂၀၂၀
နေလင်း (VOM)

အေအေနဲ့ တပ်မတော်တိုက်ပွဲတွေကြောင့် ရေလမ်းကုန်းလမ်းအသွားအလာပြတ်တောက်နေတဲ့ ရခိုင်နဲ့ချင်းပြည်နယ်အစပ် ချင်းပြည်နယ်ပလက်ဝမြို့မှာ ဆန်နဲ့ဆီတွေပြတ်လပ်နေလို့ နောက်တပတ်ကျော်ရင် အခက်အခဲရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝဒေသခံတယောက်ပြောပြတာကတော့

“ ကျနော်တို့ ဈေးတွေထဲမှာလည်း ဆန်၊ဆီ ဝယ်ရရှားနေပြီ အရင်ထက်လည်း ၂ဆက်ကျော်တက်တာပါ။ ဒီဇယ်တဂါလံ တသောင်းနဲ့ ဓါတ်ဆီတဂါလံက ၁၂၀၀၀ ပေးဝယ်နေရတယ်။ အိမ်မှာတော့ စားစရာ နောက် ၄ရက်စာလောက်ပဲရှိလို့ ရှာနေရတယ်” လို့ ဆိုပါတယ်။

ဒီကနေ့မှာတော့ ပလက်ဝ အုပ်ချုပ်ရေးအဖွဲ့က ပြည်နယ်အစိုးရကို အကူညီတောင်းနေတယ်လို့လည်း သိရပါတယ်။ ပလက်ဝဒေသခံ မြို့မိမြို့ဖ တဦးက
“ ပြတ်တာတော့ ဟုတ်တယ်ဗျ။ ဒီတိုင်းရေရှည်သွားရင် မလွယ်ဘူး၊ ဗိုက်မဝရင် လူတွေဒေါသဖြစ်လာနိုင်တယ်၊ လုမှာယက်မှာကိုစိုးရိမ်နေရပြီ ၊ ဒါ့ကြောင့် သက်ဆိုင်ရာအနေနဲ့ အမြန်ကူညီပေးရင် ဒီပြဿနာ ဖြေရှင်းနိုင်မှာပါ” လို့ ဆိုပါတယ်။

လက်ရှိမှာ အစိုးရတာဝန်ရှိသူတွေကတော့ စည်းဝေးတိုင်ပင်တာကလွဲ ဖြေရှင်းပေးတာမျိုး မတွေ့ရသေးသလို ကုန်ဈေးနုန်းကလည်း လိုက်မမှီအောင်တက်နေတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ ပလက်ဝမြို့ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် ၊ မောင်းတော ဒေသတွေလိုပဲ အင်တာနက်ဖြတ်တောက်ခံထားရပါတယ်။

#voicemyanmar #VOM #ပလက်ဝ #ရိက္ခာပြတ်တော့မည်။

Zawgyi

ပလက္ဝမွာ စားနပ္ရိကၡာျပတ္လပ္ေတာ့မည္

ေဖေဖၚဝါရီ ၁၈-၂၀၂၀
ေနလင္း (VOM)

ေအေအနဲ႕ တပ္မေတာ္တိုုက္ပြဲေတြေၾကာင့္ ေရလမ္းကုုန္းလမ္းအသြားအလာျပတ္ေတာက္ေနတဲ႕ ရခုုိင္နဲ႕ခ်င္းျပည္နယ္အစပ္ ခ်င္းျပည္နယ္ပလက္ဝျမိဳ႕မွာ ဆန္နဲ႕ဆီေတြျပတ္လပ္ေနလိုု႕ ေနာက္တပတ္ေက်ာ္ရင္ အခက္အခဲရွိနုုိင္တယ္လိုု႕ ေဒသခံေတြက ေျပာပါတယ္။ ပလက္ဝေဒသခံတေယာက္ေျပာျပတာကေတာ့

“ က်ေနာ္တိုု႕ ေစ်းေတြထဲမွာလည္း ဆန္၊ဆီ ဝယ္ရရွားေနျပီ အရင္ထက္လည္း ၂ဆက္ေက်ာ္တက္တာပါ။ ဒီဇယ္တဂါလံ တေသာင္းနဲ႕ ဓါတ္ဆီတဂါလံက ၁၂၀၀၀ ေပးဝယ္ေနရတယ္။ အိမ္မွာေတာ့ စားစရာ ေနာက္ ၄ရက္စာေလာက္ပဲရွိလိုု႕ ရွာေနရတယ္” လိုု႕ ဆိုုပါတယ္။

ဒီကေန႕မွာေတာ့ ပလက္ဝ အုုပ္ခ်ဳပ္ေရးအဖြဲ႕က ျပည္နယ္အစိုုးရကိုု အကူညီေတာင္းေနတယ္လိုု႕လည္း သိရပါတယ္။ ပလက္ဝေဒသခံ ျမိဳ႕မိျမိဳ႕ဖ တဦးက
“ ျပတ္တာေတာ့ ဟုုတ္တယ္ဗ်။ ဒီတုုိင္းေရရွည္သြားရင္ မလြယ္ဘူး၊ ဗိုုက္မဝရင္ လူေတြေဒါသျဖစ္လာနုုိင္တယ္၊ လုုမွာယက္မွာကိုုစိုုးရိမ္ေနရျပီ ၊ ဒါ့ေၾကာင့္ သက္ဆုုိင္ရာအေနနဲ႕ အျမန္ကူညီေပးရင္ ဒီျပႆနာ ေျဖရွင္းနုုိင္္မွာပါ” လိုု႕ ဆိုုပါတယ္။

လက္ရွိမွာ အစိုုးရတာဝန္ရွိသူေတြကေတာ့ စည္းေဝးတိုုင္ပင္တာကလြဲ ေျဖရွင္းေပးတာမ်ိဳး မေတြ႕ရေသးသလိုု ကုုန္ေစ်းနုုန္းကလည္း လိုုက္မမွီေအာင္တက္ေနတယ္လိုု႕လည္း ေဒသခံေတြကေျပာပါတယ္။ ပလက္ဝျမိဳ႕ဟာ ရခိုုင္ျပည္နယ္ ဘူးသီးေတာင္ ၊ ေမာင္းေတာ ေဒသေတြလိုုပဲ အင္တာနက္ျဖတ္ေတာက္ခံထားရပါတယ္။

#voicemyanmar #VOM #ပလက္ဝ #ရိကၡာျပတ္ေတာ့မည္။

Related posts

Leave a Comment

VOM News

FREE
VIEW