လူကယ်ပြန်ဝန်ကြီး စီးနှင်းလာတဲ့ ရဟတ်ယာဉ် ဘူးသီးတောင် ခရီးစဉ်မှာ ပစ်ခတ်ခံရမှု အေအေက မသိသေး

လူကယ်ပြန်ဝန်ကြီး စီးနှင်းလာတဲ့ ရဟတ်ယာဉ် ဘူးသီးတောင် ခရီးစဉ်မှာ ပစ်ခတ်ခံရမှု အေအေက မသိသေး

စစ်တွေ၊ ဖေဖော်ဝါရီ ၂၀- ၂၀၂၀
ခိုင်လင်းစံ (VOM)

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး စီးနှင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ် ဘူးသီးတောင်ခရီစဉ်မှာ မနေ့ ဖေဖော်ဝါရီလ ၁၉ ရက် မနက် ၁၀ နာရီခွဲလောက်က သေနတ်နဲ့ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယ်။

ဒီပစ်ခတ်မှုဟာ အေအေရဲ့လက်ချက်ဖြစ်တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဗီအိုအမ်က မေးမြန်းတဲ့အခါမှာဖြေခဲ့ပါတယ်။

“ အေအေက ပျံသန်းနေတဲ့ရဟတ်ယာဉ်တွေကို မှီမှီမမှီမှီရွာထဲကနေ အမြဲလှမ်းပစ်တတ်ပါတယ်။ တချို့အချိန်တွေဆို ထိတဲ့ခါလည်းရှိသလို မထိတာများပါတယ် ၊အဓိကရွာထဲကနေ လှမ်းလှမ်းပစ်တာပါ။ “ လို့ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်ခဲ့ရာ သူ့အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ အတည်မပြုနိုင်သေးကြောင်းနဲ့ စစ်ဖြစ်နေတဲ့နေရာမှာ သူတို့တပ်ဖွဲ့ဝင်တွေ နေ့စဉ် ရဟတ်ယာဉ်တွေ၊ ဂျက်လေယာဉ်တွေနဲ့ အပစ်ခံနေရတာကြောင့် စစ်ဖြစ်နေတဲ့နေရာထက်က ဖြတ်ပြီးသွားတဲ့အခါ အောက်ကလိုက်ပြီးပစ်တာတွေ ရှိနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။

” ဒီဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ကျနော်တို့ဆီကိုဘာသတင်းမှ ရောက်လာတာမရှိသေးဘူး။ ဒီနေ့ ပစ်ခတ်မှုဖြစ်တာက ကျနော်တို့ဖက်က ပစ်တာရှိမရှိ ကျနော်တို့ အသေချာ အသေးစိတ်မေးမြန်းပြီးမှ ပြောနိုင်မယ်။ “ဒီဟာက သူတို့လေယာဉ်မှန်းသိလို့ ကျနော်တို့က ပစ်တယ်မပစ်ဆိုတာက သူတို့က ကျနော်တို့ကို လာမယ်ဆိုပြီးပြောလို့ရှိတာ မဟုတ်ဘူး။ ပစ်ခတ်မှုတွေကတော့ ရှိချင်လည်းရှိနိုင်တယ်။” လို့ အေအေ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်ခံရမှုမှာ ရဟတ်ယာဉ်ဝမ်းဗိုက်ကို ထိမှန်သွားပြီး လူတွေကို ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိကြောင်း သိရပါတယ်။

မနေ့က လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့ဟာ ဘူးသီးတောင်ရှိ တပ်မအတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ဒဏ်ရာရရှိသူတွေကို သွားရောက်ကြည့်ရှုဖို့သွားစဉ် အခုလိုပစ်ခတ်ခံရတာဖြစ်ပါတယ်။

ရဟတ်ယာဉ်ပစ်ခတ်ခံရတဲ့ အဲ့ဒီ ဘူးသီးတောင် ခရီးစဉ်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ပါဝင်ပြီး စစ်တွေမြို့ကနေ ထွက်ခွာသွားစဉ် ရသေ့တောင်မြို့နယ် ဖက်မှာ ပစ်ခတ်ခံရတာဖြစ်ကြောင်း ကြားသိရပါတယ်။

ဓာတ်ပုံ- Rakhine Breaking News

#voiceofmyanmar #VOM #လူကယ်ပြန်ဝန်ကြီး #AA

zawgyi

လူကယ္ျပန္ဝန္ၾကီး စီးႏွင္းလာတဲ႔ ရဟတ္ယာဥ္ ဘူးသီးေတာင္ ခရီးစဥ္မွာ ပစ္ခတ္ခံရမွဳ ေအေအက မသိေသး

စစ္ေတြ၊ ေဖေဖာ္ဝါရီ ၂၀- ၂၀၂၀
ခိုင္လင္းစံ (VOM)

လူမႈဝန္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး စီးႏွင္းလိုက္ပါလာတဲ႔ ရဟတ္ယာဥ္ ဘူးသီးေတာင္ခရီစဥ္မွာ မေန႔ ေဖေဖာ္ဝါရီလ ၁၉ ရက္ မနက္ ၁၀ နာရီခြဲေလာက္က ေသနတ္နဲ႔ပစ္ခတ္ခံခဲ့ရေၾကာင္း သိရပါတယ္။

ဒီပစ္ခတ္မွဳဟာ ေအေအရဲ႕လက္ခ်က္ျဖစ္တယ္လိုု႕ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဗီအိုုအမ္က ေမးျမန္းတဲ႕အခါမွာေျဖခဲ႕ပါတယ္။

“ ေအေအက ပ်ံသန္းေနတဲ႕ရဟတ္ယာဥ္ေတြကိုု မွီမွီမမွီမွီရြာထဲကေန အျမဲလွမ္းပစ္တတ္ပါတယ္။ တခ်ိဳ႕အခ်ိန္ေတြဆိုု ထိတဲ႕ခါလည္းရွိသလိုု မထိတာမ်ားပါတယ္ ၊အဓိကရြာထဲကေန လွမ္းလွမး္ပစ္တာပါ။ “ လိုု႕ဆိုုပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ေအေအ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခကို ဆက္သြယ္ခဲ့ရာ သူ႔အေနနဲ႔ ဒီျဖစ္စဥ္အေပၚမွာ အတည္မျပဳႏိုင္ေသးေၾကာင္းနဲ႔ စစ္ျဖစ္ေနတဲ့ေနရာမွာ သူတို႔တပ္ဖြဲ႔ဝင္ေတြ ေန႔စဥ္ ရဟတ္ယာဥ္ေတြ၊ ဂ်က္ေလယာဥ္ေတြနဲ႔ အပစ္ခံေနရတာေၾကာင့္ စစ္ျဖစ္ေနတဲ့ေနရာထက္က ျဖတ္ၿပီးသြားတဲ႔အခါ ေအာက္ကလိုက္ၿပီးပစ္တာေတြ ႐ွိႏိုင္တယ္လို႔ သူကသံုးသပ္ပါတယ္။

” ဒီျဖစ္စဥ္နဲ႔ ပတ္သတ္ၿပီး က်ေနာ္တို႔ဆီကိုဘာသတင္းမွ ေရာက္လာတာမ႐ွိေသးဘူး။ ဒီေန႔ ပစ္ခတ္မႈျဖစ္တာက က်ေနာ္တို႔ဖက္က ပစ္တာ႐ွိမ႐ွိ က်ေနာ္တို႔ အေသခ်ာ အေသးစိတ္ေမးျမန္းၿပီးမွ ေျပာႏိုင္မယ္။ “ဒီဟာက သူတို႔ေလယာဥ္မွန္းသိလို႔ က်ေနာ္တို႔က ပစ္တယ္မပစ္ဆိုတာက သူတို႔က က်ေနာ္တို႔ကို လာမယ္ဆိုၿပီးေျပာလို႔႐ွိတာ မဟုတ္ဘူး။ ပစ္ခတ္မႈေတြကေတာ့ ႐ွိခ်င္လည္း႐ွိႏိုင္တယ္။” လို႔ ေအေအ ျပန္ၾကားေရးတာဝန္ခံ ခိုင္သုခက ေျပာပါတယ္။

အဲ႔ဒီ ပစ္ခတ္ခံရမႈမွာ ရဟတ္ယာဥ္ဝမ္းဗုိက္ကို ထိမွန္သြားၿပီး လူေတြကို ထိခိုက္ဒဏ္ရာရ႐ွိမႈ တစ္စံုတစ္ရာမ႐ွိေၾကာင္း သိရပါတယ္။

မေန႔က လူကယ္ျပန္ ျပည္ေထာင္စုဝန္ႀကီးနဲ႔အဖြဲ႔ဟာ ဘူးသီးေတာင္႐ွိ တပ္မအေတာ္နဲ႔ ေအေအ တိုက္ပြဲေတြေၾကာင့္ ဒဏ္ရာရ႐ွိသူေတြကို သြားေရာက္ၾကည့္႐ႈဖို႔သြားစဥ္ အခုလိုပစ္ခတ္ခံရတာျဖစ္ပါတယ္။

ရဟတ္ယာဥ္ပစ္ခတ္ခံရတဲ႔ အဲ႔ဒီ ဘူးသီးေတာင္ ခရီးစဥ္မွာ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအး၊ ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ဦးညီပု ပါဝင္ၿပီး စစ္ေတြၿမိဳ႕ကေန ထြက္ခြာသြားစဥ္ ရေသ့ေတာင္ၿမိဳ႕နယ္ ဖက္မွာ ပစ္ခတ္ခံရတာျဖစ္ေၾကာင္း ၾကားသိရပါတယ္။

ဓာတ္ပံု- Rakhine Breaking News

#voiceofmyanmar #VOM #လူကယ္ျပန္ဝန္ၾကီး #AA

Related posts

Leave a Comment

VOM News

FREE
VIEW